Author: Admin
-

Man with No Past
Man with No Past (2025) အတိတ်မေ့နေတဲ့ယောကျာ်းတစ်ယောက်က သူမသိတဲ့မြို့ သူမသိတဲ့နေရာ သူ့ကိုယ်သူတောင် မသိတဲ့အတွက် သူ့အကြောင်းကို လိုက်စုံစမ်းရင်း အရင်ဘဝက ရန်ငြိုးတွေ သံသရာတွေကို ဘယ်လိုသိလာရမလဲ။ ဖန်တရာထေ မပြောင်းလဲတဲ့ သံသရာကြီးက ဒီတစ်ခါရော ပြောင်းလဲနိုင်ပါ့မလား။ အတိတ်မေ့နေရင်းကနေ ဘယ်လိုတွေသိလာရမလဲ သူကိုယ်တိုင်ကရော အဲ့သံသရာစက်ကွင်းက လွတ်နိုင်မလား ကြည့်ရမှာဖြစ်ပါတယ်။ Mysteryဆန်ဆန် ရုပ်ရှင်ကားမျိုးရှာနေရင် ကြည့်ကိုကြည့်သင့်တဲ့အပြင် အက်ရှင်လည်းပါတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။
-

လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံး
နတ်ရေကန်လေကြောင်းရန်စခန်းသို့ လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံးပြီးကမ္ဘာလုံးပါပြိုထွက်သွား စစ်အုပ်စု အဖွဲ့ဝင်များ ပိတ်မိနေသည့် အမ်း-ပဒါန်းလမ်း၊နတ်ရေကန်တောင်ပေါ်ရှိလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကို လေထီးဖြင့်ချပေးသော လက်နက်ခဲယမ်း၊စားနပ်ရိက္ခာများကိုစစ်သားများ ကောက်ယူနေစဉ်အာရက္ခတပ်တော် (AA) မှလက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စစ်သား ၁၀ကျော်ခန့်သေဆုံးပြီး ကမ္ဘာလုံးပါ ပျက်စီးသွားသည်ဟု သတင်းရရှိသည်။ ၎င်းအခြေအနေကို သိရှိထားသည့် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “နတ်ရေကန်ကို လေကြောင်းရန်ကာကွယ်ရေးတောင်ကုန်းကိုလေထီးတွေနဲ့ ဒီနေ့မနက်တစ်ကြိမ်၊နေ့လယ်တစ်ကြိမ်၊ နှစ်ကြိမ်လာချပေးတယ်။ဒုတိယအကြိမ်ပစွည်းကောက်နေတုန်းအေအေလက်နက်ကြီးတပ်ဖွဲ့ကဒရုန်း၊ လက်နက်ကြီးတွေနဲ့ ချိန်ကိုက် ပစ်ခတ်ခဲ့တာပါ”ဟု ပြောသည်။ နိုဝင်ဘာ ၁၆ ရက် နံနက်က ပထမအကြိမ်တွင် Y12 မှ လေထီးဖြင့် ရိက္ခာထုတ်များချပေးခဲ့သလို နေ့လယ်ပိုင်းတွင် ဒုတိယတစ်ကြိမ် Y 8 ဖြင့်ချပေးခဲ့သည်ဟုဆိုသည်။ “ပထမတစ်ကြိမ် Y12 နဲ့ချပးတော့ဘာမှ မဖြစ်ဘူး။ ဒုတိယတစ်ကြိမ် Y 8…
-

အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး
အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေးကို ကယ်ဆယ်နိုင်ခဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လကဘန်မြို့နယ်၊ ခလောင်ဆောင်တွန်းရပ်ကွက်မှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်တဦးကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၁ နာရီမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီကလေးငယ်ဟာ မွေးကင်းစမိန်းကလေးဖြစ်ပြီး အဆောက်အဦတခုရဲ့ တတိယထပ်ရှိ အိမ်သာရေဆွဲခွက်အတွင်း စွန့်ပစ်ခံထားရတာဖြစ်ပြီး သတင်းပေးပို့ချက်အရ လကဘန်ရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းစစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ ကလေးငယ်ဟာ အသက်ရှင်လျက်ရှိနေသေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူကာ ကလေးငယ် ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Ref: Matichon , Khaosod
-

-

ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွား
ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး၊ အိမ်နီးချင်းများ၏ အကူအညီတောင်းခံမှုဖြင့် ရဲတပ်ဖွဲ့က တရားခံ ခင်ပွန်းဖြစ်သူအား ဖမ်းဆီးရမိ သတင်းအပြည့်အစုံ မဲဆောက်၊ ထိုင်း – စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်က မဲဆောက်မြို့အနီးရှိ မဲ့လမတ်-တာ့ကျေးရွာတွင် အိမ်ထောင်သည် မြန်မာလူမျိုးအမျိုးသားတစ်ဦးက ၎င်း၏ဇနီးဖြစ်သူ မြန်မာအမျိုးသမီးအား သဝန်တိုစိတ်ဖြင့် ရက်ရက်စက်စက် ဓားဖြင့်အချက် ၃၀ ထိုးသတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။ သေဆုံးသူ နှင်းအိဖြူ (၃၂ နှစ်) သည် ခင်ပွန်းဖြစ်သူ ခန့်ကျော်ထူး (၂၃ နှစ်) နှင့်အတူ သုံးခန်းတွဲအိမ်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ကြပြီး၊ နှင်းအိဖြူသည် အနီးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။ ဖြစ်ပွားသည့်နေ့က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် “ကယ်ကြပါ”…