Author: Admin-501

  • AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်

    AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်

    AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းအားဖမ်းမိ

    ဂွမြို့ရှိခမရ(၅၆၃)ကိုလည်းသိမ်းပိုက်ပြီးမြို့ကို စတင်ထိန်းချုပ်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းမိထားကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်း ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်​နေ့ ) နံနက်ပိုင်းတွင် ဖမ်းဆီးလာခြင်းဖြစ်ပြီး နပခကိုလည်းအပြီးသတ် သိမ်းယူလိုက်ပြီဟုဆိုသည်။ သို့​သော်စစ်ကောင်စီကမူ လေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေဆဲဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    နပခသိမ်းပိုက်ရေးတိုက်ပွဲနှင့်ပတ်သက်၍ AAက ယမန်နေ့ညနက်ပိုင်းတွင် နောက်ဆုံး သတင်းထုတ်ပြန်စဉ် လက်နက်ချ အညံ့ခံထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြားမှ ကယ်ထုတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူထုတ်ပြန်ခဲ့သည်။

    ထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နပခမှ အရာရှိများသည် ၎င်းတိုအားထား၍ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နပခထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း AAထံဝန်ခံထားသည်။

    AAတပ်ဖွဲ့ဝင်ကလည်း နပခထိပ်တန်းအရာရှိများနှင့်ပတ်သက်၍ မေးမြန်းနေသည်ကိုတွေ့ရသည်။

    နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည်လည်း ထွက်ပြေးနေကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။

    ထို့အတူ ယခု ဖမ်းမိသည်ဆိုသည့် ဗိုလ်မှူးချုပ်သောင်းထွန်းသည် မကွေးမြို့ တပ်မ ၈၈သို့ နိုဝင်ဘာလ၁၄ရက်နေ့က ထွက်ပြေးသွားခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးသည်။

    ထို့အတူတိုင်းစစ်ဦးစီးမှူးဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် နပခမှ ထွက်ပြေးစဉ် တောထဲတွင် AAစစ်ကြောင်းနှင့် ထိက်တိုက်တိုးပြီး တိုက်ပွဲဖြစ်ကာ သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောထားသည်။

    အထက်ပါအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက်မရသေးပေ။ AAကလည်း သတင်းမထုတ်ပြန်သေးပေ။

    ထို့အပြင် ယနေ့နံနက်တိုက်ပွဲအတွင်း ဂွမြို့နယ်တွင်နောက်ဆုံးကျန်ရှိနေသည့် ခမရ(၅၆၃)ကို AAကသိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဟု နောက်ထပ် စစ်ရေးသတင်းမြစ်တဦးကပြောသည်။

    ဂွတစ်မြို့နယ်လုံးကို စစ်ကောင်စီက ဒီဇင်ဘာလ၁၈ရက်နေ့ညမှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ပစ်ခဲ့သည်။

    ဂွမြို့နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းဘက်မှမြို့နယ်များကို စစ်ကောင်စီကပိတ်ဆို့ပြီး စစ်ဆေးမှုများပြုလုပ်နေသည်။

  • အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်း အဝေးခေါ်

    အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်း အဝေးခေါ်

    ဧရာဝတီတိုင်းအတွင်းသို့ AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်မည်ကို စိုးရိမ်၍ အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးခေါ်

    ဧရာဝတီတိုင်းအတွင်းသို့ AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး အင်္ဂပူမြို့နယ်တွင် ရပ်ကွက်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးများ ခြိမ်းခြောက် ခေါ်ယူနေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အင်္ဂပူမြို့နယ်အတွင်း AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး မဲဇလီကုန်းမြို့ ရပ်ကွက် ၁ ၊ ၂ ၊ ၃၊ ၄ အတွင်းရှိ အသက် ၃၅ နှစ်အထက် ပြည်သူများကို ရပ်ကွက်လုံခြုံရေးအဖွဲ့ ဖွဲ့ရန်အတွက်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများက အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။

    ယင်း အစည်းအဝေးပွဲကို ဗိုလ်အောင်‌ကျော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ရပ်ကွက်လုံခြုံရေးအတွက် လူဦးရေ ၅၀ ခန့် ပေးရမည်ဖြစ်ကြောင်း၊ လက်နက်မဲ့ သင်တန်း ၂ ပတ် တက်ရောက်ရမည်ဖြစ်ကာ တစ်နေ့လျှင် ၆၈၀၀ ကျပ်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် သင်တန်းဆင်းလာသူများကိုလည်း အပြာနု‌ရောင် ဝတ်စုံထုတ်ပေးပြီး ဧည့်စာရင်းစစ်ဆေးခြင်း၊ လူကြီးလမ်းကြောင်းများတွင် လုံခြုံရေးစောင့်‌ပေးခြင်း၊ ၎င်းတို့ ခေါ်ဆောင်လျှင် လက်ထိပ်နှင့် တုတ်များ ပေးထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

    ထို့ပြင် မြို့ပေါ် ရပ်ကွက်များအတွင်း လူစိမ်း ဝင်ရောက်ခြင်း၊ ဧည့်သည် ရောက်ရှိခြင်းများရှိပါက အုပ်ချုပ်ရေးပိုင်းကို ချက်ချင်း သတင်းပေးပို့ ပေးပို့ခြင်းများလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းလာသူများကို လက်နက် မပေးဘဲ သတင်းပေး ပုံစံသာ လုပ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

  • မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်

    မနာလိုလို့ သတ်တာလို့ ဆိုပြီး ငွေကျပ် သိန်း ၃၀၀၀ တောင်းလို့ ငွေပေးပေမယ့် ပုပ်ပွနေတဲ့ အလောင်းသာ ပြန်ရ

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် အသက် ၃၃နှစ်အရွယ် သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦးကို အသိမိတ်ဆွေ ဆေးခန်းပိုင်ရှင် ဆရာဝန်က ပြန်ပေးဆွဲ သတ်ဖြတ်မှု ဒီဇင်ဘာလ ၁၇ရက်က ဖြစ်ပွားခဲ့ တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ရက်ရက်စက်စက် အသတ်ခံရတာပါ။ မနာလိုလို့ သတ်တာတဲ့။ သတ်တဲ့ ဆရာဝန်က ရိုးရိုးဆရာဝန်ပေါ့။ ဆေးခန်းတော့ ဖွင့်ထားတယ်။ သေဆုံးတာက ခွဲစိပ် ဆရာဝန်လေ။ အခု စစ်ဆေးတော့ ဆေးရုံ ဆေးခန်းတွေ ပိုင်တော့ မနာလိုဘူးလို့ ပြောတယ်တဲ့” လို့ သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၇ရက် မနက် ၁၀နာရီခန့်က သားဖွားမီးယပ် အထူးကုဆရာဝန်ကို ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး မွီးပွိုင့် အနီးရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုက လူနာကို လာရောက် ကုသပေးဖို့ ပင့်ဖိတ်လို့ ကိုယ်ပိုင် ကားနဲ့ သွားရောက် ရာက အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့ပြီး ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက် ၄ နာရီမှာ အဲ့ဒီ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး၊ ရွှေတချောင်းမြောင်းအတွင်းက ပုပ်ပွနေတဲ့ အလောင်းကို ပြန်တွေ့ရတာ လို့ ဆိုပါတယ်။

    “နှိပ်စက်ပြီး သတ်လိုက်တာတဲ့။ မသေမရှင်ကို လက်ပြန်ကြိုးတုပ်ပြီး မြောင်းထဲချထားတဲ့ သဘောပဲ။ ပါးစပ်ထဲလည်း အဝတ်စတွေ ထည့်ထားတယ်တဲ့။ အလောင်းက လက်ပြန်ကြိုးတုပ်၊ ဓားဒဏ်ရာရော၊ နှိပ်စက် ဒဏ်ရာတွေရော။ ပါးစပ်ကလည်း ဓားနဲ့ ဖြဲထားတာ။ လက်တွေ ကျိုးနေတယ်။ ရင်ဘတ် နလုံးနေရာ တည့်တည့်က ဓါးနဲ့ ထိုးထားတယ်တဲ့၊ ဝင်ကြည့်ခွင့်ရတဲ့ ဆရာဝန်က ပြန်ပြောတာ။ တွေ့တဲ့အချိန်မှာ အလောင်းက ပုပ်ပွ နေပြီပေါ့။ သင်္ဂြိုလ်တာတောင် အိပ်ထဲထည့်ပြီး သဂြိုလ်ရတာ” လို့ နီးစပ်သူက ပြောပါတယ်။

    ဆရာဝန်ကို စတင် ဖမ်းခေါ်တဲ့ ဒီဇင်ဘာလ ၁၇ရက်ကတည်းက သတ်ဖြတ်ထားဟန်ရှိပြီး အပုပ်နံ့ ရလို့ ပတ်ဝန်းကျင်က သိရှိရာက အလောင်းကို ဆေးရုံကြီး ရေခဲတိုက်ကို ပို့ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဆရာဝန် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူက ဖုန်းကတဆင့် ခြေရာခံစုံစမ်းရာ အဲ့ဒီ ကန်တော်ကြီး မွီးပွိုင့်အနီးက ဆေးခန်းတစ်ခုမှာ ဖုန်းကို တွေ့ရှိတာကြောင့် စစ်အုပ်စုက ဝင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    “ဆရာ့ကို သတ်ပြီးမှ ငွေတောင်းတဲ့သဘောပဲ။ သူက (ကျူးလွန်သူဆရာဝန်) အိုးဝေတစ်စီး လွှတ်လိုက်မယ်။ အဲ့ဒီ ၁၇ရက်နေ့က ၃ နာရီမထိုးခင် ငွေသိန်း ၃၀၀၀ ထုတ်ပေးလိုက်ပါ။ ဘယ်သူမှ မလိုက်ခဲ့ပါနဲ့၊ လိုက်လာရင် အသေပဲ ဆိုလို့ အိုးဝေမှာ ငွေထည့် ပေးလိုက်ရတယ် တဲ့။ ဒါပေမယ့် လူက မလွတ်လာဘူး။ ဆရာက သေနေပြီးသားကို ညာပြီး တောင်းတာ။ ဆရာသေတာနဲ့ ပိုက်ဆံတောင်းတာနဲ့ တပြိုင်တည်း ဖြစ်တာ” လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

    ကျူးလွန်တဲ့ ဆရာဝန်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၉ရက် မနက် ၂နာရီကတည်းက စစ်အုပ်စုက ဖမ်းဆီးထားပြီး စစ်ဆေး နေတယ်လို့လည်း ဆိုပါတယ်။

    သေဆုံးသူ ဆရာဝန်က ယခင်က မန္တလေးမြို့ ဗဟိုအမျိုးသမီး ဆေးရုံကြီးက သားဖွားမီးယပ်အထူးကု ဆရာဝန် ဖြစ်ကာ လက်ရှိမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုကို ဖွင့်လှစ်ထားပြီး မိသားစုဝင်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ဆရာက အရမ်း သဘောကောင်းတယ်။ တချို့ ပိုက်ဆံမရှိတဲ့ လူနာတွေကိုလည်း အခမဲ့ ကုပေးတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    သေဆုံးသူ ဆရာဝန်ဟာ တော်ပြီး သဘောကောင်းကြောင်း မိတ်ဆွေတွေက လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

    “မိုးလင်းလင်းချင်းကြားလိုက်ရတာ စိတ်မချမ်းသာစရာ RIP ပါဆရာ။ Case တွေ အတူတူလုပ်ခဲ့ဖူးတဲ့ တော်ပြီး သဘောကောင်းတဲ့သူမို့ ပိုပြီး နှမြောမိ ယူကြုံးမရဖြစ်ရပါတယ်” လို့ လုပ်ဖော်ကိုင်ဘက် တစ်ဦးက ဆိုပါတယ်။

    အဲ့ဒီ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကတော့ တစုံတရာ သတင်းဖြန့်တာ မရှိသေးပါဘူး။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး မန္တလေးမှာ ပြန်ပေးဆွဲ ငွေညှစ်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ပျူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ သွေးသောက် အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ် တာတွေ ကျူးလွန်ခဲ့ပါတယ်။

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှု ကျူးလွန်သူကို ဖမ်းဆီးထား

    ကျူးလွန်သူ ဆရာဝန်က လူသတ်ပြီးမှ မိသားစုထံက ငွေတောင်းကာ ကားဝယ်

    KTV သွားပြီး နောက်ရက်မှ အလောင်းဖျောက် ဟုဆို

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူဆရဝြန်နဲ့ ပူးပေါင်းပါဝင်သူ တစ်ဦးတို့ကို ဒီဇင်ဘာလ ၁၉ရက်က ဖမ်းမိ ထားတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာ ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြားနေ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ဒေါက်တာ အောင်မြင့်မြတ်ထွန်း (၃၃ နှစ်)ကို ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး မီးပွိုင့်အနီးမှာ ဆေးခန်းဖွင့်ထားတဲ့ အသိမိတ်ဆွေဆရာဝန် ဒေါက်တာအောင်ဇင်ဖြိုး က သူ့ဆေးခန်းမှာ ရှိတဲ့ လူနာကို လာရောက်ကုသပေးဖို့ ပင့်ဖိတ်ကာ ပြန်ပေးဆွဲ၊ သတ်ဖြတ် အလောင်းဖျောက်တာလို့ ဆိုပါတယ်။

    ဒေါက်တာအောင်မြင့်မြတ်ထွန်းဟာ ဒီဇင်ဘာလ ၁၇ရက် မနက် ၉နာရီမှာ ဆေးကုသဖို့ ကိုယ်ပိုင်ကားနဲ့ ထွက်သွားရာက အဆက်အသွယ် မရတော့ဘဲ မွန်းတည့် ၁၂ နာရီမှာ မိသားစုထံ ဖုန်းဆက်ပြီး ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ရှင်လျက် ပြန်လိုချင်ပါက ငွေကျပ်သိန်း ၃၀၀၀ နဲ့ လာရွေးယူဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့ မွန်းလွဲ ၃နာရီမှာ ငွေကျပ် သိန်း ၃၀၀၀ ကို မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီးအနီး လာရောက်ပေးဆောင်ဖို့ ချိန်းဆိုလို့ မိသားစုက ငွေကျပ် သိန်း ၃၀၀၀ နဲ့ သွားရောက်ခဲ့ရာ မီနီအိုးဝေသမားက တဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲထားတဲ့ ဆရာဝန်ကို နောက်ရက်မှာ ပြန်ပို့ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာအောင်မြင့်မြတ်ထွန်းရဲ့ မိသားစုက ရဲစခန်းမှာ အဖွင့်လို့ စစ်အုပ်စုက ငွေပေးခဲ့ရတဲ့ မီနီအိုးဝေကတဆင့် CCTV မှတ်တမ်းတွေ အပါအဝင် ဖြစ်စဉ်ကို စုံစမ်းခဲ့ရာ ပြန်ပေးဆွဲ ကျူးလွန်သူ ဒေါက်တာအောင်ဇင်ဖြိုးကို ဒီဇင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ ဖမ်းမိခဲ့ပြီး အတူကျူးလွန်သူကို ဒီဇင်ဘာလ ၁၉ ရက်မှာ ထပ်မံ ဖမ်းမိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

    ဒေါက်တာအောင်ဇင်ဖြိုးဟာ ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို သူ့ဆေးခန်းက လူနာကို ဆေးလာကုပေးဖို့ လိမ်လည် ခေါ်ယူပြီးနောက် ဆေးခန်းအကူ အမျိုးသားနဲ့အတူ ဝိုင်းချုပ်ဖို့ ကြိုးစားချိန် အော်ဟစ်ရုန်းကန်လို့ ပါးစပ်တွေပိတ်ကာ ချုပ်နှောင်ဖို့ ကြိုးစားရင်း သေဆုံးတယ်လို့ ကနဦး ထွက်ဆိုထားပြီး ဒဏ်ရာတွေနဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲလို့ စစ်အုပ်စုက ဆိုပါတယ်။

    ဒါ့အပြင် ဒေါက်တာအောင်ဇင်ဖြိုးဟာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း သေဆုံးပြီးချိန်မှ မိသားစုထံက ကျပ်သိန်း ၃၀၀၀ တောင်းယူကာ ကားဝယ်တာ၊ KTV သွားရောက်တာတွေ လုပ်ဆောင်ခဲ့ပြီး နောက်ရက် ဒီဇင်ဘာလ ၁၈ရက်တွင်မှ အလောင်းကို ၇၈လမ်း၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနဲ့ ဆိုင်ကယ်လမ်းကြားမှာ စွန့်ပစ်ခဲ့ကာ ဖမ်းမိချိန်မှာ ထွက်ဆိုတာကြောင့် အလောင်းကို ပြန်တွေ့ရတာလို့လည်း စစ်အုပ်စုက ဆိုပါတယ်။

    အဲ့ဒီလို ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ အလောင်းဖျောက်တဲ့ ဖြစ်စဉ်ကို CCTV မှတ်တမ်းတွေက တဆင့် စစ်အုပ်စုက ဖော်ထုတ်နိုင်ခဲ့တာလို့လည်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    ရန်ငြိုးရန်စ မရှိဘဲ မနာလိုလို့ ပြန်ပေးဆွဲ၊ သတ်ဖြတ်တာလို့ ကနဦး ထွက်ဆိုတယ်လို့ ကြားသိရကြောင်း သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    “ရက်ရက်စက်စက် အသတ်ခံရတာပါ။ မနာလိုလို့ သတ်တာတဲ့။ သတ်တဲ့ ဆရာဝန်က ရိုးရိုးဆရာဝန်ပေါ့။ ဆေးခန်းတော့ ဖွင့်ထားတယ်။ သေဆုံးတာက ခွဲစိပ် ဆရာဝန်လေ။ အခု စစ်ဆေးတော့ ဆေးရုံ ဆေးခန်းတွေ ပိုင်တော့ မနာလိုဘူးလို့ ပြောတယ်တဲ့” လို့ သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    အလောင်းကို ဒီဇင်ဘာလ ၁၉ ရက် မနက် ၄ နာရီမှာ ရေမြောင်းအတွင်းက ပြန်တွေ့ရပြီး အလောင်းက ပုပ်ပွနေပြီဖြစ်သလို ဒဏ်ရာဒဏ်ချက်တွေလည်း တွေ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

    “ပါးစပ်ထဲလည်း အဝတ်စတွေ ထည့်ထားတယ်တဲ့။ အလောင်းက လက်ပြန်ကြိုးတုပ်၊ ဓားဒဏ်ရာရော၊ နှိပ်စက် ဒဏ်ရာတွေရော။ ပါးစပ်ကလည်း ဓားနဲ့ ဖြဲထားတာ။ လက်တွေ ကျိုးနေတယ်။ ရင်ဘတ် နလုံးနေရာ တည့်တည့်က ဓါးနဲ့ ထိုးထားတယ်တဲ့၊ ဝင်ကြည့်ခွင့်ရတဲ့ ဆရာဝန်က ပြန်ပြောတာ။ တွေ့တဲ့အချိန်မှာ အလောင်းက ပုပ်ပွ နေပြီပေါ့။ သင်္ဂြိုလ်တာတောင် အိပ်ထဲထည့်ပြီး သဂြိုလ်ရတာ” လို့ နီးစပ်သူက ပြောပါတယ်။

    ဆရာဝန် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူက ဖုန်းကတဆင့် ခြေရာခံစုံစမ်းရာ အဲ့ဒီ ကန်တော်ကြီး မွီးပွိုင့်အနီးက ဆေးခန်းတစ်ခုမှာ ဖုန်းကို တွေ့ရှိတာကြောင့် စစ်အုပ်စုက ဝင်ဖမ်းဆီးခဲ့တာလို့ နီးစပ်သူတချို့က ပြောပေမယ့် စစ်အုပ်စုကတော့ CCTV တွေကတဆင့် ခြေရာခံဖမ်းမိတာလို့ သတင်းဖြန့်ထားပါတယ်။

    “ဆရာ့ကို သတ်ပြီးမှ ငွေတောင်းတဲ့သဘောပဲ။ သူက (ကျူးလွန်သူဆရာဝန်) အိုးဝေတစ်စီး လွှတ်လိုက်မယ်။ အဲ့ဒီ ၁၇ရက်နေ့က ၃ နာရီမထိုးခင် ငွေသိန်း ၃၀၀၀ ထုတ်ပေးလိုက်ပါ။ ဘယ်သူမှ မလိုက်ခဲ့ပါနဲ့၊ လိုက်လာရင် အသေပဲ ဆိုလို့ အိုးဝေမှာ ငွေထည့် ပေးလိုက်ရတယ် တဲ့။ ဒါပေမယ့် လူက မလွတ်လာဘူး။ ဆရာက သေနေပြီးသားကို ညာပြီး တောင်းတာ။ ဆရာသေတာနဲ့ ပိုက်ဆံတောင်းတာနဲ့ တပြိုင်တည်း ဖြစ်တာ” လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

    သေဆုံးသူ ဆရာဝန်က ယခင်က မန္တလေးမြို့ ဗဟိုအမျိုးသမီး ဆေးရုံကြီးက သားဖွားမီးယပ်အထူးကု ဆရာဝန် ဖြစ်ကာ လက်ရှိမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုကို ဖွင့်လှစ်ထားပြီး မိသားစုဝင်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ဆရာက အရမ်း သဘောကောင်းတယ်။ တချို့ ပိုက်ဆံမရှိတဲ့ လူနာတွေကိုလည်း အခမဲ့ ကုပေးတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    သေဆုံးသူ ဆရာဝန်ဟာ တော်ပြီး သဘောကောင်းကြောင်း မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်က လူမှုကွန်ယက်မှာ ဖော်ပြကြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး မန္တလေးမှာ ပြန်ပေးဆွဲ ငွေညှစ်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ပျူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ သွေးသောက် အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ် တာတွေ ကျူးလွန်ခဲ့ပါတယ်။

    သေဆုံးသူကို တွေ့ရစဉ်/Photo – ပေးပို့

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲတာ ဖတ်လိုက်ရတယ်..

    ပြန်ပေးငွေ သိန်းသုံးထောင် တောင်းချိန်မှာ တကယ်က thet ထားပြီးပြီတဲ့.. လက်တွေ choe ထားပြီး တခြား ညှင်းပန်းထားတဲ့ ဒဏ်ရာတွေရောတဲ့..

    ဘာလို့ လုပ်တာတုန်းဆို မနာလိုလို့တဲ့.. တရားခံရဲ့ ဝေါလ်မှာကျ ဘုရားတရားတွေနဲ့ကိုမှ သူ့ကလေးကိုပါ ဝင်လေ ထွက်လေ ရှုတာတွေ သင်ပေးနေတာတဲ့..

    ဘုရားတရား ကာဗာယူထားသူတွေက ပိုလို့တောင် စိတ်မထိန်းနိုင်ကြသလိုဘဲ.. တလောကလုံးကို မေတ္တာပို့ပြီး တယောက်ကို ကျိတ်မုန်းနေတဲ့သူတွေရဲ့ စိတ်က ပိုကြောက်စရာကောင်းနေတာ..

    ကိုယ်ကသာ မတွေးမိမယ်.. သူများကို မနာလိုစိတ်နဲ့ မကောင်းကြံချင်ကြသူတွေက ဘဝမှာ တကယ် ရှိကြတာပဲ.. တရားခံတော့ မိပြီပြောတယ်.. သူ့အမျိုးသမီးနဲ့ သားလေးအတွက်ကတော့ တသက်စာ အရိပ်မည်းကြီး ကျန်ခဲ့ရပြီ..

    Poe Phyu Thant

    ဆက်စပ်သတင်း

    မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ

    မန္တလေးမှာ လူငယ်ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်

  • ဂွမြို့ ခမရ – ၅၆၃ AA သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်

    ဂွမြို့ ခမရ – ၅၆၃ AA သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်

    ရခိုင်ပြည်နယ် ဂွမြို့အနီးက စစ်ကောင်စီရဲ့ ခမရ – ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဂွမြို့ပေါ်မှာလည်း မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာတွေ အပါအဝင် မြို့အနှံ့ကို ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

    ဂွမြို့အနီး သံတွဲ-ဂွကားလမ်းပေါ်မှာ နောက်ဆုံးကျန်နေတဲ့ ခမရ – ၅၆၂ တပ်ရင်းကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကတော့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရေတပ်စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဂွမှာ ဒီမနက် ခမရ ၅၆၃ ကို သိမ်းလိုက်ပါပြီ။ မြို့ရဲ့ နေရာအနှံ့ကိုလည်း ထိန်းချုပ်လို့ရပါပြီ”

    ဂွမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတချို့ဟာ ရခိုင်ရိုးမတောင်တန်းတွေပေါ်အထိ ဆုတ်ခွာသွားပြီးနောက် ရိုးမပေါ်မှာ လက်နက်ကြီးတွေ အခိုင်အမာနေရာချပြီး ခံစစ်ပြင်ထားတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် ဂွမြို့ပေါ်မှာထက် ရိုးမပေါ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အမ်းမြို့ အနောက်ပိုင်းတိုင်းတိုင်း စစ်ဌာနချုပ်က နောက်ဆုံးကျန်တဲ့ တိုင်းစစ်ရုံး နေရာကိုလည်း AA က ထိုးစစ်ဆင်နေပြီး နေ့စဉ်လက်နက်ချလာသူတွေ ရှိနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

    ဂွမြို့အခြေစိုက် ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီး ခမရ ၅၆၂ တပ်ရင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်ခုခံနေ

    ရခိုင်ပြည် ဂွမြို့အခြေစိုက် ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီး ခမရ ၅၆၂ တပ်ရင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်လက်ခုခံနေကြောင်း AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်အစောပိုင်း ဂွမြို့အခြေစိုက် ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့တချို့က ခမရ ၅၆၂ တပ်ရင်းထဲသို့ သွားရောက်ပြီး ဆက်လက်ခုခံနေ ကြောင်း သိရှိရသည်။

    “ဂွမြို့ ခမရ ၅၆၃ ကိုသိမ်းလိုက်ပါပြီ။ ကျန်တဲ့ကောင်တွေကတော့ ခမရ ၅၆၂ မှာ စုပြီး ခုခံနေကြတယ်” ဟု AA သတင်းရင်းမြစ်တစ်ခုကပြောဆိုသည်။

    ဂွမြို့ထဲတွင် စစ်ကောင်စီ၏ ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ရှိပြီး ခမရ ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး ဂွမြို့ထဲကို ထိန်းချုပ်ထားသည့် သတင်းအပေါ် AA က တရားဝင် အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။

    ခမရ ၅၆၂ တပ်ရင်းသည် သံတွဲ၊ ကျိန္တလီဘက်က လာလျှင်တွေ့ရသော ဂွမြို့အဝင်က တပ်ရင်းဖြစ်ပြီး ခမရ ၅၆၃ တပ်ရင်းသည် ရန်ကုန်၊ ဧရာဝတီဘက်က လာလျှင်တွေ့ရသော ရိုးတောင်အဆင်း ဂွမြို့အဝင်တွင် တွေ့ရသော တပ်ရင်းဖြစ်သည်။

    လက်ရှိတွင် ဂွမြို့အတွင်း အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး AA က နောက်ဆုံးကျန်ရှိနေသည့် ခမရ ၅၆၂ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

    ဂွမြို့သည် ရခိုင်ပြည် တောင်ပိုင်းဒေသ၏ အဆုံးမြို့တစ်ခုဖြစ်ပြီး ဧရာဝတီတိုင်းဒေသနှင့် ထိစပ်နေသော နယ်စပ်မြို့တစ်မြို့လည်းဖြစ်ကြောင်း၊ ဂွမြို့မကျစေရေး အတွက် အာဏာသိမ်း စစ်ကောင်စီသည် ဧရာဝတီတိုင်းဒေသက စစ်ကူအများအပြားဖြင့် ပင်လယ်ပြင်က လာရောက်ကာ AA ထိုးစစ်အား အပြင်းအထန် ခုခံနေကြောင်း သိရသည်။

    အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ထားသည့် တပ်စခန်းအချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။

  • စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ

    စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ

    မုံရွာမှာ စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီး

    အမျိုးသမီးတွေကို အပျိုဟုတ်၊မဟုတ် မေးပြီး ဖုန်းနံပတ်တောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်

    စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက မြို့အဝင်အထွက် လမ်းဆုံလမ်းမနေရာအနှံ့ ဂိတ်တွေ ဖွင့်ထားပြီးနောက် ခရီးသွားပြည်သူ လူငယ်လူရွယ် အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းပြီး အမျိုးသမီးတွေကိုတော့ လိင်ပိုင်းဆိုင်ရာ ထိပါစော်ကားနေတယ်လို့ ကိုယ်တိုင် ကြုံနေရသူတွေက ပြောပါတယ်။

    ယခု ဒီဇင်ဘာလ ဒုတိယအပတ်က စပြီး ကနီ၊ ယင်းမာပင်၊ ဘုတလင် စတဲ့ မြို့နယ်တွေဘက်က လာတဲ့ ခရီးသည်တင် ကားတွေကို စစ်အုပ်စုက မုံရွာမြို့အ၀င်နေရာတွေက စောင့်ပြီး ကားပေါ်ပါ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းကာ အမျိုးသမီးတွေကိုတော့ အပျို ဟုတ်၊ မဟုတ် မေးမြန်းတာ၊ ဖုန်းနံပတ်တွေ မရမက တောင်းယူတာမျိုး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အစ်မက မန္တလေးသွားတာ၊ လမ်းမှာ သူတို့(စစ်အုပ်စု) စစ်ဆေးရေးဂိတ်နဲ့ တွေ့တော့ အစတော့ မှတ်ပုံတင် ပြခိုင်းတယ်၊ ပြီးတော့ အိမ်ထောင်ရှိလား၊ အပျိုးလား ဘာညာ မေးပြီး ဒီမှာ ဆင်းနေခဲ့မလား၊ ဖုန်းနံပါတ် ပေးမလားနဲ့ မေးတာ၊ အစ်မလည်း ကြောက်တော့ ဖုန်းနံပါတ် ပေးထားခဲ့ရတယ်၊ ခဏနေတော့ တကယ် ဖုန်းခေါ်တာ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

    မုံရွာမြို့အဝင်အထွက်တွေမှာ ဂိတ်ဖွင့်ငွေညှစ် ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုက ခရီးသွားပြည်သူ အမျိုးသမီးတွေကို လိင်ပါးဆိုင်ရာ ထိပါးနှောင့်ယှက် စော်ကားပြီး ဖုန်းနံပတ်နဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမပေးရင် ကားကို ခရီးဆက်ခွင့် မပေးဘဲ တားဆီးထားတာမျိုးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    ဒီဇင်ဘာလ ၁၇ နဲ့ ၁၈ ရက်က မုံရွာမြို့ကို လာရောက်တဲ့ ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာက အမျိုးသား တစ်ဦး၊ ရွာသာနဲ့ဝါးချောင်း ကျေးရွာက အမျိုးသားလေးဦး၊ ကနီမြို့နယ် လက်ပံစုကျေးရွာက အမျိုးသား နှစ်ဦး၊ စုစုပေါင်း အမျိုးသား ခုနှစ်ဦးကို စစ်အုပ်စုက မုံရွာမြို့အဝင်မှာ ကားပေါ်က ဆွဲချဖမ်းဆီးကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခဲ့ပါတယ်။

    “မုံရွာအ၀င် (မုံရွာ – ဘုတလင် – ကနီလမ်း) ကျွဲရဲအဝိုင်းပတ်နဲ့ (မုံရွာ – အရာတော် – ရွှေဘိုလမ်း) ဇလုပ်အဝိုင်းပတ် နေရာတွေက စောင့်ပြီး ဖမ်းကြတာ၊ လူငယ်ပိုင်းတွေ အဖမ်းခံရတာ များတယ်”လို့ ခရီးသွား ကားလုပ်ငန်းပိုင်းနဲ့ နီးစပ်တဲ့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

    မုံရွာမြို့အ၀င် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရတဲ့ ခရီးသွားပြည်သူ အများအပြားရှိပြီး အရေအတွက် အတိအကျကိုတော့ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

    အာဏာသိမ်း စစ်အုပ်စုဟာ မုံရွာမြို့ပေါ်မှာလည်း လမ်းပေါ်ဂိတ်ဖွင့်ကာ လမ်းသွားလမ်းလာနဲ့ အလုပ်သွားမလုပ်ပြန် လူငယ်လူရွာတွေကို ပေါ်တာဆွဲ၊ ပြန်ပေးဆွဲ ဖမ်းဆီးသလို ရပ်ကွက်တွေအတွင်းက စားသောက်ဆိုင်တွေထဲအထိ ၀င်ရောက်စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မုံရွာမြိုမှာ ယခု ဒီဇင်ဘာလအတွင်း စစ်အုပ်စုရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်း ခံရသူ အနည်းဆုံး ၇၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်းစက မုံရွာမြို့အဝင် ငွေညှစ်ဂိတ်တစ်ခုမှာ ခရီးသွားတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု