Tag: Movies
-

The Drowned
The Drowned (2025) England Horror ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ် 2025 October မှာထွက်ရှိထားတဲ့ဇာတ်ကားအသစ်လေးတစ်ကားပါ ဇာတ်လမ်းလေးကတော့ အဲရစ်၊ ဒန်နိစ်၊ မတ်၊ ပေါလ် တိုလေးယောက်ဟာ ပန်းချီကားတစ်ချပ်ကိုလုယက်ခဲ့ပြီးတော့ ကမ်းခြေကအိမ်လေးတစ်လုံးမှာဆုံရပ်အနေနဲ့သတ်မှတ်ထားခဲ့ကြတယ်…. ဒါပေမယ့်သူတို့မသိခဲ့တာက ကမ်းခြေကအိမ်နဲ့ သူတို့ရဲ့ပန်းချီကားဟာတစ်ခုခုဆက်စပ်မှုရှိနေတယ်ဆိုတာကိုပဲ…. အဲဒီညမှာပဲ သူတို့စီကိုလှေမှောက်ပြီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့မိန်းကလေးသုံးယောက်နဲ့လည်း ဘယ်လိုဖြစ်ရပ်တွေနဲ့ကြုံရဦးမလဲ…. ကိုယ်မျက်စိရှေ့တင် တစ်ယောက်ပြီးတစ်ယောက် ပျောက်ပျောက်သွားတာဘာကြောင့်ဖြစ်နိုင်မလဲ….. ဖြစ်ရပ်အားလုံးရဲ့ အဓိကလျှို့ဝှက်ချက်ကဘာလဲဆိုတာကိုတော့….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်
-

Martabat: Misi Berdarah
Martabat: Misi Berdarah (2025) ရိုက်ကူးရေးလာကအကြောင်း ရိုက်ထားတဲ့ မလေးရှား ဟာသကားလေးပါ။ ရုပ်ရှင်အဖွဲ့သားတစ်ဖွဲ့ ကျွန်းတစ်ကျွန်းပေါ် စစ်ကားသွားရိုက်ရင်း ကြုံရတဲ့ အလွဲတွေကို ရိုက်ပြထားတယ် ဆိုပေမဲ့ ဒီကားရဲ့ အဓိကဇာတ်ကောင်က ဇာတ်ကားထဲရိုက်နေတဲ့ ရုပ်ရှင်ထဲက မင်းသား မင်းသမီးတွေမဟုတ်ဘူး။ ဇာတ်ကားထဲရိုက်နေတဲ့ ရုပ်ရှင်ထဲက ဇာတ်ပို့ဇာတ်ရန်တွေက ဒီကားရဲ့ အဓိက ဇာတ်ကောင်တွေပါပဲ။ ဇာတ်ပို့ဇာတ်ရန်ဘဝကို သရုပ်ဖော်တယ်လို့ပြောချင်ရင်လည်း ရလောက်မယ်။ ဇာတ်ပို့တွေဟာ ရုပ်ရှင်မှာ မျက်နှာလေးတစ်ခါလောက်ပါဖို့ အားထုတ်ကြပေမယ့် ပါဖို့တော်တော်ခက်တာကို စတီဖင်ချောင်ရဲ့ King of Comedy တို့ New King of Comedy တို့မှာ ကျွန်တော်တို့ မြင်ဖူးပြီးသားပါ။ ဒါမျိုးပါပဲ။ ဇာတ်ရံတွေရဲ့ နောက်ကွယ်က အားထုတ်မှုတွေအပြင် ရိုက်ကူးရေးအဖွဲ့သားတစ်ဖွဲ့လုံးရဲ့အားထုတ်မှုတွေကို ဟာသနှောပြီး တင်ဆက်ပြထားပါတယ်။ ဇာတ်ရံတွေကို…
-

It’s Official…
It’s Official… (2025) အဖေရုတ်တရက်ဆုံးသွားလို ပူဆွေးကြေကွဲနေရတဲ့ Marni တစ်ယောက် နောက်ထပ်အံ့ဩကြေကွဲစရာနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲဒါကတော့ Mar အဖေရဲ့ သေတမ်းစာထဲက နောက်ဆုံးဆန္ဒက သူ့ရဲ့အလောင်းရှေ့မှာ Mar ကို Marno ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ လက်ထပ်ပေးဖိုပါပဲ။ Marno ဆိုတာက Mar အဖေ အကြွေးတွေအများကြီးတင်နေတဲ့သူ့သူငယ်ချင်းရဲ့ သားဖြစ်ပြီး Mar အဖေက အကြွေးကြေဖို သူ့သမီးကို Marno နဲ့ ပေးစားခဲ့တာပဲဖြစ်ပါတယ်။ ဒီထက်ပိုဆိုးစေတာကတော့ Mar မှာ Adi ဆိုတဲ့ ချစ်သူတစ်ယောက်ရှိနေတာပါပဲ။ ဒီလိုနဲ့ Mar တစ်ယောက် သူ့အဖေဆန္ဒအတိုင်း မိသားစုအကြွေးတွေကိုကယ်တင်ဖို မရင်းနှီးတဲ့သူနဲ့လက်ထပ်မလား ဒါမှမဟုတ် ချစ်သူအပေါ်မှာ သစ္စာစောင့်သိသွားမလားဆိုတာကိုတော့ ဒီဟာသဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။
-

Kifn
Kifn (2024) ကဒ်ရုပ်ရှင်တွေဟာအကြောင်းအမျိုးမျိုးကြောင့် Mainstream လောကမှာမတွင်ကျယ်ပေမယ့်လည်းခပ်ညံ့ညံ့ထဲကတော့မဟုတ်ပါဘူး။ သူတို့ရဲ့ရုပ်ရှင်တွေမှာတွေ့ရလေ့ရှိတဲ့ သမိုင်း၊ယဉ်ကျေးမှု၊ ပဋိပက္ခတွေနဲ့ လူမှုဘဝကိုထင်ဟပ်ပြီး လက်တွေ့ဘ၀နဲ့နီးစပ်တဲ့နောက်ခံဇာတ်ကြောင်းတွေ၊ ဘာသာရေး၊လူမျိုးရေးအကန့်အသတ်တွေကြောင့် တည်ရှိနေတဲ့ လွတ်လပ်စွာဖန်တီးဖို့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေဟာလည်း သူတို့ဇာတ်ကားတွေကိုစစ်မှန်တဲ့အနုပညာတစ်ခုအဖြစ် ဖြစ်တည်လာဖို့စေ့ဆော်မှုတစ်ခုဖြစ်ပါတယ်။ Kifn (ကဖန်) ဇာတ်ကားကတော့ ကဒ်တွေရဲ့ပထမဆုံးဟော်ရာကားတွေထဲက တစ်ကားအဖြစ်သတ်မှတ်ခံရပြီး ဒေသတွင်းမှာ အတော်လေးနာမည်ကျော်ခဲ့တဲ့ဇာတ်ကားပါ။ ပါရီဆိုတဲ့ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ရတဲ့ မိန်းမငယ်လေးတစ်ယောက် ခင်ပွန်းသည်နဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့နေထိုင်ချိန်မှာ ထိတ်လန့်ခြောက်ခြားစရာအမြင်အာရုံတွေ ခြောက်လှန့်မှုတွေကို ရင်ဆိုင်လာရပြီး အဲ့ဒီပြဿနာတွေကို မိသားစုမှတ်တမ်းဗီဒီယိုတွေကတစ်ဆင့်အဖြေရှာဖြေရှင်းရပုံအကြောင်းဖြစ်ပါတယ်။ နာမည်ကျော် တူရကီရုပ်ရှင်စီးရီးစ်ဖြစ်တဲ့ Sijjin ဇာတ်ကားတွေနဲ့ပုံစံချင်းဆင်ပြီး ဒီဇာတ်ကားကတော့ အီရတ်နိုင်ငံ ကဒ်ဒေသအတွင်းကမြို့တစ်မြို့မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကိုအခြေခံတယ်လို့ဆိုပါတယ်။ မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။
-

Sangarsha Ghadana – The Art of Warfare
Sangarsha Ghadana – The Art of Warfare (2025) ” စစ်ဗျူဟာ အနုပညာ” အခုတစ်ခေါက်မှာတော့ မှုခင်း ၊ ဒရမ်မာနဲ့ စစ်ဗျူဟာတွေကို တစ်ပြိုက်နက်တည်းခံစားကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ အဓိကဇာတ်ဆောင် ကိုဒါမာဇာဆူနီ အရင်ကငွေညှစ်မှုနဲ့ ထောင် ၂ နှစ်ကျခံဖူးပြီး လက်ရှိမှာတော့ တမီးလ်နာဒူးမှာ ဟိုတယ်၊အိမ်ခြံမြေနဲ့ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ် ။ ဆူနီမှာ လူယုံလေးယောက်နဲ့လှုပ်ရှားနေတဲ့ ဂိုဏ်းတစ်ခုရှိပါတယ် ။ တစ်ဖက်မှာ သူတို့ရဲ့ရန်ဘက်ဖြစ်တဲ့ ရက်ဘူးလ်နာမည်ပြောင်ရှိသူ ဂိုဏ်းခေါင်းဆောင်ကို ဆူနီနဲ့သူ့လက်အောက်ငယ်သားတွေက ထောင်ထဲမှာသတ်လိုက်ကြပါတယ် ။ ရက်ဘူးလ်ရဲ့ ဖအေတူ/မအေကွဲ ညီအစ်ကိုဖြစ်တဲ့ ကွန်ဂျန်က ဒီအဖြစ်မှန်ကိုသိရှိသွားတော့ သူ့အစ်ကိုအတွက် လက်စားချေဖို့ ဆူနီတို့ဂိုဏ်းကို နည်းမျိုးစုံသုံးပြီးတိုက်ခိုက်ခဲ့ပါတယ် ။ ဆူနီက ကွန်ဂျန်တို့တိုက်ခိုက်မှုကိုအနိုင်ယူဖို့အတွက် ဆွန်ဇူးရဲ့စစ်ပညာကျမ်းတွေထဲက ဗျူဟာတွေကို…