Author: Admin-501

  • Martabat: Misi Berdarah

    Martabat: Misi Berdarah

    Martabat: Misi Berdarah (2025)

    ရိုက်ကူးရေးလာကအကြောင်း ရိုက်ထားတဲ့ မလေးရှား ဟာသကားလေးပါ။

    ရုပ်ရှင်အဖွဲ့သားတစ်ဖွဲ့ ကျွန်းတစ်ကျွန်းပေါ် စစ်ကားသွားရိုက်ရင်း ကြုံရတဲ့ အလွဲတွေကို ရိုက်ပြထားတယ် ဆိုပေမဲ့ ဒီကားရဲ့ အဓိကဇာတ်ကောင်က ဇာတ်ကားထဲရိုက်နေတဲ့ ရုပ်ရှင်ထဲက မင်းသား မင်းသမီးတွေမဟုတ်ဘူး။

    ဇာတ်ကားထဲရိုက်နေတဲ့ ရုပ်ရှင်ထဲက ဇာတ်ပို့ဇာတ်ရန်တွေက ဒီကားရဲ့ အဓိက ဇာတ်ကောင်တွေပါပဲ။

    ဇာတ်ပို့ဇာတ်ရန်ဘဝကို သရုပ်ဖော်တယ်လို့ပြောချင်ရင်လည်း ရလောက်မယ်။

    ဇာတ်ပို့တွေဟာ ရုပ်ရှင်မှာ မျက်နှာလေးတစ်ခါလောက်ပါဖို့ အားထုတ်ကြပေမယ့် ပါဖို့တော်တော်ခက်တာကို စတီဖင်ချောင်ရဲ့ King of Comedy တို့ New King of Comedy တို့မှာ ကျွန်တော်တို့ မြင်ဖူးပြီးသားပါ။ ဒါမျိုးပါပဲ။

    ဇာတ်ရံတွေရဲ့ နောက်ကွယ်က အားထုတ်မှုတွေအပြင် ရိုက်ကူးရေးအဖွဲ့သားတစ်ဖွဲ့လုံးရဲ့အားထုတ်မှုတွေကို ဟာသနှောပြီး တင်ဆက်ပြထားပါတယ်။

    ဇာတ်ရံတွေကို အလေးထားကြောင်းပြထားတဲ့ ရုပ်ရှင်ရိုက်တဲ့အကြောင်းရုပ်ရှင်တစ်ကားပါပဲ။

  • It’s Official…

    It’s Official…

    It’s Official… (2025)

    အဖေရုတ်တရက်ဆုံးသွားလို ပူဆွေးကြေကွဲနေရတဲ့ Marni တစ်ယောက် နောက်ထပ်အံ့ဩကြေကွဲစရာနဲ့ ရင်ဆိုင်ရပါတော့တယ်။

    အဲဒါကတော့ Mar အဖေရဲ့ သေတမ်းစာထဲက နောက်ဆုံးဆန္ဒက သူ့ရဲ့အလောင်းရှေ့မှာ Mar ကို Marno ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ လက်ထပ်ပေးဖိုပါပဲ။

    Marno ဆိုတာက Mar အဖေ အကြွေးတွေအများကြီးတင်နေတဲ့သူ့သူငယ်ချင်းရဲ့ သားဖြစ်ပြီး Mar အဖေက အကြွေးကြေဖို သူ့သမီးကို Marno နဲ့ ပေးစားခဲ့တာပဲဖြစ်ပါတယ်။
    ဒီထက်ပိုဆိုးစေတာကတော့ Mar မှာ Adi ဆိုတဲ့ ချစ်သူတစ်ယောက်ရှိနေတာပါပဲ။

    ဒီလိုနဲ့ Mar တစ်ယောက် သူ့အဖေဆန္ဒအတိုင်း မိသားစုအကြွေးတွေကိုကယ်တင်ဖို မရင်းနှီးတဲ့သူနဲ့လက်ထပ်မလား ဒါမှမဟုတ် ချစ်သူအပေါ်မှာ သစ္စာစောင့်သိသွားမလားဆိုတာကိုတော့ ဒီဟာသဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။

  • Kifn

    Kifn

    Kifn (2024)

    ကဒ်ရုပ်ရှင်တွေဟာအကြောင်းအမျိုးမျိုးကြောင့် Mainstream လောကမှာမတွင်ကျယ်ပေမယ့်လည်းခပ်ညံ့ညံ့ထဲကတော့မဟုတ်ပါဘူး။

    သူတို့ရဲ့ရုပ်ရှင်တွေမှာတွေ့ရလေ့ရှိတဲ့ သမိုင်း၊ယဉ်ကျေးမှု၊ ပဋိပက္ခတွေနဲ့ လူမှုဘဝကိုထင်ဟပ်ပြီး လက်တွေ့ဘ၀နဲ့နီးစပ်တဲ့နောက်ခံဇာတ်ကြောင်းတွေ၊ ဘာသာရေး၊လူမျိုးရေးအကန့်အသတ်တွေကြောင့် တည်ရှိနေတဲ့ လွတ်လပ်စွာဖန်တီးဖို့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေဟာလည်း သူတို့ဇာတ်ကားတွေကိုစစ်မှန်တဲ့အနုပညာတစ်ခုအဖြစ် ဖြစ်တည်လာဖို့စေ့ဆော်မှုတစ်ခုဖြစ်ပါတယ်။

    Kifn (ကဖန်) ဇာတ်ကားကတော့ ကဒ်တွေရဲ့ပထမဆုံးဟော်ရာကားတွေထဲက တစ်ကားအဖြစ်သတ်မှတ်ခံရပြီး ဒေသတွင်းမှာ အတော်လေးနာမည်ကျော်ခဲ့တဲ့ဇာတ်ကားပါ။

    ပါရီဆိုတဲ့ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ရတဲ့ မိန်းမငယ်လေးတစ်ယောက် ခင်ပွန်းသည်နဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့နေထိုင်ချိန်မှာ ထိတ်လန့်ခြောက်ခြားစရာအမြင်အာရုံတွေ ခြောက်လှန့်မှုတွေကို ရင်ဆိုင်လာရပြီး အဲ့ဒီပြဿနာတွေကို မိသားစုမှတ်တမ်းဗီဒီယိုတွေကတစ်ဆင့်အဖြေရှာဖြေရှင်းရပုံအကြောင်းဖြစ်ပါတယ်။

    နာမည်ကျော် တူရကီရုပ်ရှင်စီးရီးစ်ဖြစ်တဲ့ Sijjin ဇာတ်ကားတွေနဲ့ပုံစံချင်းဆင်ပြီး ဒီဇာတ်ကားကတော့ အီရတ်နိုင်ငံ ကဒ်ဒေသအတွင်းကမြို့တစ်မြို့မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကိုအခြေခံတယ်လို့ဆိုပါတယ်။

    မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။

  • နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်

    နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်

    နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးပြီး ကား ၁ စီးကို မီးရှို့ရှင်းလင်း

    နေပြည်တော်၊ တပ်ကုန်းမြို့နယ် အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်အချိန် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရတနာမြေကျေးရွာဘက်မှ အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော အင်အား ၄၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို နွားလှည်း ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်မှ ထွေ/အုပ်စာရေး ကျော်ရဲလွင် အပါအဝင် စစ်သားများလိုက်ပါလာသော ကင်းလှည့်ကားကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်မှ ပြည်သူများကို ဖမ်းဆီးငွေညှစ်တောင်းခံနေသော ထွေ/အုပ် စာရေး ကျော်ရဲလွင်နှင့် စစ်သားများ လိုက်ပါလာသော ကင်းလှည့်ကားကို စစ်ကိုင်း-မုံရွာ လမ်းရှိ စစ်ကိုင်း တက္ကသိုလ်အနီးတွင် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ထွေအုပ်စာရေး ကျော်ရဲလွင် အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားနေစဉ် စစ်ကိုင်းတက္ကသိုလ်နှင့် တပ်မ ၃၃ မှ စစ်သားများက အိမ်စီးကား ၁၂ စီးဖြင့် စစ်ကူပေးရန် ရောက်ရှိလာသောကြောင့် လှည့်ကင်းကားကို မီးရှို့ရှင်းလင်းပြီး တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    “လှည့်ကင်းကားပေါ်ပါလာတဲ့ကောင် အားလုံးသေတယ်။ ကားပါ မီးရှို့ဖျက်ဆီးပစ်ခဲ့တာ စစ်ခွေး ၇ ဦး က နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူကို ဆန့်ကျင်တဲ့သူအားလုံးကို ကျနော်တို့က အချိန်မရွေး တိုက်ခိုက်သွားမှာပါ။ သူတို့ပြောခဲ့တဲ့စကားလိုပဲ သေရဲတဲ့ကောင် ပြည်သူကို ဆန့်ကျင်လိုက်လို့ ကျနော်တို့က ပြန်ပြီး ပြောချင်ပါတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- KNLA ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့ ကာရေဘီယံကို ရောက်ရှိ

    အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့ ကာရေဘီယံကို ရောက်ရှိ

    ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောဖြစ်တဲ့ USS Gerald R Ford ကို အဓိကထားတဲ့ အမေရိကန် ရေတပ် တိုက်ခိုက်ရေး တပ်ဖွဲ့ဟာ ကာရေဘီယံ ဒေသကို ရောက်ရှိ လာပြီ ဖြစ်ကြောင်း အမေရိကန် ရေတပ်က အတည်ပြုလိုက်ပါပြီ။

    ဒီတိုက်ခိုက်ရေး အဖွဲ့ကို သမ္မတ ဒေါ်နယ် ထရမ့်က ပြီးခဲ့တဲ့လက ဒေသတွင်းကို စေလွှတ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် ရေတပ်ရဲ့ ထုတ်ပြန်ချက် အရ ဒီတိုက်ခိုက်ရေးအဖွဲ့ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသတွေကို ကြီးကြပ်တဲ့ အမေရိကန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (US Southern Command) တာဝန်ယူ ဧရိယာ အတွင်းကို ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒီတပ်ဖွဲ့မှာ သင်္ဘောသား ၄၀၀၀ ကျော် နဲ့ ဒရုန်း များစွာ ပါဝင်တဲ့ USS Gerald R Ford လေယာဉ်တင်သင်္ဘော၊ မြေပုံလမ်းညွှန်တပ်ဒုံးကျည်ပါ ဖျက်သင်္ဘောတွေနဲ့ တခြား သင်္ဘော အမျိုးမျိုး ပါဝင်ကြပါတယ်။

    ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူ Sean Parnell က ဒီတပ်ဖွဲ့တွေဟာ အမေရိကန် ဘေးကင်း လုံခြုံရေးနဲ့ သာယာဝပြောမှုကို ထိခိုက်စေတဲ့ တရားမဝင် လုပ်ဆောင်သူ တွေ နဲ့ လှုပ်ရှားမှုတွေကို ရှာဖွေထောက်လှမ်းဖို့၊ စောင့်ကြည့်ဖို့ နဲ့ ဖြိုခွင်းဖို့ တို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဒေသတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ရာဇဝတ်ဂိုဏ်းတွေ ကိုပါ ဖြိုခွင်းဖို့ ကူညီမယ်လို့ ပြောပါတယ်။

    အမေရိကန်ဟာ ကာရေဘီယံနဲ့ အရှေ့ပစိဖိတ် ဒေသက မူးယစ်ဆေးဝါး သယ်ယူ ပို့ဆောင် နေတယ်လို့ စွပ်စွဲခံရတဲ့ လှေတွေကို အနည်းဆုံး ၁၉ ကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူ ၇၆ ဦးခန့် သေဆုံး ခဲ့ပြီ ဖြစ်ပါတယ်။

    အခု သီတင်းပတ် အစောပိုင်းကလည်း ပစိဖိတ်မှာ နောက်ထပ် တိုက်ခိုက်မှု ၂ ခု ပြုလုပ် ခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

    အမေရိကန်ကို မူးယစ်ဆေးဝါး ဝင်ရောက် နေတာတွေကို တားဆီးဖို့ အတွက် ဒီတိုက်ခိုက်တွေ လုပ်ဆောင်ဖို့ မရှိမဖြစ် လိုအပ်ကြောင်း ထရမ့်အစိုးရက ပြောကြားခဲ့ ပါတယ်။

    အခုလို တိုက်ခိုက်မှုတွေကြောင့် ကိုလံဘီယာနဲ့ ဗင်နီဇွဲလား အစိုးရတွေ အကြား တင်းမာမှုတွေ မြင့်တက် စေခဲ့ပြီး လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေ တွေကို ချိုးဖောက် တယ်ဆိုပြီး စောင့်ကြည့်သူတချို့က စိုးရိမ်ပူပန် ခဲ့ကြပါတယ်။

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို နဲ့ တခြားအရာရှိတွေက အမေရိကန်ဟာ “အကျပ်အတည်းကို ဖန်တီးပြီး” လက်ဝဲ ဆိုရှယ်လစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်း နေကြောင်း စွပ်စွဲပြောကြားခဲ့ပါတယ်။

    ထရမ့်က ကိုလံဘီယာသမ္မတ ပက်ထရိုကို “လူဆိုး လူမိုက်” လို့ ဖေါ်ပြ ပြောဆိုခဲ့ပြီး “မြင်တဲ့ လှေတိုင်းကို ပစ်ချတာက ကျွန်တော်တို့ နိုင်ငံတဝန်း မူးယစ်ဆေးဝါးကြောင့် လူ ၂၅၀၀၀ သေဆုံးမှု နဲ့ မိသားစုတွေကို ဖျက်ဆီးခြင်း ကနေ ကာကွယ် ပေးတယ်” ဆိုပြီး လှေတွေကို တိုက်ခိုက်မှု အ‌ပေါ် ကာကွယ် ပြောဆိုခဲ့ပါတယ်။

    အမေရိကန်ဟာ မြေပြင်မှာ တိုက်ခိုက်မှု ရှိမရှိ သတင်းဌာနက မေးမြန်းရာ ထရမ့်က “ကျွန်တော် အဲဒါကို လုပ်မယ်လို့ ပြောဖို့ ဆန္ဒမရှိဘူး… ကျွန်တော် ဘာလုပ်မယ် ဆိုတာ ဗင်နီဇွဲလားကို မပြောဘူး၊ လုပ်မှာလား၊ မလုပ်ဘူးလားဆိုတာ” ဆိုပြီး ပြောဆိုပေမယ့် ဖြစ်နိုင်ခြေကို ပယ်ချခြင်း မရှိခဲ့ပါ။

    ကိုလံဘီယာ သမ္မတ Gustavo Petro က ကာရေဘီယံက လှေတွေ တိုက်ခိုက်ခံရတာ ရပ်တန့်တဲ့ အထိ အမေရိကန် အေဂျင်စီတွေနဲ့ ထောက်လှမ်းရေး အချက်အလက် မျှဝေတာကို ရပ်ဆိုင်းဖို့ သူတို့ရဲ့ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေကို အင်္ဂါနေ့က အမိန့်ပေး ခဲ့ ပါတယ်။