Author: Admin-501

  • ကျောက်မဲတွင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်

    ကျောက်မဲတွင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ကိုရင်ငါးပါးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

    ယမန်နေ့( အောက်တိုဘာ ၂၄ ရက် )ညနေ ၄ နာရီခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပေါ် ကျရောက်ပြီး သက်တော် ၇၀ ဝါတော် ၅၀ ရှိသည့် ကျောင်းထိုင်ဆရာတော် အရှင်ကျန္တာပျံလွန်တော်မူခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားသည်။

    ထို့အပြင် ကိုရင်များဖြစ်သည့် သက်တော် ၁၈ နှစ်အရွယ် အရှင်အိုက်ကျန်၊ သက်တော် ၁၇ နှစ်အရွယ် အရှင်ကုမ္မရ၊ သက်တော် ၁၄ နှစ်အရွယ် အရှင်ဩရသ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်ဝိရိယ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်စန္ဒိ တို့အပြင် အသက် လေးနှစ်အရွယ် မောင်အိုက်တင် နှင့် ဦးကျန်ဒိ (၉၆ နှစ်) တို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ ကျောင်းဆောင် နှင့် နေအိမ်နှစ်လုံး ထိမှန်ပျက်ဆီးခဲ့ကြောင်း သိရသည်။

    ကော်ပေါင်ကျေးရွာသည် ကျောက်မဲမြို့နယ်နှင့် မိုင်းလုံမြို့နယ်ကြားတွင် တည်ရှိပြီး၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျောက်မဲမြို့နယ်တွင် ပါဝင်သော်လည်း လက်ရှိ ထိုနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အုပ်ချုပ်မှုအောက်တွင် ရှိသောကြောင့် TNLA က မိုင်းလုံမြို့နယ်တွင် ထည့်သွင်းထားသည်။

    “ကော်ပေါင်က အမှန်တော့ ကျောက်မဲမြို့ထဲပါတယ်ပေါ့နော်။ ဒါပေမယ့် TNLA က သူတို့အုပ်ချုပ်ရေးနယ်မြေ မိုင်းလုံမြို့နယ်ထဲကို ထည့်ထားတာပါ။ တိုက်ပွဲတွေကတော့ မရှိပါဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

    ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် သီပေါ ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးကာ သီပေါမြို့ကို အောက်တိုဘာ၁၆ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ထပ်မံထိန်းချုပ်နိုင်ခဲ့သည်။

    စစ်ကော်မရှင်သည် ၎င်းတို့လက်လွှတ်ထားသည့် နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လေ့ရှိသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့မှ ၂၄ ရက်နေ့တွင်း TNLA ထိန်းချုပ်ထားသည့် မြို့ ကိုးခုတွင် လေကြောင်းဗုံးကြဲမှု ၃၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး ကလေးငယ် ၁၀ ဦးအပါအဝင် ဒေသခံပြည်သူ ၄၇ ဦး သေဆုံးကာ သံဃာနှစ်ပါး အပါအဝင် ၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဓါတ်ပုံ- ကော်ပေါင်ကျေးရွာတွင် အောက်တိုဘာ ၂၄ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများ။ (TNLA)

  • အမျိုးသမီး၂၀ ကျော်ကိုအဓမ္မပြုကျင့်ခဲ့တဲ့ ဗိုလ်မှူးအပါအဝင် စစ်သား၂၀ ကျော် PDF ​တွေတိုက်လို့​သေဆုံး၊ စစ်သုံ့ပန်း ၅ ဦးဖမ်းမိ

    အမျိုးသမီး၂၀ ကျော်ကိုအဓမ္မပြုကျင့်ခဲ့တဲ့ ဗိုလ်မှူးအပါအဝင် စစ်သား၂၀ ကျော် PDF ​တွေတိုက်လို့​သေဆုံး၊ စစ်သုံ့ပန်း ၅ ဦးဖမ်းမိ

    အမျိုးသမီး၂၀ကျော်ကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခိုင်းခဲ့တဲ့ ဗိုလ်မှူးကျော်မင်း အပါအဝင် စစ်သား၂၀ ကျော်ဟာ မလှိုင်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄) နဲ့ (၁၀) တပ်ရင်းမှူးက​ပြောပါတယ်။

    တောင်သာမြို့နယ်၊ရုံးစည်ကြီးရွာက အသက် ၁၆ နှစ်အရွယ်ကနေ အသက် ၆၀ အရွယ်အထိ အမျိုးသမီး၇ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက် နေ့အထိ စစ်ကောင်စီက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် သံဘိုရွာမှာလည်း အမျိုးသမီးငယ်တချို့ အ‌‌ဓမ္မပြုကျင့်ခံခဲ့ရသေးတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းရဲ့ ထွက်ဆိုချက်အရသိရတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။

    အဲဒီနောက် စစ်ကြောင်းဟာ မလှိုင်မြို့နယ်ဘက်ကို ထွက်ခဲ့ပြီး နောက် အိမ်ကြီး တောရွာကိုလည်း စစ်ကြောင်းထိုးကာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

    “ဗိုလ်မှူးကျော်မင်းဆိုတဲ့လူက မိန်းကလေးတွေကို ဖမ်းဆီးလာတယ်။ ပြီးလို့ရင် သူ့တပ်ခွဲတခွဲလုံးကို အဓမ္မပြုကျင့်ခိုင်းတယ်။ မလုပ်ချင်တဲ့သူဆိုရင်လည်း ခြိမ်းခြောက်ပြီးလုပ်ခိုင်းတယ်။ နောက်ဆုံး သူတို့ဒီရွာက နေစစ်ကြောင်းထွက်တော့မယ်ဆိုရင် အဲဒီမိန်းကလေးတွေကို လည်ပင်းဓားနဲ့လှီးပြီး သတ်ခိုင်းတာတွေလုပ် ဆောင်ခဲ့တယ်ဆိုပြီး တော့မှ ကျွန် တော်‌‌တို့ မိလာတဲ့ စစ်သုံ့ပန်းက တဆင့်ပြန်ပြောလို့သိရတယ်”လို့တပ်ရင်းမှူးကဆက် ပြောပါတယ်။

    အဲဒီစစ်သား​တွေက အသက် ၁၃ နှစ်အရွယ် မိန်းက လေးကိုပါအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။

    ဗိုလ်မှူး ကျော်မင်း ဦးဆောင်လာတဲ့ တပ်ခွဲ-၁ ဟာ အောက်တိုဘာ၉ ရက်နေ့ကနေ၁၂ရက် နေ့အထိမလှိုင်မြို့နယ် အိမ်ကြီး တောရွာအနီးမှာ ​တော်လှန်​ရေး တိုက်ခိုက်ခံခဲ့ရပြီး ဗိုလ်မှူးကျော်မင်း ဟာ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

    အဲဒီ တိုက်ပွဲအတွင်းမှာစုစုပေါင်း စစ်သားနဲ့ ပြည်သူ့စစ်တွေ အပါအဝင် ၂၀ ကျော် သေဆုံးကာ ၅ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောတယ်။

    စစ်သား​တွေရဲ့ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရတာ​ကြောင့်ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မိန်းက လေးငယ် တွေလည်း ရှိတယ်လို့ စုံစမ်းသိရပါတယ်။

    စက်တင်ဘာ ၂၅ရက်ကနေ အောက်တိုဘာ ၁၂ ရက်အတွင်း ၁၈ရက်တာအတွင်းအင်အား ၂၀၀ ​ကျော်ပါစစ်တပ်စစ်ကြောင်းဟာမြင်းခြံခရိုင်အတွင်း ထိုးစစ်ဆင်လာလို့ PDF ​တွေနဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားသလို လက်နက်မျိုးစုံ ၅၀ နီးပါး သိမ်းရခဲ့ကြောင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (Natogyi People Defence Force) မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

    အဲဒီကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်စစ်​ကြောင်းအထိနာတဲ့အတွက် တပ်ပြန်လန်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ် ။

    (ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​တွေနဲ့သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း ​တွေ။ဓါတ်ပုံ-နွားထိုးကြီးPDF )

  • Final Recovery

    Final Recovery (2025)

    ရော့ဒ်နေးဆိုတဲ့ ဆေးသမားတစ်ယောက် Sage ဆိုတဲ့ မူးယစ်ဆေးဖြတ်စခန်းကိုရောက်ရှိလာချိန်မှာအခြေအနေတွေက ပုံမှန်ဟုတ်မနေတာ ရိပ်စားမိခဲ့ပါတယ်။

    ဂေဟာဦးစီးသူ အဘွားကြီးကို နာနီလူး လို့အားလုံးကခေါ်ကြပြီး ချိုသာသဘောကောင်းလွန်းတာ၊ အရမ်းကြင်နာနူးညံ့တဲ့ပုံမျိုးဖမ်းထားတာတွေရှိပေမယ့် ရော့ဒ်နေးကတော့ သူ့ကို နည်းနည်းမှမယုံပါဘူး။

    အဲ့ဒီလိုပဲ စခန်းထဲမှာကြာကြာနေမိလေ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးတွေ မသင်္ကာစရာတွေကို တစ်စထက်တစ်စပိုတွေ့လာရင်းကနေ မရေရာတဲ့ အန္တရာယ်တွေဆီကနေ သူကိုယ်တိုင်ရုန်းထွက်ဖို့ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။

  • Shakthi Thirumagan

    Shakthi Thirumagan

    Shakthi Thirumagan (2025)

    သွေးကြွေးဆပ်မယ့်သား

    ဒီတစ််ခါတင်ဆက်ပေးချင်တဲ့ကားလေးကတော့ ပရိသတ်ကြီးနဲ့မစိမ်းတဲ့ တောင်ပိုင်းမင်းသား ဗီဂျေးအန်တိုနီဦးဆောင်ပါဝင်ထားတဲ့ တမီလ်အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

    မှောင်မိုက်တဲ့ညတစ်ညမှာ မြို့ပေါ်ကို အလုပ်လာလုပ်တဲ့ သားတစ်ယောက်မိခင် တိုင်းရင်သူမုဆိုးမလေးတစ်ယောက်ဟာ အဓမ္မကျင့်ခံရပြီး ဆွဲကြိုးချသတ်ဖြတ်ခြင်းပါ ခံခဲ့ရပါတယ်။

    သူ့ရဲ့လူမမယ်လသားအရွယ်သားလေးကိုတော့ လူကြီးတစ်ယောက်က သနားလို့မွေးစားထားခဲ့ပါတယ်။

    ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါမှာ ကစ်တူဆိုတဲ့ကောင်လေးအဖြစ် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပြီး လူလည်ပန်ကာ ပွဲစားကြီးအလုပ်နဲ့ အသက်မွေးနေပါတယ်။

    ဘာမဆိုအကုန်ဖြစ်တဲ့ ပွဲစားကစ်တူတစ်ယောက် မိခင်ကိစ္စကိုသိသွားချိန်မှာ သူ့မိခင်သေဆုံးမှုကို အဖြေရှာပြီး လက်စားချေနိုင်မလားဆိုတာကို အက်ရှင်ခန်းအကြမ်းပတမ်းတွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။