Author: Admin-501

  • တပို့တွဲလပြည့်ညမှာ ရွတ်ဆိုလျှင် အထူးအကျိုးပေးတဲ့ ရွှေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာတော်ကြီး”

    တပို့တွဲလပြည့်ညမှာ ရွတ်ဆိုလျှင် အထူးအကျိုးပေးတဲ့ ရွှေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာတော်ကြီး”

  • လူတိုင်းသိချင်နေကြတဲ့ ဗ-လော်-ဂါ-မ-လေးရဲ့ ဇွ-န်း-နှ-စ်-ချောင်း အရှုပ်တော်ပုံဗီဒီယိုဖိုင်

    လူတိုင်းသိချင်နေကြတဲ့ ဗ-လော်-ဂါ-မ-လေးရဲ့ ဇွ-န်း-နှ-စ်-ချောင်း အရှုပ်တော်ပုံဗီဒီယိုဖိုင်







  • လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လေကြောင်းတိုက်ခိုက်ခံလို့ ဒဏ်ရာရ ၁၀၀ ကျော်အထဲက ၁၀ ဦးထပ်မံသေဆုံး၊ မလိုအပ်ဘဲ လူ၂၀ ကျော်လည်း ခြေလက်အင်္ဂါတွေ ဖြတ်တောက်လိုက်ရ၊

    လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လေကြောင်းတိုက်ခိုက်ခံလို့ ဒဏ်ရာရ ၁၀၀ ကျော်အထဲက ၁၀ ဦးထပ်မံသေဆုံး၊

    မလိုအပ်ဘဲ လူ၂၀ ကျော်လည်း ခြေလက်အင်္ဂါတွေ ဖြတ်တောက်လိုက်ရ၊
    ရွှေဥ/MFP၊ ဇန်နဝါရီ – ၃၁
    စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇွန်လကနေ ဒီနေ့အထိ စစ်အုပ်စုလေ​ကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိထားတဲ့ အရပ်သား ၁၀၀ ကျော်အထဲက ဆေးကုသဖို့ သွားရေးလာရေး အခက်အခဲကြောင့် ဆယ်ဦးကျော်ထပ်မံသေဆုံးကာ နှစ်ဆယ်ကျော် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်လိုက်ရတယ်လို့ ရွှေဘိုမြို့နယ်ရဲ့လူသားစာနယ်အဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။
    စစ်အုပ်စုတပ်ဟာ ရွေးကောက်ပွဲမစတင်ခင်ကတည်းက စစ်ကိုင်းတိုင်းအတွင်းက ကနီ၊ ယင်းမာပင်၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦးနဲ့ရွှေဘိုစတဲ့ မြို့နယ်တွေကို နေ့စဉ်လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၆ ရက်နေ့တစ်ရက်ထဲမှာပဲ ရွှေဘိုမြို့နယ်ကို လေကြောင်းကနေ ၁၈ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    စစ်အုပ်စုတပ်ရဲ့ရွှေဘိုမြို့နယ်ကကျေးရွာတွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ရှစ်လတာအတွင်း ဒေသခံပြည်သူ ၃၀ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
    အဲ့ဒီ ဒဏ်ရာရရှိသူ ၁၀၀ ကျော်အထဲက ဒဏ်ရာပြင်းထန်သူတွေဟာ ဆေးသွားကုဖို့အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ၁၀ ဦးထပ်မံသေဆုံးကာ နောက်ထပ် ၂၀ကျော်လဲ ခြေလက်အင်္ဂါအစိတ်ပိုင်းတွေကို မလိုအပ်ဘဲ ဖြတ်တောက်လိုက်ရတယ်လို့ ရွှေဘိုမြို့နယ် လူသားစာနာအဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။
    “အခက်ခဲတွေကြောင့် အသက်ဆုံးရှုံးသွားတာက ၁၀ ဦးလောက်ရှိပါတယ်။ ဒဏ်ရာရတာ ဖြတ်တောက်ပစ်လိုက်ရတာကတော့ ၂၀ ဦးကျော်လောက် ရှိပါတယ်။ရွှေဘို အနောက်ခြမ်းနဲ့ ရွှေဘိုတောင်ခြမ်းက အများစုပါ၊ ကားက နှစ်စီး‌လောက်ပဲ ရှိတာဆိုတော့ ကယ်ဆယ်ရေးတွေကို အဆင့်ဆင့်သွားရတယ်။ သွားတဲ့ အခါမှာ လဲလမ်းတွေက လမ်းကြမ်းတွေ ။မနက်ပိုင်းကသွားရင် ညမိုးချုပ်မှရောက်တယ်”
    ခန္ဓာကိုယ်အစိတ်အပိုင်း အများစု ဖြတ်တောက်တော်လိုက်ရတဲ့သူတွေဟာ လှန်ရေးရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေ ဖြစ်ပြီးတော့ ရွှေဘိုမြို့နယ်က စစ်ဘေးရှောင်နဲ့ မန္တလေးတိုင်းအတွင်းက စဉ့်ကူး ၊မတ္တရာ ၊သပိတ်ကျင်းက စစ်ဘေးရှောင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
    ရွှေဘိုမြို့နယ်မှာ ကျေးရွာပေါင်း (၁၇၀) ကျော်အနက် ရွာပေါင်း(၉၀) ကျော်ကို မီးရှို့ဖျက်ဆီးခံထားရပြီး တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်သုံးသောင်းကျော် ရှိတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
    အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင် ၊ကလေးငယ် (၄၀၀) ‌ကျော်ပါဝင်ပြီးတော့ အခုလအတွင်းမှာပဲ သက်ကြီးရွယ်အိုလေးဦး အအေးဒဏ်ကြောင့် လေဖြတ်ဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။
    ဓာတ်ပုံ- CJ

  • ပြည်ထဲရေးဝန်ကြီး ပြောင်းပြီးနောက် ရန်ကုန်မြို့တွင်း ပြန်ပေးဆွဲခြင်းကို ရဲများ ရပ်နားထား

    ပြည်ထဲရေးဝန်ကြီး ပြောင်းပြီးနောက် ရန်ကုန်မြို့တွင်း ပြန်ပေးဆွဲခြင်းကို ရဲများ ရပ်နားထား

    31 Jan 2026 By Bala/MPA

    ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနောက် ရန်ကုန်မြို့တွင်း ပြန်ပေးဆွဲငွေညှစ်ခြင်းကို ရဲတပ်ဖွဲ့ ဝင်များ ရပ်နားထားကြောင်း သိရသည်။

    ဇန်နဝါရီ၂၇ရက်တွင် ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကို မင်းအောင်လှိုင်က ပြောင်းလဲခန့်အပ်ပြီးနောက် ရန်ကုန်မြို့၌ ရဲတပ်ဖွဲ့ဝင်များ ငြိမ်ဝပ်ပိပြားနေကာ လူဖမ်းငွေညှစ်ခြင်း လည်း ရပ်ထားကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

    “ဝန်ကြီးအသစ်တွေက များသောအားဖြင့် ရောက်ရောက်ချင်း ပွဲကြမ်းလေ့ရှိတယ်။အနေအထိုင်မ တတ်တဲ့ကောင် ပြုတ်ပဲ။ စစချင်း လမ်းကြောင်းမရှင်းသေးတာပေါ့။ဝန်ကြီးအသစ်ဆီကို လိုင်း ကြေး ပေးရမယ့်လမ်းကြောင်းက ဘာမှန်းမသိသေးတော့ ဒီအချိန်မှာ ရဲပါးဝတဲ့ကောင်တိုင်း ငြိမ်တယ်”ဟု ၎င်းက MPAသို့ပြောသည်။

    ယခင် ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌအဖြစ် တာဝန်ယူပြီးနောက် ရန်ကုန်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များသည်ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မတိုင်မီမှစတင်ကာ တောက်လျှောက်ဆိုသလို ကင်း လှည့်ကာ လမ်းမများပေါ်ရှိ လူငယ်များအား လိုက်ဖမ်းခဲ့ကြသည်။

    “ရွေးကောက်ပွဲနီးတဲ့အချိန် ရဲတွေက တောက်လျှောက်ကင်းပတ်တယ်။ဖမ်းတယ်။ငွေတောင်းတယ်။ မရရင် စစ်မှုထမ်းထဲ ထည့်တယ်။တောက်လျှောက်လုပ်လာတာ၊အခုတော့ စခန်းမှူးတွေက ကိုယ်စီ နားလည်မှုနဲ့ နားထားတယ်။အရမ်းခွက်ခေါက်တဲ့ကောင်တွေပဲ အခု မရပ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။

    ဖမ်းဆီးခံရသောလူငယ်များကို ရဲများက သိန်းလေး၊ငါးဆယ်အနည်းဆုံး တောင်းကြပြီး မပေးနိုင်ပါက စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားကြကြောင်း သိရသည်။

    ဒီဇင်ဘာ၁ရက်မှ ၇ ရက်အတွင်း ရန်ကုန်မြို့၊ သာကေတ၊ ကမာရွတ်၊ လှိုင်နှင့် တောင်ဥက္ကလာမြို့နယ်တို့ ရှိ လူငယ်အမျိုးသား ၄၀ ကို အရက်သောက်နေသည်ဟုဆိုကာ ရဲနှင့် အရပ်ဝတ်များက ဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်ခဲ့သည်။

    RSN က ထုတ်ပြန်သော လတ်တလောသတင်းများအရ ရန်ကုန်ရပ်ကွက်များအတွင်း စစ်သားများက ညဘက် ကင်းပတ်ကာ လူလိုက်ဖမ်းနေကြောင်း သိရသည်။

    ဇန်နဝါရီ၂၉ရက်၊ည၉နာရီခန့်တွင် ဗဟန်းမြို့နယ်၊ဦးချစ်မောင်လမ်း၊ဈေးကွေ့မှတ်တိုင်အနီးသို့ စစ်ကား တစ်စီးဖြင့် စစ်သားများ ရောက်ရှိလာ၍ လူငယ်၂ဦးအား အရက်သောက်နေသည်ဟုဆို ကာ ဖမ်းဆီးသွားကြောင်း Bahan Scout & News Channel က ထုတ်ပြန်သည်။

    ဇန်နဝါရီလ ၂၀ ရက်၊ ည ၉ နာရီခွဲခန့်ကလည်း တောင်ဥက္ကလာမြို့နယ်၊ မေတ္တာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ကစားကွင်းထဲတွင် ဘေးတွဲမောင်းသူ ၂ ဦး ဘေးတွဲများရပ်ထားပြီး ဝင်ထိုင်နေကြစဉ် စစ်သားများ ရောက်လာကာ ဘီယာထိုင်သောက်နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးသွားကြောင်း RSN က ထုတ်ပြန်သည်။

    “ဖမ်းတာကတော့ ညဘက် အဓိက ဖမ်းနေတာပဲ။လူငယ်တွေကလည်း ကိုယ့်ရပ်ကွက်ထဲပဲ ဆိုပြီး တချို့ ပေါ့ပြီး မဆင်မခြင် လမ်းဘေးထိုင်နေကြတော့ အဖမ်းခံရတာ။ရန်ကုန်က အုပ်ကြီးတွေလည်း ရပ်ကွက်ထဲက မူးယစ်ရမ်းကားတာ၊ရန်ဖြစ်တာ၊ ခိုးတာဝှက်တာတွေကို ချောင်းနေတယ်။တွေ့ရင် ဖမ်းတယ်။ပိုက်ဆံမပေးနိုင်ရင် စစ်မှုထမ်းထည့်တယ်”ဟု လှိုင်မြို့နယ်စစ်ကော်မရှင် အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဇန်နဝါရီ ၁၄ ရက်၊ ည ၈ နာရီခန့်တွင် သာကေတမြို့နယ်၊ အမှတ် ၄ (မြောက်) နှင့် အမှတ် ၄ (တောင်) ရပ်ကွက်ထဲသို့ စစ်သားများ ကင်းလှည့်ကာ လူငယ်၁၀ဦးကို ဖမ်းဆီးသွားခဲ့သေးကြောင်း RSN ကဆိုသည်။

    ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသည့်လူငယ်များကို ကျပ်သိန်း၅၀ခန့်ပေးနိုင်လျှင် ပြန်လွှတ်ပေးလေ့ရှိ သော်လည်း မွန်ပြည်နယ်၊သထုံမြို့၌မူ ကျပ်သိန်း၁၀၀ကျော် ဈေးပေါက်နေပြီဖြစ်ကြောင်း မွန်ပြည် နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။

    “သထုံမြို့ပေါ်မှာကျတော့ ယောကျာ်းလေး ဆိုင်ကယ်၂ယောက်စီးတာနဲ့ ည၈နာရီနောက်ပိုင်း အပြင် ထွက်တဲ့အချိန် စစ်တပ်လှည့်ကင်းနဲ့တွေ့ရင် ဖမ်းတယ်။အရင်က သိန်း၅၀ကျော်ပဲ။၂၀၂၅ နိုဝင်ဘာ လောက်ကစပြီး သိန်း၁၀၀ကျော်ပေးမှ ပြန်လွှတ်တော့တယ်။မပေးနိုင်ရင် မော်လမြိုင် စစ်မှုထမ်းထဲ ပို့တယ်”ဟု ၎င်းက ပြောသည်။

    ပြည်ထဲရေးဝန်ကြီးထွန်းထွန်းနောင်ကို စစ်ဘက်မူလတာဝန်များ ပြန်လည် ထမ်းဆောင်စေကြောင်း ဇန်နဝါရီ၂၇ရက်တွင် စစ်ကော်မရှင်က ထုတ်ပြန်သည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

    စာတည်း-ကိုဆန်း

    #ပြည်ထဲရေးဝန်ကြီး #ရန်ကုန်မြို့ #ပြန်ပေးဆွဲခြင်း #ရပ်နားထား #MPA #Bala