Author: Admin-501

  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    “မင်းတို့မြို့က ဒလန်မြို့ပါကွာ” ဟု တခြားမြို့ရွာများသို့ ပြောင်းရွှေ့သွားကြသော ကျနော့်သူငယ်ချင်းများက ကျနော့်ကို ပြောလေ့ရှိကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း “ဒလန်” ဟူသောစကားလုံး တကျော့ပြန် ခေတ်စား လာခဲ့သည်။ “ဒလန်” သည် စင်စစ်တော့ မြန်မာ့ရင်းမြစ် မဟုတ်။ ဟိန္ဒီရင်းမြစ်ဖြစ်သည်ဟု ခရီးဆောင်မြန်မာအဘိဓာန်တွင် ဆိုထား သည်။ ဟိန္ဒီအနေဖြင့်လည်း “ဒလန်” ဟူ၍သာခေါ်ဆိုပြီး မြန်မာအက္ခရာဖြင့်အသံဖလှယ်ကာ စာရေးရာတွင် “ဒလာလ်” ဟူ၍ ရေး လေ့ရှိသည်ဟု သိရသည်။ “ဒလန်” ၏အနက်က “တစုံတယောက်၏အကျိုးအတွက် အခြားသူကိုလှည့်ဖြား ၍ ဆောင် ရွက်ပေးသူ” ဟူ၏။ သို့သော် မြန်မာနိုင်ငံတွင်မူ “ဒလန်” ဟူသောစကားလုံးကို “သတင်းပေး” ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြသည်။ ဒလန်မြို့တဲ့လား ကျနော့်မြို့အား “ဒလန်မြို့”…

  • မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူး

    မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူးလို့ NUG ယတိပြတ်ပြော မန္တလေးမြို့ကို စစ်ကောင်စီလက်ကနေ သိမ်းပိုက်မယ်လို့ ကြွေးကြော်နေတာ အပြောမဟုတ်ဘဲ တကယ် လုပ်မှာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲမှာ ယတိပြတ်ပြောဆိုသွားတာပါ။

  • ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေ

    ပေါင်းတည်တွင်လည်း ဈေးလာဝယ်သည့် လူငယ် ၁၀ ဦးကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေပြီး ပေါင်းတည်မြို့ အာရုံဈေးကို စစ်တပ်က လူငယ် ၁၀ ဦးကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ ဧရာ ၂ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုအောင်ကောင်းမြတ်သည် ဇန်နဝါ ရီလ ၁၇ ရက်နေ့တွင် အလုပ်မှ နေအိမ်ကို ည ၇ နာရီခန့်၌ ပြန်လာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များကလည်း အလုပ်တွင် ညအိပ်သည်ဟု ထင်ကာ လိုက်လံရှာဖွေခဲ့ခြင်းမရှိဘဲ အလုပ်မှ အပေါင်းအသင်းများ နေအိမ်ကို လိုက်လာမှ ပျောက်ဆုံးခြင်းဖြစ်ကြောင်း…

  • ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို KIA ဦး ဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြော ဆိုသည်။ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဗန်းမော်လေဆိပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဗန်းမော်လေယာဉ်ကွင်း Sold out သွားပြီ။ လေယာဉ်ကွင်းနှင့်လေဆိပ်အကုန်လုံးရတာပါ။ လက်နက်ခဲယမ်းတွေလည်း အများကြီးရပါတယ်။ စာရင်းအတိအကျတော့ မသိရသေးပါဘူး” ဟု…

  • ရေးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ဟု  တောင်ပိုင်းစစ်ဒေသ အသိပေး

    ရေးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ဟု တောင်ပိုင်းစစ်ဒေသ အသိပေး

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ ရက်) သတင်းထုတ်ပြန်သည်။ တောင်ပိုင်းစစ်ဒေသ အမှတ်(၁၈၀၃) SDDF Missile Team နှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများပူးပေါင်း၍ Missile Rocket များဖြင့် ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ် အသုံးပြုသော ကားတစီး မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်ထားသည်။ တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ယာဉ်တစ်စီးပေါ်တပ်ဇင်ထားသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုရုပ်သံကိုလည်း ဖော်ပြထားသည်။ တောင်ပိုင်းစစ်ဒေသ နယ်မြေ ရေးမြို့နယ်အတွင်း၌ PDF စစ်ကြောင်းများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ မွန်တော်လှန်ရေးတပ်ဖွဲ့များ၊…