Author: Admin-501

  • စားရင်လည်းသေနိုင် ကိုက် (တုတ်) ရင်လည်းသေနိုင်

    စားရင်လည်းသေနိုင် ကိုက် (တုတ်) ရင်လည်းသေနိုင်

    ရေဘဝဲကြိုက်သူများ မစားခင် အပြာရောင် အကွင်းများ ပါမပါ စစ်ကြပါရန်

    Myanmar Biodiversity
    Admin – Khant Sithu Aung

    greater blue-ring octopus
    ( Hapalochlaena lunulata )
    အဆိပ်ပြင်း

    သူတို့ရဲ့ TTX အာရုံကြောအဆိပ်က “ဖြေဆေး” ASV မရှိပါဘူး။ သူတို့အဆိပ်က ငါးပူတင်းတွေရဲ့အဆိပ် Tetrodotoxin နဲ့ Elapid မြွေအမျိုးအစ၊ားတွေရဲ့အဆိပ် Neurotoxin ကိုရောထားတာပါ။ Protein based အဆိပ်မဟုတ်တာမို့ မီးအပူပေးပြီးချက်ရင်တောင်အဆိပ်ကဓာတ်မပြယ်ပါ။ Sarမိတာနဲ့မိနစ်ပိုင်းလေးအတွင်းမှာတင်အာရုံကြောတွေဆိုင်းသွားတတ်ပါတယ် နောက်ဆုံးကိုယ်တွင်း Organ တွေပါအလုပ်မလုပ်တော့ဘူးဗျ။ sarမိတာနဲ့tay ဖို့ရာခိုင်နှုန်းအပြည့်ပါ။

    ရေဘဝအဆိပ် – Dr Tun

    ရေဘဝဲသည် တက်ထရိုဒိုတောက်ဆင်၊ ဟစ်စတမင်း၊ ထရစ်ပမင်း၊ အောက်တိုပမင်း၊ တော်ရင်း၊ အက်စီတိုင်းလင်း နှင့် ဒိုပါမင်းတို့ပါဝင်သော အဆိပ်ကို ထုတ်လုပ်သည်။ အဆိပ်သည် ပျို့အန်ခြင်း၊ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ ပြင်းထန်ပြီး တစ်ခါတစ်ရံတွင် လုံးဝလေဖြတ်ခြင်းနှင့် မျက်စိကွယ်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက မိနစ်ပိုင်းအတွင်း သေဆုံးနိုင်သည်။ ရင်ဝမ်းခေါင်း ကြွက်သား ရပ်ပြီး အသက်ရှူကြပ်ခြင်းကြောင့် သေဆုံးခြင်းဖြစ်လေ့ရှိသည်။
    အဆိပ်ကို ရေဘဝဲ၏ အနောက်ဘက် တံတွေးဂလင်းတွင် အင်ဒိုဆမ်ဘိုင်အိုတစ် ဘက်တီးရီးယားများမှ ထုတ်လုပ်သည်။ တံတွေးဂလင်းများတွင် tubuloacinar exocrine ဖွဲ့စည်းပုံရှိပြီး အူလမ်းကြောင်းသွေးနေရာတွင် တည်ရှိသည်။”

    ဒီလိုစျေးဝယ်ရင်းပါလာတဲ့ case ကို share ချင်ရင် post owner ဆီကခွင့်တောင်းပြီး ss ယူပြီး share လို့ရပါတယ်။ Myanmar Biodiversity group လေးကို creditတော့ပေးပေးပါ။

    အဆိပ်မရှိတဲ့ ရေဘဝဲ နှင့် အဆိပ်ရှိတဲ့ရေဘဝဲ ခွဲခြားနည်း

    လူတိုင်းနီးပါးကတော့ အဆိပ်ရှိတဲ့ရေဘဝဲဖြစ်တဲ့ အပြာရောင်ကွင်းရေဘဝဲ blue ringed octopus ကိုသိကြမှာပါ။ သူ့ရဲ့ venomအဆိပ်က ကိုက်လိုက်မှအဆိပ်မိတာတင်မက သုံးဆောင်မိရင်လဲ အသက်အန္တရယ်ရှိတဲ့ အဆိပ်ပါ။

    >အဆိပ်မရှိ ရေဘဝဲ

    ဒါပေမဲ့ groupထဲကတချို့က အပြာရောင်ကွင်းမြင်တာနဲ့ blue ring octopus ဆိုပြီးတန်းထင်ကြပါတယ်။ တကယ်တွင် ရေဘဝဲတော်တော်များများတွင် မတူညီသောအရောင်ပါသည့် ကွင်းနှစ်ကွင်းရှိတတ်ကြသည်။ ၎င်းတို့ကို မျက်စိတု false eyes ဟုခေါ်ကြပါသည်။ သားရဲကို လှည့်ဖြားရန်အတွက်သာဖြစ်ပါသည်။ ထိုအကွင်းနှစ်ကွင်းသာပါသည့် ရေဘဝဲတွင်မူ အဆိပ်မရှိပေ။ ထိုရေဘဝဲများသည် ငါးဈေးအတွေ့များသည့် Amphioctopus genus မဆိပ်မရှိရေဘဝဲများဖြစ်ကြသည်။ ဘယ်ဘက်နှစ်ပုံတွင်နှမူနာပြထားပါသည်။

    >အဆိပ်ရှိ အပြာကွင်း ရေဘဝဲ ⭕

    အဆိပ်ရှိသည့်ရေဘဝဲ blue ringed octopus တွင်မူ အပြာကွင်းပေါင်းများစွာရှိပါတယ်။ အရွယ်အစားကလဲ အလွန်သေးငယ်ပါတယ်။

    >အဆိပ်ရှိ Amphioctopus ရေဘဝဲမျိုးစိတ်တစ်မျိုး

    သို့သော် Amphioctopus genusမျိုးနွယ်ဝင်ဖြစ်တဲ့
    Poison ocellate octopus (Amphioctopus mototi )ကတော့ အပြာကွင်းနှစ်ကွင်းသာရှိသော်လဲ သူ့ရဲ့အဆိပ်သည် blue ringed octopusမှာရှိသည့် အဆိပ်နှင့် ထပ်တူညီသာဖြစ်သည်။ သို့သော် ဩစတြေးလျ အရှေ့ပိုင်းဒေသမှာတွင်သာတွေ့ရပြီး
    လူများအဆိပ်မိသည့် caseမရှိသေးပါ။

    မှတ်ချက်: မိမိတို့စားသုံးနေကြ ရေဘဝဲများတွင် အဆိပ်ရှိကြပါတယ်။ သူတို့ရဲ့အဆိပ်က သားကောင်ငယ်များအတွက်သာဖြစ်ပြီး လူများအတွက်တော့ အာနိသင်မရှိပါဘူး။ သို့သော်လဲ ဓာတ်မတည့်သည့်သူအဖို့ ခေါင်းမူး၊ အော့အန် စသည့် လက္ခဏာများပြတတ်ပါသည်။ အသက်အန္တရယ်တော့မရှိပါ။

    #Myanmarbiodiversity #octopus #blueringedoctopus

  • ချမ်းမြသာစည်တွင် အဒေါ်နှင့်အိမ်အကူအား ထုရိုက်ပြီး ရွှေငွေလုယက်သည့် တူမဖြစ်သူကို ဖမ်းမိ

    ချမ်းမြသာစည်တွင် အဒေါ်နှင့်အိမ်အကူအား ထုရိုက်ပြီး ရွှေငွေလုယက်သည့် တူမဖြစ်သူကို ဖမ်းမိ

    ချမ်းမြသာစည်မြို့နယ် မြို့သစ် ၂ ရပ်ကွက်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ အိမ်အကူ အမျိုးသမီးကို ရိုက်နှက်ပြီး ရွှေနဲ့ငွေ လုယက်ခဲ့တဲ့ တူမဖြစ်သူကို အောက်တိုဘာ ၂၆ ရက်က ဖမ်းမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ငွေကြေးလိုအပ်ချက်ကြောင့် အဒေါ်ဖြစ်သူ အငြိမ်းစား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့်နဲ့ အိမ်အကူ ဒေါ်အေးအေးခိုင် ကို အောက်တိုဘာ ၂၅ ရက် ညနေမှာ တူမဖြစ်သူ အလယ်တန်းပြဆရာမက တူနဲ့ထုရိုက်ပြီး ငွေကျပ်သိန်း ၁၀၀ နဲ့ ရွှေ ၁၀ ကျပ်သားကို လုယူခဲ့ရာ အဒေါ်ဖြစ်သူ သေဆုံးပြီး အိမ်အကူဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

    မြို့ခံတယောက်က “အကြွေးပေးဖို့ ပိုက်ဆံလိုလို့ သူ့တူမက အဒေါ်နဲ့အိမ်အကူကို ရိုက်ပြီး လုသွားတာ။ အဒေါ် သေတယ်၊ အိမ်အကူ ဒဏ်ရာတယ်၊ မနေ့ကပဲ မိသွားတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားတယ်” လို့ ပြောပါတယ်။

    ပြစ်မှုကျူးလွန်သူမှာ ပြင်ဦးလွင်မြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးထွန်း ဖြစ်ပြီး ငွေကြေးလိုအပ်ချက်ကြောင့် အဒေါ်ဖြစ်သူကို အကူအညီတောင်းရာ အိမ်ရောင်းပြီး ပေးမယ်ဆိုပြီး ကတိပေးခဲ့ပေမဲ့ မပေးတာကြောင့် ရိုက်နှက်ကာ လုယက်ခဲ့တာလို့ ဝန်ခံခဲ့ကြောင်း အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ရွှေသွားရောင်းတဲ့အချိန် မိတာ။ တူမက အကြွေးတွေများနေလို့ အဒေါ်ဖြစ်သူကို အကူအညီ တောင်းတယ်၊ အဒေါ်က အိမ်ရောင်းရရင် ပေးမယ် ပြောတယ်၊ အိမ်ရောင်းရတော့ မကူညီဘဲ ရွှေတွေ ဝယ်လိုက်တာ တူမဖြစ်သူက သိတော့ အိမ်ကိုလာပြီး အဒေါ်ရော အိမ်ဖော်ကိုလည်း တူနဲ့ရိုက်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ လုသွားတာ၊ သူကိုယ်တိုင်လည်း စခန်းမှာ ဝန်ခံထားတယ်။”

    အဆိုပါဖြစ်စဥ်မှာ အသက် ၈၄ နှစ်အရွယ် အငြိမ်းစားစာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အိမ်အကူဖြစ်သူ မအေးအေးခိုင်ကတော့ မန္တလေးဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှုခံယူနေရပါတယ်။

    လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ဒေါ်စိုးစိုးထွန်းကို ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၁ နယ်မြေရဲစခန်းက (ပ) ၁၈၉/၂၀၂၅ ပုဒ်မ ၃၀၂/၃၂၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ချမ်းမြသာစည်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကနေ စက်တင်ဘာလအတွင်း လုယက်မှု၊ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှု ၇ ကြိမ်ဖြစ်ခဲ့ပြီး အဲဒီထဲက ပြစ်မှုကျူးလွန်သူ ၂ ယောက်ကို စက်တင်ဘာ ၉ ရက်က ဖမ်းမိခဲ့ပေမဲ့ ကျန်တဲ့ ၆ မှုက လက်ရှိအချိန်ထိ ဖမ်းမမိသေးဘူးလို့ အုပ်ချုပ်ရေးအသိုက်အဝန်းက ထောက်ပြပါတယ်။

  • အနုပညာအမည်ခံ စစ်တပ် လက်ကိုင်တုတ်များကို ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်

    အနုပညာအမည်ခံ စစ်တပ် လက်ကိုင်တုတ်များကို ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်

    အနုပညာအမည်ခံ စစ်တပ် လက်ကိုင်တုတ်များကို ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဟု ရန်ကုန် UG အဖွဲ့ ၅ ခုက ပူးတွဲ ကြေညာ

    အနုပညာအမည်ခံ အကြမ်းဖက် စစ်တပ် လက်ကိုင်တုတ်များကို ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဟု ရန်ကုန် UG အဖွဲ့ ၅ ခုက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပူးတွဲ ကြောညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။

    အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီပြီး ယုံကြည်ချက်ကြောင့် တော်လှန်နေသော လူငယ်ထုကို စော်ကားခြင်း ၊ လူထု အရေးတော်ပုံကို ပုံဖျက်ကာ အမှန်တကယ် စစ်ရာဇဝတ်မှု ကျူးလွန်နေသော လူထု၏ အသက်အိုးအိမ်ကို မီးရှို့ သတ်ဖြတ်နေသော အကြမ်းဖက် စစ်အုပ်စုဘက်မှ စစ်ရာဇဝတ်မှုများ ထပ်မံကျူးလွန်အောင် ထောက်ခံပြီး အားပေးမြောက်ပြုလုပ်နေသော အညံ့စား ၊ အဖျင်းစား ဝါဒဖြန့် အနုပညာရှင်များကို ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို အနုပညာအမည်ခံ စစ်တပ် လက်ကိုင်တုတ်များဖြစ်သော နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် ၊ အောင်ခိုင် ၊ ငှက်ပျောကြော် ၊ အောင်တိုး ၊ နိုင်လင်း ၊ သွက်လတ် ၊ စူပါလင်း ၊ မင်းညို ၊ ဥက္ကာပျံရီ ၊ ရဲရင့် ၊ ရောပျော် ၊ အောင်ဇင်ဖြိုး စသည့် လူထု နှင့် နိုင်ငံတော်အပေါ်ပျက်ရယ်ပြုစော်ကားသည့် အညံ့စား အဖျင်းစား ဝါဒဖြန့် အနုပညာရှင်များကို Boycott & Social punishment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ် ခတ်ကြရန် ရန်ကုန် UG များက ပြည်သူလူထုတစ်ရပ်လုံးသို့ နှိုးဆော်ထားသည်။

    တော်လှန်ရေးတွင် ပြည်သူက တာဝန်ကျေ သကဲ့သို့ ရန်ကုန် UG များအနေဖြင့် အညံ့စား ဝါဒဖြန့် အနုပညာရှင်များ၏ အချက်အလက်များကို ရရှိထားပြီး လူထုနှင့်အရေးတော်ပုံကို စော်ကားခဲ့သည့် ထိုသူတို့၏ နောက်ဖြစ်လာမည့် ကိစ္စအရပ်ရပ်ကို ပြည်သူလုထု တရားစီရင်ခန်း အဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် စတင်အရေးယူမည် ဖြစ်ကြောင်း သိရသည်။

    “အဲ့ကောင်တွေထဲက မည်သူ့ကို မဆိုတွေ့တဲ့ နေရာမှာ တိုက်ခိုက် ရှင်းလင်းသွားမှာပါ။ အချက်အလက်တွေ စုဆောင်းနေတာတွေလဲရှိပါတယ်။ သူတို့ရုပ်ရှင်လောကသားတွေထဲကနေလဲ သူတို့သတင်းတွေကို အဆက်မပြတ်ပို့ပေးနေတဲ့သူတွေလဲရှိပါတယ်။ ကျနော်တို့ UG တွေက ပြည်သူအပေါ် မျက်နှာမူပြီး ရပ်တည်ကြတဲ့သူတွေပါ ပြည်သူအလိုမရှိတဲ့ မည်သူမဆို ကျနော်တို့ရန်သူပါပဲ” ဟု Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ ပူးတွဲ ကြေညာချက်ကို ရန်ကုန်မြို့အတွင်း စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် Yangon Army (YA) ၊ Dark Shadow ၊ Operation Flame(OF) ၊ Mother Son Yangon Force နှင့် Broken System တို့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

  • “ကားတိုက်ခံရပြီးလဲနေတာကို သုံးဘီးကပါ တက်ကြိ-တ်ပြီး ထွက်းပြေးကုန်ကြတာ”

    “ကားတိုက်ခံရပြီးလဲနေတာကို သုံးဘီးကပါ တက်ကြိ-တ်ပြီး ထွက်းပြေးကုန်ကြတာ”

    ကားတိုက်ပြီ ခြေတောက်ကို သုံးဘီးပါပြန်တက်ကြိတ်သွားတာတောင် မကျိုးသွားတာကတော့ အံဩဖွယ် ကျေးဇူးတော်ပါပဲကိုယ်ကို နှစ်ဆင့်လောက်တိုက်ခံရသလိုတော့ ခံစားရပေမဲ့ သိပ်မမှတိမိလိုက်တော့ မဟုတ်လောက်ဘူးပဲ ထင်ခဲ့တာ သူများလာပြောမှ ပြန်သိရ

    ကျေးဇူးတော်ကြောင့် အသက်ဘေးက လွှတ်ခဲ့တဲ့ နေ့

    Oct 24 ရက်က အထက (၃)မီူပွိုင့် နာမှာ ကျမကို တိုက်ပြီးထွက်ပြေသွားတဲ့ ကားသမား ကို ကော သုံးဘီးနဲ့ ပြန်တက်
    ကြတ်သွားတဲ့ သူကိုကော ကျမ ကျိုးပဲ့ခြင်းမရှိပဲ အသက်ရှင် ကျန်းမာနေတာမို့ စိတ်သောကကင်ပြီး စိတ်ဖြောင့်ဖြောင့် နဲ့နေထိုင်နိုင်ဖို့ မျော်လင့်ပါတယ် /ကျမ စိတ်ရင်နဲ့ ခွင့်လွှတ်ကြောင့်လဲ သိစေချင်ပါတယ် ☘️✌️

    Cycle or ဆေးစရိတ် Or ကျိုးပဲ့သွားတဲ့ ရှေ့သွားတချောင်
    တခုလောက်ပဲ ကူညီးပေးခဲ့ရင် ကျေးဇူးတင်မိမှာ အမှန်ပဲ
    ပိုလျှံနေတာမရှိတော့ နဲနဲရုန်းရလို ခံစားရလိုပါ

    ကျမပုံကြောင့် စိတ်အနောက်ယှက်ဖြစ်သွားရင် Sorryပါ

  • Coffy

    Coffy (1973)

    ဒီဇာတ်လမ်းလေးကတော့ ပြည့်တန်ဆာဖြစ်တဲ့ကောင်မလေးဟာ မတရားတဲ့ဥပဒေအထက်မှာ စမတ်ကျကျဇိမ်ခံပြီး အောက်ခြေဝပ်လူထုကို ဖိနှိပ်ပြီးဂုတ်သွေးစုတ်အမြတ်ထုတ်နေတဲ့သူတွေကို ကလဲ့စားချေတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။

    ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ခေါဖင်န်လိုခေါ်တဲ့ ဆေးရုံမှာအလုပ်လုပ်နေတဲ့ကောင်မလေးဟာ မသမာသူလက်ချက်နဲ့ သူ့ရဲ့ညီမလေးမူးယစ်ဆေးအစမ်းခံရပြီး ဆေးဆွဲတဲ့ကိစ္စနဲ့ ဆေးရုံတင်ထားလိုက်ရတယ်။ခေါဖင်န်က ဒါကိုလည်းသိရော မကျေနပ်ဒေါသစိတ်‌တွေထွက်ပြီး ပြည့်တန်ဆာအဖြစ်ဟန်ဆောင်ရင်း ငမိုက်သားရဲ့အိမ်အထိ အိပ်မယ်ဟန်ဆောင်ကာလိုက်လာပြီးတော့ ကိစ္စတုံးပစ်လိုက်ပါတယ်။ဒါလည်းပြီးရော ခေါဖင်န်အတွက်က သာမန်နေ့လေးတွေအဖြစ်ပြန်ရောက်သွားတယ်။

    တစ်နေ့မှာ ခေါဖင်န်ဟာ သူ့ငယ်သူချင်းဖြစ်တဲ့ ရဲသားကြီးကာတာဟာ မှောင်ခိုမူးယစ်ဆေးဖြန့်ဖို အထက်ကပူးပေါင်းကူညီရန် အမိန့်ချလာတယ်။ဒါပေမဲ့ ကာတာဟာ ရိုးသားတဲ့ရဲပီပီ ငြင်းဆန်ခဲ့တယ်။မထင်မှတ်ထားလိုက်တာက ကာတာရဲ့ငြင်းဆန်မှုကို အထက်ကမကြိုက်ပဲ ကာတာကိုသေလုနီးပါးအထိ ရိုက်နှက်ထိုးကြိတ်ပြီးပစ်ထားခဲ့လိုက်တယ်။

    ခေါဖင်န်ဟာ ဒါကိုတွေ့မြင်ခဲ့ရပြီး ဒီလိုလုပ်သွားတဲ့သူတွေကို ပြန်ကလဲ့စားချေဖို ပြည့်တန်ဆာအဖြစ်ဟန်ဆောင်ပြီး ရောက်လာမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့…..