Author: Admin-501

  • ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းအား သပိတ်မှောက်မှုထိရောက်၊ အနုပညာရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ

    ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းအား သပိတ်မှောက်မှုထိရောက်၊ အနုပညာရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ

    အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်နဲ့ သပိတ်မှောက်တာ ပြင်းထန် ထိရောက် သွားတဲ့အတွက် စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက အနုပညာရှင် အားလုံးကို​ မလာမ​နေရဆိုပြီး ဒီကနေ့ အရေးပေါ် အစည်းအဝေးခေါ်ထားတယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတယောက်က “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရန်ကုန်မှာ လုပ်မှာ၊ ပြန်ဝန်တက်မယ်လို့ သိရတယ်။ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများကို BC နဲ့ Social punishment ထိရောက်သွားလို့ ကြော်ငြာကုမ္ပဏီတွေက အဲဒီဇာတ်လမ်းက သရုပ်ဆောင်တွေကို မရိုက်တော့ဘူးဆိုလို့ အဲဒီကိစ္စနဲ့ အဲဒီမရိုက်တဲ့ ကုမ္ပဏီတွေကို ဆက်ရိုက်ဖို့ စစ်ကောင်စီ ဖိအားပေးဖို့နဲ့ တန်ပြန်အစီအစဉ်တွေ လုပ်မယ်လို့ အကြမ်းဖျင်းသိရတယ်” လို့ DVB ကို ပြောပါတယ်။

    စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းလည်း တက်ရောက်မယ့် ဒီအစည်းအဝေးကိုတော့ နေ့လယ် ၁ နာရီမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

    “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုနဲ့ ဇာတ်လမ်းမှာ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်နဲ့ ခြူးလေးတို့ အပါအဝင် အောင်ခိုင်၊ ငှက်ပျောကြော် စတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ ပါဝင်သရုပ်ဆောင်ထားကြတာပါ။

    ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ စတာတွေကို မဖော်ပြထားဘဲ ‌ခေတ်သမိုင်း သုခုမရပ်ဝန်းမှ စီစဉ်တင်ဆက်သည်လို့သာ ဖော်ပြထားပေမဲ့ စစ်တပ်ဝါဒဖြန့်ဇာတ်လမ်းတွေ ရိုက်နေကျ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတင်အောင်စိုး (ပန်းမြို့တော်) ဖြစ်တယ်လို့လည်း အနုပညာအသိုက်အဝန်းက ​ဆိုပါတယ်။

    ဒီဇာတ်လမ်းကို ဝေဖန်ခဲ့လို့ဆိုပြီး ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

    တဖက်မှာလည်း ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေကို တော်လှန်အနုပညာရှင်တွေ၊ မြို့ပြအင်အားစုတွေနဲ့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီးနောက် ဒီသရုပ်ဆောင်တွေကို သပိတ်မှောက်ပြီး လူမှုရေးပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပြုလုပ်ကြဖို့ ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ခဲ့ကြပါတယ်။

    မြတ်သဇင်

  • ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ အား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့် အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

    ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသား၍ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့သည့် ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် တို့အား ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဖမ်းဆီးရမိထားသူများအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ် ထောက်ခံမှုမရှိခဲ့သည့်အပြင် ဆူပူဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း၊ ထို့ပြင် မကြာမီကျင်းပရန်ရှိသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ၎င်းတို့တတ်ကျွမ်းသော အနုပညာကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းမရှိသည့်အပြင် အခြားသောအနုပညာရှင်များ၏ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝေဖန်တိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှ ယုံကြည်မှု လျော့နည်းလာစေရန်ရည်ရွယ်၍ ရေးသားဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

    အဆိုပါ ဖမ်းဆီးရမိထားသူ သုံးဦးအနက် ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်သည် ၂၀၂၁ ခုနှစ်တွင် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် နိုင်ငံတော်အစိုးရအပေါ် ဝေဖန်ရေးသားခဲ့သောကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သူဖြစ်ကြောင်းစိစစ်တွေ့ရှိရသဖြင့် ၎င်းအား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူနိုင်ရေးအပြင် ယခင်လွတ်ငြိမ်းခွင့်ပြုခဲ့သော ပြစ်ဒဏ်အားပြန်လည်ကျခံစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့ကြသည့် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ နှစ်ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အထွေထွေရွေးကောက်ပွဲအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

  • TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    မိုးကုတ်ဗျူဟာနဲ့ မိုးကုတ်အခြေပြု တော်လှန်ရေးတပ်တွေက ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု

    မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် – TNLA က မြို့ကို အာဏာသိမ်း စစ်အုပ်စုလက်ထဲ ပြန်လည် ထိုးအပ်လိုက်ပေမယ့် ဒေသခံ တော်လှန်ရေးတပ်တွေက မြို့ကနေ မဆုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်မယ်လို့ တော်လှန်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

    မိုးကုတ်မြို့ကနေ အခြေပြု ပေါက်ဖွားလာတဲ့ မိုးကုတ်ဗျူဟာ (ပြည်သူ့ကာကွယ်ရေးတပ်မတော်) အနေနဲ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်ပါမယ်လို့ ကတိသစ္စာပြုကြောင်း မိုးကုတ်ဗျူဟာက အောက်တိုဘာ ၂၉ရက် ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF ကလည်း မိုးကုတ်နဲ့ စဉ့်ကူး အပါအဝင် မန္တလေးတိုင်းအတွင်းက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လက်လွှတ်မှာမဟုတ်ဘဲ အစွမ်းကုန် ဆက်လက် တိုက်ခိုက်မယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

    မိုးကုတ်ဗျူဟာနဲ့ MDY-PDF တွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်ပြီး TNLA အပါအဝင် မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးကို ဆင်နွှဲကာ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကုး၊ သပိတ်ကျင်း စတဲ့ မြို့၊ရွာတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နဲ့အတူ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်တွေက ပူးပေါင်းတိုင်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး TNLA က မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဖွဲ့ကာ မြို့ကို စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

    စစ်အုပ်စုနဲ့ အပစ်အခတ် ရပ်ဆဲပြီး မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်ပေးမယ်လို့ TNLA က ထုတ်ဖော်ပြောကြားလိုက်ပြီးတဲ့နောက် မိုးကုတ်မြို့ခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “မိုးကုတ်ဗျူဟာနဲ့ မန်းတိုင်းက တိုက်မလားလို့ မျှော်လင့်နေကြတယ်၊ ရှောင်နိုင်တဲ့ လူတွေအားလုံးတော့ ထွက်သွားကြပြီ၊ ကျနော့် ပတ်ဝန်းကျင်ကလူတွေက ရှောင်ဖို့ ခက်ခဲတဲ့ လူတွေချည်း များတာမို့ နေလို့ရသလောက် ဆက်နေမယ့် လူတွေများနေတယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    TNLA ဆုတ်ခွါပေးချိန်မှာ စစ်အုပ်စု ပြန်လည်ဝင်ရောက်လာမှာနဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးနိုင်တဲ့ အခြေအနေကို စိုးရိမ်နေကြတာလို့လည်း မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

    မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့သလို မိုးကုတ်မြို့ခံ အများစုကတော့ ပြီးခဲ့တဲ့လတွေအတွင်းမှာ အများအပြား ရွှေ့ပြောင်းသွားကြတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

    လတ်တလောမှာ ရွှေ့ပြောင်းဖို့ အခက်အခဲရှိသူတွေသာ ကျန်ရစ်တယ်လို့လည်း ၎င်းတို့က ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက မိုးကုတ်မြို့ကို လေကြောင်းဗုံးကြဲနေပြီး မြေပြင်စစ်ကြောင်းကလည်း နှစ်ဖက်ညှပ် ထိုးစစ်ဆင်နေတယ်လို့ ယူဆရကာ မေမြို့ကတဆင့် ကျောက်မဲမြို့နယ်ကနေ စစ်ကြောင်း တစ်ကြောင်း၊ မန္တလေး – သပိတ်ကျင်း – မိုးကုတ်လမ်း သပိတ်ကျင်းနယ်၊ ဖော့တောလမ်းဆုံကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ မိုးကုတ်မြို့ဆီ ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

    TNLA အပါအဝင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို တရုတ် အကူအညီနဲ့ ပြန်ရပြီးနောက် တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေ ပြန်ရရေး စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

    မိုးကုတ်မြို့ကနေ ပြန်ဆုတ်ဖို့ ပြင်နေတဲ့ TNLA နဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီး တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ/Photo – CJ၊ MDY-PDF

  • ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    “ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း”

    ခွန်ထိုင်းတွေက ကြံ့ဖွတ်ရဲ့ မဲဆွယ်တဲ့သတင်းအောက်မှာ ပယ်ပယ်နယ်နယ်သမနေတာ ဓါတ်ဆီဆိုင်က ကောင်လေးတွေတဲ့၊တယောက်ဆို Full Tank တို့ 95 ဘယ်နှစ်လီတာတို့ပါ ရေးချပစ်တာ။

    နိုင်ငံဖြတ်ကျော် ဂုဏ်သတင်းတွေကလည်း မွှေးသေးတာ။ သူခိုးတွေ သူခိုးတွေတဲ့။ ထိုင်းတွေတောင် သိတယ်။ မင်းအောင်လှိုင် အမျိုးတွေချည်းပဲ တယောက်တည်းပြိုင်ပြီး တယောက်တည်းနိုင်မှာမလားတဲ့။

    အမေစုကိုတော့ ထိုင်းတွေကပါ ချစ်ကြတာနော်။ အမေစုကို ကြောက်လို့ ထောင်ထဲထည့်ထားတာမလားတဲ့။ အမေစုကို ရှုံးတော့ အာဏာသိမ်းတဲ့ သူတွေတဲ့။ အမေစုကို ပြောခွင့်ပေးလိုက် မင်းတို့တွေ မလွယ်ဘူးတဲ့။

    ရေးတာ ရေးတာဆိုတာ ကိုယ်တွေတောင် တိတ်တိတ်လေး ပြန်ထွက်လာခဲ့ရတယ်။

  • နတ်ရေကန်ကို လမ်းဟောင်းဖက်ကထိုးစစ်ဆင်လာသည့်စစ်ကြောင်း ပဇီကျေးရွာနားတွင် စစ်ကြောင်းတစ်ခုလုံးပြုတ်

    (စစ်တပ်က နတ်ရေကန်ကိုကာကွယ်ရန်ထက် ပိတ်မိနေသည့်စစ်သားများကိုကယ်ထုတ်ရန် ကြိုးစားလာ)

    ဝိုင်းရံပိတ်ဆို့ခံထားရသည့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးဗျူဟာစခန်းမှ စစ်သားများကိုကယ်ထုတ်ရန်အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်း၂ကြောင်းခွဲပြီး ချီတက်လာရာ လမ်းဟောင်းဖက်က ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ပဇီကျေးရွာနားအရောက်တွင် အာရက္ခတပ်တော်မှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာမှ စစ်တပ်စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်ဟု သတင်းရရှိသည်။

    အောက်တိုဘာ၂၈ရက်နေ့က နတ်ရေကန်လေကြောင်းရန်ကာကွယ်စခန်းသို့ လမ်းဟောင်း၊လမ်းသစ်နှစ်ခုကို အသုံးပြုပြီး စစ်တပ်စစ်ကြောင်း၂ ကြောင်းခွဲကာ ထိုးစစ်ဆင်လာခဲ့သည်ဟု သိရသည်။

    ထိုသို့ ထိုးစစ်ဆင်လာရာ ကပစ(၁၄) နှင့် ဇင်ပြွန်းရွာစခန်းတို့မှ လမ်းဟောင်းအတိုင်း ပထမစစ်ကြောင်းမှ အင်အား၂၀၀ခန့် ထိုးစစ်ဆင်လာကြောင်း၊ တချိန်တည်းတွင်ပင်အင်အား၁၀၀ကျော်ခန့်ပါသော စစ်ကြောင်းတစ်ကြောင်းကလည်း ရှေ့ဆင့်နောက်ဆင့် လမ်းသစ်ဘက်က ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပထမစစ်ကြောင်းနှင့် AA တို့သည်ပဇီကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ကြပြီး စစ်တပ်ဘက်က အကျအဆုံးများပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    “ကပစ (၁၄) ဖက်ကတက်လာတာပါ။ ပထမစစ်ကြောင်း၂၀၀ ခန့်တော့ ရှိမယ်။ ပဇီရွာနားမှာ အကုန်ကျသွားပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်ပါတယ်။ လက်နက်တွေအလောင်းတွေ ကိုယ့်ဘက်ကတော်တော်များ သိမ်းမိပါတယ်။ နောက်စစ်ကြောင်းတစ်ကြောင်းက ပတ်ဝန်းကျင်မှာ ရှိနေသေးတယ်” ဟုပြောသည်။

    ထိုသို့စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသဖြင့် အကြမ်းဖက်မြန်မာလေတပ်က တိုက်လေယာဉ်ဖြင့် ပဇီရွာကိုဗုံးအကြိမ်ကြိမ် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

    ၎င်းက“ ခုလိုအကျအဆုံးများသွားတော့ စစ်တပ်ကပဇီကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊Y12 တို့နဲ့ဒီကနေ့တစ်ရက်တည်းမှာ အကြိမ်ရေ ၃၀ ထက် မနည်းလာရောက်ဗုံးကြဲခဲ့ပါတယ်။ ကျေးရွာတစ်ခုလုံး ကိုင်ပြစရာမကျန်တော့လောင်အောင်ကို ကြဲတာပါ” ဟု ပြောကြားသည်။

    အာရက္ခတပ်တော်(AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့ခံထားရသည့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးဗျူဟာစခန်းကို စစ်တပ်ကကာကွယ်နိုင်ရန်အခြေအနေမရှိတော့ရာမှ ယခုတက်လာသော စစ်ကြောင်းများသည်၎င်းနတ်ရေကန်စခန်းအားကာကွယ်ရန် ထက်ပိတ်မိနေသည့်စစ်သားများကို ကယ်ထုတ်ရန် ကြိုးစားလာခြင်း ဖြစ်နိုင်သည်ဟု နောက်ထပ်စစ်ရေး ရင်းမြစ်တစ်ဦးက ပြောကြားသည်။

    “သူတို့စစ်တပ်ကနတ်ရေကန်တောင်မှာအင်အားအများအပြားနဲ့ရက်ရှည်နေထိုင်ပြီး ဒီစခန်းကိုကာကွယ်ထားဖို့ဆိုတာ လုံး၀မဖြစ်နိုင်တော့ဘူး။ အေအေက ရိက္ခာပို့လို့ရတဲ့ထောက်ပို့ လမ်းကြောင်းကို အကုန်ပိတ်ဆို့ ဖြတ်တောက်ထားတာ။ အခုလည်းရိက္ခာအပါအဝင် ရေကအစပြတ်နေပြီ။ ဒီအတွက်ဒီနေ့လည်း လေကြောင်းကနေ လေထီးတွေနဲ့ ရိက္ခာတွေလာချပေးရတယ်။ ဒီလိုလေကြောင်းကနေ ချပေးနေတဲ့ ရိက္ခာလောက်နဲ့တော့ အင်အားအများအပြား ရေရှည်နေထိုင်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး။ ဒီတော့ကျွန်တော်သုံးသပ်တာကတော့ အခုလမ်းဟောင်း၊ လမ်းသစ်ကတက်လာတဲ့ စစ်ကြောင်းတွေဟာ နတ်ရေကန်ဗျူဟာကိုကာကွယ်ဖို့ထက် ပိတ်မိတဲ့နေတဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ကြိုးစားတာလို့ သုံးသပ်ရပါတယ်”ဟု ပြောကြားသည်။

    နတ်ရေကန်တောင်တွင်အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်များရိပ်က္ခာပြတ်လတ်နေပြီးယနေ့နေ့လယ်အချိန်ခန့်တွင်Y12 ၊Y8 တို့ဖြင့်လာရောက်ပို့ဆောင်ခဲ့စဉ်ကင်းထောက်လေယာဉ်တစ်စီးကကင်းထောက်ပျံသန်းကာဂျက်ဖိုက်တာတစ်စီးကအနီးအနားနေရာများကိုဗုံးများကြဲချခဲ့သည်ဟုသိရသည်။

    “နေ့လယ်ဖက်ကလေကြောင်းကနေရိက္ခာလာပို့တယ်အကုန်သူတို့စခန်းထဲကိုကျသွားတယ်။ နောက်လေယာဉ်တစ်စီးကပတ်ဝန်းကျင်ကိုဗုံးကြဲပေးတယ်။ကျန်တစ်စီးကတော့ကင်းထောက်ပျံသန်းနေခဲ့တယ်”ဟုဆိုသည်။

    လက်ရှိနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို AA ကဝိုင်းဝန်းပိတ်ဆို့ထားပြီးလက်နက်ကြီးများဖြင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိနေသလို ဂုတ်ကြီးကျေးရွာလမ်းသစ်နင့်ပဇီကျေးရွာလမ်းဟောင်းတို့တွင်နှစ်ဖက်တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေသည်ဟုသိရသည်။

    အာရက္ခတပ်တော်၏အောက်တိုဘာ၁၇ရက်နေ့စွဲဖြင့်ထုတ်ပြန်ချက်အထဲတွင်လည်းဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏နတ်ရေကန်ဗျူဟာကုန်းရှိအနည်းငယ်သောလက်ကျန်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသကဲ့သို့ကစဉ့်ကလျားထွက်ပြေးနေကြသောစစ်တပ်တပ်ဖွဲ့ဝင်အချို့နှင့်မိမိတို့သည်နေရာအချို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုဖော်ပြထားသည်။

    ထိုသို့တိုက်ပွဲများဖြစ်ပွားနေရာအချို့သောနေရာများ၌ စစ်တပ်တပ်ဖွဲ့အချို့သည် AA ထံတွင်အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လျက်ရှိကြသကဲ့သို့ အချို့ကို တိုက်ပွဲအတွင်းလက်ရဖမ်းဆီးမိထားသည်ဟုလည်း ဖော်ပြသည်။

    အာရက္ခတပ်တော်အနေဖြင့်အလင်းဝင်ရောက်လာခဲ့ကြသောသူတိုင်းကိုစစ်သုံ့ပန်းဥပဒေနှင့်အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားလျက်ရှိကြောင်း၊ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏မတရားသဖြင့်စစ်မှုထမ်းရန်စုဆောင်းခြင်းခံရသောသူများအနေဖြင့် အာရက္ခတပ်တော်နှင့်အနီးဆုံးနေရာများသို့ဆက်သွယ်၍ အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ပါကြောင်း စသဖြင့်အသိပေးအပ်ပါကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။