📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Author: Admin

  • ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့

    ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့

    —

    by

    in

    လာမည့်ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံတကာကျောင်းများ ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့ လာမည့်ပညာသင်နှစ် ၂၀၂၅- ၂၀၂၆ ခုနှစ်အတွက် ပုဂ္ဂလိက ကျောင်းများအပါအဝင် နိုင်ငံတကာ ကျောင်းများသည် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများဈေးတိုးမြှင့်မှုကြောင့် ကျောင်းသားမိဘများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ပုဂ္ဂလိက ကျောင်းများနှင့် နိုင်ငံတကာကျောင်းများသည် စာသင်ကြားမှုပုံစံကျောင်းနာမည်ကြီးမှု အပေါ်မူတည်ပြီး မူလဈေးနှုန်း တစ်ဆမှ နှစ်ဆအထိ ဈေးနှုန်းပြောင်းလဲသွားကြောင်း ကျောင်းသား မိဘများထံက သိရသည်။ လက်ရှိစာသင်နှစ်ကုန်ဆုံးခြင်းမရှိသေးသော်လည်း လာမည့်စာသင်နှစ်အတွက် ကျောင်းလခများ တိုးကောက်ပြီး စာတော်သောကျောင်းသားများကိုသာလက်ခံလိုသည့်ကျောင်းများရှိကြောင်း ကောင်းထက်ကျော်ကိုယ်ပိုင်ကျောင်းတွင် ကျောင်းတက်ရောက်နေသော ကျောင်းသားမိဘများထံက သိရသည်။ “ နောက်နှစ်အတွက် ကျောင်းလခက တော်တော်များတယ်။ ငါးသောင်းကျော်တိုးတယ်။ မနှစ်ကလည်း တစ်သောင်း လောက်ဈေးတိုးသေးတယ်။ ဝင်ကြေးလည်းတိုးတယ်။ ကျောင်းသားအသစ်လည်း မဟုတ်ဘဲပေးရတယ်။ ကျောင်းသားအဟောင်းပေမယ့် သူတို့ကျောင်းအပ်ဖို့သတ်မှတ် ထားတဲ့ ရက်အတွင်း…

  • တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    —

    by

    in

    AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့တွင် တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ် Arankan Princess Media က သတင်းဖော်ပြသည်။ AA က ၎င်းသိမ်းပိုက်ထားသော မြို့ကြီးများတွင် တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များ ထူထောင်လျက်ရှိရာ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး( DLEPS) ဌာနကိုလည်း တည်ထောင်ကာ မြို့ပြအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။ ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS က ပြည်ပ အရက်၊ ဘီယာများ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်နှင့်စားသောက်ဆိုင်များကို တစ်ဆိုင်ဝင်…

  • စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    —

    by

    in

    ပွင့်ဖြူတွင် လူသူမရှိတော့သော စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်နေ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာများကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့ စိတ်ကြိုက်ဝင်ရောက် ခိုးယူနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ်၊ နီမဒဲကုန်း-မဲဇလီ တစ်လျောက်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၊ ထိုသို့ စစ်ဘေးရှောင်ရန် ပြည်သူများ တိမ်းရှောင်နေသည့် ကျေးရွာများကို စစ်တပ်နှင့် ဆက်ဆံရေး အဆင်ပြေနေသော ကြံ့ဖွတ်ပါတီဝင်များက…

  • သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    —

    by

    in

    မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ပြုလုပ် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ လူနာတင်ကား ၁ စီး၊ စစ်တပ် Faw ကား ၁ စီးဖြင့် ဒဏ်ရာရ စစ်သား ၄ ဦးကို မကျီးဇင်-သာပေါင်း-လမ်းပိုင်း မှ ပုသိမ်မြို့ရှိ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို အရေးပေါ်…

  • ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    —

    by

    in

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာ နမခ ကို စစ်အင်အား ဖြည့်တင်းရန် ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ​မုံရွာမြို့ နမခ ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ထွက်လာသည့် သံပြားကာ…