Dude

Dude

Dude (2025) “အံ့ဩသွားလား ကိုယ့်လူ”

ရုပ်ရှင်နဲ့ အိန္ဒိယရုပ်ရှင်ဖန်တွေ သဘောတွေ့ခဲ့ကြတဲ့ တမီလ်မင်းသား ပရာဒိရဲ့ ရုံကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။

ဘတ်ဂျက်ရူပီး သန်း ၃၅၀ သုံးထားပြီး သန်းတစ်ထောင်ကျော်ပြန်ရခဲ့တဲ့အပြင်
ဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့အားပေးကျေနပ်မှုကို ရခဲ့တဲ့ တမီလ် Rom-Com ရုံတင်ကားပေါ့။

အာဂန့်အဘိဓာန်မှာက အလုပ်က ပျော်စရာမကောင်းဘူးဆိုရင် လုပ်ဖို့မထိုက်တန်ပါဘူးတဲ့။

စပရိုက်စ်ဝန်ဆောင်မှုလုပ်ငန်းထောင်ထားပြီး တခြားသူတွေကိုပါ ပျော်ရွှင်စေတဲ့သူတစ်ယောက်ပေါ့။

ရည်းစားကပစ်သွားလို့လည်း ဘာမှခံစားမနေဘဲ တစ်ယောက်ပြီးတစ်ယောက်တွဲရင်း ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတစ်ယောက်။

တစ်နေ့တော့ ဝမ်းကွဲညီမ ကူရယ်က လက်ထပ်ဖို့ ပရိုပို့စ်လုပ်ပါလေရော။

ဒီမှာပဲ အာဂန်တစ်ယောက် ကူရယ့်အပေါ် ဘ၀လက်တွဲဖော်အထိဖြစ်ဖို့ ခံစားချက်မရှိဘူး ငြင်းလိုက်ရာက ကံကြမ္မာလှည့်ကွက်ရယ်ကြောင့် မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။


Leave a Reply

Your email address will not be published. Required fields are marked *