Author: Admin-501

  • “ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတဲ့ စစ်ခွေး”

    “ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတဲ့ စစ်ခွေး”

    ဒီကနေ့ မန္တလေးတိုင်း မတ္တရာနယ်မှာ တော်လှန်ရေး တပ်တွေနဲ့ အကြမ်းဖက် စစ်ရှုံးကောင်တွေ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ငစနူ စောက်ပဲ့ စစ်ခွေးတွေက ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတယ် ဆိုပြီး ပါရာဇိက ငပေါက်က ဖော်ကောင် လုပ်ထားလေရဲ့..

    သတ္တိကြောင်တဲ့ ဂန်ဒူးမ စစ်တပ်ကတော့ ငပျူတွေရှေ့မှာ စောက်ရှက်တွေ ကွဲပြီးရင်း ကွဲ..

    အ..ဟစ်..ဟစ်..

  • နပခ ဇာတ်သိမ်းခန်း (ရုပ်သံ)

    နပခ ဇာတ်သိမ်းခန်း (ရုပ်သံ)

    အလံဖြူ​ထောင် လက်ကိုကြိုးချီလျက် အရွယ်စုံအမျိုးသား​တွေက ​ခေါင်းငိုက်စိုက်ချ လမ်း​လျှောက်​လာကြပါတယ်။ သူတို့ နဲ့ ခပ်လှမ်းလှမ်း​နောက်ဘက်မှာ​တော့ မီးခိုးလုံးကြီးကိုအတိုင်းသား​တွေ့ရပါတယ် ။

    မီးခိုးထွက်​နေ​တဲ့ အ​ဆောက်အအုံကို ဒရုန်းနဲ့ အနီးကပ်ရိုက်ကူးထား​​တဲ့ မှတ်တမ်းရုပ်သံမှာအ​ဆောက်အအုံရဲ့ အလယ်တည့်တည့်​မှာ မီးပြင်းစွာ စွဲ​လောင်​နေ​ပါတယ်။အဲဒီအ​ဆောက်အဦး နဲ့ အနီး ဝန်းကျင်က အ​ဆောက်အအုံ ​တွေရဲ့ ​ခေါင်းမိုးအများစုမှာလည်း ပျက်စီး​နေပါ​တော့တယ်။

    စစ်​တပ်ရဲ့ စစ်​ရေးပြအခမ်းအနား​တွေမှာမော်ကြွားလေ့ရှိ​တဲ့ အတွဲလိုက်ပစ်ဒုံးစင် တင်ကားနှစ်စီးလည်း အနီးရှိကွင်းပြင်မှာ မပစ်နိုင်​​တော့ပဲရပ်ထားလျက်တွေ့ရပါတယ် ။

    အပျက်အစီးများစွာနဲ့ မီးစွဲ​လောင်​နေတဲ့ အ​ဆောက်အအုံ​တွေက ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့အချက်အချာအကျဆုံး အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးချုပ်ဖြစ်ပါတယ် ။

    အထက်ပါမြင်ကွင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုရဲ့ ဇာတ်သိမ်းခန်းဖြစ်ပါတယ် ။အမ်းမြို့ အ​ခြေစိုက် နပခ ရဲ့ဇာတ်သိမ်းက ​မောင်​တောနခခ (၅) ဇာတ်သိမ်းနဲ့ မ​ရှေးမ​နှောင်းပြည်သူ​တွေမြင်​တွေ့​နေရတာပါ။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပြီးရင် စစ်ကောင်စီ ဒုတိယမြောက် ဆုံးရှုံးမယ့် စစ်တိုင်းဖြစ်တယ်လို့ သာမန်ပြည်သူ​တွေက​တောင် ကြိုတင်ခန့်မှန်းထားခဲ့ကြတာပါ။ အလဲလဲအပြိုပြိုဖြစ်နေတဲ့ စစ်တပ်ရဲ့စစ်ရေးစွမ်းရည် နဲ့ အာရက္ခတပ်​တော်ရဲ့ တိုက်စွမ်းရည်​ကြောင့် အဲဒီလိုမှန်းဆထားကြတာပါ။

    ပြည်သူ​တွေရဲ့ မှန်းဆချက်မှန်ကန်​ကြောင်း အာရက္ခတပ်တော်(AA)က မှတ်တမ်းရုပ်ရှင်ရိုက်ပြသလို နိုင်ငံ့ဘဏ္ဍာအရင်းအမြစ်များစွာသုံးဖြုန်းပြီး​တော့ ဆယ်စုနှစ် ရှစ်ခုနီးပါးကြာတည်​ဆောက်ခဲ့​တဲ့ စစ်​​တပ်ကြီးဘယ်လိုစစ်​ရှုံး​နေ​တယ်ဆိုတာ ပြည်သူ​တွေကို မျက်ဝါးထင်ထင် ပြသ​နေတာပါ။

    AA ကအမ်းမြို့သိမ်းတိုက်ပွဲကိုစက်တင်ဘာလ၂၆ရက်မှာစတင်ခဲ့ပါတယ်။ သုံးလနီးပါကြာ ထိုးစစ်အတွင်း နပခ ကလွဲရင် အမ်းမြို့နယ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ တပ်စခန်း​တွေအားလုံးကို AAက သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရင်း​တွေအပါအဝင် တစ်မြို့လုံးက စစ်တပ်တပ်စွဲရာ စခန်းနေရာ ၃၀ ကျော်လုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ AAက ဒီဇင်ဘာလ၆ရက်မှာထုတ်ပြန်ခဲ့ပါတယ် ။

    AA ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီက ရခိုင်ရိုးမဘက်မှစစ်ကူ​တွေကို အကြိမ်ကြိမ်ပို့ဆောင်ခဲ့ပါတယ်။ ပို့​ဆောင်လာသမျှ စစ်ကူ​တွေကိုလည်း AA နဲ့ မဟာမိတ်တပ်​တွေက က ဖြတ်တောက် ပိတ်ဆို့​ချေမှုန်းခဲ့တာပါ။

    တိုက်ပွဲ​တွေအနက် ထင်ရှားတဲ့တိုက်ပွဲတစ်ခုက အမ်းမြို့ရဲ့ မြောက်ဘက်၊ ရိုးတောင်လမ်းမထက်တစ်နေရာမှာ နိုဝင်ဘာလ ၂၈ရက်က​နေ နိုဝင်ဘာလ ၃၀ရက်အထိ ဖြစ်ခဲ့တဲ့တိုက်ပွဲပါ။

    စစ်ကူပေးဖို့လာတဲ့ တပ်မ (၈၈) လက်အောက်ခံတပ်ရင်း သုံးရင်းပေါင်း အင်အား ၁၃၀ ကျော်ပါ စစ်ကြောင်းကို AAက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။

    သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရတဲ့အဆင့်သို့ရောက်ရှိခဲ့တယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ် ။

    တိုက်ခိုက်ခံရတဲ့စစ်ကြောင်းမှာ ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) တို့ပါဝင်ပြီး​တော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ဟာ ရခိုင်ရိုးမထဲမှာ ဇာတ်သိမ်းသွားခဲ့ပါတယ်။ သက်ဆိုင်ရာတပ်ရင်းမ​တွေအတွင်းတပ်မိသားစု​တွေဟာ ငိုပွဲဆင်ခဲ့ကြရပါတယ် ။ အဲဒီတိုက်ပွဲမှာရန်သူ့အလောင်း စုစုပေါင်း ၁၀၀ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့သလို စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က အသိ​ပေးခဲ့ပါတယ်။

    တစ်ချိန်တည်းမှာနောက်ဆုံးကျန်​​နေတဲ့ နပခတိုင်းစစ်ဌာနချုပ်ကို AAက ဒီဇင်ဘာလဆန်းမှာ စတင်ထိုးစစ်ဆင်ခဲ့ပါတယ် ။

    နပခ သိမ်းထိုးစစ်က ပြင်းထန်ပါတယ် ။စစ်ကို စစ်နဲ့တူအောင်မယ်လို့ ကြွေးကြော်ထားတဲ့ AAကြောင့် နပခထိပ်တန်းအရာရှိ​တွေ အရူးမီးဝိုင်းခဲ့ပါတယ် ။

    နပခ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးဟာ နပခမှာမ​နေရဲ​တော့ဘဲ စစ်တွေ ဒကစ ဆီမှာသွားပုန်းနေခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ​ပြောပါတယ်။ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းမှာလည်း နိုဝင်ဘာလ ၁၄ရက်မှာ မ‌ကွေးမြို့ တပ်မ(၈၈)ကို ရဟတ်ယာဉ်နဲ့ထွက်ပြေးသွားပါတယ်။

    တိုင်းစစ်ဦးစီးမှူးခ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက​တော့ နပခမှာ ခုခံနေရင်း အခြေအနေမဟန်လို့ ထွက်ပြေးတာမှာ လမ်းမှာ AA နဲ့ထိပ်တိုက်တိုး ဖြတ်တိုက်ခံရတာ​ကြောင့် သေဆုံးသွားတယ်လို့ အမ်းမြို့က စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ ​ခေတ်​ကောင်းစဥ်က တထီးတနန်းစံမြန်းခဲ့ကြတဲ့ အမ်းမြို့က နေအိမ်နှစ်လုံးကိုလည်း AA က ချိတ်ပိတ် သိမ်းဆည်းခဲ့ပါတယ် ။ဒါ​ကြောင့် AA ရဲ့နပခထိုးစစ်က အာဏာသိမ်းစစ်အုပ်စုကို အဘက်ဘက်က အထိနာစေခဲ့ပါတယ်။

    စစ်ရေးသတင်းကို အထူးလှို့ဝှက်တတ်တဲ့ AAက နပခကို သိမ်းတိုက်ပွဲကို နှစ်ရက်ဆက်ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ် ။

    လက်နက်ချပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ဒီဇင်ဘာလ ၁၆ရက်နဲ့ ဒီဇင်ဘာလ ၁၇ရက် နှစ်ညဆက်တိုက် AA က ထုတ်ပြခဲ့တာပါ။ အလံဖြူ​ထောင် လက်နက်ချ​တဲ့စစ်သား​တွေ အသက်ရှင်သန်ခွင့်ရတာကို ပြသပါတယ်။နပခအတွင်း ချောင်ပိတ်မိနေတဲ့ စစ်သား​တွေ အမြန်အသိတရားရပြီး လက်နက်ချကြဖို့ AA ကသတိ​ပေးပါတယ်။

    “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစော တွေ့ဆုံရလိမ့်မယ်”လို့ AAက သတိ​​ပေးထားတာပါ။

    နပခဇာတ်သိမ်းခန်းကို AAက ပုံဖော်နေစဉ် အာဏာသိမ်းစစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်​တွေ လူမြင်ကွင်းက ပျောက်နေကြပါတယ်။ ဒီဇင်ဘာ ၁၇ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာ​တွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရော သူ့ရဲ့ ဇနီးပါ ပါမလာ​ပါဘူး ။

    ​မောင်​​တောမြို့ရှိ နခခ (၅) AA လက်​အောက်ကျသွားပြီး အမှတ်( ၁၅ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်သားရာ​ပေါင်းများစွာ စစ်သုံ့ပန်း အဖြစ်ဖမ်းဆီးခံရချိန်မှာ အာဏာသိမ်း​ခေါင်း​​ဆောင် ဇနီး​မောင်နှံက ​နေပြည်​တော်အမျိုးသားအားကစားပွဲ​တော် တက်​ခဲ့တဲ့အတွက် တပ်တွင်းမှာပါပြင်းပြင်းထန်ထန် ​ဝေဖန်ခံခဲ့ရပါတယ် ။ ဒါကြောင့် အာဏာသိမ်း​ခေါင်း​ဆောင် လင်မယားဟာ နခခ(၅) စစ်ရှုံးပြီးအ​တွေ့အကြုံကို သင်ခန်းစာယူခဲ့တာလည်းဖြစ်နိုင်ပါတယ် ။

    တစ်ဖက်မှာ​တော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ သူရဲ့ ဇနီးတို့ကတော့ ပြုံးပျော်ကြည်ရွှင်နေပါတယ် ။ သူတို့ဇနီးမောင်နှံနှစ်ဦး အနီရောင်​တောက်​တောက်အကျ်ီကိုယ်စီဝတ်ဆင်ထားတဲ့ ဓာတ်ပုံနဲ့အတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးက လူမှုကွန်ရက်မှာ ဒီဇင်ဘာ ၁၈ ရက်​​နေ့က ​​ရေးသားထားမှုက ​တော်လှန်ပြည်သူ​တွေကြား စိတ်ဝင်စားမှုအထူးများ​နေပါတယ်။

    “အဒို့က အမ်းနိုင်တဲ့လူဘဲချစ်တယ်လို့ပြောတော့ မပူပါနန့်အချစ်ရေ ဒို့အမ်းနိုင်ပါပြီတဲ့” လို့​ရေးထားတာဖြစ်ပါတယ်။

  • မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေး

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေးကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူတချို့ထံမှ သိရှိရသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်း အကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်သွားခဲ့ကြောင်း၊ လတ်တလော ရွှေ ၄ ပိဿာဝန်းကျင်ပါသွားသည်ဟုဆိုနိုင်ကြောင်း၊ တရားခံ ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

    “ဓားပြတိုက်တဲ့အဖွဲ့က ဆိုင်မှာ လူအဝင်၊အထွက် အချိန်နဲ့ ရွှေအထားအသို၊ ဆိုင်အနေအထား အတိအကျ ကို သေချာလေ့လာပြီးမှ လုပ်တဲ့သဘောဖြစ်လို့ ဒီဆိုင်နဲ့ မစိမ်းတဲ့ သူမျိုး၊ ရင်းနှီးကျွမ်းဝင်ပြီးသားထဲက ဖြစ်နိုင်ပါတယ်။ လက်ရှိတော့ တရားခံ ဖမ်းမိခြင်းမရှိသေးပါဘူး” ဟု မန္တလေးရဲသတင်းရင်းမြစ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒေသခံပြည်သူတချို့ကလည်း စစ်တပ်နှင့်ရဲများက ဓားပြတိုက်ခံရသော ရွှေဆိုင်အနီးရှိ နေအိမ်များမှ CCTV များကို လိုက်လံတောင်းခံသွားကြောင်း ပြောဆိုသည်။

    မန္တလေးတွင် ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး ယခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ကို လူ ၇ ဦးက သေနတ်များဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့ကို ဓားပြတိုက်လုယက်သွားခဲ့ကြောင်း၊ ယခုနှစ် မေလ ၃၁ရက်နေ့ကလည်း မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား ၃၉ လမ်းနှင့် လမ်း ၄၀ အကြား မန်းမြို့ဈေးအတွင်းမှ ‘ဆယ်သန်း’ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

  • လူပြောများသည့် မာနယ်ပလောအကြောင်း

    လူပြောများသည့် မာနယ်ပလောအကြောင်း

    ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်သည့်သတင်းသည်လူပြောများခဲ့သည်။

    အဘယ်ကြောင့်ဆိုသော် မာနယ်ပလောသည် KNU သာမကတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတို့အတွက် အစဉ်အလာကြီးမားသည့်နေရာတစ်ခုဖြစ်သည်။ မနယ်ပလော (ကရင်ဘာသာ) ကို ဗမာလို အောင်ပွဲရ နယ်မြေ သို့မဟုတ် အောင်မြေ လို့အနီးစပ်ဆုံးဘာသာပြန်ဆိုနိုင်သည်။

    မာနယ်ပလောကို သြဇာကြီးမားသည့်အထင်ကရ ကရင်ခေါင်းဆောင်ကြီးလည်းဖြစ် KNU ၏ ဥက္ကဋ္ဌဟောင်း လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြ ကိုယ်တိုင်ဦးစီးဦးဆောင်တည်ဆောက်ခဲ့သည့် KNU ဌာနချုပ်ဖြစ်ခဲ့ပြီး ၁၉၉၅ မတိုင်ခင် မာနယ်ပလောဒေသသည် KNU ၏ဌာနဆိုင်ရာရုံးများ၊ သင်တန်းအဆောင်အဦးများ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် အလွန်စည်ကားခဲ့ပြီး မဟာမိတ်အဖွဲ့အစည်းတို့၏ အခြေစိုက်ရာ နေရာြဖစ်သည်။

    ကရင်လူမျိုးများအထွဋ်အမြတ်ထားသည့်အထိမ်းအမှတ်နေ့တွေဆိုရင်လည်း အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ လက်၀ှေ့ပွဲ၊ ဘောလုံးပွဲစသည့် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပသည့် နေရာလည်းဖြစ်သည်။ KNU ၏သံတမန်ဆက်ဆံရေး၊ နိုင်ငံခြားရေးရာ၊ အိမ်းနီးချင်းနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေးမှာလည်းအချက်အချာကျသည့်နေရာြဖစ်သည်။

    သစ်ထုတ်လုပ်ငန်းများအပါအ၀င် နယ်စပ်စီးပွားရေးလုပ်ငန်းနဲ့ စည်းကားခဲ့သည့်နေရာလည်းဖြစ်ပြီး ထိုင်းနယ်စပ်မြို့ရွာများနဲ့လည်း ကူးလူးဆက်ဆံမှုနှင့် ကုန်စည်ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်းများ လည်ပတ်စီးဆင်းခဲ့သည့်နေရာဖြစ်သည်။

    မာနယ်ပလောသည် KNU တပ်မဟာ ၇ ဒေသတွင်တည်ရှိပြီး ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံမြောက် ပိုင်းနယ်စပ်က သူးမွဲကလိုး (သောင်ရင်းမြစ်) ကမ်းနားတွင်တည်ရှိသည်။ မာနယ်ပလောဒေသမှတ၀ိုက်နှင့် သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိမယ်တ၀ေါ (မယ်သ၀ေါ) ရွာ၊ မယ်တရေရွာ၊ ထူး၀ါးလူ၊ ဖွေးဘောလူရွာ၊ သူးမွဲထ (သံလွင်မြစ်နှင့်သောင်ရင်းမြစ်ဆုံရာ မြစ်ဆုံ) နှင့် သံလွင်မြစ်ကမ်းက သော်လဲထာရွာအပါအ၀င် ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့ မယ်စရင်းယန်းမြို့စသည့်နယ်စပ်ကုန်သွယ်မှုတွင်အရေးပါသည့် နေရာများအထိကူးသန်းရောင်း၀ယ်ရေးထွန်းကားခဲ့သည်။

    KNU တပ်မဟာ ၇ ဒေသက မာနယ်ပလောသည် စစ်ရေးအရတောင့်တင်းခိုင်မာခဲ့သည့်ဌာနချုပ်ဖြစ်ခဲ့ပြီး မာနယ်ပလောကိုသိမ်းပိုက်ဖို့ မြန်မာစစ်တပ်အကြိမ်ကြိမ်တိုက်ခိုက်ပေမဲ့မရခဲ့ပေ။

    သို့သော် ၁၉၉၄ ခုနှစ်နှောင်းပိုင်းတွင် ဘာသာရေးဖိနှိပ်မှုဟုဆိုကာ မြိုင်ကြီးငူဆရာတော်ဦးသုဇန နှင့် ဗိုလ်ချုပ်ကြီးစောဘိုမြတို့အကြားမပြေလည်မှုသည်ပို၍ပို၍ဆိုးလာခဲ့ပြီး ညှိနှိုင်းလို့မရသည့်အဆုံး ဦးသုဇနဘက်ရပ်တည်သည့်ဗုဒ္ဓဘာသာ၀င် KNLA တပ်ရင်းတပ်ဖွဲ့၀င်တချို့သည် မိခင် KNU မှခွဲထွက်ပြီးနောက် မြန်မာစစ်တပ် (နဝတ) ၏အကူအညီနဲ့ KNU ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၉၉၅ ခုနှစ်ဇန်န၀ါရီလတွင် မာနယ်ပလောကို KNU လက်လွှတ်ရှုံးဆုံးခဲ့ရပြီး ပြည်သူများထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    ၁၉၉၅ ခုနှစ်မတိုင်ခင်မှာ မာနယ်ပလောဒေသသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ ဒေါက်တာစိန်၀င်းဦးဆောင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB) စသည့်တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများ အခြေချလှုပ်ရှား နေထိုင်ခဲ့သည့်နေရာြဖစ်သည်။

    အကြောင်းအမျိုးမျိုးနဲ့ KNU တာ၀န်ရှိသူတွေနဲ့လာရောက်တွေ့ဆုံဖို့ကမ်းလှမ်းလာသည့် ထိုင်းလူမျိုး ဧည့်သည်များအပါအ၀င် နိုင်ငံခြားသားသတင်းထောက်များနှင့် နိုင်ငံခြားဧည့်သည်များကိုလည်း ဗိုလ်ချုပ်မြက မာနယ်ပလောမှာ လက်ခံတွေ့ဆုံလေ့ရှိသည်ဟု ဗိုလ်ချုပ်မြခေတ်ကိုမှီခဲ့သူများ၏ ပြောပြချက်အရသိရသည်။

  • နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    ရခိုင်ပြည် အမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နပခ တိုင်းစစ်ရုံးမကျရေး ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံနေကြောင်း သိရသည်။

    အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို နပခ တိုင်းစစ်ရုံးထဲမှ အင်အားရာချီခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ အသည်းအသန် ခုခံကာကွယ်နေကြောင်း AA က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်ညက ထုတ်ပြန်ထားသည်။

    “နပခ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဤကဲ့သို့ လက်နက်ကြီးပစ်ကူများကြောင့် တိုင်းစစ်ရုံးအတွင်းရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်” ဟု ထုတ်ပြန်ထားသည်။

    စစ်ကောင်စီမှာ ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ ခုခံနေသော်လည်း အဆိုပါ လက်နက်ကြီးကျည်များမှာ နပခ တိုင်းစစ်ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းတို့ စစ်ကောင်စီတပ်သားများသာ ထိခိုက်သေဆုံးသွားသည်ဟု သိရသည်။

    အာရက္ခတပ်တော်သည် မောင်တောမြို့နှင့် တောင်ကုတ်မြို့က စစ်ကောင်စီ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် အမ်းမြို့နှင့် ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

    အမ်းမြို့နယ်က စစ်ကောင်စီ၏ တပ်ရင်းများ၊ ဗျူဟာကုန်းများ၊ စစ်စခန်းများ စသည့် စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပြီးနောက် AA သည် အမ်းမြို့ထဲကို ထိန်းချုပ်ထားသည်။

    နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းစစ်ရုံးကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုင်းစစ်ရုံးထဲ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ကြောင်း AA က ပြောသည်။

    စစ်ကောင်စီသည် လေကြောင်းမှ မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း နပခ တိုက်ပွဲမှာ မြေပြင်တိုက်ပွဲထက် လေကြောင်းပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    အာရက္ခတပ်တော် AA ၏ စစ်ရေးအသာစီးရခြင်းနှင့် အသက် မသေစေလိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် AA ထံ လက်နက်ချ အလင်းဝင်လာသူများ ဆက်တိုက်ရှိနေပြီး AA ၏ ထုတ်ပြန်ချက်အရ အလံဖြူထောင်အလင်းဝင်သူ စစ်ကောင်စီတပ်သား ရာနှင့်ချီရှိကြောင်း တွေ့ရသည်။

    “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဟု AA က စစ်ကောင်စီတပ်သားများကို အသိပေး သတင်းစကားပါးထားသည်။

    လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာမခံကြောင်းလည်း အာရက္ခတပ်တော် AA က ကတိပေး ပြောဆိုထားသည်။

    ပုံစာ – ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းစစ်ရုံး တိုက်ပွဲများကြောင့် မီးလောင်းနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ – AA)