Author: Admin-501

  • ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူ

    ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လိုအပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။ ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းများ ခေါ်ယူရေးနှင့်ပတ် သက်၍ အသိပေးအကြောင်းကြားလာရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း…

  • လမ်းဘေးခွေးများကို စီမံချက်ဖြင့်  အဆိပ်ချ သတ်ဖြတ်

    လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်

    ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရမည်ဖြစ်၍ လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ် မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်အခမ်း အနားသို့ မင်းအောင်လှိုင် တက်မည်ဖြစ်၍ စစ်တပ်က လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေး မှန်သမျှကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်လျက်ရှိကြောင်း ပြင်ဦးလွင် မြို့နယ်စည်ပင်အရာရှိတစ်ဦးနှင့် ဒေသခံပြည်သူများထံမှ သိရှိရသည်။ အကြမ်းဖက်မင်းအောင်လှိုင်က ယခု ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်သို့ စစ် တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်း ပွဲများ တက်ရောက်ခဲ့ပြီး ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် အခမ်းအနားသို့လည်း တက် ရောက်မည်ဖြစ် ကြောင်း၊ ထို့ကြောင့်…

  • အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ

    အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ

    (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်) စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ ဧရာဝတီသားဖြစ်တဲ့ ကိုအောင်ပိုင် (အမည်လွှဲ) အသက် ၁၇ နှစ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ အပတ်စဉ် (၅) စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မတပ်သားသစ် စုဆောင်းရာမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။ ကိုအောင်ပိုင်ဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေရင်း အလုပ်ကအပြန် ည ၉နာရီ – ၁၀နာရီဝန်းကျင်အချိန်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီကားနဲ့ တိုးပြီး ပေါ်တာဆွဲခံလိုက်ရတာ ဖြစ်တယ်လို့ ကိုအောင်ပိုင်က…

  • မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

    မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

    အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ထုတ်ပြန်ကြေညာသည်။ နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် – People’s Embraceက အသိပေးသည်။ ပြည်သူလူထုအများစုသည် မိမိတို့၏ ရင်သွေးများအပါအဝင် ချစ်ခင်တန်ဖိုးထားရသူများအား စစ်ကောင်စီတပ်က မတရားစုဆောင်းဖမ်းဆီးသွားသော်လည်း မည်သည့်အဖွဲ့အစည်းသို့ ဆက်သွယ် တိုင်ပင်ရမည်ကို မသိသောကြောင့် ကယ်တင်ပေးနိုင်သောအခြေအနေတွင်ရှိသည့် လူငယ်များသည် စစ်ကောင်စီ ယူနီဖောင်းများဝတ်ဆင်လျက်ဖြင့်…

  • ရမခခြောက်အိပ်မက်နဲ့ချောက်ချားနေတဲ့ စစ်ဗိုလ်ချုပ်များ

    ရမခခြောက်အိပ်မက်နဲ့ချောက်ချားနေတဲ့ စစ်ဗိုလ်ချုပ်များ

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA)က သိမ်းယူထားသည်မှာ ရက်ပေါင်း ၁၃ဝ ကျော်လာခဲ့ပြီဖြစ်သည်။ပြီးခဲ့သည့် မိုးတွင်းက သိမ်းယူခဲ့ပြီး ယခုမူ ဆောင်းရာသီသို့ပင် ရောက်လာသည်။အချိန်ရာသီယန္တရားသည် တရွေ့ရွေ့ခရီးနှင်နေသည်။ ရက်မှလသို့ ၊ လမှ ရာသီပင်ပြောင်းသော်ခဲ့လည်း တိုင်းစစ်ဌာနချုပ်ဆုံးရှုံးခဲ့ရသည့်ဂယက်သည် စစ်ဗိုလ်ချုပ်များအား ခြောက်လှန့်နေဆဲဖြစ်ပါသည်။ ပျောက်ခြင်းမလှပျောက်နေသည့် စစ်ဗိုလ်ချုပ်တစ်ဦး ရုတ်တရက်ပြန်ပေါ်လာခြင်းက ရမခ ခြောက်အိပ်မက်ကို ထင်သာမြင်သာရှိစေသည်။ ရမခတိုင်းမှူးအဖြစ် ခန့်အပ်ခံရသော်လည်း MNDAA နှင့် ပူး​ပေါင်းတပ်များ၏ထိုးစစ်ကြောင့် ရမခသို့ မလာနိုင်ခဲ့သည့် ဗိုလ်ချုပ်စိုးလှိုင်တစ်​ယောက် တြိဂံ​ဒေသတိုင်းစစ်ဌာနချုပ်(တသခ)တိုင်းမှူးအဖြစ် ပြန်ပေါ်လာခြင်းဖြစ်သည်။ ရမခ တိုင်းမှူး ခန့်အပ်ပြီး ရက်ပိုင်းအတွင်း တိုင်းစစ်ဌာနချုပ်ပင် ​​တော်လှန်​ရေးတပ်များကသိမ်းလိုက်၍ ​ပျောက်သွားခဲ့ရာမှ ယခုမူ တသခ စစ်တိုင်းမှူးအဖြစ် ကျိုင်တုံမြို့တွင် ရုံးထိုင်​နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးမြို့နှင့်ရမခကို MNDAAက တိုက်ခိုက်‌နေစဉ် စစ်ကောင်စီက…