Author: Admin-501
-

The Elixir
The Elixir (2025) ဒီကားလေးကတော့ Survival, Zombie Horror, Horror, Thriller အမျိုးအစားဖြစ်ပြီး ထိတ်လန့်စရာကောင်းသလို မိသားစုဒရာမာအသားပေးတဲ့ အင်ဒိုနီးရှား ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာကတော့ Kimo Stamboel ပါ။ အနှစ်ချုပ်ပြောရရင်တော့… နာမည်ကျော် ရိုးရာဆေးဖက်ဝင် အပင်တွေနဲ့ ဆေးဝါးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ “ပြိုကွဲနေတဲ့ မိသားစု” တစ်စုအကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက Yogyakarta နားက ကျေးလက်ဒေသတစ်ခုမှာ စတင်ပါတယ်။ Dimin လို့ခေါ်တဲ့ ဖခင်ဖြစ်သူ (သရုပ်ဆောင် Donny Damara) က သူ့ရဲ့ ဆေးဝါးစက်ရုံကို ရောင်းထုတ်ဖို့ ဖိအားပေးခံနေရပါတယ်။ ဒါပေမဲ့ Dimin က စက်ရုံကို မရောင်းဘဲ ဆေးအသစ်တစ်မျိုးကို တီထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလို ဆေးဖော်စပ်ရာကနေ လုံးဝမထင်မှတ်ထားတဲ့…
-

၁၃ ပေါင်ရှိတဲ့ ကလေးကို ခွဲမမွေးဘဲ ရိုးရိုးမွေးခိုင်းတာ…
ငါ့တူမလေးကိုမှ ရက်စက်လိုက်တာ လူ့လောကထဲကိုရောက်တဲ့နေ့နဲ့ ထွက်သွားတဲ့နေ့ကတစ်ရက်ထဲပါပဲလားလေးလေးရယ် ရင်တွေနာလိုက်တာ 2025.10.22 ဘယ်တော့မှမမေ့မယ့်ဒီနေ့ရက်လေး အမေတူသမီးလေး သူ့အမေငယ်ငယ်ကရုပ်လေး တီလေးတို့တစ်မိသားစုလုံးမျက်ရည်ချောင်းစီးရတဲ့နေ့ တစ်နေ့နေ့မှာပြန်လာခဲ့ပါကလေးရယ် ဒီရုပ်ကလေးနဲ့တီတို့မိသားစုထဲကိုပြန်ဝင်လာခဲ့ပါနော် အဲ့ကြရင်ကျမ်းကျမ်းမာမာနဲ့အသက်ရှည်ရှည်လေးနေပေးရမယ်နော် ချစ်တယ်ကလေးရယ် ညီမလေးကသူကလေးဆုံးမှန်းတောင်မသိသေးဘူး ပထမကလေးလဲဆုံးရှုံးထားတော့သူအရမ်း သူ့သမီးလေးကိုတဖွဖွမေးနေရှာတာ ကြောက်နေရှာမှာ ခုလည်းသူ့သမီးလေးကိုမေးနေရှာတာ ငါ့ညီမလေး ဘယ်ဘဝကဝဠ်ကြွေးတေလဲကွယ် နှစ်ကြိမ်တိတိ ကြီးများတောင် သမီးလေးကို ပထမဆုံးမြင်ခွင့်နဲ့နောက်ဆုံးမြင်ခွင့်ကို တစ်ရက်သာရလိုက်တဲ့ ဖေဖေ မဖြစ်လိုက်ရတဲ့ မတ်လေးရဲ့ရင်ထဲကခံစားချက်လေး သူ့အမျိုးသမီးလေးကွယ်ရာမှာ သူဘယ်လိုတောင်ငိုနေရှာမလဲ သူတို့လေးတွေ ကြောက်သွားရှာတာ video ဆုံးအောင်ကြည့်ရင်နားလည်လိမ့်မယ်လို့ထင်ပါတယ် ကလေးလေးမွေးပီးပီးချင်းဆုံးသွားတာနဲ့ ပတ်သက်ပီးအားလုံးကိုဒီ video လေးနဲ့ပဲပြောပြလိုက်ပါတယ်ရှင့် မေမေလောင်းလေးများလဲ ကျမညီမလေးလိုမဖြစ်ရအောင် တွေကြုံရတာလေးတွေမျှဝေပေးလိုက်ပါတယ်
-

တေဇာလင်း (ခေါ်) ကုလားမ (ခေါ်) ဘချစ် (ခေါ်) လှိုင်သာယာကိုကြီး
ဒီဘဲ နာမည်အရင်းက တေဇာလင်းပါ ရပ်ကွက်ထဲမှာတော့ ကုလားမလို့ခေါ်တယ် သူ့မှာ ညီတစ်ယောက်ရှိတယ်ဗျ သူ့ညီနာမည်က ဇာနည်လင်းတဲ့ သူ့ညီကနယ်လှည့်ပြီး ဖဲရိုက်တယ် နောက်ဆုံး ဖဲဝိုင်းမှာသူများ သတ်လို့ သေတယ် သူအရင်က အောင်ပိုင်စိုးဆိုတဲ့ ဘော်ဒါတစ်ယောက်ရှိတယ် ငယ်ငယ်က ပလုံကောက် ဖောက်ကောက်ဖက်ပေါ့ ငယ်ငယ်ထဲက ရပ်ကွပ်ထဲ လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲရှိကြတယ် အောင်ပိုင်စိုးကအပေအတေဗျ တစ်ညကျတော့ ဘုရားလမ်းမှာ ရဲကင်းက ဆိုင်ကယ်ငှားပြီး ကွမ်းထွက်ဝယ်တယ် (လှိုင်သာယာမှာ လူဆိုးလူမိုက်ပေါက်စဆိုတာ ရဲနောက်လိုက်ခွေးပဲဗျ အင်ဖော်မာပေါ့ ဒီကောင်တွေ ခိုးမှု လုမှု ရိုက်မှု လက်နက်ကိုင်ဆောင်မှု ဘာနဲ့ပဲ အချုပ်ကျကျ နောက်ရက်ကျ ပြန်လွတ်တာပဲ) အဲ့ညမှာပဲ အောင်ပိုင်စိုး အသတ် ခံရတယ် သူ ပါးရိုက် အနိုင်ကျင့် ပိုက်ဆံတောင်းနေတဲ့ အခြောက်တွေ ဓားနဲ့ဝိုင်းထိုးသတ်သွားတာ သတ်ပြီး…
-

တလရ မအောင်နိုင်တော့ဘူးဆိုပြီး ထုတ်ပြောလာတဲ့ ဥက္ကာမင်းမောင်
တော်လှန်ရေးလဲ မအောင်နိုင်တော့တာ သိသိကြီးနဲ့ ကမ္ဘာတဖက်ခြမ်းမှာနေတဲ့ ငါ့ကို သဲကြီးမဲကြီး လိုက်တိုက်ခိုက်နေကြတာ အရမ်းရယ်ရတယ်နော်.. ငါက အမှန်တရားတွေပဲပြောတာ.. ငါ့ကို တိုက်ခိုက်တော့နင်တို့ဘာရမှာတုန်း❓️❓️ အဖြေကောရှိလား❓️❓️ ငါပါးစပ်ပိတ်သွားရင်ကော တော်လှန်ရေး အောင်မယ်ထင်နေတာလား❓️ ငါပါးစပ်ပိတ်သွားရင် သူ_ခိုးမက ပရောဂျက်တွေပြန်လုပ်ပြီး တော်လှန်ရေး အောင်မယ်ထင်နေတာလား❓️ နင်တို့ သူ_ခိုးမ အောက်ဆွဲတွေကလေ မယောင်ရာ ဆီလူး ဝူးဝါး ပြူးပြဲတော့ သိပ်လုပ်ကြတာနော်.. အချက်ကျကျပြောလဲ အကောင်းမမြင်နိုင်.. သူခိုးမဆီက တသက်စာသုံးမကုန်အောင် ရနေလို့လားဆိုတော့လဲ မဟုတ်ပြန်ဘူး.. သူ_ခိုးမဘက်က ဆဲပေးလို့ ဒေါ်လာ တစ်ရာလောက်ရလို့ဆိုရင်တောင် ငါက နားလည်ပေးလ်ို့ရဦးမယ်.. အခုက ဒေါ်လာ တစ်ရာ ရဖို့နေနေသာသာ သူ့ဆီက တပြားတချပ်ရရင် ကံကောင်း.. သူက သူ့အတွက် သူချည်းလုပ်သွားတာ.. ဆဲနေတဲ့ အကောင့်တွေကြည့်လိုက်ရင် အတုတွေချည်း profile…
-

ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇနီးကို ရိုက်နှက်ခဲ့သည့် ခင်ပွန်း ဖမ်းဆီးခံရ
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရိုက်နှက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို တိုက်ကြီးမြို့နယ် ဥက္ကံနယ်မြေရဲစခန်းက ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ တိုက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာမှာ တစညပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လေးလေးမြင့်ကို ခင်ပွန်းဖြစ်သူ ကိုကျော်လင်းထွန်းက ရိုက်နှက်ခဲ့ပြီး ရွေးကောက်ပွဲကနေ နုတ်ထွက်ခြင်း မပြုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာကြောင့် ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတယောက်က “သူ့ယောကျ်ားကို အရပ်ထဲက ဂဏန်းလို့ခေါ်တယ်။ လက်စလက်နရှိတယ်။ သူ့မိန်းမကို ရွေးကောက်ပွဲမဝင်ဖို့ အကြိမ်ကြိမ်သတိပေးတယ်။ မရဘူး၊ နာမည်စာရင်းပါလာတော့ အိမ်မှာ ရိုက်နှက်တယ်။ ရွေးကောက်ပွဲကနေ ထွက်ဖို့ပြောတယ်။ မထွက်ရင် သတ်ပစ်မယ်ပြောလို့ မိန်းမက ရဲစခန်းတိုင်လိုက်တာ အဖမ်းခံရတယ်” လို့ ပြောပါတယ်။ အောက်တိုဘာ ၁၇ ရက်က ဇနီးဖြစ်သူရဲ့…