Author: Admin-501

  • Bozzo in the woods

    Bozzo in the woods

    Bozzo in the Woods (2025)

    ထိတ်လန့်သည်းဖို Horror နဲ့ Comedy ဟာသ တွဲဖက်ကြည့်ချင်တဲ့သူတွေအတွက်

    ရွေးချယ်လို့ ရမယ့် ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါသလို မထော်မနန်းတွေကို မှင်သေသေနဲ့

    သရုပ်ဆောင်နိုင်ကြတဲ့ သရုပ်ဆောင်တွေကြောင့်လည်း ခွီမိမှာ သေချာပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ ဘိုဇိုလို့ အမည်ရတဲ့ လူရွှင်တော် လူပြက်ကောင် ဝိဉာဉ်မိစ္ဆာဟာ

    တောထဲမှာ သောင်းကျန်းနေပြီး တောစခန်းအလည်ထွက်လာသူ မှန်သမျှကို ရက်ရက်စက်စက်

    သတ် သူ့ဝိဉာဉ် အာဟာရ ဖြည့်တင်းနေပါတယ်။

    တစ်ဖက်ကလည်း သူသတ်ပြီးတဲ့ သားကောင်တွေကို ဇွန်ဘီလိုမျိုး အသွင်ပြောင်းပြီး ကျန်သူတွေကို

    တိုက်ခိုက်ဝါးမြိုခိုင်းပါသေးတယ်။

    သူ့ကို နှိမ်နင်းပြီးတော့ မိစ္ဆာလက်ထဲက ‘လာဇရက်ကျမ်း’ကို ယူဖို့အတွက် စစ်တပ်ကနေ

    ထိပ်တန်းလျှို့ဝှက်မစ်ရှင်အနေနဲ့ တောထဲကို အဖွဲ့သားတွေနဲ့အတူ ရောက်ရှိလာတာကတော့

    တိုက်ခိုက်သတ်ဖြတ်ရေးမှာ နာမည်ကြီးတဲ့ လက်မရွံ့ဒုဗိုလ်မှူး စကိုင်လာပါ။

    ဉာဏ်နီဉာဏ်နက်များတဲ့ ဘိုဇိုမိစ္ဆာလူပြက်ကောင်နဲ့ သူတို့တွေ တောထဲမှာ ဘယ်လိုတွေ့ဆုံကြမလဲ…

    မိစ္ဆာလက်ထဲက ကျမ်းကို အရယူနိုင်မလား မိစ္ဆာလက်ထဲကိုပဲ သူတို့တွေ အသက်ပေးလိုက်ရမလား ဆိုတာကိုတော့…..။

  • Vizontele

    Vizontele

    Vizontele (2001)

    ဒီကားလေးကတော့ တူရကီ ဟာသကားလေးပါ။

    ဇာတ်လမ်းကိုတော့ တူရကီနိုင်ငံရဲ့ ခေါင်ဖျားတဲ့ အရပ်က မြို့တစ်မြို့မှာ တည်ထားပါတယ်။ သတင်းစာ တွေတောင် နှစ်ရက်လောက် နောက်ကျပြီးမှ ရောက်တဲ့ ဒီမြို့လေးကို တစ်ရက်မှာတော့ အစိုးရကနေ တီဗီတစ်လုံး ချပေးခဲ့ပါတယ်။ ဒါပေမယ့် တီဗီကို လာပေးတဲ့ မြို့သားအဖွဲ့ဟာ သူတို့မြို့မှာ မနေချင်တာကြောင့် တီဗီတပ်ဆင်ပုံပဲပြောပြပြီး ထားခဲ့လိုက်ပါတယ်။

    ဒီအခါမှာတော့ မြို့တော်ဝန်ဟာ တီဗီကို တပ်ဖို့အတွက် အကုန်လုံးက အရူးလို့သတ်မှတ်ထားတဲ့ ရေဒီယိုပြင်ဆရာ အာမင်ဆီရောက်သွားပါတော့တယ်။ ဒါနဲ့ပဲ သူတို့တတွေ တီဗီမှာ ပုံထွက်ဖို့အရေး ကြိုးစားရင်း တလွဲတွေဖြစ်ကြပုံကို ဟာသဆန်ဆန် မြင်သွားကြရမှာပါ။

  • Girl Upstairs

    Girl Upstairs

    Girl Upstairs (2024)

    ဇာတ်လမ်းအကြောင်းအရာကတော့အောင်မြင်ကျော်ကြားတဲ့ပန်းချီဆရာမတစ်ယောက်က စိတ်ဒဏ်ရာတွေကြောင့်လူကြားသူကြားထဲမသွားရဲ ၊ အပြင်မထွက်ရဲတဲ့ရောဂါ(‌agoraphobia) ကိုခံစားနေရပါတယ်။

    တစ်နေ့ သူ့ဆီ ပန်းချီပစ္စည်းတွေရောက်လာပါတယ်။ အဲ့တာနဲ့ သူကပုံတစ်ပုံဆွဲလိုက်ရာကနေ အဲ့ပုံထဲကလူဟာ အသက်ဝင်လာပါတော့တယ်။

    တစ်ယောက်ထဲ နေထိုင်လာရာကနေအဖော်ရလာတော့ အစပိုင်းမှာတော့ သူက ကျေနပ်ခဲ့တာပေါ့။

    နောက်ပိုင်းမှာဘယ်လိုတွေဆက်ဖြစ်မလဲ? သူက ဘာလို့အပြင်မထွက်ရတာလဲဆိုတာကို Mystery ဆန်ဆန်ကြည့်ရှုရမှာပါ။

  • အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    စလင်းမြို့ အထက – ၁ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    စစ်အုပ်စုက အမှုဖွင့်မပေးဘဲ ကျူးလွန်ခံရတဲ့ ကျောင်းသူကိုပါ ယာယီကျောင်းထုတ် အရေးယူ၊

    ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေလို့ ရပ်ကွက်က ရဲခေါ်ပြီး ဆေးရုံပို့ရတာ

    ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်ခံရတာ မှန်ပေမယ့် စစ်အုပ်စုက မိသားစုကို ခြိမ်းခြောက်ကာ ငွေနဲ့ အမှုကျေအေးခိုင်းလို့ အမှုမှန် မပေါ်မှာ မြို့ခံတွေ စိုးရိမ်

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ စစ်အုပ်စုက ဖွင့်ထားတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း – အထက ၁ ကျောင်းက Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက တန်ပြန် သတင်းဖြန့်ပါတယ်။

    အောက်တိုဘာ ၂၃ ရက်က စလင်းမြို့ အ.ထ.က – ၁ ကျောင်းမှာ Grade – 10 အတန်း တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကို ရည်စားဖြစ်တဲ့ Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိတယ်ဆိုပြီး ဘုရားရင်ပြင်ကို ချိန်းဆိုကာ အရက်သေစာ သောက်စားပြီးနောက် နောက်ထပ် သူငယ်ချင်း သုံးယောက်နဲ့အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး ဗီဒီယိုရိုက်ကူးကာ လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။

    အရက်သေစာသောက်စားပြီးနောက် ရည်စားဖြစ်သူနဲ့ အဖွဲ့က ဝိုင်ဝန်းအဓမ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောသွားခဲ့ပြီး ပြန်လည်သတိရလာချိန် ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ မြို့ခံတွေက စစ်အုပ်စု ရဲတွေကို ဖုန်းဆက်ခေါ်ပြီးနောက် ဝိုင်းဝန်းကူညီကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရသလို စစ်အုပ်စု ရဲတွေကလည်း အဓမ္မမှု ကျူးလွန်တဲ့ ကျောင်းသားတွေကို ရဲစခန်းခေါ်သွားတာ ဖြစ်တယ်လို့ စလင်းမြို့ခံတွေက ပြောပါတယ်။

    “ကျောင်းသူမလေးကို ကျောင်းသားလေးက သူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ ထီးကြီးဘုရားမှာ ခေါ်သွားတာ။ အဲဒီ ဘုရားမှာ သောက်စားမူးယစ် ကြပြီးတော့ ကျောင်းသူမလေးကို အားလုံးက ဝိုင်းပြီး မုဒိမ်းကျင့်လိုက်ကြတာ။ မုဒိမ်းကျင့်လိုက်တာမှာ ရည်းစားဖြစ်သူက ကျောင်းသူလေးရဲ့ လည်ပင်းကို ညှစ်ပြီးတော့ တစ်ယောက်ချင်းစီး ခွဲပြီး မုဒိမ်းကျင့်ကြတာ။ အခု နစ်နာတဲ့ကျောင်းသူလေး မိသားစုကို ငွေပေးပြီး ညှိနေကြတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူလေးကတော့ ဆေးရုံကဆင်းပြီးလို့ သူ့အိမ်ပြန်ရောက်နေပါပြီ။ အခု မြို့ခံတွေကတော့ ဥပဒေအရ အရေးမယူရင် မကျေနပ်ကြဘူးဖြစ်နေတယ်”လို့ စလင်းမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေကာ အကူအညီတောင်းလို့ အများက ဝိုင်းပြီး ဆေးရုံပို့လိုက်ရတာ မှန်ကန်သလို ကျောင်းသားတွေက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေတာ မှန်ကန်ပေမယ့် အဓမ္မမှု မမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက အောက်တိုဘာ ၂၆ရက်မှာ ပြန်လည် တုန့်ပြန် သတင်းဖြန့်ပါတယ်။

    ကျူးလွန်ခံရသူ ကျောင်းသူဟာ အသက် ၁၅နှစ်အရွယ် ဖြစ်ပြီး ကျောင်းချိန်မှာ ကျောင်းမတက်ဘဲ အဓမ္မမှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကျောင်းသား သုံးယောက်နဲ့ အရပ်သားတစ်ယောက်တို့နဲ့အတူ ဘုရားဝင်းထဲ ဝိုင်းဖွဲ့အရက်သောက်စားခဲ့ကြောင်း၊ အဲ့ဒီလို ဝိုင်းဖွဲ့သောက်စားချိန် နောက်ထပ် ကျောင်းသူနှစ်ဦးလည်း ပါဝင်ပြီး ကျူးလွန်ခံရသူ ကျောင်းသူက အရက်အမူးလွန်ကာ ကျောင်းသားတစ်ဦးရဲ့ ပေါင်ပေါ် လှဲပြီး အော်ဟစ်နေတာကို တခြားကျောင်းသားက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

    “မခင် (ကျူးလွန်ခံရတဲ့ကျောင်းသူ- အမည်လွှဲ) မှာ အရက်အလွန်အကျွံ မူးပြီး မောင်———— ၏ ပေါင်ပေါ်တွင် လှဲ၍ အော်ဟစ်နေသည့် ပုံအား အခြား​ကျောင်သားတစ်ဦး မှ Video မှတ်တမ်း ရိုက်ကူးခဲ့ပါသည်။ ​နေ့လယ်ပိုင်းတွင် ကျန်သူများ အသီးသီး ထွက်ခွာသွားကြ​သော်လည်း မခင်. ———— မှာ အရက် အလွန်အကျွံမူး၍ မထိန်းနိုင်ဘဲ ကျန်ရှိခဲ့သဖြင့် ​ ရွာတာဝန်ခံ နှင့်အဖွဲ့မှ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရ” လို့ စစ်လော်ဘီတွေရဲ့ တုန့်ပြန် သတင်းဖြန့်ချက်မှာ ဖော်ပြပါတယ်။

    ကျူးလွန်ခံရသူ ကျောင်းသူဟာ စလင်းမြို့ပေါ်က မဟုတ်ဘဲ မြို့အပြင် ကျေးရွာက ဖြစ်ပြီး ကျူးလွန်သူ ကျောင်းသား လေးဦးအနက် နှစ်ဦးဟာ စလင်းမြို့ပေါ်က ဖြစ်ကာ နောက်ထပ် နှစ်ဦးကတော့ စလင်းမြို့အနီး ဆင်ကျုံးရွာက ဖြစ်တယ်လို့ စစ်လော်ဘီတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ပါတ်သက်ပြီး စစ်အုပ်စုက အမှုမဖွင့်ပေးဘဲ ကျူးလွန်ခံရသူ ကျောင်းသူကိုပါ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ တစ်လ ကျောင်းထုတ် အရေးယူထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

    “အောက်တိုဘာ ၂၃ရက်တွင် အထက-၁(စလင်း) ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ အထက်ပါ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ကျောင်းစည်းကမ်းအား မလိုက်နာဘဲ စည်းကမ်းဖောက်ဖျက် ကျူးလွန်သည့်အတွက် မိဘ အုပ်ထိန်းမှုအောက်တွင် လိမ္မာရေးခြား ရှိစေရန် သွန်သင်ဆုံးမ ခွင့်ပြုသည့်အနေဖြင့် (၁)လ ကျောင်းမှရပ်နားခဲ့ကြောင်း ကျောင်းအုပ် ဆရာကြီး ၏ ရှေ့မှောက်တွင် ဝန်ခံကတိပြုလက်မှတ် ရေးထိုး​စေခဲ့ကြောင်း”

    စလင်းတမြို့လုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ကိစ္စကို စစ်အုပ်စုက ဗြောင်ငြင်းပြီး ကျောင်းသူလေးရဲ့ မိသားစုကို တစ်ရှက်က နှစ်ရှင်မဖြစ်စေဖို့လို့ ချော့မော့ခြိမ်းခြောက်ကာ ငွေနဲ့ ကျေအေးခိုင်းနေတာဟာ ကျောင်းသိက္ခာကျမှာစိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက နစ်နာသူ မိန်းကလေးအတွက် တရားမျှတမှုရရှိစေဖို့ မလုပ်ဆောင်ဘဲ သတင်းဖျောက်ဖျက်ကာ ငွေပေးကြေအေးနိုင်ဖို့ ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

    “ဒီသတင်းက ကျောင်းသားတွေဆီကနေ သိရတာဆိုတော့ သတင်းကအမှန်ပါ။ ဟိုဘက် ကျူးလွန်သူတွေဘက်နဲ့ ကျောင်းဘက်က သတင်းဖုံးဖိပြီးတော့ ငွေပေးညှိနှိုင်းနေကြတယ်လို့ ကြားရတယ်။ ကျူးလွန်သူတွေက အရမ်းချမ်းသာတဲ့ထဲကတော့ မဟုတ်ကြဘူး။ မြို့ခံတွေကတော့ ဥပဒေအရ ထိရောက်တဲ့ အရေးယူတာတွေ လုပ်စေချင်နေကြတယ်”လို့ စလင်းမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။

    စစ်အုပ်စုက အဓမ္မမှုကို အမှုမှန် မဖော်ထုတ်ဘဲ သတင်းပေါက်ကြားစေတဲ့ မြို့ခံတွေအပေါ် လက်နက်အားကိုးနဲ့ အငြိူးထား ရန်ပြုမှာကို စိုးရိမ်တယ်လိုပလည်း မြို့ခံတွေက ဆိုပါတယ်။

    စလင်းမြို့ အထက ၁ မှာ စစ်အာဏာမသိမ်းခင်က ကျောင်းသား ၁၀၀ ဦးကို ဆရာ၊ ဆရာမ ၁၀ ဦးနှုန်းပင် မရှိပေမယ့် လက်ရှိ အာဏာသိမ်း ကာလမှ စစ်အုပ်စုက Non CDM ဆရာ၊ ဆရာမတွေ ထပ်တိုးခန့်အပ်ထားလို့ ကျောင်းသား ၁၀၀ မှာ ဆရာ၊ဆရာမ ၃၀ ဦး နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အုပ်စု လက်အောက် Non CDM ဆရာ၊ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်သူတွေဟာ ပညာသင်ကြားရေးရော၊ စည်းကမ်းထိန်းသိမ်းရေးမှာပါ ကျွမ်းကျင်တတ်မြောက်တာ မရှိဘဲ စစ်အုပ်စုကလည်း သူတို့ကို သစ္စာခံတဲ့ နီးစပ်ရာလူတွေကို ဆရာ၊ ဆရာမအဖြစ် ဆွဲခန့်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် Non CDM တွေ ကြီးစိုးရာ စစ်အုပ်စုက ဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အဓမ္မပြုကျင့်မှု၊ အနိုင်ကျင့် ရန်ပြုမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ Non CDM ကျောင်းအုပ်ဆရာတစ်ဦးက မူလတန်းကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့် လိင်ပိုင်ဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပါသေးတယ်။

    Photo – စလင်းမြို့ အထက ၁ ကျောင်းနဲ့ အခင်းဖြစ်ပွားတဲ့ စလင်းမြို့က ထီးကြီးဘုရား

  • ဟန်​ဆောင်​ကောင်းကြတဲ့ သရုပ်​ဆောင်​တွေ ရဲ့ လုပ်ရပ်ကို နောက်တစ်ကြိမိ ပြည်သူ​တွေ ထပ်အလိမ်မခံရ​အောင်

    ဟန်​ဆောင်​ကောင်းကြတဲ့ သရုပ်​ဆောင်​တွေ ရဲ့ လုပ်ရပ်ကို နောက်တစ်ကြိမိ ပြည်သူ​တွေ ထပ်အလိမ်မခံရ​အောင်

    ဇာတ်လမ်းကတော့ စပါပြီ

    နေတိုး မြင့်မြတ် နေဝင်း တို့ ရွေးကောက်ပွဲ စည်းရုံးရေး ကားစရိုက်ပါပြီ

    တစ်ချိန်က ကျွန်တော်ပြောခဲ့ပြီးပါပြီ
    ဒီလိုတွေ ဖြစ်လာမှာပါလို့
    အဲဒီတော့ မေးပါရစေ

    သူတို့ ကာယကံရှင်ရဲ့ စစ်မှန်သောာဆန္ဒနဲ့ ရိုက်ကြတာလား
    နီးရာဒါးကြောက်လို့ ရိုက်ရတာလား
    အဖြေကရှင်းရှင်းလေးပါ

    ဒီအချိန်မှာ ကျွန်တော်တို့ ဘာဆို ဘာမှ ထပ်ပြောချင်စိတ်လည်း မရှိတော့ပါဘူး

    ပြောရင်လည်း ခင်ဗျားတို့ပဲ ဆဲကြဦးမှာမလား ၊ မိတ်ဆွေတို့ ပဲစဉ်းစားကြည့်ပါ
    ဒီလိုကာလမှာ ဘယ်အနုပညာရှင်မှ ဒီလို အမုန်းခံပြီး ရိုက်ကြမှာ မဟုတ်ဘူး ပြည်သူက ဆဲကြမယ်မှန်းလည်း သူတို့ သိပါတယ်

    ဒါဆိုဘာကြောင့် ရိုက်ရတာလဲ
    မြန်မာပြည်ရဲ့ ထိပ်ဆုံး မင်းသား ၃ ယောက်နော် ….

    သူတို့ အသုံးချခံရတယ်
    ကျွန်တော် ဒီအကြောင်းကို post တင်ရင် ထပ်အဆဲခံရမယ် မှနိး သိပါတယ်

    ကျွန်တော်အဆဲခံရတာက ပြသနာမဟုတ်ပါဘူး
    ပြည်သူတွေ အနုပညာသမားတွေ ခက်ခဲသွားတာ ပြသနာပါ
    တကယ်ဆို သူတို့ဘက်က အနုပညာရှင်တွေ နဲ့ ရိုက်ကြပါလား ၊ အဲလောက်ထိ နားလည်ပေးလိုက်လို့ ရသေးတယ်

    အခုဟာက ထိပ်ဆုံး ၃ ယောက်ကို တမင်အသုံးချတာ ဆိုတာ ပိုမသိသာဘူးလား

    ဒီလို ရိုက်တော့ ပရိတ်သတ်က အဲဒီ ၃ ယောက်ကို မုန်းကြမှာပေါ့ ၊ သူတို့ လော်ဘီကတော့ ဘာဖြစ်ညာဖြစ် ရေးကြမှာပဲလေ

    ကာယကံရှင်တွေ ကို နားလည်ပေးလိုက်ပါ
    မိတ်ဆွေတို့တောင် စုပေါင်း မတွနိးလှန်နိုင်ခဲ့
    ကြလို့ ဒီအခြေအနေထိ ဖြစ်နေတာ
    သူတို့လည်း ကြောက်ရှာမှာပေါ့

    နားလည်ပေးလို့ ရတဲ့ သူတွေကို နားလည်ပေးလို့ ရပေမယ့် နားလည်ပေးလို့ မရတဲ့ သူတွေကို တော့ ဘယ်တော့မှ နားလည်မပေးလိုက်ပါနဲ့

    “ ကျွန်တော်ပြောတာ မှားလား “
    ကျွန်တော် ယဉ်ကျေးစွာ ရှင်းပြတာပါ

    အမှန်က plan ကြိုချထားပြီးသား
    အစက နေတိုး နဲ့ မြင့်မြတ်နေရာက သူတို့မဟုတ်ဘူး ၊ သူတို့ထဲက အကယ်ဒမီ မင်းသားကြီးတစ်ဦး ( အမည်မပြောချင်လို့ )
    အဲတစ်ယောက်က ကျွန်တော်တို့ချည်း အဆဲခံနေရတယ် ဟိုကောင် ၂ ကောင်က ထိပ်ဆုံးကနေပြီး အေးဆေးပဲ သူတို့ကိုခေါ်လို့ အကြံပေးလိုက်လို့ နေတိုး မြင့်မြတ်ပါသွားတာ
    မေမြင့်မိုရ် ခြူးလေးက အစကတည်းက ဘိုစန်း နဲ့ ကြိုညှိပြီး အကယ်ဒမီပေးမယ် ဆိုပြီး
    ပြောထားပြီးသား နေဝင်း အေးချမ်းမောင် ထိုနညိးလည်းကောင်း ၊ အစက ခင်လှိုင် သွက်လက်အတွဲ သုံးမလို့ ၊ ခင်လှိုင်က အရှောင်ကောင်းလို့ စူပါလင်းပါသွားတာ ၊
    ပြောပါတယ် ၊ စူပါလင်းကို ယာဉ်တိုက်မှုကနေ ညှိပြီးထုတ်ပေးခဲ့တာပါလို့ ၊ အဲဒီတုန်းက ရံပုံငွေကား ရိုက်ပေးရမယ်ဆိုပြီး ညှိခဲ့တာ ၊
    အဖြေက ရှင်းရှင်းလေး . ငါတို့ပေးတာ ယူထားရင် ငါတို့ ခိုင်းတာ လုပ်ဆိုတဲ့ အာဏာရှင် စိတ်ဓါတ်ပဲ ၊ အဲဒီ ပါဝင်သူတွေကို ဘယ်မီဒီယာ အင်တာဗျူးရဲလဲ

    ငါပြောတာ မဟုတ်ဘူးနောိ ၊ ငါ့ကို သတင်းလှမ်းပေးတာ ၊ ဟုတ်မဟုတ် ငါမသိဘူး ၊ သိတာလေးပြောပြတာ ၊ ငါက မြန်မာပြည်နဲ့ အဝေးကြီး ၊ ငါဘာမှ သိတာမဟုတ်ဘူး
    စောက်ပေါကားပဲ ငါရိုက်တတိတာ ၊
    အမှန်က နေတိုး ရခိုင်ကို ပြေးရမှာ
    မြင့်မြတ်က တရုတ်ပြည်ပြေးရမှာ အဲဒါကမှ သက်သာဦးမယ် ၊ အခုတော့ ခံပေဦးတော့ပေါ့

    ဒါရိုက်တာ နဲ့ ဇာတ်ညွန်းရေးတဲ့ကောင် စုံစမ်းနေတယ် ၊ သိရင်ပြောကြဦး
    အဲနှစ်ကောင် ပိုအပြစ်ကြီးတယ်

    ခေါတ်သမိုင်း သုခုမ ရပ်ဝနိးက ရိုက်ကူးသည် လို့ပဲ စာတမ်းထိုးသွားပါတယ် …

    မေးပါပြီ …
    ဘာကားရိုက်ရိုက် ပေါကားပဲရိုက်ရိုက် အောကားပဲ ရိုက်ရိုက် ဒါရိုက်တာ ဆိုတာတော့ ရှိတယ်လေကွာ

    ပါသမျှ လူတွေကိုတော့ ထိုးကြွေးပြီး ဆဲချင်ဆဲကြပါစေဆိုပြီး မလုပ်နဲ့လေ

    ကိုယ်ရိုက်ရင် ရိုက်တယ်ပေါ့
    ငါ​မေးပြီ
    dialogue ချတာ ဘယ်​ကောင်ချတာလဲ
    ( ရပ်ဝနိးဆို​တော့ )
    တစ်​ယောက်တစ်ခွန်းဝင်ချတာလား
    ရိုက်ကွင်း မော်နီတာကို တစ်​ယောက် တစိလုံးစီ ဝိုင်းကြည့်တာလား

    5 4 3 2 1 အော်တာ တစ်​ယောက်ချင်းစီ​အော်တာလား
    Cut …! ဆိုတာ ဘယ်သူ​တောင်းစားက အော်တာလဲ

    ကိုယ်​တောင် အဆဲခံရမှာ​ကြောက်ရင် သူများအဆဲခံရ​အောင်လည်း မလုပ်နဲ့​လေကွာ .
    ကိုယ့်လူ တွေကလည်း ကြောက်တတ်လိုက်ကြတာ .. ချီးစားဆိုရင်​တောင် စားကြမလားပဲ …

    ငါလည်း အောင်မြင်မှု စွန့်​ပြေးခဲ့တာပါ
    စည်းစိမ်စွန့်​ပြေးခဲ့တာပါ
    ဘဝ ကို အစက​နေ ပြန်ကြိုးစားပြီး ဆန့်ကျင်ခဲ့တာပါ

    တော်လှန်ခဲ့ကြတဲ့ အနုပညာရှင်​တွေအများကြီးပါ ၊

    မင်းတို့ကွာ .. တစ်သက်လုံး ထိန်းသိမ်းထားတဲ့ သိက္ခာကို လဲပြစ်ကြတယ်

    နေတိုးရေ …

    ငါမင်းကို အရမ်းလေးစားခဲ့ပါတယ်
    ငါ့ vlog မှာတောင် မင်းအကြောင်းကို အကောင်းပဲ ငါပြောခဲ့တာပါ

    မင်းအနုပညာမှာ အရမ်းတော်လို့ပါ
    ဒါပေမယ့် ဒီနေ့ လုပ်ရပ်မှာတော့ ငါပြည်သူကို ချပြပါတော့မယ် ၊ မင်းရဲ့ dialogue တွေက
    ပြည်သူကို အဆိပ်ဖြစ်သွားပြီ

    ဒီဘက်က လူနဲ့ မင်းဆက်သွယ်ပြီး တော်လှန်ရေးအတွက် ထောက်ပို့ လုပ်ပေးခဲ့တုန်းက မင်းဟာ မြန်မာပြည်မှာ ကြောက်လို့ နေမှာပါ ဆိုပြီး နားလည်ပေးခဲ့တယ်

    ( မင်းဘယ်သူနဲ့ ဆက်သွယ်ပြီး ဘယ်ကို လှုခဲ့လည်း မင်းသိမှာပေါ့ ၊ ငါမပြောသေးပါဘူး )

    တကယ်တော့ မင်းက လှုခဲ့တာမှ မဟုတ်ခဲ့တာပဲ တစ်ချိနိကျရင်
    ဂုဏ်ပြုမှတ်တမိးကြီးကိုင်ပြီး ကျွန်တော်တို့လည်း ပါဝင်ထားပါတယ် ဆိုပြီး လုပ်ရပ်တွေအတွက် cover ဒိုင်းသဖွယ် ဆိုတာ အခုမှ သိလိုက်ရတယ် ….မင်းတို့ အရမ်းလည်တယ်ကွာ

    နီးရာဒါးကြောက်ရတာပေါ့ ဆိုတဲ့ ဆင်ခြေတစ်ခုပဲ မင်းတို့မှာပေးစရာရှိတာလား

    ငါတို့ ကိုပေါက်တို့ မင်းမော်ကွနိး တို့လည်း ဘဝတွေ စွနိ့ခဲ့ရတာပဲလေ ၊ ငါတို့ဟာ မင်းတို့နဲ့
    အရမိးရင်းနီးခဲ့တဲ့ အလုပ်အတူတူ လုပ်ခဲ့ကြတဲ့ သူတွေပါ ၊ အနီးစပ်ဆုံးပြောပြတာ

    ငါတို့လည်း မိသားစုရှိတယ်
    အောင်မြင်မှု ရှိတယ်
    ပိုင်ဆိုင်မှု ရှိတယ် ကျော်ကြားမှုရှိခဲ့ပါတယ်
    ငါတို့လည်း မင်းတို့လို ကားတွေ ရိုက်ပြီး နေချင်တာပေါ့ကွာ

    ငါတို့ကို ဒီ​နေရာ​ရောက်လာ​အောင် အား​ပေးခဲ့တာပြည်သူ​တွေပါ ၊ ကိုယ့်ဘဝ တစ်ခုတည်း ကိုယ်ကြည့်လို့မရဘူး

    အခုပြည်သူက မင်းကို မုန်းပြီ​လေ
    လိုင်း​ပေါ်မှာ ကျန်တဲ့သူ​တွေ မင်း​လောက် သိပ်အ​ပြောမခံရဘူးဆိုတာ သတိထားမိလား
    ဘာဖြစ်လို့လဲ ငါပြောပြမယ်

    မင်းကို ပြည်သူက အရမ်းချစ် အရမ်းအား​ပေးခဲ့ကြတာ ၊ အရမ်းမျှော်လင့်ထားကြတာ အဲဒီ​တော့ ပိုနာတာ​ပေါ့

    ဒီစာကို ရေးရတာ​တော့ မင်းလိုပဲ တစ်ချိန်မှာ ဂုဏ်ပြုမှတ်တမ်းကြီးကိုင်ပြီး လုပ်စားပြမယ့် ကျန်​သော အနုပညာရှင် နှစ်ဘက်ချွန် လူလည်များအတွက် ငါထုတ်ပြလိုက်တာပါ

    ဟန်​ဆောင်​ကောင်းကြတဲ့ သရုပ်​ဆောင်​တွေ ရဲ့ လုပ်ရပ်ကို နောက်တစ်ကြိမိ ပြည်သူ​တွေ ထပ်အလိမ်မခံရ​အောင်ပါ ….

    မကူညီတာက ပြသနာမဟုတ်ဘူး
    နှောက်ယှက်တာက ပြသနာ

    edit – မှန်သောစကား နဲ့ အကျိုးရှိတဲ့စကားမို့ ပြောတာပါ ၊ ဘာအကျိုးရှိလဲ ဆိုတော့
    လိမ်တဲ့ သူတွေရဲ့ လုပ်ရပ်ကို အမှန်တိုင်းသိကြရင် တိုင်းပြည်အတွက် အကျိုးရှိတာပါ
    ဒီစာဖတ်ပြီးရင် ဒါရိုက်တာ ကိုပေါက်ရဲ့ post ကို တွဲပြီး ဖတ်ပေးကြဖို့ တောင်းဆိုပါတယ်

    ကိုပေါက်ရဲ့ Post အောက်ပုံကို နှိပ်ပါ

    ပြည်ဟိန်းသီဟ