Author: Admin-501

  • KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့

    KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့

    KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့ စျေးကွက်တွင် ဒေါ်လာ ၁ သိန်းမှ ၁ သန်းအထိ စျေးရ

    အောက်တိုဘာလမှစတင်ပြီး မြန်မာစစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ နာမည်ဆိုးနှင့် ကမ္ဘာကျော်သော KK Park ကျားဖြန့်ဝင်းအား စီးနင်းဖောက်ခွဲဖျက်ဆီးနေရာ ထွက်ပြေးလွတ်မြောက်လာ သူများစွာရှိသလို ပြန်လည်ရှင်းလင်းပြောပြမှုများအရ ထိုဝင်းအတွင်းလူကိုယ်တွင်းအင်္ဂါများ ထုတ်ယူကာ မှောင်ခိုစျေးကွက်အတွင်းသို့ ရောင်းချရာတွင် ခွဲစိတ်ထုတ်ယူသည့် အထူးကုဆရာဝန်များ၊ ဆေးရုံအဆောင်များရှိခဲ့သည်ဟု သိရသည်။

    ယင်းကျားဖြန့်ဝင်းအတွင်း အထင်ရှားဆုံးသော လူကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းစားသည့် ကိစ္စများထဲ ဘီလာရုစ်သူ ဗဲရာကရက်ဗ်ဆိုဗာနှင့် ကင်ညာသူ ဂရေစ်မာတာတို့ကိစ္စများဖြစ်ခဲ့သည်။

    အသက် ၂၆ နှစ်ရှိပြီဖြစ်သော ငယ်ရွယ်ချောမောသည့် ဘီလာရုစ်နိုင်ငံသူ အဆိုတော်မလေး ဗဲရာသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က လစာအလွန်ကောင်းသော မော်ဒယ်လုပ်ငန်းလုပ်ရန် လိမ်ခေါ်ခံရမှု ကြောင့် ဘန်ကောက်သို့ စတင်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပင် မြန်မာနယ်စပ် ကျားဖြန့်ဝင်းသို့ ရောက်ရှိခဲ့ရကြောင်း၊ ချောမောပြီးငယ်ရွယ်သူဖြစ်သောကြောင့် ချမ်းသာသည့်နိုင်ငံတကာမှ အမျိုးသား များကို ပစ်မှတ်ထား ငွေလိမ်ရသည့်အလုပ်ကို ခိုင်းစေခံရပြီး မိခင်ဖြစ်သူသည် အောက်တိုဘာ ၄ ရက်၌သာ နောက်ဆုံးအကြိမ်အဖြစ် သမီးဖြစ်သူ ဗဲရာနှင့် အဆက်အသွယ်ရပြီးနောက် ပြန်ပေးငွေ ဒေါ်လာ ၅ သိန်းတောင်းကြပြီး မပေးနိုင်သဖြင့် ရက်ပိုင်းအကြာ၌ ကိုယ်တွင်းအင်္ဂါထုတ်ယူကာ ရောင်းစားလိုက်ပြီး အလောင်းကို မီးရှို့လိုက်ပြီဟု မက်ဆေ့ချ်ပို့လာခဲ့ သည်ဟု သိရသည်။

    ကင်ညာသူ ဂရေ့စ်မာတာသည်လည်း ၂၂ နှစ်သာရှိသေးကာ ချောမောလှပသူဖြစ် ပြီး KK Park သို့ရောက်အပြီး ၄ လအကြာတွင် ကိုယ်တွင်းအင်္ဂါများ ထုတ်ယူခံရကာ ထိုင်းဘက်ခြမ်း သို့ သတိလစ်ပြီး ပြင်းထန်စွာဖျားနားပြီးရောက်ရှိလာသူဖြစ်သည်။

    မဲဆောက်တွင် အခြေစိုက်ကာ ကျားဖြန့် ဓားစာခံများနှင့် လူမှောင်ခိုကူးခံရသူများကို ကူညီကယ်ဆယ်ရေးလုပ်နေသည့် Global Alms အဖွဲ့မှ စီအီးအို Mechelle Moore က ဂရေ့စ်မတာသည် KK Park ဆေးရုံတွင် တရားမဝင် ကိုယ်တွင်းအင်္ဂါ ထုတ်ယူခံရပြီး မဲဆောက်သို့ သတိလစ်ရောက်ရှိလာကြောင်း၊ မိသားစုနှင့် တွေ့ဆုံနိုင်ရန် ဆက်သွယ်ပေး ပြီး အသက်ဆက်နိုင်ရေး အသက်ကူကိရိယာများ တပ်ဆင်ထားရှိပေးသော်လည်း မည်သို့မျှ မရှင်သန် နိုင်တော့သဖြင့် အသက်ကူကိရိယာများကို သူမကိုယ်တိုင် ဖြုတ်ခဲ့ရသည်ဟု ပူလစ်ဇာစင်တာသို့ ပြော ကြားသွားခဲ့သည်။

    အသက် ၂၄ နှစ်အရွယ် ဆိုက်ဘေးရီးယားသူ ဒါရှီနီမာအိုချာနီမာယီကာကိုလည်း KK Park ကျားဖြန့်ဝင်းထဲ၌ပင် ကိုယ်တွင်းအင်္ဂါများ ထုတ်ယူရောင်းစားရန် စီစဉ်ခဲ့သေးသော် လည်း ထိုင်းရှိ ရုရှားသံအမတ်ကြီး တိုမီခင်ကိုယ်တိုင် ကြားဝင်စေ့စပ်ရာမှ အောင်မြင်စွာ ကယ်ထုတ်နိုင် ခဲ့သည့် မှတ်တမ်းလည်း ရှိသည်။

    ယခုနောက်ဆုံး KK Park ကျားဖြန့်ငရဲခန်းမှ လွတ်မြောက်လာသည့် ရုရှားသူ ကေစီနာပန်တီလီဗာက မိမိ သည်လည်း ထိုင်းတွင် ဘာသာပြန်အလုပ်ဟု လိမ်ခေါ်ခံရပြီး လက်နက်ကိုင်စစ်သားများက သောင်ရင်း မြစ်ကို ဖြတ်ကျော်ခိုင်းပြီး KK Park သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ KK Park မှ ၂ မိနစ်သွားစာ အကွာအဝေး၌ ရှိသည့် Paulin ဟုခေါ်သော အဆောင်တွင် အလုပ်လုပ်ရကြောင်း၊ ထိုအဆောင်မှာ လူများကို ရိုက်နှက် နှိပ်စက်သည့်အဆောင်ဖြစ်ကာ လိမ်လည်မှုအလုပ် ကောင်းစွာမလုပ်နိုင်သူများအား ပို့ဆောင်နှိပ်စက် ရာအဆောင်ဖြစ်ကာ ထိုသို့ နှိပ်စက်သည့်တိုင်း ထပ်မသုံးမဝင်နိုင်တော့လျှင် အနီးအနားရှိ ကိုယ်တွင်း အင်္ဂါများ ထုတ်ယူကာ မှောင်ခိုစျေးကွက်သို့ ပို့ဆောင်သည့် ခွဲစိတ်ရာ ဆေးရံဆောင်သို့ ပို့ခံရကြောင်း ပြောကြားခဲ့သည်။

    ၎င်းသည် ဘာသာပြန်မှုနှင့် လူမှုကွန်ရက်ပေါ် လိမ်လည်ပေးရမှုတွင် အသုံးကျနေသဖြင့်သာ ကံကောင်း ခဲ့ပြီး KK Park သို့ အလုပ်ဝင်ရန်နည်းမျိုးစုံဖြင့် ရောက်လာသူတိုင်းအား သွေးစစ်ခြင်းမှာ ကိုယ်တွင်း အင်္ဂါမှောင်ခိုစျေးကွက် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိမရှိ မှတ်တမ်းထားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု The Sun သို့ ပြောကြားသွားခဲ့သည်။

    နယူးယောက်တက္ကသိုလ် ဂရော့စ်မန်းဆေးပညာသင်ကျောင်း၏ ဇီ၀ကျင့်ဝတ်ဆိုင်ရာ ပါမောက္ခ ဒေါက်တာအာသာကက်ပလန်က ကိုယ်တွင်းအင်္ဂါထုတ်ယူပြီး မှောင်ခိုစျေးကွက်တွင် ရောင်းစားခြင်းမှာ လွယ်ကူသည့်လုပ်ငန်းမဟုတ်သောကြောင့် KK Park ကျားဖြန့်ဝင်းအတွင်း အထူးကုဆရာဝန်များ၊ ခွဲစိတ် ဆေးရုံအဆောင်များရှိမည်မှာ သေချာကြောင်း၊ အလွန်ခေတ်မီသော ပြင်ဆင်တည်ဆောက်မှုရှိမှသာ လုပ်နိုင်စွမ်းရှိသည့်အရာဖြစ်ကာ ထုတ်ယူခံရသူသည် ကျန်းမာပြီးငယ်ရွယ်ရမည်၊ ခွဲစိတ်မှုတွင် စောင့်ကြည့်ရသည့် ဆေးဘက်ဆိုင်ရာ ပညာရှင်များစွာ ပါဝင်ရသည်ဟု သုံးသပ်ပြောဆိုသွားသည်။

    တရုတ်နိုင်ငံသည် မြန်မာနှင့်အိမ်နီးချင်ဖြစ်နေခြင်းက ကိုယ်တွင်းအင်္ဂါမှောင်ခိုစျေးကွက်အတွက် လူကိုယ်တွင်းအင်္ဂါများကို အဆိုပါကျားဖြန့်ဝင်းများအတွင်း ထုတ်ယူပြီး ပေးပို့ရန် အချိန်မီနိုင်ကြောင်း၊ အချိန်မမီသည့် ဝေးလံမှုရှိလျှင် ကိုယ်တွင်းအင်္ဂါ အစားထိုးမှု မအောင်မြင်နိုင်ကြောင်း၊ ကမ္ဘာတွင် ကိုယ်တွင်းအင်္ဂါခွဲစိတ်လဲလှယ်ရန် လိုအပ်သူစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ လှူဒါန်းသူများထံမှ ရရှိ နိုင်သဖြင့် ကိုယ်တွင်းအင်္ဂါမှောင်ခိုစျေးကွက်ကြီးသည် အလွန်ကြီးထွားလာနေပြီး အများအားဖြင့် ဆင်းရဲလွန်သဖြင့် ဆန္ဒအလျှောက် ကိုယ်တွင်းအင်္ဂါ ထုတ်ရောင်သူက မှောင်ခိုစျေးကွက်၌ အများဆုံး ဖြစ်ကြောင်း၎င်းက ပြောသည်။

    ထို့နောက် KK Park ကျားဖြန့်ဝင်းအတွင်းမှ အဓမ္မ ကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းချသည့် လုပ်ငန်းများမှ ရရှိကြောင်း၊ မှောင်ခိုစျေးကွက်၌ ကျောက်ကပ်ကဲ့သို့သော ကိုယ်တွင်းအင်္ဂါ တစ်ခု တန်ဖိုးသည် ဒေါ်လာ ၁၀၀၀၀၀ မှ ၁၀၀၀၀၀၀ အထိ စျေးပေါက်သဖြင့် ကျားဖြန့်ကွန်ရက်များ၌ လိုအပ် သည့်ဝယ်လက်ရှိပါက ကိုက်ညီသူများထဲမှ ကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းစားခြင်းဖြစ်သည်ဟု သုံးသပ် ပြောဆိုသွားခဲ့သည်။

    ✍ကိုကလင်း

    Ref:Thesun

  • ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဗုံးကြဲလုပ်ကြံဖို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေ ကြိမ်းဝါး

    ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဗုံးကြဲလုပ်ကြံဖို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေ ကြိမ်းဝါး

    ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့ အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာတွေကို လေကြောင်းကနေဗုံးကြဲပြီး တပ်တခုလုံးကိုပါ အမြစ်ဖြတ်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ကြိမ်းဝါးနေပါတယ်။

    မြန်မာစစ်တပ် စစ်ရှုံးနေတဲ့အချိန်မျိုးတွေမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီးတွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်ဖို့ လူမှုကွန်ရက်မှာ ထွက်ပြောလေ့ရှိတဲ့ သူက ရှမ်းမြောက်မှာ အပစ်ရပ်ပေမယ့် ရခိုင်က ထိုးစစ်တွေ ဆက်ရှိနေချိန် တစ်တော့လူမှုစာမျက်နှာကနေ အခုလိုပြောဆိုလာတာပါ။

    AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဟု ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ၊ အမတ်လောင်း ဘူးလက်လှဆွေ ကြွေးကြော်

    အာရက္ခတပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ အမတ်လောင်း ဘူးလက်လှဆွေက ကြွေးကြော်ပြော ဆိုလိုက်သည်။

    နိုဝင်ဘာလ ၁၀ ရက်နေ့ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးရမည့်အချိန်မဟုတ်တော့ဘဲ အပြတ်ချရမည်ဖြစ်ကြောင်း၊ သူပုန်မှန်သမျှ အမြစ်ဖြုတ်ရတော့မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးစကားပြောဆိုခဲ့သည်မှာ များနေပြီဖြစ်ကြောင်း လှဆွေက ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။

    “ကျနော်က ဦးလှဆွေ။ ဘူးလက်လှဆွေလို့လည်းခေါ်တယ်။ ကျနော်က KIA မင်းတို့ ရွှေလက်နဲ့ခေါ်တုန်း လာရင်လာ။ မလာလို့ရှိရင် Bullet လွှတ်လိုက်ရမလားလို့ လွှတ်တော်မှာ မေးခွန်းမေးခဲ့တဲ့ကောင်။ ကျနော်က လိုင်ဇာကို ဗုံးကျဲဖို့လည်း ကျနော်တိုက်တွန်းခဲ့တယ်။ ဒီလိုပဲ ဘယ်သူပုန်မှ မဆွေးနွေးဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျနော့်မထည့်နဲ့။ ကျနော် ဘယ်တော့မှ မဆွေးနွေးဘူး။ စကားပြောတာများနေပြီ။ များနေပြီ။ အပြတ်ချမယ်။ ကျနော် အမာလိုင်း။ အမာလိုင်းထဲမှာပါတယ်။ ကျနော်က အပျော့လိုင်းမဟုတ်ဘူး။ အီရော အီရောနဲ့ ငါးဖယ်တိုးတိုးမယ့်အထဲမှာ ကျနော်မပါဘူး။ အပြတ်ချမယ့် အဖွဲ့ ထဲမှာပါတယ်။ လာမယ့် AA သူပုန်။ ထွန်းမြတ်နိုင် ဘယ်နားရှိမလဲ။ ရှိတဲ့နေရာ ဗုံးကျဲမယ်။ အပြတ်ချမယ်။ အမြစ်ဖြုတ်မယ်။ ဒါပဲ ။ လာမဆွေး နွေးနဲ့ ။ ဆွေးနွေးမယ့်အထဲမှာ ကျနော်မပါဘူး” ဟု ဘူးလက်လှဆွေက ပြော ဆိုသည။

    ဘူးလက်လှဆွေသည် ကြံ့ဖွတ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး နေပြည် တော် ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဖြစ်ကာ ပုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းထားသူလည်းဖြစ်သည်။

    ယင်းအပြင် နေပြည်တော်စစ်ရုံးကလည်း ရခိုင်ပြည်နှင့်ပလက်၀မြို့နယ်အတွင်း တည်ရှိနေနိုင်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏တည်နေရာနှင့် AA ရုံးဌာနချုပ်ကို စုံစမ်းဖော်ထုတ်ရန် အောက်တိုဘာလနှောင်းပိုင်းအတွင်း ပြုလုပ်ခဲ့သော ရခိုင်ဒေသ စစ်ရေးဆိုင်ရာ အစည်းအဝေးတွင် ညွှန်ကြားခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

  • မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲ

    မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲ

    ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ စကစတွေ AA လက်နက်ကြီးကြောင့် အစုလိုက် အပြုံလိုက် သေဆုံး

    ကျောက်ဖြူမြို့နယ်၊ မင်းပြင် မိုးလေဝသရေဒါစခန်းမှာ ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    AA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်လာပြီး သူတို့ သိမ်းပိုက်နိုင်ကြောင်း ဝါဒဖြန့်ဖို့အတွက် တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသသတင်းမီဒီယာတွေနဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

    ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာလည်း မင်းပြင်ရွာရှိ မိုးလေဝသရေဒါစခန်း ရှေ့မှာ တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့တာ တွေ့ရပါတယ်။

    အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သော်လည်း သေဆုံးထိခိုက်မှု အသေးစိတ်အခြေအနေတွေနဲ့ ဘယ်လိုမျိုး တိုက်ခိုက်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးသလို အာရက္ခတပ်တော် AA ကလည်း တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

    မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲရုပ်သံဖိုင်

    မင်းပြင်ကို ကျွံဝင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုးလေဝသရေဒါစခန်းဝင်းအတွင်း ဒရုန်းနဲ့ AA ကထပ်မံတိုက်ခိုက်စဉ်

    ဤတိုက်ပွဲသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

  • ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်တပ် ဝင်လာသဖြင့် ရေးဘီလူးတပ်ဖွဲ့က ဒေသခံများကို ကယ်ထုတ်

    ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်တပ် ဝင်လာသဖြင့် ရေးဘီလူးတပ်ဖွဲ့က ဒေသခံများကို ကယ်ထုတ်

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ကျေးရွာကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို ကယ်ထုတ် ပြောင်းရွှေ့ပေးခဲ့တယ်လို့ ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

    လိပ်ပုတ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူနေအိမ်တလုံး၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့သလို သက်ကြီးရွယ်အို၊ ကလေးတွေနဲ့ ဒေသခံတချို့ကို ကူညီကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ရေးဘီလူးတပ်ဖွဲ့တာဝန်ရှိသူက “လိပ်ပုတ်ကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့ ပိတ်မိနေတဲ့ ဒေသခံတွေကို အဓိက ကူညီကယ်ထုတ်ပေးပြီး အချိန်ပိုင်းရွှေ့ပြောင်းပေးခဲ့တာ” လို့ ပြောပါတယ်။

    နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ ရွာကလေးကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရေးဘီလူးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၇ ယောက်သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ ရေးမြို့နယ်က ကျေးရွာတွေကို ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

  • မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထနောင်းမြေစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    နို၀င်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန် မြင်းခြံမြို့နယ်၊ ဂေါင်းကွဲကျေးရွာနှင့် ကန်ရွာကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ထနောင်းမြေ စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဂိတ်စခန်းကို ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး မြေပြင်မှလည်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဂိတ်စခန်းအတွင်းထိ ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို စခန်းတွင် အကြမ်းဖက် စစ်သား ၁၅ ဦးဖြင့် အထိုင်ချ တပ်စွဲထားခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ကျန်ရှိသူအားလုံးသည် စခန်းအတွင်းမှ ဆုတ်ခွာသွားပြေးသွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက ဂိတ်စခန်းကို ရှင်းလင်းရေး ၀င်လုပ်‌နေချိန် မြင်းခြံမြို့ မှ တပ်ကူ စစ်ကားများ ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    “အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၅ ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ် ထပ်တိုး ၂ ကောင်သေတယ်။ စုစုပေါင်း စစ်ခွေး သေတာ ၇ ကောင်ရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ထနောင်းမြေ စစ်ကြောင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ထနောင်းမြေစစ်ကြောင်း နှင့် အတူ JUSTICE WARRIORSတပ်ဖွဲ့ ၊ မဟာမိတ် Droneတပ်ဖွဲ့များဖြစ်သော M.D.F Myaung Drone ကျားခင်စိန် တပ်ဖွဲ့ ၊ Revolutionary Air Force ၊ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း လက်ရုံးတပ် 925‌ ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်)၊ Peacock Drone Team တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။