ရာသီဥတု အကူးအပြောင်းကာလမှာ အစားအသောက်နဲ့ ယင်လုံအိမ်သာ အထူးဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ လက်ရှိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမိမြို့မှာ ကူးစက်ဝမ်းရောဂါတစ်မျိုး ဖြစ်ပွားနေပြီး ကူးစက်မှုနှုန်း အတော်လေး မြန်ဆန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဓိက သိထားသင့်တဲ့ လက်ရှိအခြေအနေတွေကတော့ 🔹 ဘယ်ကစဖြစ်တာလဲ? – ပြီးခဲ့တဲ့ ဧပြီလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ အောင်သုခရပ်ကွက်က ရေလုပ်သားတွေဆီကနေ စတင်ကူးစက်ခဲ့တာလို့ သိရပါတယ်။ 🔹 လက်ရှိအခြေအနေ: ပထမဆုံး ဆေးရုံရောက်လာတဲ့ ရေလုပ်သား (၅) ဦးအနက် (၄) ဦးကို မော်လမြိုင်ဆေးရုံကြီးဆီ အရေးပေါ် ထပ်မံလွှဲပြောင်း ပို့ဆောင်ခဲ့ရပါတယ်။ 🔹 လူနာအရေအတွက်: အခုလက်ရှိအချိန်မှာတော့ ကျိုက္ခမိဆေးရုံမှာ ဝမ်းရောဂါ ကူးစက်ခံထားရသူ လူနာ (၃၀) ဦး […]