Author: Admin-501

  • မင်းအောင်လှိုင် ပါရဂူဘွဲ့ယူမှုအပေါ်  ဦးသန်းရွှေနှင့် ခိုင်းနှိုင်းပြီး စစ်တပ်လော်ဘီ လှောင်ပြောင်

    မင်းအောင်လှိုင် ပါရဂူဘွဲ့ယူမှုအပေါ် ဦးသန်းရွှေနှင့် ခိုင်းနှိုင်းပြီး စစ်တပ်လော်ဘီ လှောင်ပြောင်

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ အပ်နှင်းလိုက်ခြင်းအပေါ် စစ်တပ်ထောက်ခံသူ လော်ဘီ Ba Kaung က တယ်လီဂရမ်ချန်နယ်တွင် စစ်အာဏာရှင် သန်းရွှေနှင့် ခိုင်းနှိုင်း လှောင်ပြောင်ထားသည်။

    ၎င်းက အာဏာရှင် ဦးသန်းရွှေကို နေပြည်တော်ကို တည်ထောင်ပြီး ဒီမိုကရေစီကို အသက်သွင်းပေးခဲ့သူဖြစ်သော်လည်း ဘွဲ့တံဆိပ်ပေါင်းများစွာ မယူဘဲ ရာထူးမှ စွန့်လွှတ်ခဲ့သူဖြစ်သည်ဟု ရေးသားထားခြင်းဖြစ်သည်။

    “လော်ဘီတွေတောင် မင်းအောင်လှိုင် ဘွဲ့ယူတာကို မလိုလားဘူးဆိုတာ သက်သေပြလိုက်တာပဲ၊ တိုင်းပြည် စီးပွားရေးနဲ့ စစ်ရေးကဏ္ဍမှာ အဘက်ဘက်မှ ကျရှုံးနေချိန် အခုလို ဘွဲ့ယူတာက လက်တွေ့ မြေပြင် အခြေအနေနဲ့ ဖီလာဆန်နေတာကို လော်ဘီတွေ ပေါက်ကွဲနေပုံရတယ်” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

    ထို့ပြင် စစ်တပ်လော်ဘီများ၏ ရေးသားချက်တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေကို “ဘွဲ့တံဆိပ်များစွာ မယူခဲ့သူ” ဟု ပုံဖော်ကာ လက်ရှိစစ်ခေါင်းဆောင်၏ ဘွဲ့တံဆိပ် အငမ်းမရဖြစ်မှုကို သွယ်ဝိုက်၍ နှိုင်းယှဉ်ရှုံ့ချထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    ဦးသန်းရွှေသည် တိုင်းပြည်အတွက် လမ်းတံတား၊ ဆေးရုံနှင့် တက္ကသိုလ်ပေါင်းများစွာကို အမှန်တကယ် တည်ဆောက်ပေးခဲ့ပြီး အချုပ်အချာအာဏာကို အကျယ်ပြန့်ဆုံး စိုးမိုးနိုင်ခဲ့သော်လည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကို ရှေ့တန်းမတင်ခဲ့ဟု လော်ဘီများက ဆိုသည်။

    ထို့အပြင် ဦးသန်းရွှေသည် နိုင်ငံရေးလောကမှ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သူအဖြစ် ပုံဖော်ကာ မင်းအောင်လှိုင်၏ လက်ရှိမရေရာသော အခြေအနေကို လှောင်ပြောင်နေခြင်းမှာ စစ်တပ်ထောက်ခံသူများအတွင်း၌ပင် အားမလိုအားမရ ဖြစ်လာကြခြင်းကို ပြသနေခြင်းဖြစ်သည်။

    ဤဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “လော်ဘီတွေ သန်းရွှေကို ထုတ်ပြီး ချီးကျူးနေတာဟာ မင်းအောင်လှိုင်ကို မင်း မတော်ဘူး လို့ တည့်တိုးပြောဖို့ ကြောက်နေလို့ အရင်လူကို ခေါ်သုံးနေတာဖြစ်တယ်” ဟု ထောက်ပြဝေဖန်လိုက်သည်။

    “မင်းအောင်လှိုင်မှာ ဦးသန်းရွှေလို ဩဇာအာဏာအစစ်အမှန် မရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ဖြစ်နေတယ်။ အဲဒီအတွက် သူဟာ ပါရဂူဘွဲ့လို ဟန်ပြတံဆိပ်တွေနဲ့ သူ့ရဲ့ ကျရှုံးမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ” ဟု အထက်ပါ တက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။

    ပြည်သူများကို လေကြောင်းမှ ဗုံးကြဲခြင်းနှင့် စစ်မှုထမ်းဥပဒေဖြင့် အကျပ်ကိုင်နေသူကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ပေးအပ်ခြင်းမှာ ပညာရေးလောကကို စော်ကားခြင်းဖြစ်သည်ဟု ပညာရေး CDM အသိုင်းအဝိုင်းကလည်း ပြင်းထန်စွာ ကန့်ကွက်ထားသည်။

    စစ်ကော်မရှင်အနေဖြင့် ဤဘွဲ့နှင်းသဘင်ကို အသုံးပြု၍ ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားကို တရားဝင်သယောင် ဝါဒဖြန့်ရန် ကြိုးပမ်းသော်လည်း၊ လော်ဘီများ၏ လှောင်ပြောင်မှုကြောင့် ထိုရည်ရွယ်ချက်မှာ ပြောင်းပြန်အကျိုးသက်ရောက်သွားခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်

    “တကယ်တော့ ဦးသန်းရွှေဆိုတာလည်း အာဏာရှင်တစ်ယောက်ပါပဲ။ ဒါပေမဲ့ သူမြေမြှုပ်ပြီး ဖုံးဖိထားခဲ့တဲ့ ပြဿနာဟောင်းတွေအားလုံးဟာ မင်းအောင်လှိုင်လက်ထက်ရောက်မှ အကုန်လုံး အမြစ်ကနေ ပေါက်ကွဲထွက်ပြီး ပျက်စီးကုန်တာ၊

    နောက်ပြီး စစ်တပ်လော်ဘီတွေ ကိုယ်တိုင်ကတောင် ခိုင်းနှိုင်းနေကြတာကတော့ မင်းအောင်လှိုင်ဟာ ဦးသန်းရွှေထက် စီမံခန့်ခွဲမှုပိုင်းမှာ သိသိသာသာကြီး ညံ့ဖျင်းရုံတင်မကဘဲ တိုင်းပြည်ကိုပါ အောက်ဆုံးထိရောက်အောင် ဆွဲချသွားတဲ့သူအဖြစ် သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စွာ ကျန်ရစ်တော့မယ်လို့ ဆိုနေကြတာပါ” ဟု နိုင်ငံရေး သိပ္ပံလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

    မင်းအောင်လှိုင်၏ ပါရဂူဘွဲ့ရယူမှုသည် တိုင်းပြည်ပျက်နေချိန်တွင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုနေသည့် လုပ်ရပ်ဖြစ်သဖြင့် ပြည်သူများသာမက ၎င်းကို ထောက်ခံသူများကြားတွင်ပင် အယုံအကြည်ကင်းမဲ့စရာ ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

  • နမခစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    နမခစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အနီးမှာ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF)တာဝန်ရှိသူက ပြောပါတယ်။

    အခု ဖေဖော်ဝါရီ ၅ရက်က တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးသူ ခြောက်ဦးထက်မနည်းရှိပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

    အလားတူ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

    “နမခကနေ ထွက်လာတဲ့စစ်ကြောင်းကိုတိုက်တာ။နမခနဲ့နီးတော့ နေရာကိုအသေးစိတ် ဖော်ပြလို့မရဘူး။တိုက်ခိုက်မှုအပြီးမှာ နမခကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်”လို့ အထက်ပါတာဝန်ရှိသူကတိုက်ပွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။

    စစ်တပ်စစ်ကြောင်းထံက MA 1နဲ့ MA 11တို့သိမ်းဆည်းရရှိတယ်လို့လည်း အသိပေးပါတယ်။

    “စစ်တပ်စစ်ကြောင်းက တိုက်ခံရပြီး နမခ ထဲ ပြန်ဝင်သွားတယ်”လို့ BLDF ရဲဘော်တစ်ဦးက ပြောပါတယ်။

    အဲဒီစစ်တပ် စစ်ကြောင်းကို Black Falcon၊ ပြည်သူ့လွတ်မြောက်ရေးတပ် မတော် (PLA)၊ မုံရွာခရိုင် တပ်ရင်း (၂၄) တပ်ခွဲ (၃)၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် (၅) ပလဖ နဲ့ နယ်မြေခံအမေ့သားတပ်ဖွဲ့ တွေ စုပေါင်းပြီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ BLDFက သီးခြားထုတ်ပြန်ထားပါတယ်။

    စစ်တပ်က မုံရွာမြို့နယ်က အဓိကလမ်းပိုင်းတွေမှာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကြောင်းထိုး အထိုင်ချတပ်စွဲခဲ့တာအပြင် မုံရွာမြို့နယ်အနီးက ချောင်းဦးမြို့နယ်ကိုလည်း စစ်ကြောင်းထိုးအင်အားဖြည့်တာ တွေရှိနေပါတယ်။

    (မုံရွာခရိုင်အတွင်း တိုက်ပွဲတစ်ခုမှာ BLDF ရဲဘော်တွေကို တွေ့ရစဥ်။ဓာတ်ပုံ – BLDF)

  • ဗဟိုဘဏ်က ငွေသားထုတ်ယူမှုများကို ကန့်သတ်လိုက်၍ ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ လိုသလောက် ထုတ်မရတော့

    ဗဟိုဘဏ်က ငွေသားထုတ်ယူမှုများကို ကန့်သတ်လိုက်၍ ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ လိုသလောက် ထုတ်မရတော့

    ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကစားသည့်နေရာများသို့ ငွေ​ကြေးများ မရောက်စေရန်ဟုဆိုကာ ဗဟိုဘဏ်က ငွေသားထုတ်ယူမှုများကို ကန့်သတ်လိုက်၍ ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ လိုသလောက် ထုတ်မရတော့

    ပြည်တွင်းစီးပွားရေးနယ်ပယ်အတွင်း အမေရိကန်ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကွက်အတွင်း စျေးကစားသည့်နေရာများသို့ ငွေ​ကြေးများ မရောက်စေရန်ဟုဆိုကာ စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ငွေထုတ်မှုများကို ကန့်သတ်ရန် ညွှန်ကြားထားကြောင်း UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

    ဖေဖော်ဝါရီ ၅ ရက်နေ့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင် ပြုလုပ်သော ကုန်သည်များနှင့်တွေ့ဆုံပွဲတစ်ခုတွင်လည်း စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေ က ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကစားသည့် စျေးကွက်များအတွင်းသို့ ကျပ်ငွေများ ထုတ်ယူ ရင်းနှီးမြုပ်နှံခြင်းကို အားမပေးကြောင်း၊ ထို့ကြောင့် ငွေသား ထုတ်ယူမှုများကို ထိန်းကျောင်းထိန်းချုပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    UMFCCI သတင်းရင်းမြစ်က ကုန်သည်များနှင့်ပွဲရုံများက ယခုရက်ပိုင်းအတွင်း ငွေထုတ်ယူရာတွင် အကန့် အသတ်များဖြင့် ဘဏ်များက ဆောင်ရွက်လာသဖြင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ကုန်သည်စက်မှုအသင်းချုပ်ထံသို့ အသိပေးလာပြီး ညှိနှိုင်းဖြေရှင်းပေးရန် မေတ္တာရပ်ခံမှုများ ရှိနေကြောင်း သိရှိရသည်။

    “အခုက ပဲနှမ်းရာသီဖြစ်တော့ ငွေထုတ်တဲ့ကိစ္စတွေ ထုတ်မရလို့ UMFCCI ဆီကို အကူအညီတောင်းလာတဲ့ Case တွေ အများကြီးပဲ” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်အခြေစိုက် ကုန်သည်များ၊ ငွေထုတ်သူများက ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူမှုများကို ကန့်သတ်မှုများ ကြုံတွေ့ခဲ့ရပြီး ငွေများကို လိုသလောက် ထုတ်မပေးတော့ဘဲ အကန့်အသတ်ဖြင့်သာ ထုတ်ပေးမှုများ ကြုံနေရကြောင်း ဆက်သွယ်ပြောဆိုကြသည်။

    “မနေ့က လှည်းတန်း KBZ ဘဏ်မှာ သိန်း ၂၀၀ သွားထုတ်တာကို သိန်း ၅၀ ပဲ ထုတ်ပေးပါတယ်။ အဲဒါနဲ့ မြေနီကုန်း KBZ ဘဏ်မှာ ထပ်ထုတ်လို့ရမလားဆိုပြီး ထပ်သွားထုတ်တော့ တစ်ကြိမ်ပဲ ထုတ်ခွင့်ရှိမယ်ဆိုပြီး ငွေပေး မထုတ်ဘူး။ ဘာလို့ ထုတ်မပေးတာလဲ မေးတော့ ငွေသားလက်ကျန်နည်းနေလို့ပဲပြောတယ်။ ငွေလွှဲတာနဲ့ K -Pay ကတော့ ဘာမှ ကန့်သတ်ချက်မရှိဘူး။ အဓိက ငွေသားထုတ်တာကို ထုတ်မပေးတာ” ဟု ကမာရွတ်မြို့နယ်တွင် စတိုးဆိုင်နှင့်ကလေးပစ္စည်းအွန်လိုင်းအရောင်းအဝယ်လုပ်နေသော ဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

    အခြားသော ဧရာ၀တီဘဏ်၊ ရိုးမဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့တွင်လည်း ငွေသားထုတ်ယူမှုများကို အကန့်အသတ်များနှင့် စည်းကမ်းချက်များစွာ ရှိလာနေကြောင်း ငွေထုတ်ယူနေသော ပြည်သူများက ပြောဆိုကြသည်။

    ပုဂ္ဂလိကဘဏ်များက ငွေသားများ အကန့်အသတ်ဖြင့် ထုတ်ပေးမှုများကို အကြောင်းပြရာတွင် ကျပ်ငွေမရှိတော့ခြင်း၊ ငွေလက်ကျန်နည်းနေခြင်း စသည့် အကြောင်းမျိုးစုံပြခဲ့ကြသော်လည်း ဗဟိုဘဏ်က ငွေသားထုတ်ယူမှု ကန့်သတ်ခိုင်းထားသည်ဆိုသော ညွှန်ကြားချက် ထုတ်ထားကြောင်း ထုတ်ဖော်ပြောဆိုခြင်းမပြုဟု သိရှိရသည်။

    UMFCCI သတင်းရင်းမြစ်ကမူ ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် လုပ်ခလစာပေးရာတွင်လည်းကောင်း၊ ငွေချေမှုများ လုပ်ဆောင်ရာတွင်လည်းကောင်း အွန်လိုင်းဘဏ်စနစ်ကို အဓိက အသုံးပြုရန် ဗဟိုဘဏ်၏ ညွှန်​ကြားချက်ကို လိုက်နာကြရန် အသိပညာပေးမှုများ တောက်လျှောက် လုပ်ဆောင်နေကြောင်း၊ UMFCCI နှင့် ဗဟိုဘဏ်အကြားတွင်လည်း အမြဲမပြတ် ထိတွေ့ဆက်ဆံမှုများ ရှိနေကြောင်း ပြောဆိုသည်။

  • အီရန်၊ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု လုံခြုံရေးအတွက်အခရာကျဟု အမေရိကန်ပြော

    အီရန်၊ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု လုံခြုံရေးအတွက်အခရာကျဟု အမေရိကန်ပြော

    အီရန်နဲ့မြန်မာ အပေါ် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကမ္ဘာ့ငွေကြေးတည်ငြိမ်မှုအတွက် အဓိကနေရာမှာ ဆက်ရှိနေဆဲလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆက် (Scott Bessent) က ပြောလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၅ ရက်နေ့က အမေရိကန် လွှတ်တော် ဘဏ္ဍာရေးထိန်းကြောင်းမှုကော်မတီ ၂၀၂၅ ခုနှစ် အစီအရင်ခံစာ ထုတ်ပြန်ချိန် အထက် လွှတ်တော်ကြားနာပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပြီး အီရန်နိုင်ငံကို ဘဏ္ဍရေးအရ အပြင်းထန်ဆုံးဖိအားပေး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အီရန်စီးပွားရေးထိခိုက်တဲ့အထိ ဖြစ်လာခဲ့ကြောင်းဦ ဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲခဲ့တာဟာ ဒီမူဝါဒရဲ့ အသီးအပွင့်တွေ ဖြစ်ကြောင်းလည်း မစ္စတာဘက်ဆက်က ပြောပါတယ်။

    “အီရန်နဲ့ပတ်သက်လို့ သမ္မတထရန့်က သမ္မဖြစ်လာပြီးကတည်းက အီရန်ကို အပြင်းထန်ဆုံးဖိအားပေး အရေးယူဖို့ လမ်းညွှန်ခဲ့ကြောင်း၊ အခုဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲပြီး (ပြည်သူတွေအစိုးရကို ဆန့်ကျင်ဆန္ဒပြလာကြတာဟာ) ဒီမူဝါဒရဲ့ အကျိုးကျေးဇူးတွေဖြစ်ကြောင်း” သူကပြောပါတယ်။

    မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း မြန်မာစစ်ကော်မရှင်ကို နိုင်ငံရေးပြုပြင်ပြောင်းလဲလာအောင် ဆက် ဖိအားပေး သွားဖို့ ဘဏ္ဍာရေးလက်နက်တွေ ရှိနေသေးကြောင်း၊ ဒီအချက်တွေ ထိရောက်ဖို့ တခြာအဖွဲ့အစည်း အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

    အီရန်က မြန်မာစစ်ကော်မရှင်ကို ဂျက်လေယာဥ်ဆီတွေ တရားမဝင်လျှို့ဝှက် တင်ပို့ရောင်းချနေတဲ့အပေါ် လွှတ် တော်ကိုယ်စားလှယ်တွေက ထောက်ပြမေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်မှာ ထပ်ပြီး ဖိအားပေး ပိတ်ဆို့အရေးယူဖို့ လက်နက်ကိရိယာတွေရှိနေသေးကြောင်း၊ ဒီပိတ်ဆို့အရေးယူမှုတွေဟာ အုပ်ချုပ်ရေးအဖွဲံ့တွေကို ပစ်မှတ်ထားပြီး သာမန်ပြည်သူတွေကို ဦးတည်ထားတာမဟုတ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ သတင်းအချက်လက်စုဆောင်းတာ၊ စောင့်ကြည့် အရေးယူတာတွေရှိကြောင်းလည်း ပြောပါတယ်။

    အီရန်နဲ့ မြန်မာကိစ္စဟာ ရေနံစွမ်းအင်ထွက်ရှိရာဒေသ၊ ကုန်သွယ်‌ရေးလမ်းကြောင်းကျရာဒေသနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ငွေကြေးစီးဆင်းမှုများတဲ့ဒေသတွေဖြစ်လို့ ကမ္ဘာ့ စျေးကွက်တွေတည်ငြိမ်ရေး အနီးကပ်သတိထားရတဲ့ နိုင်ငံတွေဖြစ်တယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

    မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော ဖိအားနှင့် အရေးယူမှုများ လုပ်ရန် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိရောက်စေသော နည်းလမ်းများ အဆင်သင့်ရှိနေဟု အမေရိကန်ဘဏ္ဍာရေး၀န်ကြီး ထုတ်ဖော်ပြောဆို

    အကြမ်းဖက် မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော ဖိအားနှင့် အရေးယူမှုများ လုပ်ရန် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိရောက်စေသော နည်းလမ်းလက်နက်များ အဆင်သင့်ရှိနေကြောင်း အမေရိကန်ဘဏ္ဍာရေး၀န်ကြီး Scott Bessen က ထုတ်ဖော်ပြောဆိုလိုက်သည်။

    ဖေဖော်ဝါရီလ ၅ ရက်နေ့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးရှေ့ကော်မတီတွင် ၂၀၂၅ ခုနှစ် အစီအရင်ခံစာအတွက် ကြားနာပွဲ ပြုလုပ်စဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။

    အမေရိကန်အထက်လွှတ်တော်ကြားနာပွဲတွင် ရီပါဘလစ်ကန်နှင့်ဒီမိုကရက်လွှတ်တော်အမတ်များက မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်ရန် တိုက်တွန်းကြပြီး မြန်မာပြည်မှ စစ်အာဏာ ရှင်စနစ်ကို စိုးရိမ်ကြောင်း၊ အထူးသဖြင့် အီရန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ လျှို့ဝှက် တင်ပို့နေမှုအပေါ် မေးမြန်းကြကာ မြန်မာစစ်တပ်ကို ပိုမိုတင်းကျပ်သည့် အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကို လွှတ်တော်အမတ်များက တိုက်တွန်းကြသည်။

    အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ” ကျနော်တို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ထိရောက်အောင် ဆောင်ရွက်ဖို့ နည်းလမ်းလက်နက်တွေ အဆင်သင့်ရှိနေပါတယ်။ ပိတ်ဆို့မှုကို ရှောင်လွှဲနေတဲ့ ကွန်ရက်တွေကို ဖော်ထုတ်ဖို့နဲ့ မြန်မာစစ်တပ်အပေါ် ဖိအားပေးနိုင်ဖို့ အခြားအစိုးရဌာနအေဂျင်စီတွေနဲ့ လည်းပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။

    မြန်မာပြည်သူများထက် အုပ်ချုပ်သူစစ်အာဏာရှင်များကိုသာ ပစ်မှတ်ထားအရေးယူသော အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု မူဝါဒက အရပ်သား ပြည်သူများကို ထိခိုက်စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အာဏာရှင်အစိုးရများနှင့် တရားမဝင် ငွေကြေးကွန်ရက်များကိုသာ ထိရောက်စွာ ဖြတ်တောက်ရန် ဒီဇိုင်းဖော်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

    အဆိုပါ လွှတ်တော် ကြားနာမှုအတွင်း အီရန်နှင့် မြန်မာနိုင်ငံတို့၏ အခန်းကဏ္ဍကို အမေရိကန်က အနီးကပ် ဆက်လက် စောင့်ကြည့်သွားမည်ဟု ၎င်းက ဆက်လက် ထုတ်ဖော်ပြောဆိုသည်။

    အမေရိကန်အစိုးရ၏ အီရန်နှင့် မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေသော စီးပွားရေးပိတ်ဆို့မှု မူဝါဒများသည် ဝါရှင်တန်၏ အမျိုးသားလုံခြုံရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေး တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့် (Scott Bessent) က လွှတ်တော်တွ​င် ထုတ်ဖော် ပြောဆိုသွားသည်။

    ဓာတ်ပုံ – အမေရိကန်ပြည်ထောင်စု အထက်လွတ်တော်ကြားနာပွဲမှာ မေးခွန်းများ တက်ရောက် ဖြေကြားနေသည့် အမေရိန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆက် (Scott Bessent) အား ၂၀၂၆ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Reuters)

  • ခလေးအမေဖြစ်သူမှ အလှူငွေများယူဆောင်ကာ ကလေးကိုဆေးရုံတွင် ထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေမှု

    ခလေးအမေဖြစ်သူမှ အလှူငွေများယူဆောင်ကာ ကလေးကိုဆေးရုံတွင် ထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေမှု

    ခလေးအမေဖြစ်သူမှ အလှူငွေများယူဆောင်ကာ ကလေးကိုဆေးရုံတွင် ထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေမှု

    ​တောင်ဥက္ကလာပ၊ ၁၃ ရပ်ကွက်၊ Max ဆီဆိုင်ရှေ့တွင် ကားတိုက်ခံခဲ့ရသည့် (၂) နှစ်အရွယ်သားလေးအတွက် စေတနာရှင်များ စုပေါင်းလှူဒါန်းထားသော အလှူငွေ (၁၅) သိန်းကျော်ကို မိခင်ဖြစ်သူက ယူဆောင်ကာ ထွက်ပြေးသွားသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    ​ဖြစ်စဉ်အကျဉ်း –

    ပြီးခဲ့သည့်ရက်ပိုင်းက ကားတိုက်ခံရသည့် အဆိုပါကလေးငယ်အား လူမှုကူညီရေးအသင်းမှ ဆေးရုံတင်ကုသပေးခဲ့ပြီး စေတနာရှင်များ လှူဒါန်းထားသည့် အလှူငွေစုစုပေါင်း (၁,၅၅၀,၀၀၀) ကျပ်ကို မိခင်ဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

    ​သို့သော် ယနေ့တွင် အဆိုပါမိခင်ဖြစ်သူသည် ကလေးအတွက် ရည်စူးထားသော အလှူငွေအားလုံးကို ယူဆောင်ကာ ကလေးငယ်ကို ဆေးရုံတွင် ထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ သိရှိရပါသည်။

    ​လက်ရှိအခြေအနေ –

    လက်ရှိတွင် ကလေးငယ်အား လူမှုကူညီရေးအသင်းမှ ဆက်လက်တာဝန်ယူ စောင့်ရှောက်ပေးထားပြီး သက်သာပျောက်ကင်းသည်အထိ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အလှူငွေများယူကာ ထွက်ပြေးသွားသော အမျိုးသမီးအား ထိရောက်စွာ အရေးယူနိုင်ရန် ရှာဖွေလျက်ရှိပါသည်။

    ​မိဘပြည်သူများအနေဖြင့် ပုံပါအမျိုးသမီးကို တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးကြပါရန်နှင့် ဤသတင်းကို ဝိုင်းဝန်း Share ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။