Bangkok Assassins

Bangkok Assassins (2011)

ဆူရီယမ်ဆိုတဲ့ ကလေးဖမ်းအဖွဲ့ဟာ ကလေးမြောက်မြားစွာကို ဖမ်းစီးခိုင်းစားတဲ့အပြင် စိတ်တိုင်းမကျတိုင်း ညှင်းပန်းနှိပ်စက်ပါသေးတယ်

အဲဒီထဲမှာ ကာ၊ နာ၊ ချစ်နဲ့ ပုန့်ဆိုပြီး ကောင်လေးလေးယောက်လည်း အဖမ်းခံခဲ့ရပါတယ်။

သူတိုရဲ့နှိပ်စက်မှုကြောင့် ငယ်စဉ်ကတည်းကနေ ကာက နားမကြားဖြစ်ရပြီး နာကတော့ စိတ်မနှံဖြစ်ခဲ့ရပါတယ်။

ချစ်ကလည်း မျက်လုံးဖောက်ခံရလို့ မျက်မမြင်ဖြစ်ရတဲ့အပြင် ပုန့်ကတော့ လျှာဖြတ်ခံထားရလို့ စကားမပြောနိုင် ဖြစ်ခဲ့ရပါတယ်။

တရက်မှာ မွန်းဆရာက သူ့မွေးစားကလေး ခေါရာနဲ့အတူ အဲဒီဂိုဏ်းတွေရှိရာကို ရောက်လာပြီး သူတို့လေးဦးကို ကယ်ထုတ်သွားခဲ့ပါတယ်။

ဆရာကိုယ်တိုင်ကလည်း သူတို့ငါးယောက်ကို မတူညီတဲ့ ကိုယ်ခံပညာတွေကို သင်ကြားထားပေးခဲ့ပါတယ်။

သူတို့လေးဦးကတော့ သူတိုဘဝကိုဖျက်ဆီးခဲ့တဲ့ ဒီဂိုဏ်းကို ပြန်ချေမှုန်နိုင်ဖို ကြိုးစားရာမှာတော့

ဆူရီယမ်ကလေးဖမ်းအဖွဲ့ကို အပြတ်ရှင်းနိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုရအောင်ပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *