Author: Admin-501

  • လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်

    လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်

    လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်နိုင်ဟု KNU သတင်းရင်း မြစ်ပြော ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။ ထိုင်း – မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNU ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ ရက်မြောက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ စခန်းကိုသိမ်းလိုက်ပြီးနောက် ယနေ့ ည ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်နိုင် သည်ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” အခြေအနေက ထောက်ကြည့်တော့ သေချာတော့ သေချာပြီတဲ့။…

  • တိုက်ပွဲပြင်းထန်နေ​သောကျောက်ဖြူသို့ တရုတ်လုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ

    တိုက်ပွဲပြင်းထန်နေ​သောကျောက်ဖြူသို့ တရုတ်လုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ

    ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်‌နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျောက်ဖြူ‌လေဆိပ်သို့ ဆိုက်သည့် ခရီးသည်တင်လေယာဉ်နှင့်အတူ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး လိုက်ပါလာခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။ “အဲ့ဒီနေ့က အယောက်အစိတ်ပါတယ်။ ဒီရက်ထဲတင် ရောက်လာတာ ၅၀ ရှိနေပါပြီ။ တရုတ်လုံခြုံရေး‌ရဲတွေပါ။စီမံကိန်း‌တွေဆီ တန်းသွားပါတယ်”ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။ ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်‌တော်(AA) ဖေဖော်ဝါရီလ ၂၁ ရက်တွင် စတင်တိုက်ခိုက်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ဦးကင်းရွာ၊ ရှောက်ချောင်းရွာတို့တွင် မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုများပြုလုပ်နေသည်။ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ တရုတ်နှင့် စစ်ကောင်စီသည် အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီကို ၂၀၂၄ နိုဝင်လာလတွင် တည်ထောင်ပြီးနောက် ကျောက်ဖြူမြို့ရှိ…

  • မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်

    မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်

    မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲကာ မီးရှို့ဖျက်ဆီးနေ မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးနေကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြင်းခြံမြို့မှ အကြမ်းဖက် စစ်တပ်နှင့် သီတာယုမွန် ဦးဆောင်သော ပျူစောထီးများက မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လ ၁ ရက်နေ့တွင် ယင်းစစ်ကြောင်းနှင့်…

  • လှိုင်သာယာနှင့် တောင်ဒဂုံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်း

    လှိုင်သာယာနှင့် တောင်ဒဂုံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်း

    ရန်ကုန်၊ လှိုင်သာယာမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ အဖွဲ့ဟာ ပြည်သူတွေကို လူမိုက်တွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်၊ စစ်မှုထမ်းခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ဇွန်ကို(ခ) ဂျွန်ကိုဟာ နယ်ခံလူမိုက်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီစစ်မှုထမ်းဖို့ အဓမ္မစစ်သား စုဆောင်းပေးနေတဲ့အပြင် ရဲသတင်းပေးအဖြစ် လုပ်‌ကိုင်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “အခု အုပ်ကြီးက အရင်အုပ်ကြီး ညွန့်တင်ရဲ့ တပည့်ပါပဲ။ ညွန့်တင်တုန်းကလည်း စစ်တပ်အမာခံ၊ မြေတွေ သိမ်း၊ စစ်တပ်သတင်းပေးပါ။ ၅ ရပ်ကွက် အခုအုပ်ကြီးက ဇွန်ကို။ သူ့ကြောင့် လူငယ်တွေ ထွက်ပြေးရတာ မနည်းဘူး။” အရင်အရပ်သားအစိုးရလက်ထက်က ထောင်ကျဖူးတဲ့ သီဟမျိုးနိုင်(ခ)နိုင်ဒဂုံဟာ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို…

  • လှိုင်သာယာ FMI အိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်…

    လှိုင်သာယာ FMI အိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်…

    ကိုဖြိုး(အမည်လွှဲ)သည် ဘုရင့်နောင်တံတားအဆင်းရှိ လှိုင်သာယာOceanဈေးဝယ်စင်တာတွင် မိမိအလုပ်လျှောက်ထားသော အလုပ်၏ မန်နေဂျာနှင့်တွေ့ရန် စောင့်နေလေသည်။ ဗိုလ်ချုပ်မှတ်တိုင်အနားရှိ Oceanဈေးဝယ်စင်တာတွင် သူရောက်ရှိနေပြီဖြစ်ကြောင်းကို မန်နေဂျာဆိုသူ၏ ဖုန်းနံပါတ်သို့ စာပို့၍အကြောင်းကြားလိုက်ရာ ချက်ခြင်းပင် “အိုးရှင်းရှေ့ရှိ ထွက်ပေါက်အနားရှိ ရပ်ထားသော အာရာဖတ်ကားအမည်းပေါ်သို့ တက်လာခဲ့ရန်” စာပြန်လေသည်။ အလုပ်အကိုင်ရှားပါးမှု့နှင့် စစ်မှု့ထမ်းဥပဒေကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသူ ကိုဖြိုးအနေဖြင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဂရုတွင် ချိတ်ဆက်မိသော ထိုအလုပ်ကို များစွာမသင်္ကာသော်လည်း ဝမ်းရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခုရရှိရန် အရေးကြီးနေသောကြောင့် ဆက်သွယ်ပြီး အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်လေသည်။ “ကျွန်တော်က ပထမတော့ ကျားဖျန့်လုပ်တဲ့ အလုပ်ထင်နေတာ၊ ကျားဖြန့်လည်း မဆိုးပါဘူးပေါ့၊ သူက တစ်လကို ဆယ့်ငါးသိန်းအောက်ထစ်ရမယ်ပြောတာကိုး၊ ထပ်ပြီးတော့ ကြိုးစားရင် ကြိုးစားသလောက် Bonusလည်းရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးဆိုပြီးတော့ လာခဲ့လိုက်တာ” ဟု ပြောသည်။ ထို့နောက်…