Author: Admin-501

  • အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    “အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလသည် ရခိုင်ဒေသ၏ အဆုံးအဖြတ်ဆိုင်ရာ စစ်ရှိန်အမြင့်ဆုံးကာလဟု ဆိုရမည် ဖြစ်သည်။ ရက်ပေါင်း ၅၀ ကျော် တိုက်ခိုက်ခဲ့ရသည့် မောင်တောရှိ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။

    ဒီဇင်ဘာလ ၁၄ ရက်တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ရှိရာ တောင်ကုတ်ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြန်သည်။ ထို့နောက် ရခိုင်ဒေသအတွက် စစ်ကောင်စီ၏ စစ်ဘက် ကွပ်ကဲမှုဌာနချုပ် အမ်းကို ဒီဇင်ဘာလ ၂၀ ရက် နေ့လယ်တွင် အပြီး သိမ်းပိုက်ခဲ့ပြန်သည်။

    အမ်းမြို့ ကျပြီဖြစ်သောကြောင့် ရခိုင်ဒေသ စစ်ရှိန် ရပ်သွားဖွယ်ရှိနေသည့်တိုင် ရပ်မသွားခဲ့ဘဲ ဒီဇင်ဘာလ ၂၈ ရက်တွင် ဂွမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြန်သည်။ ခုခံတော်လှန်စစ်သည် ရခိုင်ဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အစပ်အထိ ရောက်လာခဲ့ပြီဖြစ်သည်။

    အခုလောက် ခရီးပေါက်သည့် ရခိုင်ဒေသက ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးသည် အာဏာသိမ်းခါနီးတွင် ငြိမ်သက်နေခဲ့ဖူး၏။

    ဂျပန် နီပွန် ဖောင်းဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းမှုဖြင့် AA နှင့် စစ်ကောင်စီအကြား အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစတွင် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်ကောင်စီက လွှတ်ပေးခြင်းဖြင့် ရခိုင်တိုင်းရင်းသားများကို စည်းရုံးရေး လုပ်ပြခဲ့သေးသည်။

    အာဏာသိမ်း အစောပိုင်းကာလတွင် စစ်တပ်အတွင်း၌ “ကြည့်ပါလား၊ အမေကြူ (မင်းအောင်လှိုင်ဇနီး) က ရခိုင်လူမျိုး၊ သူ့အမျိုးကို သူနိုင်တယ်”၊ “သူ့ယောကျ်ား အာဏာရလာတာနဲ့ ရခိုင်မှာ ငြိမ်သွားပြီ”၊ “သူတို့ အမျိုးချင်း ပြောရင်ရတယ်” ဆို သည့် စကားဖြင့် တပ်တွင်း ဝါဒဖြန့်ခဲ့သည်။

    စစ်တပ်အတွက် ကြောက်ရမည့် လက်နက်ကိုင်အဖွဲ့‌ ခေတ္တငြိမ်သွားသည်ကို အခွင့်ကောင်းယူ၍ လုပ်စားခဲ့ကြခြင်း ဖြစ်သည်။

    ‘AA က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စိတ်နာနေတာ’၊ ‘ရခိုင်မှာ NLD အစိုးရလက်ထက်က NLD အမတ်တွေကို ဖမ်းခဲ့လို့ တပ်မတော်က ပြန်ကယ်ခဲ့ရတာ’ ဆိုသည့် စကားများလည်း ကြားခဲ့ရသည်။ (ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး – KNU ဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင်အကြား ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုကို အသုံးချပြီး KNU အဖွဲ့ကလည်း အာဏာသိမ်းမှုကို ထောက်ခံသည့်သဖွယ် လက်အောက်ကို စည်းရုံးခဲ့ကြသေးသည်။)

    ပြန်လေ့လာကြည့်သည်အခါ အာဏာသိမ်း ကာလအတွင်း လုံးဝ အပစ်ရပ်ထားခြင်းမျိုး မရှိခဲ့ကြောင်း တွေ့ရသည်။ အပစ်ရပ်ထားရာမှ ရခိုင်ဒေသ၌ ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလ ၂၆ ရက်အထိ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထပ်မံ အပစ်ရပ်ရန် သဘောတူခဲ့ကြပြန်သည်။

    ထိုအချိန်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မတိုင်မီအထိ ရခိုင်ဒေသသည် အပစ်ရပ်ထားသဖြင့် ပုံမှန် အခြေအနေကဲ့သို့ ဖြစ်ခဲ့သည်။ ထိုအခြေအနေတွင် အခြားဒေသများ၌ နွေဦးတော်လှန်ရေးသည် အချိန်ကြာလာသည်နှင့်အမျှ အရှိန်ရလာသည်။

    လူသူ လက်နက်သာမက စစ်ရေးနည်းပညာပိုင်း မြင့်မားလာသဖြင့် စစ်ကောင်စီဘက်က စစ်ရှုံးစ ပြုလာခဲ့သည်။ ထို့ကြောင့် ရခိုင်တွင် စစ်ဆင်ရေးဝင်နေသည့် ရှေ့တန်း တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များကို အခြား နေရာဒေသများသို့ ဆွဲထုတ်လာခဲ့သည်။

    အထူးသဖြင့် စစ်ရှိန်မြင့်နေသည့် ကရင်နီ၊ စစ်ကိုင်းနှင့် ရှမ်းမြောက်ဒေသများသို့ ပို့ဆောင်ခဲ့သည်။ ရခိုင်ဒေသကို စည်းရုံးနိုင်ပြီဆိုကာ စစ်အင်အားကို လျှော့ချအပြီး မကြာမီတွင် AA က အရှိန်အဟုန်နှင့် တကျော့ပြန် ပြန်လည် တိုက်ခိုက်လာခဲ့သည်။

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ဒေသ တကျော့ပြန် တိုက်ပွဲများ ပြန်လည် စတင်ခဲ့၏။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ဒုံးပိုက် နယ်ခြားစောင့်စခန်းနှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းများကို AA က တိုက်ခိုက် သိမ်းပိုက်ခြင်းဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ ပြန်လည် ဖြစ်ပွားသော AA ၏ စစ်ဆင်ရေးသည် ယခုတခေါက်တွင်မူ အပစ်ရပ်ဖွယ် မရှိတော့လောက်အောင် အင်ပြည့်အားပြည့်ဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ဧရာဝတီ သတင်းဌာနနှင့် AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ အင်တာဗျူးတွင် ပြောသည့်အတိုင်း အင်္ဂါဂြိုဟ်က ဆင်းတာရင်တောင် မရပ်တော့ဘူးဆိုသည့်အတိုင်း အရှိန်အဟုန်နှင့် သွားခဲ့သည်ကို တွေ့ရသည်။

    AA သည် ယခု တကျော့ပြန် တိုက်ပွဲများတွင် မြို့သိမ်း၊ နယ်သိမ်းသည့်အဆင့်အထိ ဆောင်ရွက်ခဲ့သည်။ တမြို့ချင်း သိမ်းရာမှ ပြည်နယ်တခုလုံးနီးပါးကို သိမ်းနိုင်တော့မည့် အခြေအနေထိ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

    မြို့နယ်အဆင့် သိမ်းပိုက်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ၁၃ ရက်၊ ၁ လပိုင်းတွင် ချင်းပြည်နယ် တောင်ပိုင်းရှိ ပလက်ဝ၊ ၁ လပိုင်း ၂၄ ရက်တွင် ပေါက်တောမြို့နယ်၊ ၆ ရက်နေ့ ၂ လပိုင်းတွင် မင်းပြားနှင့် မြောက်ဦး၊ ၇ ရက်နေ့ ၂ လပိုင်းတွင် ကျောက်တော်။ ၁၂ ရက်နေ့ ၂ လပိုင်းတွင် မြေပုံ၊ ၄ ရက်နေ့ ၃ လပိုင်းတွင် ပုဏ္ဏားကျွန်း တို့ကို သိမ်းပိုက်ရရှိခဲ့သည်။

    ထို့ပြင် ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ အမ်း၊ ဂွတို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

    သိမ်းပိုက်ရန် ကျန်ရှိသည့် မြို့နယ်များမှာ စစ်ကောင်စီ၏ ပြည်နယ်ရုံးစိုက်ရာ စစ်တွေ၊ တရုတ်စီမံကိန်းများ ရှိရာ ကျောက်ဖြူနှင့် ကျွန်းမြို့ဖြစ်သည့် မာန်အောင်တို့ ဖြစ်သည်။

    ထိုသို့မြို့နယ်များကို သိမ်းပိုက်မှုများအနက် အာဏာသိမ်းစတွင် ဝါဒဖြန့်ခဲ့သည့် “အမေကြူက ရခိုင်လူမျိုး၊ သူ့အမျိုးကို သူနိုင်တယ်” ဆိုသည့်စကားကို ချေဖျက်မှုမှာ သံတွဲကို သိမ်းပိုက်မှုဖြစ်သည်။ AA က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် သံတွဲမြို့ကို သိမ်းပိုက်ခဲ့သည်။

    သံတွဲသည် တပ်ချုပ်ကတော် ဒေါ်ကြူကြူလှ၏ ဇာတိမြို့ဖြစ်၏။ ထို့ကြောင့် အာဏာရှင်၏ မိန်းမဖြစ်သူ အမေကြူလည်း သူ့အမျိုး သူမနိုင်ကြောင်း သက်သေပြသလို ဖြစ်သွားသည်။

    အမေကြူလည်း ရခိုင်၊ AA လည်း ရခိုင်၊ အာဏာရှင်ကို AA မကူနိုင်ဆိုသည့် သဘောကို တွေ့ရသည်။ ထို့ထက်ပိုဆိုးသည်မှာ စစ်ကောင်စီ၏ ရခိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က သိမ်းပိုက်မှု ဖြစ်သည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ်တွင် AA က နပခကို သိမ်းပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသည့် ဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ် နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

    တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည်လည်း ရခိုင်လူမျိုးတဦး ဖြစ်သည်။ သူက မြေအနေအထားအရ စစ်ကူ မရောက်နိုင်သည့် အခြေအနေနှင့် ခေါင်းဆောင်မှု မကောင်းသူတို့၏ လက်အောက်တွင် မနေကြရန် ပြောသည်ကို AA က ထုတ်ပြန်သည့် ရုပ်သံတွင် တွေ့ရသည်။

    စစ်ကောင်စီအနေဖြင့် ထိုရုပ်သံမှတ်တမ်းကြောင့် တပ်တွင်း၌ ဂယက်ရိုက်ခဲ့သည်။ ထိုရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က DSA 19 ဗိုလ်လောင်းသင်တန်းဆင်းများ၏ ညစာစားပွဲတွင် သီချင်းဆိုသည့်မှတ်တမ်း ထွက်ပေါ်လာမှုကြောင့်ဆိုလျှင် ပိုဂယက်ရိုက်စေခဲ့သည်။

    လက်‌အောက်က ဗိုလ်မှူးချုပ်အဆင့် ရှိသူများအထိ အဖမ်းအဆီးခံရချိန်တွင် တပ်ချုပ်က အေးအေးဆေးဆေး သီချင်းဆိုနေခြင်းကြောင့် ဖြစ်သည်။ စစ်တပ်အတွင်း၌ ‘အဘက သီချင်းဆိုလည်း ကောင်းတယ်’၊ ‘အပေးအကမ်းလည်း ရက်ရောတယ်’၊ ‘အရမ်းလည်း “အမ်း” တယ်နော်’ ဟု သရော်ခဲ့ကြသည်။

    တပ်ချုပ် မင်းအောင်လှိုင်က ဘာမှ မဖြစ်သလို နေပြခဲ့သော်လည်း AA သည် နပခကို သိမ်းပိုက်ပြီးသည့်တိုင် စစ်ရှိန် လျော့မသွားဘဲ သူတို့၏ရည်မှန်းချက်အတိုင်း ဆက်၍ တိုက်ခိုက်ခဲ့သည်။

    အမ်းရှိ နပခကို မသိမ်းမီ ရက်ပိုင်းအတွင်း စကခ ၅ အခြေစိုက်ရာ တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၁၆ ရက်တွင် သိမ်းခဲ့သလို နပခကို သိမ်းပိုက်ပြီးနောက် ရခိုင်ဒေသနှင့် ဧရာဝတီဒေသ အစပ်ရှိ ဂွမြို့ကို ဒီဇင်ဘာလ ၂၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

    ဂွ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အင်အားများစွာဖြင့် ခံစစ်ဆင်ခဲ့သော်လည်း တပ်မ ၁၁ ယာယီတပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် အင်အား အများအပြား သေဆုံးခဲ့သည်။ စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းဘက်သို့ တိုက်ပွဲများရောက် မလာစေရန်အတွက် ဂွကို အကြီးအကျယ် ခံစစ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

    သို့သော် ဂွကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီး ဂွကျခဲ့ရသည်။ ဂွကို လက်လွှတ်လိုက်ရခြင်းသည် ရခိုင်ဒေသတွင် စစ်ရှုံးခဲ့သည့် စစ်ကောင်စီသည် ဧရာဝတီမှာပါ စစ်ရှုံးဖို့အကွက် ဖန်လိုက်သည့်သဘော ဖြစ်သည်။

    စစ်ကောင်စီဘက်က ရခိုင်ဒေသစစ်ရှုံးမှုကို ဝန်ခံခြင်းမရှိဘဲ အောင်မြင်စွာ ခံစစ်ဆင်ခြင်းဟုသာ သုံးနှုန်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် ထိုအရေးအသားကို စစ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် တွေ့နိုင်သည်။

    မြေပြင်ရှိ အရာရှိ၊ စစ်သည်များကမူ လက်ရှိ အနေအထားကို ထိုသို့ မမြင်ကြပေ။ “အဘက အမ်း ပေးခဲ့တာတောင် ဂွကျတဲ့အထိ ဖြစ်ရပြီ” ဟု နောက်ကွယ်တွင် ဝေဖန်နေကြသည်။

    ဂွကို လက်လွှတ်ရခြင်းသည် မြို့နယ်တခု ဆုံးရှုံးသည့်အဆင့်ထက် စစ်ကောင်စီအတွက် ဂွကျသည့် အခြေအနေကို ကြုံလိုက်ရခြင်းပင် ဖြစ်သည်။

    ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖော်ဆောင်လာသည်နှင့် တပြိုင်နက် စစ်ကောင်စီအတွက် ပိုမိုဂွကျသည့် အခြေအနေကိုသာ ကြုံရဖွယ်ရှိနေပါတော့သည်။

    (စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

  • ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီကြိုးပမ်း

    ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီကြိုးပမ်း

    ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီကြိုးပမ်း

    သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့သူ ၂၄၉ ယောက်ကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန် (ပထမအဆင့်) ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။

    ဒီထဲမှာ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကွယ်လွန်ပြီးသူတချို့လည်း ပါဝင်ပါတယ်။ ဆုချီးမြှင့်ခံရတဲ့ထဲမှာ ရှမ်းပြည်နယ်က အယောက် ၄၀ နဲ့ အများဆုံး ပါဝင်ပြီး မွန်က ဒုတိယနဲ့ ရန်ကုန်က တတိယအများဆုံး ပါဝင်ပါတယ်။

    ရှမ်းတိုင်းရင်းသားတွေထဲမှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ SNLD ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးတို့ ပါဝင်ပါတယ်။

    ဒီအချိန်မှာ ဆုချီးမြှင့်တာဟာ စစ်ကောင်စီက သူ့လူဆိုပြီး ခွဲခြားလိုက်တဲ့သဘောဖြစ်နေတယ်လို့ ရှမ်းလူငယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက် က ပြောပါတယ်။

    “ ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ငွေဆောင်သဘောတူညီချက် ပေါက်ကြားလာတာ၊ အဲထဲမှာ ရှမ်းခေါင်းဆောင်တွေပါတယ်ဆိုတဲ့ဟာမျိုး ထုတ်ပြန်လာတာရှိတယ်ပေါ့၊ သူ့ကိုတော်လှန်နေတဲ့ ဆန့်ကျင်နေတဲ့အင်အားစုနဲ့ တချို့ ရှမ်းခေါင်းဆောင်တွေ နိုင်ငံရေးအရရပ်တည်ချက်မတူတဲ့ဟာကို တစ်ဖက်တစ်လမ်းနဲ့ ဒါငါ့လူဆိုတဲ့ဟာမျိုးနဲ့ ငါ့ဘက်တော်သားဆိုတဲ့ဟာမျိုးနဲ့ ဆွဲစားလိုက်တဲ့သဘောဖြစ်နေတယ်”

    ၂၀၂၄ စက်တင်ဘာမှာ ကျင်းပခဲ့တဲ့ ငွေဆောင်ဆွေးနွေးပွဲနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ အောက်တိုဘာက ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ဦးစိုင်းညွန့်လွင် တက်ရောက်ခဲ့ပါတယ်။

    ဒါ့အပြင် ရှမ်းတိုင်းရင်းသားတွေကို နိုင်ငံရေးအရ လွှမ်းမိုးလိုတာကြောင့် အခုလိုတွေ ချီးမြှင့်တာလို့ လည်း သူက ဆက်ပြောပါတယ်။

    “ရှမ်းတွေရဲ့ နိုင်ငံရေးအင်အားစုတွေသော်လည်းကောင်း၊ တော်လှန်ရေးအင်အားစုတွေသော်လည်းကောင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကို အကြမ်းဖက်ပြီးတော့ တိုက်ခိုက်တာတွေဘာတွေ ရှိမနေဘူး၊ နောက် နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်တာတွေလည်း ရှိမနေဘူး၊ သူ့ကို ရန်သူလည်း လုပ်မနေဘူး၊ တခြားတစ်ဖက်က မိတ်ဆွေလည်း ဖြစ်မနေဘူးဆိုတဲ့ဟာကို သူက နိုင်ငံရေးအရ လွှမ်းမိုးလိုတဲ့သဘောလို့ မြင်တယ်”

    စစ်ကောင်စီပေးတဲ့ဆုရသူစာရင်းမှာ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့က ခေါင်းဆောင်ဟောင်းတွေနဲ့ လက်ရှိခေါင်းဆောင်တွေအပြင် ပြည်သူ့စစ်ခေါင်းဆောင်တွေလည်း ပါဝင်နေပါတယ်။ မွန်တိုင်းရင်းသားခေါင်းဆောင် နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧက စတာတွေအပါအဝင် အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေလည်း ချီးမြှင့်ခံရပါတယ်။

    ဒီဆုက စစ်ကောင်စီကို မတော်လှန်တဲ့သူတွေကို ပေးတဲ့ဆုလို့ မွန်တိုင်းရင်းသားတစ်ယောက်က ပြောပါတယ်။

    “အစကတော့ မွန်ပြည်သစ်လက်နက်ကိုင် တစ်ဖွဲ့ပဲရှိတာပေါ့နော်၊ အခုနောက်ပိုင်းက ရန်ကုန်ကနေပြီးတော့ ဆင်းလာတဲ့မွန်တွေက ဒီမှာလက်နက်ကိုင်အဖွဲ့အနေနဲ့ရှိတယ်၊ နောက်တော့ ဒီကနေပြီးတော့ မွန်လူငယ်တွေ သက်သက်လုပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတယ်၊ သူပေးတဲ့ဆုက သူတို့ကို မတော်လှန်တဲ့သူတွေကို ပေးတယ်လို့တော့ ကျွန်တော်မြင်တယ်“

    စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်း ခဲ့ပေမဲ့ ခုထိ ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲထားဆဲ ဖြစ်ပါတယ်။

    ၂၀၀၈ အခြေခံဥပဒေကို စစ်ကောင်စီက သူတို့သက်ဆိုးရှည်ဖို့ လိုသလိုသုံးနေတာလို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

    “စစ်ရေးအရ‌ရော နိုင်ငံရေးအရရော အဖက်ဖက်မှာ ကျဆုံးမှုတွေနဲ့ ကြုံနေရတဲ့ စစ်အုပ်စုအနေနဲ့ ၂၀၀၈ ခြေဥဟာ သူတို့ရဲ့နောက်ဆုံးခံတပ်ဖြစ်တယ်လို့ မြင်ရပါတယ်၊ ဒါကြောင့်မို့လို့ ၂၀၀၈ ခြေဥကြီးကို ရေးဆွဲခဲ့ကြတဲ့ သူတွေကို သက်ရှိထင်ရှားမရှိတော့ရင်တောင်မှပဲ အထူးတလည်ဂုဏ်ပြုပြီးတော့ ဒါကိုထပ်ပြီးတော့ သိဒ္ဓိတင်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ မြင်ပါတယ်ရှင့် “

    ၁၉၉၃ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံခေါ်ယူခဲ့ပြီး ၁၄ နှစ်အကြာ ၂၀ဝ၈ ခုနှစ်မှာ ညီလာခံက အပြီးသတ်ခဲ့ပါတယ်။ အဲဒီနောက် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးစ ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တာပါ။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့က ၁၉၉၃ ကျိုက္ကဆံကွင်းမှာလုပ်တဲ့ အမျိုးသားညီလာခံမှာ ပါဝင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သပိတ်မှောက်ခဲ့ကြပါတယ်။

    ၂၀၀၅ ခုနှစ်မှာ သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းတာနဲ့ ဆက်စပ်ပြီး စစ်အစိုးရက SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ၈၅ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။

    စစ်အစိုးရလက်ထက် ထောင်ချခဲ့တဲ့သူတွေကို စစ်ကောင်စီက ခုချိန်မှာ တစ်ဖန်ပြန်ပြီး ဆုတွေချီးမြှင့်နေတာလည်း ဖြစ်ပါတယ်။

     

  • မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များက ထိုးစစ်ဆင်တိုက်ခိုက်နေ

    မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များက ထိုးစစ်ဆင်တိုက်ခိုက်နေ

    မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များက ထိုးစစ်ဆင်တိုက်ခိုက်နေ

    ရန်ကုန်| ဇန်နဝါရီ ၄

    မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ရခိုင်ရိုးမတောင်တန်းပေါ်က အာဏာသိမ်း စစ်ကောင်စီ စစ်စခန်းများ၊ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA နှင့် ဒေသခံ PDF တပ်ဖွဲများ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
    ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ မိတ်သလင် ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး AA နှင့် နယ်မြေခံ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF များက ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “မိတ်သလင် ကာကင်းစခန်းကို AA, ဧရာဝတီ PDF အဖွဲပေါင်းစုံက တိုက်ခိုက်နေတယ်။ ရခိုင်ရိုးမပေါ်မှာပဲ ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ရှိတာပါ။ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ သိပ်မဝေးဘူး။ ထိခိုက်မှုတွေတော့ မသိရသေးဘူး” ဟု ပြောသည်။
    ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နှင့် AA တို ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး မကျီးဇင်သည် ဂွမြို့နယ်နှင့် သိပ်မဝေးသော နေရာတွင်ရှိသည်။
    ယင်းအပြင် ရခိုင်ပြည် ဂွမြိုနှင့် ဧရာဝတီ အသိုင်းချောင်းမြို ကြားရှိ ရိုးပေါ်က ဗေဒါစစ်ဆေးရေးဂိတ်ကိုလည်း အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    “ဗေဒါစစ်ဆေးရေးဂိတ်က အခုမှ စတိုက်တာတော့ မဟုတ်ဘူး။ ဂွမြိုမသိမ်းခင်ကတည်းက AA က တိုက်နေတာ။ ဂွမြိုကိုသိမ်းလိုက်ပြီဆိုတော့ အခုက ပိုပြီး ဖိပြီး တိုက်နေတဲ့ သဘောပါ။ ဗေဒါတိုက်ပွဲမှာ စစ်ကောင်စီက ငါးသိုင်းချောင်းမြိုရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်” ဟု ပြောသည်။
    ဆက်လက်ပြီး အာရက္ခတပ်တော် AA သည် တောင်ကုတ်နှင့် ပဲခူးတိုင်း ဥသျှစ်ပင်မြိုကြားရှိ ရိုးပေါ်ရှိ ရခိုင်ပိုင်နက်ထဲက တောင်ပုံကြီးစစ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
    “တောင်ပုံကြီးတိုက်ပွဲက ဆက်လက်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ၃ ရက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေလည်း ပါတယ်ပြောပါတယ်။ အဲဒီတောင်ပုံကြီး အနီးအနားက စွပ်ပျက်တော့၊ သပြေတော့၊ မိုက်ခရို စတဲ့ ရွာကိုဘက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အရပ်သား ၇ ယောက်လောက် သေဆုံးပြီး ဒဏ်ရာအများအပြားရကြတယ်။ ဥသျှစ်ပင်နဲ့ မဝေးတဲ့ ရိုးပေါ်က ညောင်ကျိုးရွာက ပြည်သူတွေဟာလည်း ဥသျှစ်ပင်မြိုကို စစ်ရှောင်သွားကြတယ်” ဟု ပြောသည်။

    အမ်းမြိုနယ်နှင့် မကွေးတိုင်းကြားရှိ ရခိုင်ရိုးမတောင်ပေါ်ရှိ နတ်ရေစင် စစ်စခန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
    အမ်းမြိုနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျပြီးနောက် အာဏာသိမ်း စစ်ကောင်စီသည် ရိုးပေါ်ရှိ စစ်စခန်းများကနေ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်ကာ နတ်ရေစင်စခန်းတွင် အမြောက်တပ်ပါ ထိုင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
    “အမ်းမြိုကို သိမ်းပြီးတာနဲ့ အမ်းနဲ့ မကွေးတိုင်းကြား ရိုးပေါ်မှာရှိတဲ့ စစ်ကောင်စီ စစ်စခန်းတွေကို AA နဲ့ ပူးပေါင်းအဖွဲတွေက တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီဟာ အမ်းကို လက်လွှတ်ရပြီးနောက် နတ်ရေစင်ဘက်ကနေ အမြောက်တပ်တွေထိုင်ပြီး အမ်းဘက်ကို လှမ်းပစ်ခတ်နေတယ်။ ပြီးတော့ တရုတ်ပိုက်လိုင်တွေကနေ အကာအကွယ်ယူပြီး ပြန်လည်ထိုးစစ်ဆင်လာတာတွေရှိတယ်။ အဲဒါကြောင့် AA က နယ်မြေတွေကို အပြတ်ရှင်းလင်းနေတာဖြစ်ပါတယ်။ ဒီနတ်ရေစင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ဦးထက်မနည်း သေဆုံးသွားတယ်လို သိရပါတယ်” ဟု ပြောသည်။

    အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တိုမှာ အပြန်အလှန် ငြိမ်းချမ်းရေးကမ်းလှမ်း ထားကြသော်လည်း လက်တွေ့မြေပြင်တွင် ထိတွေ့ပြောဆိုဆက်ဆံမှုများမရှိကြောင်းနှင့် စစ်ကောင်စီက နေ့စဉ် ရခိုင်ကို ဗုံးကြဲတိုက်ခိုက်နေသည်။
    ပြီးခဲ့သည့် ရက်ပိုင်းများက ပုဏ္ဏားကျွန်းမြိုနယ် ယိုးတရုပ်၊ အမ်းမြိုက ကျေးရွာအချိုနှင့် မြေပုံမြိုနယ် ကမ်းထောင်းကြီးကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။
    ထိုဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
    ရခိုင်ပြည်အတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြိုတိုတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် AA တိုမှာ နှစ်ဖက်စလုံး စစ်ရေးတင်းမာနေကြသည်။

  • နိုင်ငံ ၃ ပုံ ၁ ပုံပင် စစ်ကောင်စီ စိုးမိုးနိုင်စွမ်းမရှိတော့ကြောင်း NUG ပြေ

    နိုင်ငံ ၃ ပုံ ၁ ပုံပင် စစ်ကောင်စီ စိုးမိုးနိုင်စွမ်းမရှိတော့ကြောင်း NUG ပြေ

    နိုင်ငံ ၃ ပုံ ၁ ပုံပင် စစ်ကောင်စီ စိုးမိုးနိုင်စွမ်းမရှိတော့ကြောင်း NUG ပြော

    ဇန်နဝါရီလ ၄ ရက်

    မြန်မာနိုင်ငံရှိ မြို့နယ်စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီး ၂၄ ရာခိုင်နှုန်းတွင် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီစိုးမိုးနယ်မြေမှာ နိုင်ငံ၏ သုံးပုံတပုံပင် မရှိတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD က ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် “၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေအစီရင်ခံစာ” တွင် ဖော်ပြထားသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် PDF စိုးမိုးအုပ်ချုပ်နေသည့် မြို့နယ် ၁၄၄ မြို့နယ်ရှိပြီး ယင်းအနက် ၄၈ မြို့နယ်( မြို့အားဖြင့် မြို့ ၉၅ မြို့ ) ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ကာ ကျန်သည့် ၇၉ မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း NUG က ပြောသည်။

    ယင်းအနက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) နှင့် PDF တို့ သိမ်းပိုက်ထားသည့် မြို့များမှာ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ စဉ့်ကူး၊တကောင်း၊ သပိတ်ကျင်း၊ ပင်လည်ဘူး စသည့် မြို့ပေါင်း ရှစ်မြို့ကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတွင် မြို့ ၆၇ မြို့ကိုလည်း PDF နှင့် ကာကွယ်ရေးတပ်များက ဝန်းရံပိတ်ဆို့ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းအပြင် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့၏ နယ်မြေများဖြစ်သည့် ပြည်နယ် ခုနစ်ခုလုံးတွင်လည်း NUG ၏ PDF နှင့် ပကဖ တပ်ရင်းများသည် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း ဆိုသည်။

    အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ် တို့နှင့် ဆက်သွယ်နိုင်သည့် အဓိက နယ်စပ်ကုန်သွယ်ရေးမြို့ ၁၁ မြို့ကိုလည်း စစ်ကောင်စီက လက်လွှတ်ထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    လက်ရှိတွင် စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်သည့် မြို့နယ်မှာ ၁၀၇ မြို့နယ်သာ ကျန်သဖြင့် ရာခိုင်နှုန်းအားဖြင့် နိုင်ငံ၏ သုံးပုံတပုံကိုပင် စစ်ကောင်စီက စိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိတော့ကြောင်း NUG က ဆိုသည်။

    လက်ရှိတွင် ရှမ်း-မန်းစစ်ဆင်ရေးကို ဆင်နွှဲနေကာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့အနားသို့ ရောက်ရှိလာပြီး စစ်ကောင်စီ၏ အရေးကြီးသည့် ခံစစ်နယ်မြေများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊တောင်ငူ နှင့် မိတ္ထီလာ နယ်မြေများကိုလည်း ပုံမှန်တိုက်ခိုက်လာနိုင်သကဲ့သို့ နိုင်ငံအလယ်ပိုင်းဖြစ်သည့် မြင်းခြံခရိုင်၊ မကွေးတိုင်းတောင်ခြမ်း၊ ပဲခူးအနောက်ခြမ်း နှင့် ဧရာဝတီတိုင်းတို့တွင်လည်း ပြောက်ကျားစစ်များကို တိုးပြီး လုပ်ဆောင်လာနိုင်ပြီဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    #Miz
    #HlaingInfo

  • မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    ယခင်က ပြောဆိုခဲ့ဖူးသော လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားများ တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးပင် တစ်နေ့ ၄ နာရီ မှန်မှန် မပေးနိုင်တော့

    ယနေ့ကာလတွင် လျှပ်စစ်ကားများ အသုံးပြုလာနေပြီဖြစ်၍ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်း နိုင်ရေး သုတေသနလုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်သည်။

    ယမန်နေ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ” ယနေ့ကာလအတွင် ကုန်လမ်းပို့ဆောင်ရေး ယာဉ်များတွင် လျှပ်စစ်၊ ဘက်ထရီစသည်ဖြင့် စွမ်းအားများကို အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း” မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကတည်းက ယင်းသို့ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိသော၊ အမှန်တကယ်ဖြစ်လာခြင်းမရှိသည့် စီမံကိန်းများ လုပ်ဆောင်မည်ဟု မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ရာမှ ယခုနောက်ဆုံးတွင် ဘက်ထရီစွမ်းအင်စနစ်သုံး သင်္ဘောများကို သုတေသနပြုရန် ပြောဆိုလာခြင်းဖြစ်သည်။

    ၂၀၂၁ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။

    မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    ၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ မင်္ဂလာ တောင် ညွန့် မြို့နယ်၊ မလွှ ကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို သွားရောက် စစ်ဆေးစဉ်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခေတ်မီသည့် ရထား သယ် ယူ ပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံး ပြု သည့် မီးရ ထား စက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ရထား သယ် ယူ ပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲ ပြေးဆွဲနိုင်ရေး ကြိုတင် ပြင် ဆင်မှုများကို ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

    မင်းအောင်လှိုင်၏ လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကား စီမံကိန်းများကို လုပ်ဆောင်မည်ဟု မကြာခဏ ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာဖြစ်လာသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိရာတွင် လက်ရှိ လျှပ်စစ်ဓာတ်အား တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့သဖြင့် ဓာတ်အားမှာ ၃၅ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် လျှပ်စစ်မီးများမှာ တစ်နေ့လျှင် ၄ နာရီပင် ပုံမှန် မရရှိတော့ကြောင်း၊ မီးပျက်ချိန် ပိုမိုများပြားနေကြောင်း၊ စက်မှုဇုန်များတွင် လုံး၀ လျှပ်စစ်မီး မရရှိတော့ကြောင်း သိရှိရသည်။

    “ဒီဟာလေးတွေက ဘာနဲ့မောင်းတာလဲ?”

    “ဒီဇယ်အင်ဂျင်နဲ့ မောင်းတာပါ ခင်ဗျာ”

    “ဘက်ထရီ နဲ့ မောင်းလို့မရဘူးလား?”

    “ဒီဟာလေးတွေက စကေးတူ ပုံစံတူထုတ်လုပ်ထားတာတွေပါ အဘ… တကယ့် သင်္ဘောတွေက အကြီးကြီးတွေလေ”

    “ကြီးလဲ ဘက်ထရီနဲ့ မောင်းပေါ့ကွ”

    “ဟုတ်ကဲ့ပါအဘ”

    “ငါငယ်ငယ်တုန်းကဆို ဖယောင်းတိုင်နဲ့ မောင်းတဲ့ ဟာလေးတွေ ဆော့ခဲ့ရတာ”

    “ဟုတ်ကဲ့ပါအဘ”

    ✍Melvin Moe