Author: Admin
-

Jolly LLB 3
Jolly LLB 3 (2025) (ဂျိုလီ) ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားကရုံတင်ကားဖြစ်ပြီး ရုပ်ရှင်ကုန်ကျစရိတ် ၁၂၀ကုဋေကုန်ကျခဲ့ပြီး နိုင်ငံတကာဝင်ငွေ ၁၆၈ကုဋေရခဲ့တာပါ ဒေါ်လာနဲ့ဆိုရင် ၁၉မီလီယံအထိအမြတ်ကြမ်းခဲ့တဲ့ကားပဲဖြစ်ပါတယ်။ နိုင်ငံတကာကြည့်ရူ့သူဦးရေလည်း ၃၀-၃၅သန်းအထိရှိခဲ့တာပါ။မင်းသားကြီး အက်ရှေးကူမာနဲ့ အရ်ရှတ် ဝါရှီတို့ရဲ့ တရားရုံးဇာတ်ကားကိုမှ ဟာသနဲ့ ဒရာမာရောနှောထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဆူဘက်ရှ် ကပူးလ်ရဲ့ ရှေ့နှစ်ကားလိုပဲ သရော်တာတွေနဲ့ ရှေ့နေ့အချင်းချင်းကွက်ကျော်ရိုက်တာတွေပါ ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစ – တရားခွင်တစ်ခုမှာ ရာ ဂျာရမ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ကို စစ်ဆေးမေးမြန်းရာကနေ အစပြုထားပါတယ်။ အကြောင်းကတော့ သူပိုင်တဲ့လယ်လေးကို အင်ပရီရယ်ဆိုတဲ့ စက်မှုလုပ်ငန်းဂရုက ပရောဂျက်တစ်ခုကိုအကြောင်းပြပြီး မတရားသဖြင့်သိမ်းချင်တာကြောင့်ပါ။ ဒီလိုနဲ့ ရာဂျာရမ်ဟာ ငွေများတရားနိုင်ဆိုသလိုပဲ ပိုင်ဆိုင်တာဆိုလို့ သူ့မှာအဲဒီလယ်ကွက်လေးပဲရှိတာကြောင့် တစ်ဖက်က ကုမ္ပဏီကြီးကို ဘယ်လိုမှမယှဉ်နိုင်ပဲ တရားသူကြီးကို သနားပါဆိုတဲ့စကား တစ်ခွန်းသာ ပြောရုံကလွဲဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့…
-

Bikini Nuns
Bikini Nuns (2025) အပြင်ပန်းမှာ သီလရှင်ဝတ်စုံနဲ့ ဘုရားတရားလုပ်နေပုံပေါက်ပေမဲ့ ၊ တကယ်တမ်းမှာတော့ အတိတ်က ကြေကွဲစရာ မိဘမဲ့ဂေဟာသတ်ဖြတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လက်ရွေးစင် အမျိုးသမီး လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုအကြောင်းပါ။ သူတို့ရဲ့တာဝန်ကတော့ တရားမျှတမှုအတွက် သူတို့ဘဝကို ဖျက်ဆီးခဲ့တဲ့သူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံရှင်းလင်းဖို့ပါပဲ။ သူတို့ဟာ အမှန်တရားနဲ့ ပိုမိုနီးစပ်လာလေလေ၊ အန္တရာယ်ကလည်း ပိုများလာလေလေပါပဲ။ အဖွဲ့ဝင်တစ်ဦးက စိတ်လိုက်မာန်ပါလုပ်ရပ်တစ်ခုကို လုပ်လိုက်မိချိန်မှာတော့ သူတို့တစ်ဖွဲ့လုံးဟာ ထင်မှတ်မထားတဲ့ အကြီးမားဆုံးသစ္စာဖောက်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူအစစ်အမှန်ဟာ ဘယ်သူဖြစ်မလဲ… သူတို့ လက်စားချေနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ နောက်ကွယ်က ရန်သူရဲ့ ထောင်ချောက်ထဲကို ဝင်သွားမိမလားဆိုတာကိုတော့………
-

The Woman in the Line
The Woman in the Line (2025) The Woman in the Line (La mujer de la fila) ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိတဲ့ အချိန် ၁ နာရီ ၄၅ မိနစ်ကြာမြင့်တဲ့ အာဂျင်တီးနား-စပိန် ပူးတွဲထုတ်လုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Andrea Casamento (ACIFAD) တည်ထောင်သူရဲ့ စစ်မှန်တဲ့ဘဝဇာတ်ကြောင်းဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ အန်ဒရီအာ အမည်ရှိတဲ့ အလတ်တန်းစားမိသားစုက အမျိုးသမီးတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ။ အန်ဒရီအာရဲ့ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူဟာ သူမကျူးလွန်ခဲ့တဲ့ပြစ်မှုငယ်တစ်ခုအတွက် အကျဉ်းကျခံရတဲ့အခါ အန်ဒရီအာရဲ့ဘဝက လုံးဝပြောင်းလဲသွားခဲ့ရပါတယ်။ ဇာတ်ကားမှာ အန်ဒရီအာက သားဖြစ်သူ အကျဉ်းကျခံရတဲ့နေရာကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်တဲ့အခါ…
-

One Battle After Another
One Battle After Another (2025) လီယိုနာဒိုဒီကာပရီရို ရဲ့ တစ်ကြော့ပြန် One Battle after Another ရုပ်ရှင်ထွက်လာပါပြီ။ တစ်ကြော့ပြန်ဆိုတာ သူ့ရဲ့အော်စကာတန်းဝင်နောက်တစ်ကားလို့ သတ်မှတ်လို့ရပြီး ဒီနှစ်ထဲမှာ Brad Pitt ရဲ့ F1, Leonardo ရဲ့ One Battle After Another ရုပ်ရှင်ဂုရုကြီးတွေ ပိတ်ကားပေါ်ပြန်ရောက်လာတဲ့ နှစ်လို့ဆိုရမယ်။ ရိုက်တဲ့ ဒါရိုက်တာကလည်း There will be Blood တို့လိုအော်စကာဆုကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Paul Thomas Anderson ဘာပဲဖြစ်ဖြစ် လီယိုပါတဲ့ ကားဆိုတာနဲ့ တစ်ခုမဟုတ် တစ်ခုချပြတတ်လို့ သေချာပေါက်ကြည့်ရမှာပါပဲ။ ဒီကားအစမှာ French 75 ဆိုတဲ့ လက်နက်ကိုင်အဖွဲ့နဲ့စထားတယ်။ ဒါပေမဲ့ အဲ့ဂိုဏ်းကအဖွဲ့အဝင်တွေကို US…
-

သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချ
ဒေါက်တာ သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချတာခံရလို့ ရွေးကောက်ပွဲ ဝင်ခွင့်မရ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခွင့်ရဖို့သနားခံစာလျှောက်ထားခဲ့ပေမယ့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် UEC က ပယ်ချတာခံလိုက်ရတယ်လို့ သိရပါတယ်။ UEC ထံတင်ပြထားတဲ့အသနားခံစာ ပယ်ချခံရလို့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် နိုင်မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၁၄ ရက် ဒီနေ့မဲဆွယ်ပွဲမှာ ဒေါက်တာ သက်သက်ခိုင် က ပြောခဲ့တာပါ။ ဒေါက်တာ သက်သက်ခိုင်ဟာ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းထဲမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ပြခဲ့ပေမယ့် အမျိုး သားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းခဲ့လို့ ကိုယ်စားလှယ် လောင်းအဖြစ်ပယ်ချခံလိုက်ရတာ…