Author: Admin-501
-

တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့တွင် တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ် Arankan Princess Media က သတင်းဖော်ပြသည်။ AA က ၎င်းသိမ်းပိုက်ထားသော မြို့ကြီးများတွင် တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များ ထူထောင်လျက်ရှိရာ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး( DLEPS) ဌာနကိုလည်း တည်ထောင်ကာ မြို့ပြအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။ ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS က ပြည်ပ အရက်၊ ဘီယာများ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်နှင့်စားသောက်ဆိုင်များကို တစ်ဆိုင်ဝင်…
-

စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်
ပွင့်ဖြူတွင် လူသူမရှိတော့သော စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်နေ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာများကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့ စိတ်ကြိုက်ဝင်ရောက် ခိုးယူနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ်၊ နီမဒဲကုန်း-မဲဇလီ တစ်လျောက်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၊ ထိုသို့ စစ်ဘေးရှောင်ရန် ပြည်သူများ တိမ်းရှောင်နေသည့် ကျေးရွာများကို စစ်တပ်နှင့် ဆက်ဆံရေး အဆင်ပြေနေသော ကြံ့ဖွတ်ပါတီဝင်များက…
-

သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး
မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ပြုလုပ် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ လူနာတင်ကား ၁ စီး၊ စစ်တပ် Faw ကား ၁ စီးဖြင့် ဒဏ်ရာရ စစ်သား ၄ ဦးကို မကျီးဇင်-သာပေါင်း-လမ်းပိုင်း မှ ပုသိမ်မြို့ရှိ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို အရေးပေါ်…
-

ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာ နမခ ကို စစ်အင်အား ဖြည့်တင်းရန် ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ နမခ ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ထွက်လာသည့် သံပြားကာ…
-

စစ်သုံ့ပန်း အစ်ကိုဖြစ်သူနဲ့ PDF ရဲဘော် ညီဖြစ်သူတို့ စစ်မြေပြင်မှာ ဆုံကြသောအခါ
စစ်မြေပြင်တစ်နေရာမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး Danu People’s Liberation Front – DPLF က တပ်သားတစ်ဦးရဲ့ အစ်ကိုဖြစ်နေတယ်လို့ DPLF က ထုတ်ပြန်လာပါတယ်။ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား လေးဦးအနက် တစ်ဦးဟာ DPLF မှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲ့ ရဲဘော်တစ်ဦးရဲ့ အစ်ကိုရင်း ဖြစ်နေခဲ့တာပါ။ သူတို့ဟာ ငယ်စဉ်ကတည်းက ကွဲသွားခဲ့ပြီး အစ်ကိုဖြစ်သူဟာ စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းနေပြီး ညီဖြစ်သူကတော့ အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင်ခဲ့သူပဲဖြစ်ပါတယ်။ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတဲ့ အစ်ကိုဖြစ်သူကိုတော့ ညီဖြစ်သူ PDFက ဆေးဝါး ကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရုပ်သံ – DPLF