Tag: Movies

  • Empire Waist

    Empire Waist

    Empire Waist (2024) Empire Waist (2024) ကတော့ ခန္ဓာကိုယ်ပုံစံနဲ့ မိမိကိုယ်ကိုချစ်ခြင်းအတွက် ရုန်းကန်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လဲနော (Mia Kaplan) ဆိုတဲ့ အထီးကျန်ပြီး မိမိခန္ဓာကိုယ်အလေးချိန်ကြောင့် စိုးရိပ်ပူပန်နေရတဲ့ အထက်တန်းကျောင်းသူလေးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ကျောင်းမှာအနိုင်ကျင့်ခံရတာတွေနဲ့ မိခင်ဖြစ်သူ (Missi Pyle) ရဲ့ အစားအသောက်ထိန်းချုပ်မှုတွေကြားကလဲနောရဲ့ဘဝဟာ ခေလာ (Jemima Yevu) ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ အဝတ်အစားကြိုက်နှစ်သက်သူ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံချိန်ကစလို့ ပြောင်းလဲသွားခဲ့ပါတယ်။ လဲနောဟာ သူငယ်ချင်းအသစ်တွေ၊ ဆရာမဟောလ် (Jolene Purdy) နဲ့ ဖခင် (Rainn Wilson)တို့ရဲ့အားပေးမှုနဲ့ ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလမ်းကြောင်းပေါ်မှာ လဲနောနဲ့ သူ့သူငယ်ချင်းတွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရပေမယ့်လည်း မိမိကိုယ်ကို…

  • Dude

    Dude

    Dude (2025) “အံ့ဩသွားလား ကိုယ့်လူ” ရုပ်ရှင်နဲ့ အိန္ဒိယရုပ်ရှင်ဖန်တွေ သဘောတွေ့ခဲ့ကြတဲ့ တမီလ်မင်းသား ပရာဒိရဲ့ ရုံကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျက်ရူပီး သန်း ၃၅၀ သုံးထားပြီး သန်းတစ်ထောင်ကျော်ပြန်ရခဲ့တဲ့အပြင် ဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့အားပေးကျေနပ်မှုကို ရခဲ့တဲ့ တမီလ် Rom-Com ရုံတင်ကားပေါ့။ အာဂန့်အဘိဓာန်မှာက အလုပ်က ပျော်စရာမကောင်းဘူးဆိုရင် လုပ်ဖို့မထိုက်တန်ပါဘူးတဲ့။ စပရိုက်စ်ဝန်ဆောင်မှုလုပ်ငန်းထောင်ထားပြီး တခြားသူတွေကိုပါ ပျော်ရွှင်စေတဲ့သူတစ်ယောက်ပေါ့။ ရည်းစားကပစ်သွားလို့လည်း ဘာမှခံစားမနေဘဲ တစ်ယောက်ပြီးတစ်ယောက်တွဲရင်း ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတစ်ယောက်။ တစ်နေ့တော့ ဝမ်းကွဲညီမ ကူရယ်က လက်ထပ်ဖို့ ပရိုပို့စ်လုပ်ပါလေရော။ ဒီမှာပဲ အာဂန်တစ်ယောက် ကူရယ့်အပေါ် ဘ၀လက်တွဲဖော်အထိဖြစ်ဖို့ ခံစားချက်မရှိဘူး ငြင်းလိုက်ရာက ကံကြမ္မာလှည့်ကွက်ရယ်ကြောင့် မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။

  • Moppala

    Moppala

    Moppala (2025) “ရောင်းရင်း” ရိုးရာဓလေ့၊ ဇာတ်အနိမ့်အမြင့်ခွဲခြားမှုနဲ့ မြေးဘိုးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကိုဖွဲ့နွဲ့ရိုက်ကူးထားတဲ့ မလေယာလမ်ကျေးလက်ရှပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သေယမ်ဆိုတာ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မြောက်ပိုင်းကနေ ဆင်းသက်လာတဲ့အတော်လေးရှေးကျတဲ့ ဘာသာရေးအစဉ်အလာအနုပညာတစ်ခုပေါ့။ ဆန်းကြယ်တဲ့မိတ်ကပ်တွေ အဝတ်တန်ဆာတွေဆင်မြန်းပြီး ဒေသခံတွေကိုးကွယ်တဲ့ဘုရားပွဲတွေမှာ ဖျော်ဖြေပေးကြသူတွေကို သေယမ်အနုပညာရှင်တွေလို့ ခေါ်ကြပါတယ်။ နန်ဒူတာဆိုတဲ့ ကလေးငယ်လေးက အဘိုးဆီက ဗီဇပါလာပြီး သေယမ်ဖျော်ဖြေဖို့အရမ်းကိုစိတ်ထားထက်တန်တဲ့သူလေးပေါ့။ ဒါပေမဲ့လည်း ဇာတ်မတူဘဲယူထားကြတဲ့ အဖေနဲ့အမေဖြစ်သူကြောင့် သူ့ကိုသေယမ်ဖျော်ဖြေဖို့ရာ ဒေသခံတွေက ခွင့်မပြုကြ။ ခွင့်မပြုတဲ့ကြားထဲကနေပဲ အဘိုးဖြစ်သူရဲ့ သင်ကြားပေးမှုနဲ့ သေယမ်ဖျော်ဖြေရဖို့အရေးတစိုက်မက်မက်ကြိုးစားအားထုတ်တဲ့အခါမှာတော့…။

  • Jolly LLB 3

    Jolly LLB 3

    Jolly LLB 3 (2025) (ဂျိုလီ) ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားကရုံတင်ကားဖြစ်ပြီး ရုပ်ရှင်ကုန်ကျစရိတ် ၁၂၀ကုဋေကုန်ကျခဲ့ပြီး နိုင်ငံတကာဝင်ငွေ ၁၆၈ကုဋေရခဲ့တာပါ ဒေါ်လာနဲ့ဆိုရင် ၁၉မီလီယံအထိအမြတ်ကြမ်းခဲ့တဲ့ကားပဲဖြစ်ပါတယ်။ နိုင်ငံတကာကြည့်ရူ့သူဦးရေလည်း ၃၀-၃၅သန်းအထိရှိခဲ့တာပါ။မင်းသားကြီး အက်ရှေးကူမာနဲ့ အရ်ရှတ် ဝါရှီတို့ရဲ့ တရားရုံးဇာတ်ကားကိုမှ ဟာသနဲ့ ဒရာမာရောနှောထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဆူဘက်ရှ် ကပူးလ်ရဲ့ ရှေ့နှစ်ကားလိုပဲ သရော်တာတွေနဲ့ ရှေ့နေ့အချင်းချင်းကွက်ကျော်ရိုက်တာတွေပါ ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစ – တရားခွင်တစ်ခုမှာ ရာ ဂျာရမ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ကို စစ်ဆေးမေးမြန်းရာကနေ အစပြုထားပါတယ်။ အကြောင်းကတော့ သူပိုင်တဲ့လယ်လေးကို အင်ပရီရယ်ဆိုတဲ့ စက်မှုလုပ်ငန်းဂရုက ပရောဂျက်တစ်ခုကိုအကြောင်းပြပြီး မတရားသဖြင့်သိမ်းချင်တာကြောင့်ပါ။ ဒီလိုနဲ့ ရာဂျာရမ်ဟာ ငွေများတရားနိုင်ဆိုသလိုပဲ ပိုင်ဆိုင်တာဆိုလို့ သူ့မှာအဲဒီလယ်ကွက်လေးပဲရှိတာကြောင့် တစ်ဖက်က ကုမ္ပဏီကြီးကို ဘယ်လိုမှမယှဉ်နိုင်ပဲ တရားသူကြီးကို သနားပါဆိုတဲ့စကား တစ်ခွန်းသာ ပြောရုံကလွဲဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့…

  • Bikini Nuns

    Bikini Nuns

    Bikini Nuns (2025) အပြင်ပန်းမှာ သီလရှင်ဝတ်စုံနဲ့ ဘုရားတရားလုပ်နေပုံပေါက်ပေမဲ့ ၊ တကယ်တမ်းမှာတော့ အတိတ်က ကြေကွဲစရာ မိဘမဲ့ဂေဟာသတ်ဖြတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လက်ရွေးစင် အမျိုးသမီး လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုအကြောင်းပါ။ သူတို့ရဲ့တာဝန်ကတော့ တရားမျှတမှုအတွက် သူတို့ဘဝကို ဖျက်ဆီးခဲ့တဲ့သူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံရှင်းလင်းဖို့ပါပဲ။ သူတို့ဟာ အမှန်တရားနဲ့ ပိုမိုနီးစပ်လာလေလေ၊ အန္တရာယ်ကလည်း ပိုများလာလေလေပါပဲ။ အဖွဲ့ဝင်တစ်ဦးက စိတ်လိုက်မာန်ပါလုပ်ရပ်တစ်ခုကို လုပ်လိုက်မိချိန်မှာတော့ သူတို့တစ်ဖွဲ့လုံးဟာ ထင်မှတ်မထားတဲ့ အကြီးမားဆုံးသစ္စာဖောက်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူအစစ်အမှန်ဟာ ဘယ်သူဖြစ်မလဲ… သူတို့ လက်စားချေနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ နောက်ကွယ်က ရန်သူရဲ့ ထောင်ချောက်ထဲကို ဝင်သွားမိမလားဆိုတာကိုတော့………