Author: Admin-501

  • လားရှိုးမြို့ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်နေ

    လားရှိုးမြို့ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်နေ

    30 Jan 2026 By Poesangle/ MPA

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော် ဦးကေသရကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆရာတော်ကို သတ်ဖြတ်ခဲ့သည့် အထက (၆) မှ ခုနှစ်တန်းကျောင်းသားနှစ်ဦးကို ဖမ်းမိခဲ့သော်လည်း၊ ရဲတပ်ဖွဲ့ဘက်မှ အမှုနှင့်ပတ်သက်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်းမရှိဘဲ အမှုပိတ်ရန်သာ ပြင်ဆင်နေကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဉ် မဖြစ်ပွားမီ သုံးရက်အလိုက ခုနှစ်တန်းကျောင်းသားနှစ်ဦးသည် မဟာ‌ဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကိုရန်ရှာမှုပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်မှုကြောင့် ဆရာတော်က လေးဂွဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့မှုကို ရန်ငြိုးထားပြီး ဇန်နဝါရီ ၂၈ရက်တွင် သတ်ဖြတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက MPA သို့ပြောသည်။

    “ဘုန်းဘုန်း အသတ်မခံရခင် သုံးရက်အလိုမှာ ကျောင်းသားနှစ်ယောက်က လာရန်ရှာလို့ ဘုန်းကြီးက ပြန်ခိုင်းတယ်။ သူတို့ကမပြန်ဘဲ ပြဿနာရှာနေလို့ ဘုန်းကြီးက လေးဂွနဲ့လှမ်းပြီး ခြိမ်းခြောက်ခဲ့တာ။ အဲဒီမှာ တစ်ယောက်ကို ထိသွားတော့ မကျေနပ်တဲ့သဘောနဲ့ လာသတ်တာလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီကလေးနှစ်ယောက် ဖုန်းမေ့ကျန်ခဲ့လို့ အဲဒီကနေတစ်ဆင့် လိုက်ဖမ်းတာ။ သူတို့က ငါးယောက်တောင်ရှိတယ်။ ဘုန်းဘုန်းကို လုပ်ကြံဖို့ ကိစ္စတွေ တိုင်ပင်ထားကြတာကိုလည်း သိရတယ်” ဟု ၎င်းက ဆိုပါသည်။

    ဆရာတော် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကိုယ်တိုင် တရားခံ၏ လက်ကိုင်ဖုန်းနှင့် အထောက်အထားများစွာ ရရှိထားသော်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

    ဆရာတော်နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ အဆိုပါ ခုနှစ်တန်းကျောင်းသားနှစ်ဦးသည် မုန့်ဟင်းခါးတစ်ပွဲ၊ တစ်ထောင်တန် သုံးရွက်နှင့် သပြေပန်းခြောက်တစ်စည်း ယူလာပြီး ဆရာတော်ကို ဆွမ်းကပ်ချင်သည်ဟုဆိုကာ ပရိယာယ်ဖြင့် ကျောင်းပေါ်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ကျောင်းပေါ်ရောက်ပြီး ခဏအကြာတွင် ဆရာတော်၏ ဝမ်းဗိုက်ကို ဓားဒဏ်ရာ ၁၂ ချက်နှင့် ဦးခေါင်းငယ်ထိပ်တွင် တူဖြင့် ထုနှက်ခံထားရသော ဒဏ်ရာများဖြင့် အသက်မဲ့လျက် တွေ့ရှိခဲ့ရခြင်း ဖြစ် သည်။

    “အဲဒီအချိန်မှာ သူတို့နှစ်ယောက်ကလွဲလို့ တခြားဘယ်သူမှ ကျောင်းပေါ်ကို မလာသေးပါဘူး။ ပြီးတော့ တရားခံတွေရဲ့ ဖုန်းကိုလည်း သက်သေအဖြစ် သိမ်းဆည်းရမိထားသလို ရဲတပ်ဖွဲ့ကိုယ်တိုင်လည်း ဒါကို တွေ့ရှိထားတာပါ။ ဒါပေမဲ့ ဒီနေ့အထိ ရဲဘက်က ဘာမှ ထူးခြားမှုမရှိဘဲ အမှုက ငြိမ်နေပါတယ်။ ဒီအကြောင်းကို သိတဲ့သူတွေ ရှိပေမဲ့လည်း ဘယ်သူမှ ထုတ်မပြောကြပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်ပါတယ် ” ဟု ၎င်းက ပြောသည်။

    အသက်မပြည့်သေးသည့် ကျောင်းသားငယ်များဖြစ်သော်လည်း အပြစ်မဲ့သည့် သံဃာတော်တစ်ပါးကို သတ်ဖြတ်ခဲ့သည့်အတွက် ထိုက်သင့်သည့် ပြစ်ဒဏ်ပေးသင့်ကြောင်း လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

    “ကျွန်တော့်အမြင်တော့ အရေးယူစေချင်တယ်။ အရေးမယူရင် လူငယ်တွေက စိတ်ကြိုက်လုပ်ကုန်ကြတော့မယ်။ ငါတို့က အသက်မပြည့်လို့ အပြစ်မယူခံရဘူး ဆိုတဲ့ အတွေးနဲ့ နောက်ထပ်လုပ်နေဦးမှာပဲ။ ဘုရားအရိပ်ခိုနေတဲ့ ဘုန်းကြီးကိုတောင် လုပ်ရဲတယ်ဆိုရင် ကျန်တဲ့သူတွေအတွက် လုံခြုံရေးက ဘာမှ အာမမခံနိုင်ဘူး” ဟု ၎င်းက ပြောသည်။

    လက်ရှိ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဆိုင်ကယ်လုယက်မှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး လက်နက်ကိုင်ဆောင်မှုများ လွယ်ကူနေခြင်းကြောင့် ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။

    ဓာတ်ပုံ-ပေးပို့

    စာတည်း-ကိုဆန်း

  • ရှောတိုက်ဒုံးကြောင့် စစ်ဆေးရုံမှာမနိုင်တော့လို့ နိုင်ငံခြားပို့ပြီးကုရမယ့်အထဲမှာ မအလပါသွားပြီလား…

    ရှောတိုက်ဒုံးကြောင့် စစ်ဆေးရုံမှာမနိုင်တော့လို့ နိုင်ငံခြားပို့ပြီးကုရမယ့်အထဲမှာ မအလပါသွားပြီလား…

  • ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင် ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး လည်စေ့ကို အထိုးခံရလို့ နေရာတင်သေဆုံး

    ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင် ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး လည်စေ့ကို အထိုးခံရလို့ နေရာတင်သေဆုံး

    ၂၈. ၁. ၂၀၂၆
    ရိုက်ကူး / တည်းဖြတ် – Thiri

    ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင်ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး သေဆုံးရတဲ့ဖြစ်စဉ် ရွှေပြည်သာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

    ကျောင်းမုန့်စားဆင်းချိန် စုဖွဲ့ကစားကြရာကနေ အပျော်ကနေ အပျက်ဖြစ်ရတဲ့ မတော်တဆ အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    သေဆုံးသူက အသက် ၁၃ နှစ် ၆ လအရွယ် မောင်မိုးသူရိန် Grade -7 ကျောင်းသားဖြစ်ပြီး ကျူးလွန်သူက အဖွဲ့လိုက်ကျူးလွန်သူတွေထဲကမှ လက်သီးနဲ့ထိုးကြိတ်သူ Grade -8 ကျောင်းသားတစ်ဦးကို သက်ဆိုင်ရာက မနေ့က ညကတည်းက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    မောင်သူရိန်ရဲ့ မိခင်က “ကျွန်မတို့ကို ကျောင်းက ဘောလုံးကန်ရင်း အမောဖောက်လဲကျတယ်ပြောတော့ ဒီအတိုင်းပဲ ယုံကြည်ထားတာပါ။ ဆေးရုံက ရင်ခွဲစစ်တော့ နှလုံးကကောင်းတယ်။ လည်စေ့ ပြုတ်သွားတာပါ။ နားထင်ညိုနေတယ်။ နှာခေါင်းက သွေးထွက်ထားတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

    အုပ်စုဖွဲ့ အနိုင်ကျင့်ရာက ဖြစ်ပွားတဲ့ ဖြစ်စဉ်ပေမယ့် ဆရာ ဆရာမတွေက မိဘတွေကို ဖြစ်စဉ်အမှန် ချက်ချင်းမပြောပြသလို ကျောင်းသားကျောင်းသူတွေကိုလည်း စကားတွေ မချဲ့ကားဖို့ အခင်းဖြစ်ပွားတဲ့နေ့ကတည်းက နှုတ်ပိတ်ခဲ့ပြီး Video ဖြန့်ဝေတဲ့ ကလေးရဲ့ အခွင့်အရေးကာကွယ်ပေးနိုင်ဖို့လည်း လိုအပ်နေတဲ့အခြေအနေလို့ သေဆုံးသူမောင်မိုးသူရိန်ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

    လက်ရှိမှာတော့ ထိုးကြိတ်ခဲ့တဲ့ကလေးတစ်ဦးသာ ထိန်းသိမ်းခံထားရပြီး ဝိုင်းဝန်းချုပ်နှောင်ပေးသူတွေကိုတော့ ဖော်ထုတ်လာခြင်း မရှိသေးပါဘူး။ ထိုးကြိတ်ရတဲ့ အကြောင်းအရင်းကလည်း ရေရာသေချာမှုမရှိဘဲ ထိုးမလား လိုက်ခဲ့ ဆိုတာနဲ့ လိုက်သွားပြီး ဖြစ်ပွားတဲ့ ဖြစ်စဉ်လို့ပဲ မောင်မိုးသူရိန်ရဲ့ သူငယ်ချင်းတွေထံကနေ စုံစမ်း သိရှိရပြန်ပါတယ်။

    ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင်ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦးသေဆုံးရတဲ့ဖြစ်စဉ် ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

    ဖြစ်စဥ်က ကျောင်းမုန့်စားဆင်းချိန် စုဖွဲ့ကစားကြရာကနေ အပျော်ကနေ အပျက်ဖြစ်ရတဲ့ မတော်တဆအခြေအနေတစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူက အသက် ၁၃ နှစ် ၆ လအရွယ် မောင်မိုးသူရိန် Grade -7 ကျောင်းသားဖြစ်ပြီးကျူးလွန်သူက အဖွဲ့လိုက်ကျူးလွန်သူတွေထဲကမှ လက်သီးနဲ့ထိုးကြိတ်သူ Grade -8 ကျောင်းသားတစ်ဦးကို သက်ဆိုင်ရာက မနေ့က ညကတည်းက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ရုပ်သံထဲမှာလည်း လဲကျနေတဲ့ကျောင်းသားငယ်တစ်ဦးကို ကျောင်းသားအများအပြားက ဝိုင်းထားပြီး “တစ်ချက်တည်းထိုးတာကို ဖြစ်နေတယ်”လို့ ပြောနေတာ တွေ့မြင်ရပါတယ်။

    မောင်မိုးသူရိန်ရဲ့ မိခင်က “ကျွန်မတို့ကို ကျောင်းက ဘောလုံးကန်ရင်း အမောဖောက်လဲကျတယ်ပြောတော့ ဒီအတိုင်းပဲ ယုံကြည်ထားတာပါ။ ဆေးရုံက ရင်ခွဲစစ်တော့ နှလုံးကကောင်းတယ်။ လည်စေ့ပြုတ်သွားတာပါ။ နားထင်ညိုနေတယ်။ နှာခေါင်းက သွေးထွက်ထားတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

    ‌သေဆုံးသူ မောင်မိုးသူရိန်က ရွှေပြည်သာမြို့နယ်၊ သံဒင်း (၂၀) ရပ်ကွက်မှာနေထိုင်ပြီး တစ်ဦးတည်းသောသား‌လည်း ဖြစ်ပါတယ်။ မိခင်၊ ဖခင်က လက်လုပ်လက်စားပေမယ့် သားကို ကျောင်းကောင်းကောင်း ထားချင်တာမို့ ရပ်ကွက်အတွင်း အလယ်တန်းကျောင်းကနေ မနှစ်က Grade – 6 တက်ရောက်ချိန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေပြည်သာ မြို့နယ်ကို ပြောင်းရွှေ့ထားခဲ့တာဖြစ်ပါတယ်။

    MT News က ဆက်သွယ်ခဲ့တဲ့ နေ့လယ်

  • နေပြည်တော်သို့ ဖျော်ဖြေရန်သွားသည့် ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်ပြီး ၇ ဦး သေဆုံး

    နေပြည်တော်သို့ ဖျော်ဖြေရန်သွားသည့် ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်ပြီး ၇ ဦး သေဆုံး

    001

    မဇ္ဈိမ။ ။ ‘ဇော်လေးနိုင်’ ဇာတ်သဘင်အဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တိမ်းမှောက်မှု အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားငါးဦး စုစုပေါင်း ခုနစ်ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် မွန်မြတ်သူ လူမှုကူညီရေးအသင်းက ယနေ့ (ဇန်နဝါရီ ၂၉) နံနက်ပိုင်းက အတည်ပြု ပြောသည်။

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ နေပြည်တော် ၊ တပ်ကုန်းမြို့သို့ ဖျော်ဖြေရန်သွားသည့် ‘ဇော်လေးနိုင်’ ဇာတ်သဘင်အဖွဲ့ယာဉ်သည် တောင်ညိုလမ်းတွင် ယမန်နေ့(ဇန်နဝါရီ ၂၈) ညနေ ၅ နာရီခွဲဝန်းကျင်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    လူ ၂၇ ဦးလိုက်ပါလာသည့် အဆိုပါ ဇာတ်သဘင်အဖွဲ့၏ယာဉ်မှာ တောင်ညိုလမ်း ၃၈ မိုင် ၄ ဖာလုံ တောင်ပေါ်ကွေ့လမ်း အဆင်းတွင် ချောက်ထဲပြုတ်ကျတိမ်းမှောက်ခဲ့ခြင်းဟု မွန်မြတ်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ယခုလို ပြောသည်။

    “(ထိခိုက်ဒဏ်ရာရတာ) အကုန်လုံးရတယ်။ ၂၇ ဦးပါတာ ၂၀ ထိခိုက်ဒဏ်ရာရတယ်။ ခုနစ်ဦး သေဆုံး၊ (ဒဏ်ရာရတဲ့သူအခြေအနေ) စိုးရိမ်ရတဲ့သူလည်းပါတယ်။ မစိုးရိမ်ရတဲ့လူလည်းပါတယ်။ (ကယ်ဆယ်ရေး) ပြီးပြီ။ ကားကိုတင်ဖို့လုပ်နေတယ်” ဟု ဆိုသည်။

    လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ နေပြည်တော်ကုတင် – ၁,၀၀၀ ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း အဆိုပါ ဇာတ်သဘင်အဖွဲ့နှင့် နီးစပ်သူအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

    အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး စိတ်ထိခိုက်ကြေကွဲရကြောင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး- ဗဟိုကလည်း ယမန်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

  • “မဲလိမ်လို့ရလား” ဆိုပြီး ပြည်သူတွေကို လိုက်မေးခဲ့သည့် စစ်ခေါင်းဆောင် ဝေဖန်ခံနေရ

    “မဲလိမ်လို့ရလား” ဆိုပြီး ပြည်သူတွေကို လိုက်မေးခဲ့သည့် စစ်ခေါင်းဆောင် ဝေဖန်ခံနေရ

    27 Jan 2026 By Sayar Ngaat / MPA

    ရွေးကောက်ပွဲ နောက်ဆုံးရက်များတွင် မဲရုံများကို လိုက်လံကြည့်ရှုခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲလာပေးသည့် ပြည်သူများကို “မဲလိမ်လို့ရမယ် ထင်လား” ဆိုပြီး လိုက်လံမေးမြန်းနေသည့် လုပ်ရပ်အပေါ် ဝေဖန်မှုများ ရှိလာသည်။

    ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဆိုသည့် အကြောင်းပြချက်နှင့် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်သည် ယခု ၎င်းကိုယ်တိုင် ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲတွင်မူ မဲလိမ်သည်ဆိုသည့် တံဆိပ်အကပ်ခံရမှာကို စိုးရိမ်နေပုံရသည်ဟု လူပြောများနေခြင်း ဖြစ်သည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၃) မဲပေးမှုပြုလုပ်ချိန်တွင် စစ်ခေါင်းဆောင်သည် မဲရုံများအတွင်း လှည့်လည်ကြည့်ရှုရင်း မဲလာပေးသူများကို “မဲလိမ်လို့ရမယ် ထင်လား” ၊ “မဲစာရင်းတွေ မှားနိုင်လား” ဆိုသည့် မေးခွန်းများကို တိုက်ရိုက်လိုက်လံ မေးမြန်းခဲ့ခြင်းဖြစ်ပြီး ယခင် အတိတ်ကာလက မဲပေးရသည့် ပုံစံနှင့် ယခုပေးရသည့် ပုံစံများ ကွာခြားမှုကို တိုင်းတာမေးမြန်းခဲ့ခြင်းဖြစ်သည်။

    ထိုသို့ မေးမြန်းမှုများသည် မဲပေးသူများအပေါ် ဖိအားပေးရာ ရောက်သလို ၎င်း၏ စိတ်မလုံခြုံမှုကိုလည်း ဖော်ပြနေသည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။

    “သူက အပေါက်ဝကနေ မေးနေတော့ စိတ်မလုံခြုံမှုတွေဖြစ်တာပဲ။ စက်နဲ့ မဲပေးရတယ်ဆိုပေမဲ့ လုပ်ချင်ရင် လုပ်လို့ရတာတွေအများကြီးပဲလေ။ အရင်က မဲပေးမှုတွေကို ပြန်ပြီး ခေါ်ပြီး အခု သူ့အာဏာသိမ်းလက်ထက်မှာ သေချာလုပ်ထားပါတယ်။ ပြည်သူတွေကလည်း ယုံကြည်မှုရှိပါတယ်ဆိုတဲ့ အချက်ကို ပြချင်နေပုံပေါ်တဲ့ လုပ်ရပ်လို့မြင်ပါတယ်။ ကြိုတင်မဲကိစ္စတွေပဲကြည့်လေ။ ဘယ်က ပိုလာတဲ့မဲတွေလဲဆိုတာ အခုဝင်ပြိုင်နေတဲ့ အမတ်လောင်းဆိုသူတွေပဲ ပြန်ပြီး မေးခွန်းထုတ်နေရတာ။ စက်တွေ၊ လူတွေနဲ့ မဆိုင်ပါဘူး။ သူကိုယ်တိုင် စိုးရိမ်နေပုံပေါ်တယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက MPA ကို ရှင်းပြသည်။

    အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း “သူတို့ကိုက မဲလိမ်မဲ့သူတွေဆိုတော့ မလုံမလဲဖြစ်နေပုံပေါ်တယ်” ဟု မှတ်ချက်ပေး ပြောဆိုသည်။

    ဒါ့အပြင် စစ်ခေါင်းဆောင်၏ လုပ်ရပ်သည် အများပြည်သူရှေ့တွင် ၎င်းကျင်းပသည့် ရွေးကောက်ပွဲမှာ သန့်ရှင်းပါသည်ဟု ပြချင်တာကြောင့် ဖြစ်နိုင်သလို၊ တကယ်တမ်းတွင်မူ မြေပြင်မှ အခြေအနေမှန်များကို စိုးရိမ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

    “အဓိကက သူတို့ထုတ်ပြန်လာတဲ့ ဗီဒီယိုကြည့်တာနဲ့ သိပါတယ်။ သူတို့က ဘယ်သူဖိအားပေးလဲ မေးနေပေမဲ့ လက်ရှိမှာ နီးရာဓားကို ကြောက်ရတဲ့ ပုံစံပါပဲ။ မဲပေးတဲ့ ပြည်သူတွေက တကယ့်စိတ်ရင်းနဲ့ ပြောနေတယ်ဆိုရင်တောင် ဒါက အခု ရွေးကောက်ပွဲတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး” ဟု ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောကြားသည်။

    အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်သည့် ဤရွေးကောက်ပွဲသည် နိုင်ငံတကာနှင့် ပြည်တွင်းကပါ အသိအမှတ်မပြုမှုများ ကြုံတွေ့နေရသည့်ကြားမှ ယခုကဲ့သို့ ထူးထူးဆန်းဆန်း မေးခွန်းများကြောင့် ပို၍ လူပြောများစရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

    လက်ရှိတွင် စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုးစားနေသော်လည်း မြေပြင်တွင်မူ တိုက်ပွဲများနှင့် လုံခြုံရေး စိုးရိမ်ရမှုများကြောင့် မဲမပေးသည့် နေရာအတော်များများ ရှိနေသည်။

    ဓာတ်ပုံ-Myawady