Author: Admin-501

  • တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့တွင် တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ် Arankan Princess Media က သတင်းဖော်ပြသည်။

    AA က ၎င်းသိမ်းပိုက်ထားသော မြို့ကြီးများတွင် တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များ ထူထောင်လျက်ရှိရာ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး( DLEPS) ဌာနကိုလည်း တည်ထောင်ကာ မြို့ပြအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။

    ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS က ပြည်ပ အရက်၊ ဘီယာများ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်နှင့်စားသောက်ဆိုင်များကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံ စစ်ဆေးရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

    ပြင်ပ အရက်၊ ဘီယာ၊ ၀ိုင်များကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းထားပြီး တရားမဝင်​ ရောင်းချသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူလျက်ရှိကြောင်း၊ ပြင်ပ အရက်၊ဘီယာ၊ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ရန်နှင့် လက်ကျန်ကုန်များကို ယမန်နှစ် ၂၀၂၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ၃ လအတွင်း အကုန်အပြီးသတ် ရောင်းချရန် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က အသိပေးခဲ့ကြောင်း သိရှိရသည်။

  • စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    ပွင့်ဖြူတွင် လူသူမရှိတော့သော စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်နေ

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာများကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့ စိတ်ကြိုက်ဝင်ရောက် ခိုးယူနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ်၊ နီမဒဲကုန်း-မဲဇလီ တစ်လျောက်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၊ ထိုသို့ စစ်ဘေးရှောင်ရန် ပြည်သူများ တိမ်းရှောင်နေသည့် ကျေးရွာများကို စစ်တပ်နှင့် ဆက်ဆံရေး အဆင်ပြေနေသော ကြံ့ဖွတ်ပါတီဝင်များက နေ့စဉ် လာရောက်ပြီး နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း စစ်ဘေးရှောင် ပြည်သူများက တိုက်ပွဲအခြေအနေများကို အွန်လိုင်းပေါ် တင်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ၏ ဖုန်း အလုံး ၅၀ ကျော်ကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။

    “နီမဒဲကုန်း မဲဇလီ တစ်လျောက်စစ်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒေသ ပြည်သူတွေလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေမှာ ကြံ့ဖွတ်ပါတီဝင်တွေက စစ်ဘေးမတိမ်းရှောင်ဘဲ ကျေးရွာအတွင်းက နေအိမ်တွေကို နေ့စဉ် လာရောက် ဖောက်ထွင်းနေတာ စားသောက်ကုန် ပစ္စည်းတွေနဲ့ အိမ်တွင်း အသုံးဆောင်တွေကို ဆက်တိုက် ခိုးနေပါတယ်။ ကြက်တွေကိုလည်း ခိုးယူပြီး စစ်ခွေးတွေကို ပေးဆောင်တာတွေ လုပ်နေပါတယ်။ နောက်ပြီး စစ်ခွေးတွေက ပြည်သူတွေ တိုက်ပွဲသတင်းတွေ တင်မှာ ဆိုးလို့ဆိုပြီး ပြည်သူတွေရဲ့ ဖုန်းအလုံး ၅၀ ကိုလည်း သိမ်းဆည်းသွားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီ ၂၄ မိနစ်က ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ မဲဇလီ – ဆည်တော် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၅၄ မိနစ်အထိကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘန်ကာ ၃ လုံးအထိဖြိုချနိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာ အနီး၌ မဲဇလီစခန်းကို စစ်ကူ ပေးရန်လာသောအကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီနှင့် အပေါင်းအပါများ

  • သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ပြုလုပ်

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ လူနာတင်ကား ၁ စီး၊ စစ်တပ် Faw ကား ၁ စီးဖြင့် ဒဏ်ရာရ စစ်သား ၄ ဦးကို မကျီးဇင်-သာပေါင်း-လမ်းပိုင်း မှ ပုသိမ်မြို့ရှိ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို အရေးပေါ် ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ဒဏ်ရာရရှိသော စစ်သား ၄ ဦးထဲမှ ဗိုလ်ကြီး ၁ ဦးသည် အရေးပေါ် အခြေအနေ ဖြစ်သောကြောင့် သာပေါင်းဆေးရုံသို့ ဝင်ရောက် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဗိုလ်ကြီး အလောင်းကို သာပေါင်း ရင်ခွဲရုံရှေ့တွင် အလောင်းပြင်ထားကြောင်း သိရှိရသည်။

    ကျန်ရှိသော ဒဏ်ရာရ စစ်သား ၃ ဦးသည် ထိခိုက်ဒဏ်ရာပြင်းထန်ပြီး အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းတွင် ဆက်လက် ကုသမှုခံယူနေသော်လည်း သေဆုံးနိုင်ချေများကြောင်း သိရသည်။

    “သာပေါင်းမှာတော့ ရခိုင်တပ်တော် ထိုးစစ်တွေကြောင့် တိုက်ပွဲတော့ဆက်ဖြစ်နေပါတယ်။ စစ်ခွေးတွေလည်း ထွက်ပြေးနေတာတွေများတယ်။ စစ်ခွေးခံစစ်ကတော့ တောက်လျောက်ကိုပြင်နေတာ စစ်ခွေးတွေဘက်က ဒဏ်ရာရတာတွေလည်း တော်တော်များတယ်။ ထိခိုက်သေဆုံးမှုတွေလည်းများတယ်။ ထိုးစစ်က ဘယ်နေရာကိုရောက်နေလည်းဆိုတော့ မသိနိုင်သေးဘူး။ တိုက်ပွဲတွေရှိနေတော့ မြေပြင်အခြေအနေ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စနိုက်ပါ ထိမှန်သေဆုံးခဲ့သည့် ဒုရဲမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ကို သာပေါင်းမြို့ မြို့မရဲစခန်းတွင် ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သာပေါင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ် ပြုလုပ်ခဲ့ကြောင်း၊ သေဆုံးသွားသော စခန်းမှူး နေရာတွင် ငပုတော‌တောင်ပိုင်း ဇာတိ ရဲအုပ်ရင်အေးကို အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ရင်အေးသည် မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ဗုံးစထိမှန်မှုကြောင့် ဆေးခွင့်ယူကာ ငပုတောမြို့ကို ပြန်လည် ရောက်ရှိနေပြီး ငပုတောသို့ ပြောင်းရွှေ့ခွင့် တင်ထားသော်လည်း သာပေါင်းမြို့ကို ရာထူးတိုးဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

    သာပေါင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သစ်ဖြူကျေးရွာ အုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန် သွားရောက်စဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    photo credit – သတင်းအထူးတပ်ဖွဲ့ -ပုသိမ်

  • ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာ နမခ ကို စစ်အင်အား ဖြည့်တင်းရန် ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ​မုံရွာမြို့ နမခ ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ထွက်လာသည့် သံပြားကာ စစ်ကား ၄ စီးပါ ယာဉ်တန်းကို ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် ပဒေသာ ၇ လုံးဖြင့် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း၊ မိုင်းထိမှန်သော သံပြားကာ စစ်ကားသည် ထိုးရပ်သွားပြီး လမ်းပိုင်း လုံခြုံရေးကင်းယူနေသော စစ်သားများက တော်လှန်ရေး ရဲဘော်များကို လိုက်လံ ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်လံ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များက ယူကြုံးမရ မိသားစုနှင့်ထပ်တူ ကြေကွဲ ဝမ်းနည်းရကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • စစ်သုံ့ပန်း အစ်ကိုဖြစ်သူနဲ့ PDF ရဲဘော် ညီဖြစ်သူတို့ စစ်မြေပြင်မှာ ဆုံကြသောအခါ

    စစ်သုံ့ပန်း အစ်ကိုဖြစ်သူနဲ့ PDF ရဲဘော် ညီဖြစ်သူတို့ စစ်မြေပြင်မှာ ဆုံကြသောအခါ

    စစ်မြေပြင်တစ်နေရာမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး Danu People’s Liberation Front – DPLF က တပ်သားတစ်ဦးရဲ့ အစ်ကိုဖြစ်နေတယ်လို့ DPLF က ထုတ်ပြန်လာပါတယ်။

    နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား လေးဦးအနက် တစ်ဦးဟာ DPLF မှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲ့ ရဲဘော်တစ်ဦးရဲ့ အစ်ကိုရင်း ဖြစ်နေခဲ့တာပါ။

    သူတို့ဟာ ငယ်စဉ်ကတည်းက ကွဲသွားခဲ့ပြီး အစ်ကိုဖြစ်သူဟာ စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းနေပြီး ညီဖြစ်သူကတော့ အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင်ခဲ့သူပဲဖြစ်ပါတယ်။

    သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတဲ့ အစ်ကိုဖြစ်သူကိုတော့ ညီဖြစ်သူ PDFက ဆေးဝါး ကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

    ရုပ်သံ – DPLF