Author: Admin-501
-

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ
သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆လက် ဒရုန်း၁စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အောက်တိုဘာလ ၂၇ ရက်၊ မနေ့က နွားထိုးကြီးမြို့နယ်အနောက်ဘက် တစ်နေရာမှာ တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင်နေချိန် အဆိုပါဒရုန်းကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ ဒရုန်းဟာ Multi ၆လက် တိုက်ခိုက်ရေးဒရုန်းအမျိုးအစားဖြစ်ပြီး စစ်ကြောင်းဝင်ရောက်လာချိန် လွှတ်တင်ရင်း ချို့ယွင်းမှုတွေကြောင့် ပျက်ကျ ကျန်နေခဲ့တာလည်း ဖြစ်ပါတယ်။ “ကျနော်တို့ဘက်ကို ဒရုန်းချရင်း Battery ကုန်ပြီး ပျက်ကျတာမျိုးပါ။ မနေ့က ရှင်းလင်းရေးလုပ်ရင်း သိမ်းဆည်းရမိခဲ့တာပါ။…
-

မဟော်သဓာ ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီက အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့က မဟော်သဓာ အခမဲ့ကိုယ်ပိုင်စာသင်ကျောင်းကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၇ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်မှု မရှိဘူးလို့ တောင်ကုတ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “မနေ့ညနေပိုင်းမှာ စစ်ကောင်စီက တောင်ကုတ်မြို့က မဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ကြဲချသွားတာ ရှိတယ်။ ကျောင်းက ပိတ်ထားတာဆိုတော့ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းဆောင်ကတော့ အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို နားလည်လို့ကို…
-
ပန်းတောင်းတပ်နယ်ကို စစ်ကောင်စီက စစ်အင်အားနှင့် ဒရုန်းများ ဆက်တိုက်ပို့နေ
စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းတပ်နယ်ကို စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်စလို့ စစ်ကူအင်အားနဲ့ ဒရုန်းလက်နက်တွေကို လေယာဥ်နဲ့ ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ တပ်မ ၇၇ အပါအဝင် တိုက်ခိုက်ရေးတပ်တချို့နဲ့ ဒရုန်းတပ်တွေကို တောင်ငူလေတပ်စခန်းမှာ စုစည်းကာ အသုတ်လိုက်ခွဲ ပို့ဆောင်နေပြီး အကြာင်းအရင်းက ကပစ ၁၆ လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်လာလို့ အခုလိုလုပ်ဆောင်နေတာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။ “AA ရဲ့ ထိုးစစ်က ကပစ ၁၆ ကို ဦးတည်လာပြီ။ ကပစ ၁၆ ကျရင် တပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်တော့မှာ သိတဲ့အတွက် ထိုးစစ်အတွက်မဟုတ်ဘူး၊ ခံစစ်အတွက် ကြိုပြင်တဲ့သဘော၊ လက်ရှိ ကပစ ၁၆…
-
(၆၆၆)ပွိုင့်ကုန်းကိုထိုးစစ်ဆင်နေသည့် စစ်ကောင်စီစစ်ကြောင်း အောင်မြင်မှုမရသည့်အပြင် ကြားစခန်းတစ်ခုကိုပါ လက်လွှတ်လိုက်ရ
(ကပစ (၁၆) နှင့် ၂ မိုင်ကျော်ခန့်ကိုတိုက်ပွဲရောက်ရှိလာ) အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာအနီးရှိ(၆၆၆) ပွိုင့်ကုန်းကိုအကြမ်းဖက်စစ်တပ်မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ အောင်မြင်မှုမရသည့်အပြင် လူနှင့် ရိက္ခာထောက်ပို့ လုပ်နေသည့် စစ်တပ်ကြားစခန်းတစ်ခုကိုပါ လက်လွှတ်လိုက်ရသည်ဟု သတင်း ရရှိသည်။ “ စစ်တပ်က တောင်ကုတ်-ဉသျှစ်ပင် ရိုးတောင်ကျော်လမ်းအနီးရှိ AA က သိမ်းပိုက်ထားတဲ့ ပွိုင့်ခြောက်သုံးလုံး စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်တယ်။အောင်မြင်မူမရတဲ့အပြင် ကြားစခန်းတစ်ခုပါ AAဆီမှာထပ်မံသိမ်းပိုက်ခံလိုက်ရပါတယ်”ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ စစ်ကောင်စီပွိုင့် (၆၆၆) စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းသည် အကျဆုံးများကာ နောက်ဆုတ်ရာမှ AA က လိုက်လံချေမှုန်းတိုက်ခိုက်စဉ်၎င်းကြားစခန်းငယ်တစ်ခုထပ်မံသိမ်းပိုက်ခံလိုက်ရသည်ဟု၎င်းက ဆက်လက်ပြောဆိုသည်။ ” အဲဒီစစ်ကြောင်းက တပ်လှန်ကျပြီးနောက်သွားတာကိုAA က ကြားဖြတ်လိုက်လံချေမှုန်းတာ။တိုက်ရင်းနဲ့အဲဒီတိုက်ပွဲက အနီးအနားကရိက္ခာတွေထောက်ပို့လုပ်တဲ့…
-

ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း
“ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း” ပြည်သူ့ပါတီကလည်း အမတ်မဖြစ်သေးဘူး စတင်ခွက်ခေါက် အလှူခံနေရပြီ။ ရွေးကောက်ပွဲအသုံးစရိတ်တောင် လုံလုံ လောက်မရှိဘဲ ပြည်သူအားကိုးရမယ့်လူကို ပြည်သူက အရင် ကယ်တင်စောင်”မ”ပေးရမလိုဖြစ်နေပြီ။ လှူရင် လှူကြ မလှူရင် အမတ်ဖြစ်သွားရင် ဘာမှလုပ်မလောက်ဘူးဆိုတဲ့အထာ။ ရွေးကောက်ပွဲကြီးတခုလုံးတောင် အားကြိုးမာန်တက် ဝင်ပြိုင်နေပြီပဲ။ သိန်း ၃၀၀ လောက်တော့ အလှူခံစရာမလိုဘဲ စွမ်းစွမ်းတမံလုပ်ပြလေ။ ဒီလိုအလှူခံနေတာကို သိရင် စစ်ကော်မရှင်ရဲ့ ရွေးကောက် ပွဲကော်မရှင်သိရင်တော့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူခံရအောင်လို့ ဖော်ထုတ်ပေးလိုက် တယ်နော်။ ကိုကိုကြီးရေ နင့်ကိုယ်စားလှယ် နင်ထိန်းဦး ဒီမိုကရေစီ ရ မရတော့ မသေချာဘူး ဒုက္ခတော့ Friend Only နဲ့ စပေးနေပြီဟဲ့။ စစ်လော်ဘီ…