Author: Admin-501

  • Martabat: Misi Berdarah

    Martabat: Misi Berdarah

    Martabat: Misi Berdarah (2025) ရိုက်ကူးရေးလာကအကြောင်း ရိုက်ထားတဲ့ မလေးရှား ဟာသကားလေးပါ။ ရုပ်ရှင်အဖွဲ့သားတစ်ဖွဲ့ ကျွန်းတစ်ကျွန်းပေါ် စစ်ကားသွားရိုက်ရင်း ကြုံရတဲ့ အလွဲတွေကို ရိုက်ပြထားတယ် ဆိုပေမဲ့ ဒီကားရဲ့ အဓိကဇာတ်ကောင်က ဇာတ်ကားထဲရိုက်နေတဲ့ ရုပ်ရှင်ထဲက မင်းသား မင်းသမီးတွေမဟုတ်ဘူး။ ဇာတ်ကားထဲရိုက်နေတဲ့ ရုပ်ရှင်ထဲက ဇာတ်ပို့ဇာတ်ရန်တွေက ဒီကားရဲ့ အဓိက ဇာတ်ကောင်တွေပါပဲ။ ဇာတ်ပို့ဇာတ်ရန်ဘဝကို သရုပ်ဖော်တယ်လို့ပြောချင်ရင်လည်း ရလောက်မယ်။ ဇာတ်ပို့တွေဟာ ရုပ်ရှင်မှာ မျက်နှာလေးတစ်ခါလောက်ပါဖို့ အားထုတ်ကြပေမယ့် ပါဖို့တော်တော်ခက်တာကို စတီဖင်ချောင်ရဲ့ King of Comedy တို့ New King of Comedy တို့မှာ ကျွန်တော်တို့ မြင်ဖူးပြီးသားပါ။ ဒါမျိုးပါပဲ။ ဇာတ်ရံတွေရဲ့ နောက်ကွယ်က အားထုတ်မှုတွေအပြင် ရိုက်ကူးရေးအဖွဲ့သားတစ်ဖွဲ့လုံးရဲ့အားထုတ်မှုတွေကို ဟာသနှောပြီး တင်ဆက်ပြထားပါတယ်။ ဇာတ်ရံတွေကို…

  • It’s Official…

    It’s Official…

    It’s Official… (2025) အဖေရုတ်တရက်ဆုံးသွားလို ပူဆွေးကြေကွဲနေရတဲ့ Marni တစ်ယောက် နောက်ထပ်အံ့ဩကြေကွဲစရာနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲဒါကတော့ Mar အဖေရဲ့ သေတမ်းစာထဲက နောက်ဆုံးဆန္ဒက သူ့ရဲ့အလောင်းရှေ့မှာ Mar ကို Marno ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ လက်ထပ်ပေးဖိုပါပဲ။ Marno ဆိုတာက Mar အဖေ အကြွေးတွေအများကြီးတင်နေတဲ့သူ့သူငယ်ချင်းရဲ့ သားဖြစ်ပြီး Mar အဖေက အကြွေးကြေဖို သူ့သမီးကို Marno နဲ့ ပေးစားခဲ့တာပဲဖြစ်ပါတယ်။ ဒီထက်ပိုဆိုးစေတာကတော့ Mar မှာ Adi ဆိုတဲ့ ချစ်သူတစ်ယောက်ရှိနေတာပါပဲ။ ဒီလိုနဲ့ Mar တစ်ယောက် သူ့အဖေဆန္ဒအတိုင်း မိသားစုအကြွေးတွေကိုကယ်တင်ဖို မရင်းနှီးတဲ့သူနဲ့လက်ထပ်မလား ဒါမှမဟုတ် ချစ်သူအပေါ်မှာ သစ္စာစောင့်သိသွားမလားဆိုတာကိုတော့ ဒီဟာသဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။

  • Kifn

    Kifn

    Kifn (2024) ကဒ်ရုပ်ရှင်တွေဟာအကြောင်းအမျိုးမျိုးကြောင့် Mainstream လောကမှာမတွင်ကျယ်ပေမယ့်လည်းခပ်ညံ့ညံ့ထဲကတော့မဟုတ်ပါဘူး။ သူတို့ရဲ့ရုပ်ရှင်တွေမှာတွေ့ရလေ့ရှိတဲ့ သမိုင်း၊ယဉ်ကျေးမှု၊ ပဋိပက္ခတွေနဲ့ လူမှုဘဝကိုထင်ဟပ်ပြီး လက်တွေ့ဘ၀နဲ့နီးစပ်တဲ့နောက်ခံဇာတ်ကြောင်းတွေ၊ ဘာသာရေး၊လူမျိုးရေးအကန့်အသတ်တွေကြောင့် တည်ရှိနေတဲ့ လွတ်လပ်စွာဖန်တီးဖို့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေဟာလည်း သူတို့ဇာတ်ကားတွေကိုစစ်မှန်တဲ့အနုပညာတစ်ခုအဖြစ် ဖြစ်တည်လာဖို့စေ့ဆော်မှုတစ်ခုဖြစ်ပါတယ်။ Kifn (ကဖန်) ဇာတ်ကားကတော့ ကဒ်တွေရဲ့ပထမဆုံးဟော်ရာကားတွေထဲက တစ်ကားအဖြစ်သတ်မှတ်ခံရပြီး ဒေသတွင်းမှာ အတော်လေးနာမည်ကျော်ခဲ့တဲ့ဇာတ်ကားပါ။ ပါရီဆိုတဲ့ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ရတဲ့ မိန်းမငယ်လေးတစ်ယောက် ခင်ပွန်းသည်နဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့နေထိုင်ချိန်မှာ ထိတ်လန့်ခြောက်ခြားစရာအမြင်အာရုံတွေ ခြောက်လှန့်မှုတွေကို ရင်ဆိုင်လာရပြီး အဲ့ဒီပြဿနာတွေကို မိသားစုမှတ်တမ်းဗီဒီယိုတွေကတစ်ဆင့်အဖြေရှာဖြေရှင်းရပုံအကြောင်းဖြစ်ပါတယ်။ နာမည်ကျော် တူရကီရုပ်ရှင်စီးရီးစ်ဖြစ်တဲ့ Sijjin ဇာတ်ကားတွေနဲ့ပုံစံချင်းဆင်ပြီး ဒီဇာတ်ကားကတော့ အီရတ်နိုင်ငံ ကဒ်ဒေသအတွင်းကမြို့တစ်မြို့မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကိုအခြေခံတယ်လို့ဆိုပါတယ်။ မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။

  • နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်

    နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်

    နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးပြီး ကား ၁ စီးကို မီးရှို့ရှင်းလင်း နေပြည်တော်၊ တပ်ကုန်းမြို့နယ် အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်အချိန် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရတနာမြေကျေးရွာဘက်မှ အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော အင်အား ၄၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတစ်နေရာတွင်…

  • အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့ ကာရေဘီယံကို ရောက်ရှိ

    အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့ ကာရေဘီယံကို ရောက်ရှိ

    ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောဖြစ်တဲ့ USS Gerald R Ford ကို အဓိကထားတဲ့ အမေရိကန် ရေတပ် တိုက်ခိုက်ရေး တပ်ဖွဲ့ဟာ ကာရေဘီယံ ဒေသကို ရောက်ရှိ လာပြီ ဖြစ်ကြောင်း အမေရိကန် ရေတပ်က အတည်ပြုလိုက်ပါပြီ။ ဒီတိုက်ခိုက်ရေး အဖွဲ့ကို သမ္မတ ဒေါ်နယ် ထရမ့်က ပြီးခဲ့တဲ့လက ဒေသတွင်းကို စေလွှတ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ရေတပ်ရဲ့ ထုတ်ပြန်ချက် အရ ဒီတိုက်ခိုက်ရေးအဖွဲ့ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသတွေကို ကြီးကြပ်တဲ့ အမေရိကန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (US Southern Command) တာဝန်ယူ ဧရိယာ အတွင်းကို ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတပ်ဖွဲ့မှာ…