Author: Admin-501

  • Healing Towers

    Healing Towers

    Healing Towers (2025)

    စုံထောက်ဂျိုးလို့ခေါ်တဲ့ သမီးကိုအရမ်းချစ်တဲ့ ဖခင်ဖြစ်သူတစ်ယောက်ဟာ သူ့သမီးပျောက်သွားတဲ့အချိန်ကတည်းက နှစ်ပေါင်းများစွာ မရပ်မနားဘဲ သမီးဖြစ်သူကိုစိတ်စွဲပြီး လိုက်လံရှာဖွေနေဆဲပါ။

    ဖြစ်ချင်တော့ သူနေတဲ့မြို့မှာ အဲဒီလိုလူပျောက်မှုတွေဟာလည်း နှစ်နဲ့ချီတဲ့မှတ်တမ်းတွေကို ပြန်လိုက်ကြည့်ရင် လူပျောက်မှတ်တမ်းတွေ ပုံမှန်ရှိနေခဲ့တာပါ။

    တစ်နေ့မှာတော့ ဂျူလီယာဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့သူငယ်ချင်းဖြစ်သူပျောက်သွားလို့ စုံထောက်ဂျိုးဆီကိုရောက်လာတဲ့အချိန်မှာ နှစ်ယောက်အချိတ်အဆက်မိသွားပြီး နောက်ကွယ်ကကိစ္စတွေ စပြီးစုံစမ်းလာပါတယ်။

    ဖြစ်ချင်တော့ ဂျူလီယာရဲ့သူငယ်ချင်းဖြစ်သူ ဒါလင်းဟာလည်း မပျောက်ခင်ရက်ပိုင်းအလိုမှာ ဒေါက်တာမာ့ခ်ဟီလာလို့ခေါ်တဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်ရဲ့ ဗီဒီယိုကိုကြည့်ခဲ့နေပါတယ်။

    တိုက်ဆိုင်စွာနဲ့ဘဲ စုံထောက်ဂျိုးရဲ့သမီးဖြစ်သူကလည်း မပျောက်ခင်တုန်းက ဒေါက်တာမာ့ခ်ရဲ့ စာအုပ်ကို အရမ်းကြိုက်ပြီး ဒေါက်တာမာ့ခ်အကြောင်း ပြောပြောလေ့ရှိနေခဲ့တာပါ။

    ဒီလိုနဲ့ သဲလွန်စတွေတစ်ခုပြီးတစ်ခုစုပြီးနောက်ပိုင်းမှာ ဒေါက်တာမာ့ခ်ဟီလာရဲ့ ကုသရေးစင်တာလို့အမည်ရတဲ့ ဆေးကုသရေးအဆောက်အအုံတစ်ခုနောက်လိုက်ဖို့ ဖြစ်လာပါတော့တယ်။

  • Accused

    Accused

    Accused (2025) “တရားခံ”

    ပြစ်ဒဏ်ကြီးကြီးမားမားမကျူးလွန်ဖူးပေမဲ့ ထောင်နဲ့အိမ်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုသဘောထားတဲ့ ကာနက်ကူ။

    ထောင်နဲ့ဘယ်လောက်ထိ မစိမ်းလဲဆိုတော့ လာဖမ်းတုန်းကရဲကိုတောင် ထောင်ကထွက်တဲ့အခါ ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းတဲ့ထိပဲ။

    ဒါပေမဲ့ ချစ်ရတဲ့ မာလာဆိုတဲ့အမျိုးသမီးလေးကိုတော့ မျက်နှာအညှိုးမခံစေရဘူးဆိုတဲ့ လူပျော်လူမိုက်ကြီးပေါ့။

    တစ်နေ့ ပါတီခေါင်းဆောင်တစ်ယောက် အသတ်ခံရတဲ့အမှုမှာ ကာနက်ကူ တရားခံအဖြစ် စွပ်စွဲခံခဲ့ရတယ်။
    တရားရုံးထုတ်ဖို့ သူကျနေတဲ့ထောင်နဲ့ တရားရုံးက နယ်ခြားတာကြောင့်

    ရဲအစောင့်အရှောက်တွေနဲ့ ထောင်ကနေထုတ်လာခဲ့ချိန် လမ်းမှာ လူတစ်စုက လုပ်ကြံဖို့ကြိုးစားကြပါတယ်။
    ဒီမှာပဲ ကာနက်ကူနဲ့ အသစ်ဝင်လာတဲ့ရဲတပ်သားတို့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။

    လွတ်မြောက်လာတဲ့ ကာနက်ကူက တရားရုံးဆီကို ရောက်အောင်သွားပြီး ဖြစ်သမျှဇာတ်ကြောင်းကုန်စင်လျှောက်တင်တဲ့အခါမှာတော့…။

  • Bangkok Assassins

    Bangkok Assassins

    Bangkok Assassins (2011)

    ဆူရီယမ်ဆိုတဲ့ ကလေးဖမ်းအဖွဲ့ဟာ ကလေးမြောက်မြားစွာကို ဖမ်းစီးခိုင်းစားတဲ့အပြင် စိတ်တိုင်းမကျတိုင်း ညှင်းပန်းနှိပ်စက်ပါသေးတယ်

    အဲဒီထဲမှာ ကာ၊ နာ၊ ချစ်နဲ့ ပုန့်ဆိုပြီး ကောင်လေးလေးယောက်လည်း အဖမ်းခံခဲ့ရပါတယ်။

    သူတိုရဲ့နှိပ်စက်မှုကြောင့် ငယ်စဉ်ကတည်းကနေ ကာက နားမကြားဖြစ်ရပြီး နာကတော့ စိတ်မနှံဖြစ်ခဲ့ရပါတယ်။

    ချစ်ကလည်း မျက်လုံးဖောက်ခံရလို့ မျက်မမြင်ဖြစ်ရတဲ့အပြင် ပုန့်ကတော့ လျှာဖြတ်ခံထားရလို့ စကားမပြောနိုင် ဖြစ်ခဲ့ရပါတယ်။

    တရက်မှာ မွန်းဆရာက သူ့မွေးစားကလေး ခေါရာနဲ့အတူ အဲဒီဂိုဏ်းတွေရှိရာကို ရောက်လာပြီး သူတို့လေးဦးကို ကယ်ထုတ်သွားခဲ့ပါတယ်။

    ဆရာကိုယ်တိုင်ကလည်း သူတို့ငါးယောက်ကို မတူညီတဲ့ ကိုယ်ခံပညာတွေကို သင်ကြားထားပေးခဲ့ပါတယ်။

    သူတို့လေးဦးကတော့ သူတိုဘဝကိုဖျက်ဆီးခဲ့တဲ့ ဒီဂိုဏ်းကို ပြန်ချေမှုန်နိုင်ဖို ကြိုးစားရာမှာတော့

    ဆူရီယမ်ကလေးဖမ်းအဖွဲ့ကို အပြတ်ရှင်းနိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုရအောင်ပါ။

  • ထမင်းတလုပ်အတွက် အသက်ပေးလိုက်ရသူများ

    ထမင်းတလုပ်အတွက် အသက်ပေးလိုက်ရသူများ

    အသက် ၅၀ အရွယ် ဦးစိုး(အမည်လွှဲ)ကို မိတ္ထီလာမြို့ကလူတွေ တော်တော်များများ မျက်မှန်း တန်းမိကြတယ်။ ဦးစိုးဟာ မနက်ခင်းစောစောတွေ ညနေပိုင်းတွေမှာ စက်ဘီးစုတ်ကလေးတစီးနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ပလုံလိုက်ကောက်နေတတ်လို့ပါ။ ညနေခင်း အများပြည်သူတွေ ကန်ပေါင်မှာ အနားယူလမ်းလျှောက်နေကြပြီဆိုရင် ဦးစိုးလည်း ပလုံကောက်ဖို့ စက်ဘီးလေးတစီးနဲ့ ကန်ပေါင်ရောက်နေတတ်ပါပြီ။

    ဦးစိုးနေတာကတော့ မိတ္ထီလာနယ်ထဲက လူးခင်းကြီးရွာ၊ သာယာရပ်ကွက်မှာ နေတာပါ။အသက်မွေးဝမ်းကျောင်းအလုပ်တွေထဲ ဟိုးအောက်ဆုံးလုပ်ငန်းတွေထဲ ပါဝင်တဲ့ ပလုံကောက်တဲ့ အလုပ်ကိုလုပ်ရတဲ့ ဦးစိုးဟာ စားဝတ်နေရေး မပြေလည်လှပါဘူး။ ဦးစိုးဟာ ဘောင်းဘီလေးတောင် ခါးပတ်မရှိလို့ ကြိုးလေးချည်ဝတ်ထားတတ်တယ်။

    ဦးစိုးဟာ ညဘက်မှောင်မှောင်မည်းမည်းမှာလည်း ပလုံလိုက်ကောက်နေတတ်တယ်။အမှောင်ထဲ ပလုံကောက်ရတဲ့သူ့ကို မြင်ပြီး ဓာတ်မီးဝယ်ပေးတဲ့သူလည်း ရှိတယ်။ ဦးစိုးဟာ ပလုံကောက်ရင်း ကန်ပေါင်လာတဲ့သူတွေရဲ့ဆိုင်ကယ်ကိုပါ စောင့်ပေးတတ်သေးတယ်။

    “ သူရှိရင် ဆိုင်ကယ်တွေ မပျောက်ဘူး” လို့ မြို့ခံတဦးကပြောပြတယ်။ဒါကြောင့်သူ့ကိုမုန့်ဖိုးမကြာမကြာ ပေးတဲ့သူတွေတောင် ရှိတယ်။

    အောက်တိုဘာ ၁၄ ရက်ညနေ ၄ နာရီကျော်လောက်မှာ ဦးစိုးဟာ မိတ္ထီလာတောင်ကန် ပေါက်ချောင်းကန်ပတ်လမ်းဘက်ပလုံသွားကောက်တယ်။ ရေစက်တွေထားတဲ့နေရာနားရောက်တော့ ဦးစိုးဟာ ပလုံတွေဆင်းကောက်တယ်။ အဲဒီအချိန် မြေစိုက်ကြိုးကို ကိုင်လိုက်မိတယ်။ ဦးစိုး တကိုယ်လုံးတုန်ခါသွားပြီး ဓာတ်လိုက်ပါတော့တယ်။ အဲဒီနောက် ဦးစိုးဟာ ကုသချိန်တောင်မရတော့ဘဲ နေရာမှာတင် အသက်ပါ သွားခဲ့တော့တယ်။

    ပဲခူးမြို့မှာလည်း ပလုံကောက်တဲ့ အမျိုးသမီးတဦး ဦးစိုးလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၉ ရပ်ကွက်မှာ ပလုံကောက်တဲ့ အသက် ၂၉ နှစ်အရွယ် မသင်္ကြန်မိုးဟာ တူမလေးနဲ့အတူပလုံလိုက်ကောက်ဖို့ ထွက်လာခဲ့တယ်။

    သူ့မှာ နှစ် နှစ်အရွယ်သားလေးတယောက်ရှိတယ်။ အဲဒီနေ့က သားလေးဟာ တုပ်ကွေးမိပြီး ဖျားနေခဲ့တယ်။ မသင်္ကြန်မိုးဟာ ပလုံကောက်လို့ ရလာတာလေးတွေရောင်းပြီးရင် သားကို ဆေးခန်းပြဖို့ စီစဥ်ထားတာလို့ နီးစပ်သူတွေက ပြောပြတယ်။ မသင်္ကြန်မိုးမှာ အားကိုးရာ ယောကျာ်းသားလည်းမရှိတော့ဘူး။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲကပဲ သူ့ယောကျာ်းဟာ သူမီးဖွားပြီးစမှာပဲ သူ့ကိုထားသွားခဲ့တာပါ။

    သားလေးဆေးဖိုးအတွက် မသင်္ကြန်မိုးဟာ တနေရာရောက်တော့ မြောင်းထဲကျနေတဲ့ ဘူးခွံတွေကို ဆင်းကောက်တယ်။ အဲဒီအချိန် သူဟာ ရေနစ်ပါတော့တယ်။ သူ့တူမလေးက လှမ်းဆွဲဖို့ကြိုးစားသေးတယ်။ မမီတာနဲ့ ဘေးပတ်ဝန်းကျင်ကို ပြေးခေါ်တယ်။

    လူတွေရောက်လာပြီး မြောင်းထဲဆင်း မသင်္ကြန်မိုးကို ရှာကြတယ်။တွေ့တဲ့အချိန်မသင်္ကြန်မိုး အသက်မရှိတော့ပါဘူး။

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်တုန်းကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ပလုံကောက်တဲ့ လင်မယားနှစ်ဦး အခုလိုပဲ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။

    အဲဒီနေ့မနက်က မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းထဲကို ပလုံကောက်တဲ့ လင်မယားနှစ်ယောက် ဝင်လာခဲ့တယ်။ မိန်းမက ဖိနပ်စီးထားပြီးယောကျာ်းကတော့ဖိနပ်မပါဘူး။ မိန်းမ​ဖြစ်သူဟာမြောင်းထဲကဘူးခွံပုလင်းခွံတွေကို ဆင်းကောက်တယ်။ အဲဒီအချိန် မြောင်းထဲမှာ ဓာတ်ကြိုးက အိကျနေတာကို လင်မယားနှစ်ယောက်လုံး မသိလိုက်ကြဘူး။ မိန်းမဖြစ်သူ ဓာတ်လိုက်ပါတော့တယ်။

    ယောကျာ်းဖြစ်သူဟာ အနားမှာရှိတဲ့ ဝါးလုံးအရှည်နဲ့ ဆွဲရိုက်ချတယ်။ မိန်းမကို ဆွဲကယ်တယ်။ မိန်းမကတော့ လွတ်သွားတယ်။ဒါပေမဲ့ ယောက်ျားကတော့ ဓာတ်ကြိုးကို ထိမိပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ စီးပွားရေး အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၉ ဘီလီယံအထိ ဆုံးရှုံးခဲ့ရပြီး စစ်အသုံးစရိတ် ဦးစားပေးသုံးစွဲမှုကြောင့် နိုင်ငံရဲ့ ကြွေးမြီ ၆၂ ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk ရဲ့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    စစ်အာဏာသိမ်းတဲ့ကာလကစပြီး မြန်မာနိုင်ငံဲ့ ပြည်တွင်းထုတ်လုပ်မှု(GDP) ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၉ ဘီလီယံအထိ စီးပွားရေးအရ အရှုံးပေါ်ခဲ့ပြီး ကိုဗစ်မတိုင်မီ စီးပွားရေးအခြေအနေသို့ ရောက်ရှိဖို့ ၂၀၂၈ ခုနှစ်အထိ မျှော်လင့်လို့ မရတော့ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

    မြန်မာစစ်တပ်က အရင်းအမြစ်တွေကို အရပ်သားလူထုဆိုင်ရာ အခြေခံအဆောက်အအုံနဲ ဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံတာထက် စစ်အသုံးစရိတ် အပေါ် ဦးစား ပေးသုံးစွဲခဲ့လို့ နိုင်ငံတော်ရဲ့ ကြွေးမြီဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ၆၂ ရာခိုင် နှုန်း အထိ တိုးလာကြောင်း၊ နိုင်ငံ့လူဦးရေ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှု စံနှုန်းအောက်မှာ နေထိုင်ကြရကာ စားနပ်ရိက္ခာ ဖူလုံမှု မရှိတဲ့ အခြေအနေကို ဆိုးရွားစွာ ခံစားနေကြရတယ်လို့ ခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ အသိပေးထားပါတယ်။

    ဆင်းရဲမွဲတေမှုကို ခံစားနေကြရတဲ့ ဦးစိုးတို့လိုပလုံကောက်သူတွေဟာ ဘေးကင်းစိတ်ချရမှုမရှိတဲ့နေရာတွေမှာဝမ်းစာရှာရင်းထမင်းတလုပ်အတွက် အသက်ပေးခဲ့ကြရတယ်။ မိသားစု ဝမ်းစာရေးအတွက် ကြိုးစားရုန်းကန်ရင်း မလှမပနဲ့ ဘဝနိဂုံးချုပ်သွားခဲ့ရတယ်။ သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်တွေဟာလည်း စစ်တပ်က အာဏာသိမ်းလိုက်လို့ စုတ်ပျက်သွားတဲ့ နိုင်ငံထဲမှာ ဖရိုဖရဲနဲ့ ကျန်ရစ်ခဲ့ရပါတော့တယ်။

    ပလုံကောက်သူ

    အမှိုက်ရွှေရောင်

    ငွေစ ပြောင်မှ

    အာခေါင်ဝမ်းမီး ငြိမ်းရသည်။

    တိမ်တမန် ခဏလူ

  • အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့

    အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့

    စလင်းမှာ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်

    အမှုပိတ်သိမ်းဖို့ ကျောင်းအုပ်ကြီးဦးဆောင်ပြီး ကျပ်သိန်း ၇၀၀ နဲ့ ညှိနှိုင်းနေ

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း(အထက ၁)မှာ တက်ရောက်နေတဲ့ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    စလင်းမြို့ G-10 ကျောင်းသူကို တကျောင်းတည်းတက်ရောက်နေတဲ့ ရည်းစားဖြစ်သူနဲ့ သူငယ်ချင်း ၃ ဦးက အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီကျော်မှာ မြင်တင်ရပ်ကွက်ရှိ ထီးကြီးဘုရားအတွင်း ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

    ” G-12ကျောင်းသား(ရည်းစားဖြစ်သူ)က သူ့မွေးနေ့ရှိတယ်ဆိုပြီး ကျောင်းသူမလေးကို ထီးကြီးဘုရားကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်း ၃ ဦးကိုလည်းခေါ်ခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေကလည်း G-12 အောင်မြင်ပြီးကြပါပြီ။ ထီးကြီးဘုရားမှာ ကျောင်းသားတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ကျောင်းသူမလေးကို ဝိုင်းဝန်းအဓမ္မပြုကျင့်ကြတယ်”လို့ စလင်းမြို့ခံတဦးက ပြောပါတယ်။

    ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက ပါးစပ်ကိုပိတ်ပြီး တလှည့်စီအဓမ္မပြုကျင့်တာ၊ ရိုက်နှက်တာတွေလုပ်စဥ် ကျောင်းသူမှာသတိလစ်မေ့မျောသွားပြီးနောက် ထီးကြီးဘုရားထဲမှာ ထားခဲ့ခံရတာလို့ သိရပါတယ်။

    “အဓမ္မပြုကျင့်ရာတွင် ကျောင်းသူမလေးရဲ့ ရည်းစားဖြစ်တဲ့ ကျောင်းသားက လည်ပင်းညှစ်ခြင်း ပါးရိုက်ခြင်း ပါးစပ်အားပိတ်ခြင်းများပြုလုပ်၍ ၃ ဦးပေါင်း ၁ ဦးချင်းစီက အဓမ္မပြုကျင့်ခဲ့ပြီး ကျန်တဦးက ဖုန်းဖြင့် videoဖိုင်ရိုက်ပြီး (Telegram)မှာ တင်ခဲ့ပါတယ်၊ အဓမ္မကျင့်ပြီးနောက် ကျောင်းသူမလေး သတိမေ့မျောနေချိန် ထီးကြီးဘုရားအတွင်းထားရှိခဲ့တယ်” လို့ ဆိုပါတယ်။

    ဒီအခြေအနေတွေကို နစ်နာသူမိန်းကလေးရဲ့ပြန်လည်ပြောပြချက်အရ ၎င်းနဲ့နီးစပ်သူတွေဆီကတဆင့် သိရှိခဲ့တာလို့ အထက်ပါမြို့ခံကပြောပါတယ်။

    အခင်းဖြစ်ပွားပြီးနောက် အဓမ္မပြုကျင့်ခံရတဲ့ကျောင်းသူ သတိပြန်ရလာပြီး ဘုရားအနီးဝန်းကျင်ရှိ ဒေသခံတွေကို ၎င်းအဓမ္မပြုကျင့်ခံရကြောင်းပြောဆိုအကူ အညီတောင်းခံတာကြောင့် ဒေသခံတွေကစလင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာပါ။

    လက်ရှိမှာ အဓမ္မပြုကျင့်ခဲ့သူ G-12 ကျောင်းသားနဲ့သူငယ်ချင်း ၄ ဦးကို စလင်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်စဥ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ရဲဘက်က သိမ်းယူထားတယ်လို့ သိရပါတယ်။

    ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုကြေအေးနိုင်ရေး ရဲတပ်ဖွဲ့၊ စလင်းအထက ၁ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက နစ်နာသူကျောင်းသူမိဘတွေဆီ ကျပ်သိန်း ၇၀၀ နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။