Author: Admin-501

  • Bikini Nuns

    Bikini Nuns

    Bikini Nuns (2025)

    အပြင်ပန်းမှာ သီလရှင်ဝတ်စုံနဲ့ ဘုရားတရားလုပ်နေပုံပေါက်ပေမဲ့ ၊ တကယ်တမ်းမှာတော့ အတိတ်က ကြေကွဲစရာ မိဘမဲ့ဂေဟာသတ်ဖြတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လက်ရွေးစင် အမျိုးသမီး လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုအကြောင်းပါ။

    သူတို့ရဲ့တာဝန်ကတော့ တရားမျှတမှုအတွက် သူတို့ဘဝကို ဖျက်ဆီးခဲ့တဲ့သူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံရှင်းလင်းဖို့ပါပဲ။

    သူတို့ဟာ အမှန်တရားနဲ့ ပိုမိုနီးစပ်လာလေလေ၊ အန္တရာယ်ကလည်း ပိုများလာလေလေပါပဲ။

    အဖွဲ့ဝင်တစ်ဦးက စိတ်လိုက်မာန်ပါလုပ်ရပ်တစ်ခုကို လုပ်လိုက်မိချိန်မှာတော့ သူတို့တစ်ဖွဲ့လုံးဟာ ထင်မှတ်မထားတဲ့ အကြီးမားဆုံးသစ္စာဖောက်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။

    သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူအစစ်အမှန်ဟာ ဘယ်သူဖြစ်မလဲ…

    သူတို့ လက်စားချေနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ နောက်ကွယ်က ရန်သူရဲ့ ထောင်ချောက်ထဲကို ဝင်သွားမိမလားဆိုတာကိုတော့………

  • The Woman in the Line

    The Woman in the Line

    The Woman in the Line (2025)

    The Woman in the Line (La mujer de la fila) ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိတဲ့ အချိန် ၁ နာရီ ၄၅ မိနစ်ကြာမြင့်တဲ့ အာဂျင်တီးနား-စပိန် ပူးတွဲထုတ်လုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Andrea Casamento (ACIFAD) တည်ထောင်သူရဲ့ စစ်မှန်တဲ့ဘဝဇာတ်ကြောင်းဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။

    အန်ဒရီအာ အမည်ရှိတဲ့ အလတ်တန်းစားမိသားစုက အမျိုးသမီးတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ။

    အန်ဒရီအာရဲ့ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူဟာ သူမကျူးလွန်ခဲ့တဲ့ပြစ်မှုငယ်တစ်ခုအတွက် အကျဉ်းကျခံရတဲ့အခါ အန်ဒရီအာရဲ့ဘဝက လုံးဝပြောင်းလဲသွားခဲ့ရပါတယ်။

    ဇာတ်ကားမှာ အန်ဒရီအာက သားဖြစ်သူ အကျဉ်းကျခံရတဲ့နေရာကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်တဲ့အခါ တခြားအကျဉ်းသားမိသားစုဝင်တွေရဲ့ သံသယတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

    ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီအမျိုးသမီးတွေရဲ့ယုံကြည်မှုကိုရရှိလာပြီး တရားမျှတမှုအတွက် စနစ်တကျ တိုက်ပွဲဝင်သူအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

    ဒီဇာတ်ကားဟာ အကျဉ်းကျခံထားရသူတွေရဲ့မိသားစုဝင်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ လူမှုရေး အခက်အခဲတွေနဲ့ ဥပဒေစနစ်အတွင်းက စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြသထားပါတယ်။

    ဇာတ်ကားကြည့်ရှုသူတွေကတော့ အဓိကမင်းသမီး Natalia Oreiro ရဲ့သရုပ်ဆောင်မှုက အရမ်းစွမ်းရည်ပြည့်ဝပြီး ဇာတ်ကားရဲ့စိတ်ခံစားမှုတွေကို အပြည့်အဝဖော်ဆောင်နိုင်ခဲ့တယ်လို့ အသိအမှတ်ပြုထားကြပါတယ်။

    ဒါပေမဲ့လည်း ဇာတ်ကားဟာ ပြစ်မှုကျူးလွန်သူတွေကို ချစ်ချင်စဖွယ် သရုပ်ဖော်တယ်ဆိုတဲ့ ဝေဖန်ချက်ကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

    တခြားသူတွေကတော့ ဇာတ်ကားသဟာ ပြစ်မှုကျူးလွန်သူတွေကိုမဟုတ်ဘဲ ၎င်းတို့အတွက် ဒုက္ခရောက်နေရတဲ့ မိသားစုဝင်တွေရဲ့ စစ်မှန်တဲ့ဘဝအခြေအနတွေကို ရိုးရိုးသားသား သရုပ်ဖော်ထားတယ်လို့ ခံစားရကြောင်း ဖွင့်ဟထားကြပါတယ်။

    The Woman in the Line ဟာ မိသားစုချစ်ခြင်းမေတ္တာ၊ လူမှုရေးတရားမျှတမှုအတွက် ရုန်းကန်မှုတွေနဲ့ လူသားတိုင်းရဲ့ဂုဏ်သိက္ခာကို အလေးထားတဲ့အကြောင်းအရာတွေကို ကြိုက်နှစ်သက်သူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • One Battle After Another

    One Battle After Another

    One Battle After Another (2025)

    လီယိုနာဒိုဒီကာပရီရို ရဲ့ တစ်ကြော့ပြန် One Battle after Another ရုပ်ရှင်ထွက်လာပါပြီ။

    တစ်ကြော့ပြန်ဆိုတာ သူ့ရဲ့အော်စကာတန်းဝင်နောက်တစ်ကားလို့ သတ်မှတ်လို့ရပြီး ဒီနှစ်ထဲမှာ Brad Pitt ရဲ့ F1, Leonardo ရဲ့ One Battle After Another ရုပ်ရှင်ဂုရုကြီးတွေ ပိတ်ကားပေါ်ပြန်ရောက်လာတဲ့ နှစ်လို့ဆိုရမယ်။

    ရိုက်တဲ့ ဒါရိုက်တာကလည်း There will be Blood တို့လိုအော်စကာဆုကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Paul Thomas Anderson ဘာပဲဖြစ်ဖြစ် လီယိုပါတဲ့ ကားဆိုတာနဲ့ တစ်ခုမဟုတ် တစ်ခုချပြတတ်လို့ သေချာပေါက်ကြည့်ရမှာပါပဲ။

    ဒီကားအစမှာ French 75 ဆိုတဲ့ လက်နက်ကိုင်အဖွဲ့နဲ့စထားတယ်။ ဒါပေမဲ့ အဲ့ဂိုဏ်းကအဖွဲ့အဝင်တွေကို US အစိုးရက အကုန်လိုက်ဖမ်းလို့ ဖော်ကောင်လုပ် ထိုးကျွေးခံလိုက်ရတဲ့အခါ Bob Ferguson လဲသူ့သမီးလေးနဲ့အတူ တိမ်းရှောင်ဖို့ဖြစ်လာပါတော့တယ်။

    ဇာတ်လမ်းက နိုင်ငံရေးအက်ရှင်ပုံစံမျိုးဖြစ်ပြီး plot twist လေးတွေနဲ့ Rotten Tomatoes မှာလဲ 98%နဲ့freshထားပြီး IMDb ratingဟာလဲ 8.5/10ရရှိထားတာပါ။ တကယ်ရဖို့လဲတန်တဲ့ကားလို့လဲထင်ပါတယ်။

  • သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချ

    သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချ

    ဒေါက်တာ သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချတာခံရလို့ ရွေးကောက်ပွဲ ဝင်ခွင့်မရ

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခွင့်ရဖို့သနားခံစာလျှောက်ထားခဲ့ပေမယ့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် UEC က ပယ်ချတာခံလိုက်ရတယ်လို့ သိရပါတယ်။

    UEC ထံတင်ပြထားတဲ့အသနားခံစာ ပယ်ချခံရလို့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် နိုင်မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၁၄ ရက် ဒီနေ့မဲဆွယ်ပွဲမှာ ဒေါက်တာ သက်သက်ခိုင် က ပြောခဲ့တာပါ။

    ဒေါက်တာ သက်သက်ခိုင်ဟာ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းထဲမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ပြခဲ့ပေမယ့် အမျိုး သားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းခဲ့လို့ ကိုယ်စားလှယ် လောင်းအဖြစ်ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။

    အမျိုးသားလွှတ်‌တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ဟာ “လူမွဲအဖြစ် သက်ဆိုင်ရာ တရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ” ‌ဆိုတဲ့ အချက်နဲ့ ဒေါက်တာ သက်သက်ခိုင်ဟာ ငြိစွန်းနေတာ ဖြစ်ပါတယ်။

    ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အထပ်မြင့်အိမ်ယာစီမံကိန်းမှာ က‌‌မ္ဘော ဇဘဏ်ကို ငွေကျပ်ဘီလီယံ ၁၀၀ ကျော် အကြွေးတင်နေတဲ့အတွက် ကိုယ်စားလှယ်လောင်းအဖြစ်က နေ ပယ်ချခံရတာဖြစ်တယ်လို့ သိရပါတယ်။

    ဒေါက်တာ သက်သက်ခိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန် ကြီး စတဲ့ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့ပေမယ့် နိုင်ငံရေးအငြင်းပွားဖွယ်ရာတွေ ရှိခဲ့သူလို့လည်း သိရပါတယ်။

    သူမတည်ထောင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဟာ စစ်တပ်ကလုပ်မယ့် ရွေးကောက် ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်မည့် ပါတီကြီး ၆ ခုထဲက တစ်ခုအပါအဝင် ဖြစ်ပါ တယ်။

    အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၇၀ ကျော်တင်သွင်းထားပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

  • အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့

    အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အသက် ၁၈နှစ်အရွယ် အမျိုးသမီးငယ် ၁ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ ၆ ချက် မသေမချင်း ထိုးသတ်ထားခဲ့တယ်လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက် ညနေပိုင်းက တောင်ငူမြို့ကနေ သံတောင်ကြီးမြို့ကို ထွက်ခွာလာတဲ့ (ဘုရင့်နောင်တပ်မြို့) သင်တန်းကျောင်း လုံခြုံရေးနဲ့ ပူးပေါင်းတပ် ၁၂၄ တပ်ရင်းရဲ့ အကြမ်းဖက်စစ်သားတွေဟာ စနေကုန်းကျေးရွာအတွင်း ဝင်ရောက် ညအိပ်တပ်စွဲခဲ့ပါတယ်။

    အဲ့ဒီလို တပ်စွဲထားချိန် စစ်ကြောင်းထဲက အကြမ်းဖက်စစ်သား ၃ယောက်ဟာ ကျေးရွာနေ အသက် ၁၈နှစ်အရွယ် နော်ထီးထာဖော (ခ) နော်ငဲငယ်ရဲ့ နေအိမ်ကိုဝင်ရောက်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ လည်ပင်းနဲ့ ရင်အုံနေရာတွေကို မသေမချင်း ဓားနဲ့ ၆ ချက်ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။

    သေဆုံးသူ နော်ထီးထာဖော (ခ) နော်ငဲငယ်မှာ ၁နှစ်၂လအရွယ် ကလေးငယ် ကျန်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်လာချိန် မတိမ်းရှောင်နိုင်တာကို စစ်အုပ်စုက အခွင့်ကောင်းယူခဲ့တာလို့လည်း သိရပါတယ်။

    “စစ်ကြောင်းက အမြဲတမ်းပဲဝင်နေကျ၊ ကလေးငယ်နဲ့ဆိုတော့ ဘာမှအန္တရာယ်မပြုဘူးထင်မှာပေါ့နော်။ အဲ့ဒါအိမ်ထဲ သူနဲ့ကလေး ၂ယောက်တည်းရှိနေချိန် လုပ်သွားတာပါ။” လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စနေကုန်းရွာအတွင်း ၂ရက်ကြာတပ်စွဲရင်း ကျေးရွာအတွင်းက အရပ်သားနေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာအပြင် ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းရံပုံငွေတွေကိုပါ လုယူသုံးစွဲတာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။

    ပုံစာ – အကြမ်းဖက်စစ်သားအချို့ (ပုံဟောင်း)