Author: Admin-501

  • မှော်ဘီကလူအများစိတ်ဝင်စားသောခင်ပွန်းကဇနီးကိုရက်ရက်စက်စက်သတ်သွားသောအမှု

    မှော်ဘီကလူအများစိတ်ဝင်စားသောခင်ပွန်းကဇနီးကိုရက်ရက်စက်စက်သတ်သွားသောအမှု

    အမှုဖြစ်စဥ်မှာ ၂၄..၁..၂၀၂၆ရက်နံနက်၁၁နာရီခန့်ကရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့မရဲစခန်းတွင်ဒုရဲမှုးစန်းထွေးစခန်းမှုးတာဝန်ထမ်းဆောင်နေစဥ်ဦးခင်မောင်သန်းဆိုသူက၎င်းသည် ၂၄..၁..၂၀၂၆ရက်နံနက်၁၀နါရီခွဲအချိန်မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ရွာအုပ်စု၊ ဆပ်သွားတောကျေးရွာ ဖွံ့ဖြိုးရေးလမ်း းရေးလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီး၍ပစ္စည်းများသိမ်း
    ဆည်းနေစဉ် ဦးမင်းလွင်၊ (၅၀)နှစ်၊ဆံသ၊ တော်ဝင်လမ်း၊ ပေတရာ မြောက်ပိုင်း၊ ဆပ်သွားတော ကျေးရွာအုပ်စု၊ မှော်ဘီမြို့နယ် နေသူမှ ဖုန်းဖြင့်ဆက်သွယ်ပြီး တော်ဝင် လမ်းရှိ ၎င်း၏ နေအိမ် အနောက်ဖက်တွင် လူသတ်မှု ဖြစ်လို့ အမြန်လာပါ ဟု ပြောသဖြင့်ဦးခင်မောင်သန်းဆိုသူမှသွားရောက်ကြည့်ရှုခဲ့ရာ တော်ဝင်လမ်းရှိ အိမ်အမှတ်မရှိနေ မဟေမာန်သူ(၃၃)နှစ်၊စက်ချုပ်လုပ်ကိုင်သူအား နေအိမ် ဘုရားစင်ရှေ့ကြမ်းပြင်ပေါ်တွင် ဘုရားစင်ဘက်အား ခြေထောက်ပြု၍ မှောက်လျှက် အနေအထားဖြင့် လည်ပင်းပြတ်၊ ဝဲဘက်လက် ချောင်းများပြတ်၊ ယာဘက်လက်ကောက်ဝတ်ပြတ်၊ ယာပုခုံးပြတ်ရှ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။

    ဦးမင်းလွင်အား မေးမြန်းရာ နံနက် (၁၀)နာရီ အချိန်ခန့်တွင် ၎င်း၏ နေအိမ် ခြေရင်းဘက်ရှိ သေဆုံးသူမဟေမာန်သူ၏ နေအိမ်ဘက်မှမဟေမာန်သူ နှင့် ၎င်း၏ခင်ပွန်းဖြစ်သူသူရဇော်ဇော်တို့ စကားများရန်ဖြစ်နေသံကြားရ၍ သွားရောက်ကြည့်ရှုရာသူရဇော်ဇော်မှ သေဆုံးသူ မဟေမာန်သူအား ဓါးဖြင့်ခုတ်နေသည်ကို ခုတ်နေသည်ကို မြင်တွေ့ရကြောင်းနှင့် သူရ ဇော်ဇော်သည် ထိုနေရာမှ ရန်ကုန်-ပြည်ကားလမ်းမပေါ်သို့ ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ကြောင်းပြောပြသိရှိရသဖြင့်သေဆုံးသူ မဟေမာန်သူအား အသက်သေဆုံးအောင်ပြုလုပ်ခဲ့သည့် သူရဇော်ဇော် အားဥပဒေအရအရေးယူပေးပါရန်တိုင်တန်းခဲ့ရာမှော်ဘီမြို့မရဲစခန်း(ပ)၂၉/၂၀၂၆ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ခဲ့ကြောင်းသိရသည်။

    အမှုစစ်စခန်းမှုးနှင့်တပ်ဖွဲ့ဝင်တို့က အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊ သေဆုံးသယကိုရဲဆေးစာနှင့်ပြည်သူ့ဆေးရုံပို့ဆောင်ခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊တရားလိုကိုစစ်မေးခြင်း၊ပါတ်ဝန်းကျင်သက်သေအချို့ကိုစစ်မေးခြင်း၊ပြစ်မှုကျူးလွန်သူကိုတိုးဂိတ်တွင်ဖမ်းဆီးရမိကာသက်သေခံဓားနှင့်အတူရဲစခန်းသို့ခေါ်ဆောင်ကာသက်သေခံပစ္စည်းများကိုရှာဖွေပုံစံဖြင့်စနစ်တစ်ကျသိမ်းဆည်းကာပြစ်မှုကျူးလွန်သူ.သူရဇော်ဇော်ကိုချုပ်ရီမာန်ရယူကာအသေးစိပ်စစ်မေးခဲ့ကြောင်းသိရသည်။ပြစ်မှုကျူးလွန်သူသူရဇော်ဖော်အားအမှုဖြင့်စစ်ဆေးခဲ့ရာပေါ်ပေါက်ချက်အရသူရဇော်ဇော်သည်အောင်ဘာလေထီလက်မှတ်ရောင်းချသူဖြစ်ကြောင်း၊ထီရောင်းရာတွင်၎င်းသည်နယ်မြို့များသို့လိုက်လံရောင်းချရာတစ်လခန်ကြာကြောင်း၊တစ်ခါတစ်လေ၃/၄လခန့်ကြာမြင့်လေ့ရှိကြောင်း ပြန်ရောက်လျင်လည်းတစ်ပါတ်ခန့်သာနေထိုင်လေ့ရှိရာ ထိုသို့နေထိုင်ရာတွင်လည်း၎င်း၏မိခင်ဖြစ်သူထံတွင် ၃ရက်ခန့်နေပြီးမှဇနီးဖြစ်သူထံပြန်လာပြီး၃/၄ရက်ခန့်နေထိုင်ကာနယ်လှည့်ပြီးထီပြန်ရောင်းလေ့ရှိကြောင်း၊ထီရောင်းရာတွင်လည်းအုပ်စုလိုက်ထွက်ကြကြောင်း၊အခင်းဖြစ်နေ့ကနယ်လှည့်ပြီးထီရောင်းရာကပြန်လည်ရောက်ရှိနေကာမိခင်ဖြစ်သူထံ၃ရက်ခန့်နေထိုင်ကာဇနီးဖြစ်သူထံရောက်လာခဲ့ကြောင်း၊ထီရောင်းချရာကရရှိသောဝင်ငွေကိုမိခင်ကိုတစ်ဝက်ပေးကာဇနီးကိုတစ်ဝက်ပေးခဲ့ကြောင်း၊အခင်းဖြစ်နေ့ကဇနီးဖြစ်သူသည်အိမ်နီးနားချင်းတစ်ဦးကိုငွေချေးထားသည့်ကိစ္စအတွက်ငွေပြန်မတောင်းသေးဘူးလားဟုမေးမြန်းခဲ့ကြောင်း

    ဇနီးဖြစ်သူကစက်ချုပ်လုပ်ငန်းလုပ်ကိုင်ကာဝင်ငွေရှာဖွေခဲ့ကြောင်း၊သို့သော်စားဝတ်နေရေးအတွက်ငွေမလောက်ငှသဖြင့်ချေးထားသောငွေတောင်းဖို့၃ခါခန့်ပြောသည်ကိုဇနီးကဘာမှပြန်မပြောသဖြင့်စိတ်ဆိုးဒေါသထွက်ကာရန်ဖြစ်ကြကြောင်း၊၎င်းကထိုးကြိပ်ရိုက်နှက်စဥ်ဇနီးကလည်းခွန်အားရှိသလောက်ပြန်ရိုက်သဖြင့် ၎င်းကဓားနှင့်ခုတ်လိုက်ကြောင်း ၊၎င်းနောက်သွေးမြင်ပြီးစိတ်ရူးပေါက်ကာလည်ပင်းပြတ်သည်အထိခုတ်မိခဲ့ပြီးဦးခေါင်းအားကိုင်ဆောင်ကာမိခင်အိမ်သွားရမလို၊ရဲစခန်းသွားရမလိုဖြစ်ပြီးလမ်းရှောက်လာစဥ်တိုးဂိတ်တွင်ယဥ်ထိမ်းရဲကိုမြင်သောကြောင့်ဓားလွှတ်ချပြီးလမ်းရှောက်သွားစဥ်ရဲတပ်ဖွဲ့ဝင်တို့ကဖမ်းဆီးခြင်းခံခဲ့ရကြောင်းပေါ်ပေါက်ချက်အရစခန်းမှုးကအသေးစိပ်ဆက်လက်စစ်ဆေးကာဥပဒေအကြံပြုချက်နှင့်အညီထိရောက်သောပြစ်ဒဏ်ကျခံစေရေးတရားစွဲတင်ပို့ရန်စီစဥ်လျက်ရှိကြောင်းသိရသည်။

    ပြည်မျက်လုံး
    S.H

  • မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ (ရုပ်/သံ)

    မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ (ရုပ်/သံ)

    ရန်ကုန်၊ ဇန်နဝါရီ ၂၈

    မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

    ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ အတုအယောင်ရွေး ကောက်ပွဲကျင်းပရာ မဲရုံများဆီသို့ လာရောက်ကြည့်ခဲ့ကြောင်း၊ အပြန်တွင် ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခိုနေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၁ မိနစ်ခန့်တွင် မင်းဝတ်တန်ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဆိုသော သတင်းများကြောင့် ညတွင်းချင်းစီစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးရှိပြီး သေဆုံးသူ အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

    “ကျနော်တို့ တိုက်ခိုက်မှုမှာ အကြီးပိုင်း ၁ ကောင် အပါအဝင် အထိအခိုက် ၂၄ ကောင် လို့တော့ ကြားရတယ်။ အကြီးပိုင်းက ဗိုလ်မှူးချုပ် အဆင့်ထက်တော့ မနိမ့်ဘူး။ သူလိုလူတောင် ထိရင် ကျန်တဲ့ အရာရှိကြီး အရာရှိငယ် တွေ လည်း ထိမှာပဲ ထိခိုက်မှု အသေးစိတ်ကို ကျနော်တို့ ဆက်လက်စုံစမ်းပြီး ထုတ်ပြန်သွားမယ်။ ကျနော်တို့ ပစ်ခတ်ပြီး မိနစ်ပိုင်း အကြာမှ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ တစ်မနက်လုံးလည်း မင်းကွန်းတောင်ရိုးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဧရာဝတီ မြစ်ရိုးအနောက်ဘက် စစ်ကိုင်းနဲ့ ဝက်လက်မှာလည်း ဖိုက်တာများ အဆက် မပြတ်ပျံဝဲနေပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

    Brave Warriors for Myanmar (BWM) အဖွဲ့နှင့် ပူးပေါင်း အဖွဲ့များ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး လပခ တိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိထားပြီး BWM Mission 50 အတွင်း ရန်သူဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

  • “သူခိုးက ဓားပြတိုက်တာ” ထက် “AI နဲ့ လိမ်တာ” က ပိုကြောက်စရာကောင်းနေပါပြီ

    “သူခိုးက ဓားပြတိုက်တာ” ထက် “AI နဲ့ လိမ်တာ” က ပိုကြောက်စရာကောင်းနေပါပြီ

    “အမေ… သားပါ၊ KPay ကနေ ပိုက်ဆံ ၅ သိန်းလောက် အမြန်လွှဲပေးပါ” လို့ ဖုန်းလာရင် ချက်ချင်းမလွှဲလိုက်ပါနဲ့!

    ဒီနေ့ခေတ်မှာ “သူခိုးက ဓားပြတိုက်တာ” ထက် “AI နဲ့ လိမ်တာ” က ပိုကြောက်စရာကောင်းနေပါပြီ။ ဘာလို့လဲဆိုတော့ နည်းပညာက ကျွန်တော်တို့ရဲ့ “အယုံကြည်ရဆုံးအရာ” ဖြစ်တဲ့ မိသားစုဝင်တွေရဲ့ အသံနဲ့ မျက်နှာကိုပါ အတုခိုးလာနိုင်လို့ပါပဲ။

    “အမေ… သားပါ၊ အဖမ်းခံထိလို့၊ KPay ကနေ ပိုက်ဆံ ၅ သိန်းလောက် အမြန်လွှဲပေးပါ” ဆိုတဲ့ တုန်တုန်ရီရီအသံကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ မိဘတိုင်း ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ ဆောင့်ခုန်သွားတတ်ကြပါတယ်။ အသံကလည်း ကိုယ့်သားသမီးအသံ အစစ်၊ နာမည်လည်းခေါ်တယ်၊ ငိုသံပါပါနေတော့ ပြာပြာသလဲလဲနဲ့ ပိုက်ဆံလွှဲမိကြတာ သဘာဝပါပဲ။ ဒါပေမဲ့ သတိထားကြပါ၊ ဒါဟာ တကယ့်အဖြစ်အပျက် မဟုတ်ဘဲ “ကျားဖြန့်” လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက AI နည်းပညာကို အသုံးပြုပြီး သင့်မိသားစုကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ၂၀၂၅-၂၆ ကာလမှာ နယ်စပ်ဘက်က ငွေလိမ်ဂိုဏ်းတွေဟာ နည်းပညာတွေ ဝယ်သုံးလာကြပြီး အရင်လို ရိုးရိုးလိမ်တာမျိုး မဟုတ်တော့ဘဲ Generative AI လက်နက်တွေကို ကိုင်စွဲထားကြပါပြီ။ သူတို့က သင့်သားသမီး၊ သင့်ခင်ပွန်း သို့မဟုတ် ဇနီးရဲ့ အသံကို ၁၀၀ ရာခိုင်နှုန်း တူအောင် AI Voice Cloning နည်းပညာနဲ့ တုပနိုင်သလို၊ Video Call ခေါ်ရင်တောင် မျက်နှာကို Deepfake နည်းပညာနဲ့ အစားထိုးပြီး လိမ်လည်နိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။

    သူတို့က သင့်အသံကို ဘယ်ကရသလဲဆိုရင် အဖြေကတော့ Social Media ပါပဲ။ သင် TikTok မှာ ကပြထားတဲ့ Video လေးတွေ၊ Facebook Stories မှာ သူငယ်ချင်းတွေနဲ့ ရယ်မောပြောဆိုနေတဲ့ Video တွေ၊ ဒါမှမဟုတ် Group Chat တွေထဲက Voice Notes တွေထဲကနေ သင့်အသံဖိုင် (၃) စက္ကန့်စာလောက် ရလိုက်တာနဲ့ AI က သင့်လေသံ၊ အသံအနိမ့်အမြင့်၊ ရယ်သံကအစ အကုန် ကူးယူနိုင်ပါပြီ။ ပြီးတာနဲ့ သူတို့က ကွန်ပျူတာမှာ စာရိုက်ထည့်လိုက်ရုံနဲ့ သင့်အသံအတိုင်း စကားပြောထွက်လာတာဖြစ်လို့ “ငါ့သားအသံ ငါမှတ်မိတာပေါ့” ဆိုတဲ့ ယုံကြည်မှုကို သူတို့က အခွင့်ကောင်းယူ တိုက်ခိုက်ကြတာပါ။ ဒါကြောင့် ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ “Safe Word” လို့ခေါ်တဲ့ မိသားစု လျှို့ဝှက်စကား သတ်မှတ်ထားခြင်းပါပဲ။ ဒီနေ့ည ထမင်းဝိုင်းမှာ မိသားစုတွေ တိုင်ပင်ပြီး “ငါတို့အိမ်ကလူတွေ ဒုက္ခရောက်လို့ ပိုက်ဆံလိုရင် ‘ငါးပိရည်’ သို့မဟုတ် ‘ပုဂံဘုရား’ ဆိုတဲ့ စကားလုံး ပါအောင် ပြောရမယ်၊ အဲဒါမပါရင် ဘယ်သူမှ မယုံကြေး” ဆိုပြီး သတ်မှတ်ထားလိုက်ပါ။ AI က အသံတူအောင် လုပ်နိုင်ပေမယ့် သင့်မိသားစုရဲ့ လျှို့ဝှက်စကားကိုတော့ ဘယ်လိုမှ မသိနိုင်ပါဘူး။

    နောက်ထပ် သတိထားရမယ့်အချက်ကတော့ Messenger သို့မဟုတ် Viber ကနေ ဖုန်းဆက်ပြီး “လိုင်းမကောင်းဘူး” လို့ အကြောင်းပြကာ ပိုက်ဆံလွှဲခိုင်းတဲ့ အခြေအနေမျိုးပါ။ AI Voice တွေက တခါတလေ စက်သံပေါက်တာ၊ စကားထစ်တာတွေကို ဖုံးကွယ်ဖို့ Scammer တွေက အင်တာနက်လိုင်းမကောင်းသလို ဟန်ဆောင်တတ်ကြပါတယ်။ ဒါကြောင့် သားသမီးက ဒုက္ခရောက်နေပြီလို့ Messenger က ဆက်လာရင် ဖုန်းချက်ချင်းချပြီး သူ့ရဲ့ ဖုန်းနံပါတ်အစစ် (Ooredoo/Atom/MPT) ကို ပြန်ခေါ်ပါ၊ ဒါမှမဟုတ် သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆီ လှမ်းဆက်မေးပါ၊ ပြာပြာသလဲလဲနဲ့ KPay သို့မဟုတ် Wave ကနေ ချက်ချင်း ငွေမလွှဲလိုက်ပါနဲ့။ မြန်မာလူမျိုးတွေက သားသမီးအရေးဆိုရင် အရာရာပုံအောတတ်ကြတဲ့ အားနာတတ်တဲ့ စိတ်ကို “ကျားဖြန့်” တွေက အခွင့်ကောင်းယူနေတာဖြစ်လို့ ကိုယ်ချွေးနည်းစာနဲ့ရှာထားတဲ့ ပိုက်ဆံကို AI သုံးတဲ့ သူခိုးတွေလက်ထဲ မပါသွားပါစေနဲ့။ ဒီစာကို ဖတ်ပြီးရင် ပြီးပြီးရော မထားဘဲ ကိုယ့်အဖေအမေ၊ ဘကြီးဘွားကြီးတွေကို အခုပဲ ဖုန်းဆက်ပြီး ဒီအန္တရာယ်အကြောင်း သတိပေးကာ “Safe Word” သတ်မှတ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

  • CDM ဆရာမနှင့်ခင်ပွန်းအား သတ်ဖြတ်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိဟု KNU ထုတ်ပြန်

    CDM ဆရာမနှင့်ခင်ပွန်းအား သတ်ဖြတ်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိဟု KNU ထုတ်ပြန်

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာမှ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ခံဖြစ်တဲ့ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ပုလောမြို့နယ်၊ ဆားခဲရွာ၊ နေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရတာပါ။

    ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့ မောင်ဝင်းစိုး တို့ဟာ ဒီဇင်ဘာ ၁၃ ရက်က KNU တပ်ရင်း (၇) တပ်ခွဲ (၅) အချုပ်ခန်းထဲမှ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဆိုပါ ပြစ်မှုကျူးလွန်သူ ၄ ယောက်ထဲမှ‌ ၃ ယောက်ကို ဒီဇင်ဘာ ၁၇ ရက်နဲ့ ကျန်တယောက်ကို ၁၈ ရက်က ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်းကို သတ်ဖြတ်ခဲ့တဲ့အမှု ပေါ်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်အတွင်းအရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

    ကျူးလွန်သူ ၄ ယောက်ထဲမှ မောင်ဝင်းစိုးက ဆရာမကြီးကို သတ်ဖြတ်ခဲ့ပြီး ကျန်သုံးယောက်က ဆရာမရဲ့ ခင်ပွန်းဖြစ်သူကို ချုပ်နောင်ရာမှာပါဝင်ပြီး ပြစ်မှုကျူးလွန်ပြီးနောက် နားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက်တို့ကို ယူဆောင်ကာ ထိုင်းနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားနေချိန်အတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက “ကျနော်တို့ အကုန်လုံး စုံစမ်းစစ်ဆေးပြီးတော့ ကျနော်တို့အဖွဲ့အစည်းရဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

    ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်း အသတ်ခံရတဲ့ ဖြစ်စဥ်အပေါ် KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

    ဆရာမကြီးနဲ့ ခင်ပွန်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် သေချာစွာစုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။

  • ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်

    ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်

    ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်းရုံး အနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနေ့ည ၇ နာရီခွဲက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ည ၇ နာရီခွဲက ရန်ကုန်တိုင်း ပြည်သူ့ပါတီရုံးခန်း အဆင်းအတက်လှေကားဘေးက တိုက် ၂ လုံးကြားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်ကြောင်း မြို့ခံတယောက်က ပြောပါတယ်။

    “ဗုံးပေါက်တာ အတော်ပြင်းတယ်။ ညဘက်ပေါက်တော့ လူထိခိုက်မှုတော့ မရှိဘူး။ အဆောက်အအုံက မှန်တွေတော့ ကွဲကုန်တယ်။ စစ်တပ်ရော၊ ရဲရော ရောက်လာပြီး ပန်းဆိုးတန်းတလျှောက် ပိတ်ဆို့ပြီး ကားတွေရော လူတွေရော စစ်ဆေးတယ်။”

    ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ လူထိခိုက်တာ မရှိပေမဲ့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နဲ့ ရပ်ထားတဲ့ မော်တော်ယာဥ်တချို့ ပျက်စီးသွားတယ်လို့ ပြည်သူ့ပါတီဝင်တယောက်က ပြောပါတယ်။

    “ဗုံးပေါက်တာ မှန်တယ်။ ပါတီဆိုင်းဘုတ်တွေ ပျက်စီးတယ်၊ ရပ်ထားတဲ့ကားတစီး မှန်တွေကွဲတယ်၊ ရုံးခန်းအပေါ်ထပ်တိုက်က မှန်တွေကွဲတယ်။ ရဲဘက်ကတော့ စစ်ဆေးနေတယ်။”

    လတ်တလောမှာ အဆိုပါဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ပြည်သူ့ပါတီရုံးဘက်ကပါ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။