Sangarsha Ghadana – The Art of Warfare (2025)
” စစ်ဗျူဟာ အနုပညာ”

အခုတစ်ခေါက်မှာတော့ မှုခင်း ၊ ဒရမ်မာနဲ့ စစ်ဗျူဟာတွေကို တစ်ပြိုက်နက်တည်းခံစားကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ် ။
အဓိကဇာတ်ဆောင် ကိုဒါမာဇာဆူနီ အရင်ကငွေညှစ်မှုနဲ့ ထောင် ၂ နှစ်ကျခံဖူးပြီး လက်ရှိမှာတော့ တမီးလ်နာဒူးမှာ ဟိုတယ်၊အိမ်ခြံမြေနဲ့ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ် ။ ဆူနီမှာ လူယုံလေးယောက်နဲ့လှုပ်ရှားနေတဲ့ ဂိုဏ်းတစ်ခုရှိပါတယ် ။
တစ်ဖက်မှာ သူတို့ရဲ့ရန်ဘက်ဖြစ်တဲ့ ရက်ဘူးလ်နာမည်ပြောင်ရှိသူ ဂိုဏ်းခေါင်းဆောင်ကို ဆူနီနဲ့သူ့လက်အောက်ငယ်သားတွေက ထောင်ထဲမှာသတ်လိုက်ကြပါတယ် ။
ရက်ဘူးလ်ရဲ့ ဖအေတူ/မအေကွဲ ညီအစ်ကိုဖြစ်တဲ့ ကွန်ဂျန်က ဒီအဖြစ်မှန်ကိုသိရှိသွားတော့ သူ့အစ်ကိုအတွက် လက်စားချေဖို့ ဆူနီတို့ဂိုဏ်းကို နည်းမျိုးစုံသုံးပြီးတိုက်ခိုက်ခဲ့ပါတယ် ။
ဆူနီက ကွန်ဂျန်တို့တိုက်ခိုက်မှုကိုအနိုင်ယူဖို့အတွက် ဆွန်ဇူးရဲ့စစ်ပညာကျမ်းတွေထဲက ဗျူဟာတွေကို ထည့်သွင်းအသုံးချခဲ့တာကိုတွေ့ရမှာဖြစ်သလို တစ်ခြားဘယ်ဗျူဟာတွေသုံးပြီးတိုက်ခိုက်သွားမလဲ ၊
ကွန်ဂျန်နဲ့ဆူနီတို့ကြားက တိုက်ပွဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူကဘယ်သူဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာကြည့်ရှုခံစားပေးပါဦး ။



Leave a Reply