Tag: Movies

  • Girl Upstairs

    Girl Upstairs

    Girl Upstairs (2024) ဇာတ်လမ်းအကြောင်းအရာကတော့အောင်မြင်ကျော်ကြားတဲ့ပန်းချီဆရာမတစ်ယောက်က စိတ်ဒဏ်ရာတွေကြောင့်လူကြားသူကြားထဲမသွားရဲ ၊ အပြင်မထွက်ရဲတဲ့ရောဂါ(‌agoraphobia) ကိုခံစားနေရပါတယ်။ တစ်နေ့ သူ့ဆီ ပန်းချီပစ္စည်းတွေရောက်လာပါတယ်။ အဲ့တာနဲ့ သူကပုံတစ်ပုံဆွဲလိုက်ရာကနေ အဲ့ပုံထဲကလူဟာ အသက်ဝင်လာပါတော့တယ်။ တစ်ယောက်ထဲ နေထိုင်လာရာကနေအဖော်ရလာတော့ အစပိုင်းမှာတော့ သူက ကျေနပ်ခဲ့တာပေါ့။ နောက်ပိုင်းမှာဘယ်လိုတွေဆက်ဖြစ်မလဲ? သူက ဘာလို့အပြင်မထွက်ရတာလဲဆိုတာကို Mystery ဆန်ဆန်ကြည့်ရှုရမှာပါ။

  • Rerouting

    Rerouting

    Rerouting (2024) ညမှာမောင်းတဲ့ app ကားဒါရိုက်ဘာတစ်ယောက်ဖြစ်တဲ့ Danny က ပျောက်သွားတဲ့မိန်းကလေးနှစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုမှာ တရားခံအဖြစ်နဲ့ မတရားစွပ်စွဲခံခဲ့ရတယ်။ Danny လည်း ရဲတွေက သူ့ကိုလုံးဝမယုံကြတဲ့အခါ သူအပြစ်မဲ့ကြောင်း သက်သေပြဖိုအတွက် အန္တရာယ်များတဲ့နည်းလမ်းကို ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ နောက်ကွယ်က ပူးပေါင်းကြံစည်မှုနဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုတွေ့လာရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။

  • Mauler

    Mauler

    Mauler (2025) စတိဗ်၊ မစ်ရှယ်၊ ဂျန်၊ ဂျေဒါနဲ့ အဒမ်တို့ လူငယ်သူငယ်ချင်းတစ်သိုက်ဟာ အမှောင်ဝက်ဘ်ဆိုက်ကနေ ဆုကြေးငွေချထားလို့ဆိုပြီး အိမ်တစ်လုံးမှာ သရဲဖမ်းတဲ့ပုံစံမျိုး တစ်ညနေပြီး သက်သေပြဖို့ဖြစ်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီအိမ်ရဲ့ ရာဇဝင်ကို သူတို့မသိကြသေးတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ကလေး မိသားစုဟာ ရက်ရက်စက်စက်အသ-တ်ဖြတ်ခံရပြီး မိသားစုတစ်ခုလုံးနီးပါး အမြစ်ပြတ်သွားကာ ကလေးမိသားစုက ခင်ပွန်းရဲ့အမေဖြစ်သူ ဘွားတော်ကြီးတစ်ယောက်ပဲကျန်နေခဲ့တာပါ။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဘွားတော်ကြီးကပါဆုံးသွားပြီး စည်းစိမ်တွေလည်းအများကြီးကျန် ဆုကြေးလည်းထုတ်ခံထားရတဲ့ ကလေးအိမ်တော်ကြီးကို စတိဗ်တို့ သူငယ်ချင်း တစ်သိုက်ဟာ သိုက်တူးဖို့ဖြစ်လာပါတယ်။ အစပိုင်းမှာတော့ ကလေးအိမ်တော်မှာ အဘွာဖြစ်သူဆုံးပြီးတဲ့နေ့မှာပဲ ဘယ်သူမှမရှိတဲ့အတွက် ရဲတွေက ချိတ်မပိတ်ခင် ပစ္စည်းသွားနှိုက်ဖို့သာဖြစ်ခဲ့ပေမယ့်လည်း အဖြစ်ဆိုးကြီးရဲ့နောက်ကွယ်မှာရှိနေသေးတဲ့ လျှို့ဝှက်ချက်နဲ့ ဒေသခံဒဏ္ဍာရီတစ်ခုဖြစ်တဲ့ လက်မရွံ့ဖြစ်သူကြီးကပါ ကလေးအိမ်တော်နဲ့ ဆက်စပ်မှုရှိနေတာကို အချိန်လွန်မှသိလိုက်ရတဲ့ စတိဗ်တို့ သူငယ်ချင်းတစ်သိုက်ဟာ အကုသိုလ်ရဲ့…

  • Manor of Darkness

    Manor of Darkness

    Manor of Darkness (2025) ခရစ်(စ်) နဲ့ လော်ရာတို့အတွဲဟာ တစ်နေ့မှာ တစ်ချိန်က သူဌေးကြီးတစ်ယောက်ပိုင်ခဲ့တဲ့ စံအိမ်ဟောင်းကြီးတစ်ခုကို ရုပ်ရှင်သမားတွေဟန်ဆောင်ပြီး မှတ်တမ်းတင်ရိုက်ကူးရေးလုပ်ဖို့ကြံရင်း သိုက်တူးဖို့သွားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သိုက်တူးအဖွဲ့ထဲမှာ ပါနေကျလူတော်တော်များများ မိသားစုရေးကြောင့် မပါနိုင်တဲ့အခါမှာ လူလိုနေတဲ့အတွက် မသွားခင် ရက်ပိုင်းအလိုမှာ ခရစ်ရဲ့ ညီမဖြစ်သူ လီဆာနဲ့ ခရစ်တို့နှစ်ယောက် တစ်ညဘားမှာဆုံတဲ့ လူလတ်ပိုင်း အာရှသားတစ်ယောက်ဖြစ်သူ အန်တီ့ကိုပါ ကြံရာပါအဖြစ်ခေါ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သိုက်တူးဖို့ယာထားတဲ့ စံအိမ်ကိုရောက်ရောက်ချင်းမှာတော့ စံအိမ်ကြီးဟာ ထိန်းသိမ်းမှုကြောင့် သစ်သယောင်ယောင်ထင်ရပေမယ့် ရှေးစံအိမ်တွေဆိုတဲ့ နေရာကကျယ်သလောက် ချောက်ချားစရာလည်းကောင်းပါတယ်။ ဒီလိုနဲ့ စံအိမ်ရဲ့ လက်ရှိအိမ်တော်ထိန်းဖြစ်တဲ့ လူးကတ်စ်က သူအိမ်ကိုပြန်မရောက်လာခင် ဝင်ကြည့်လို့ရတယ်လို့ပြောတဲ့အခါ ခရစ်တို့ တစ်သိုက်က အိမ်ကိုလျှောက်ပတ်ချောင်းဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲတွေ့သွားတဲ့ မြေအောက်ခန်းရဲ့ သေတ္တာတစ်ခုကိုဖွင့်လိုက်ပြီးနောက်ပိုင်း လူးကတ်စ်ပြန်ရောက်တဲ့အချိန် ခရစ်တို့ကိုမသင်္ကာဖြစ်သွားပြီး…

  • Inherit the Witch

    Inherit the Witch

    Inherit the Witch (2024) ဇာတ်လမ်းအကြောင်းအရာကတော့ ပထမဆုံး 1984 ခုနှစ်မှာ မိသားစုတစ်စုကမွေးနေ့ပွဲကျင်းပနေတဲ့ video recordနဲ့ ပြထားပါတယ်။ မွေးနေ့ရှင်တွေကတော့ ကော်ရီ နဲ့ ဂျက်စီ ပဲဖြစ်ပါတယ် ။သူတို့ မိသားစုထဲမှာ စုန်းအတတ်ပညာကိုတတ်တဲ့ အမျိုးသမီး တစ်ယောက်လဲရှိပါသေးတယ်။ အဲ့လိုနဲ့ နောက်နှစ်သုံးဆယ်ကြာတော့ သူတို့မိသားစုက တောအုပ်ထဲက အိမ်တွေမှာ နေကြတယ်။ သူတို့အဖေဆုံးသွားတဲ့အတွက် အမွေခွဲဖို့အတွက်လဲ လုပ်ကြတယ်ပေါ့။ အမွေကိုဘယ်သူက ဆက်ခံသွားမလဲ ။ စုန်းအတတ်ပညာနဲ့ ဘယ်လိုတွေအမွေလုကြမလဲဆိုတာကို ရိုက်ပြထားတာပါ။