Author: Admin-501

  • AA နဲ့ ရင်ဆိုင်ဖို့ အလှည့်ကျလာပြန်တဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိနှစ်ဦး

    လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်ကောင်စီအုပ်စုဟာ အာရက္ခတပ်တော် (AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ နာမည်ကြီးပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။

    အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AA ကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က ပြန်​ပြောရတဲ့အထိ AA ကလည်း လက်သံပြောင်ပါတယ်။

    AAနဲ့ရင်မဆိုင်ရဲလို့ ပြေးသူပြေး၊ လက်နက်ချသူချနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာ အကြောက်တရား ကြီးစိုးနေတာပါ။

    ဒါပေမယ့်လည်း လွန်ဆန်လို့မရတဲ့အမိန့်ညွှန်ကြားချက်တွေကြားထဲမှာ ဗိုလ်မှူးချုပ်တစ်ဦးနဲ့ ဗိုလ်မှူးကြီး တစ်ဦးကတော့ ရခိုင်စစ်မြေပြင်ကို ခြေချရပါတော့မယ်။

    စစ်ဦးစီးတက္ကသိုလ်ကကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်ထိုက်လတ် နဲ့ တပ်မ(၅၅) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ်။

    AAရဲ့ တိုက်ခိုက်မှုကြောင့်အထိနာနေတဲ့ စစ်ရေးဒေသနှစ်ခုက ဗိုလ်မှူးချုပ်နှစ်ဦးနေရာမှာ သူတို့ကို စစ်ကောင်စီက အစားထိုးလိုက်တာပါ။

    ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း နဲ့ ဧရာဝတီတိုင်းက တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) က စကခမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနေရာမှာ ဗိုလ်မှူးချုပ်ဇော်ထိုက်လတ်ကို အစားထိုးလိုက်ပါတယ်။

    အလားတူစစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ဒကစမှူးဗိုလ်မှူးချုပ်နေမျိုးအောင်အစား ဗိုလ်မှူးကြီးမျိုးမြင့်ဦးကို တာဝန်ပေးလိုက်တာပါ။

    “အောက်တိုဘာလ၂၂ရက်နေ့မှာ ချိန်းပလိုက်တာ။ တိုင်းမှူးတွေလည်းပါတယ်။ စစ်ရေးနဲ့နိုင်ငံရေးကို ပုံစံတမျိုးပြောင်းပြီးကစားမယ့်သဘော။ ဒါပေမယ့် AA ဂွင်ကို သွားရမယ့်သူတွေမချောင်ဘူး”လို့ နေပြည်‌‌တော်သတင်းရင်းမြစ်ကပြောပါတယ်။

    ဗိုလ်မှူးချုပ်ကျော်စွာလင်းကို မှော်ဘီဗိုလ်သင်တန်းကကျောင်းအုပ်ကြီးအဖြစ်ပြောင်းလိုက်ပြီး ဗိုလ်မှူးချုပ်နေမျိုးအောင်ကိုတော့ တပ်မတော်အုပ်ချုပ်မှုကျောင်း (ပြင်ဦးလွင်) ကျောင်းအုပ်ကြီး အဖြစ်ပြောင်းလိုက်ပါတယ်။

    အောက်တိုဘာလ၂၂ရက်နေ့က ရာထူးအပြောင်းအရွှေ့ ပြုလုပ်လိုက်တဲ့ဖြစ်စဉ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ အရှေ့အလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စကခ(၁၂)၊ စကခ(၁၃) နဲ့ စကခ(၂၀)စကခမှူး‌‌ သုံးဦးအပါအဝင် ဗိုလ်မှူးချုပ်နဲ့ ဗ်ိုလ်မှူးကြီးအဆင့်တွေ သုံးဆယ်နီးပါး ပါဝင်ပါတယ်။

    စကခ(၁၇)ဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာအခြေစိုက်တာပါ။

    ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသ တိုက်ပွဲတွေမှာ AAကို စစ်ရှုံးနေတဲ့ တပ်မ(၉၉) အစား ပြီးခဲ့တဲ့သြဂုတ်လစပြီးစကခ (၁၇)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီပို့ဆောင်ပြီးခုခံစေခဲ့တာပါ။

    AAရဲ့ထိုးစစ်ကြောင့် စခန်းတွေဆက်လက်လွတ်ခဲ့ရတဲ့အတွက် တပ်မ(၉၉) တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို​တော့ အာဏာသိမ်း​ခေါင်း​ဆောင်က အသုံးမကျဘူးဆိုတဲ့ အထာနဲ့ ဖမ်းဆီးအရေးယူခဲ့ပါတယ်။

    ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်းထဲက နတ်ရေကန်ဗျူဟာတိုက်ပွဲ၊အမ်း-ပဒါန်းလမ်းတိုက်ပွဲ၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းဆက်စပ်နေတဲ့ တောင်ကုတ်-ပတောင်းလမ်းတိုက်ပွဲ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်ကတိုက်ပွဲတွေမှာ စကခ(၁၇)လက်အောက်ခံတပ်ရင်းတွေ ရောက်ရှိလာပြီးတိုက်ခိုက်နေပေမယ့် AA နဲ့ ပူး​ပေါင်းတပ်​တွေထိုးစစ်​ကြောင့် အထိနာနေပြန်ပါတယ်။

    အဲဒီအချိန်မှာ စကခ(၁၇) စကခမှူး အပြောင်းအရွှေ့ဖြစ်လာတာပါ။

    ရခိုင်ပြည်နယ်မှာ သိမ်းယူဖို့ကျန်နေတဲ့ ကျောက်ဖြူနဲ့မာန်အောင်မြို့နယ်အတူ လပေါင်းများစွာဝန်းရံပိတ်ဆို့ထားတဲ့စစ်တွေမြို့ကိုလည်း အောက်တိုဘာလဆန်းကစတင်ပြီး AAက စစ်ရေးအရှိန်မြှင့်တင်လာပါတယ်။

    ဒကစမှူးအနေနဲ့ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေကိုလေ့လာပြီး ခုခံတိုက်ခိုက်ခြင်းမပြုတော့ဘဲ လက်နက်ချဖို့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းခဲ့ကြဖူးပါတယ်။

    အဲဒီသတင်းတွေလူမှုကွန်ရက်ပေါ်ထွက်လာပြီး ရက်အနည်းငယ်ကြာမှာပဲ စစ်တွေ ဒကစမှူးကို အပြောင်းအလဲပြုလုပ်လိုက်တာလည်းဖြစ်ပါတယ်။

    AAဟာ ၁၀၂၇ စစ်ဆင်ရေးထဲမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်‌လေးဦး၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို စစ်သုံ့ပန်းအနေနဲ့ဖမ်းဆီးထားပါတယ်။

    ဗိုလ်မှူးချုပ်တစ်ဦး ပျောက်ဆုံးနေပြီး ဗိုလ်မှူးကြီးငါးဦး သေဆုံးခဲ့ပါတယ်။

    ရခိုင်စစ်မြေပြင်မှာ AA လက်ထဲ အစွယ်ကျိုးသွားတဲ့ စစ်ကောင်စီထိပ်တန်းအရာရှ်ိ‌တွေစာရင်းက ဒီလိုရှိပါတယ်။

    ၂၀၂၄ဒီဇင်ဘာလက AAရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့ပါတယ်။

    ၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)ကို သိမ်းယူတဲ့ တိုက်ပွဲမှာ ဗိုလ်မှူးကြီးအောင်နေမျိုး သေဆုံးခဲ့ပါတယ်။

    ဗိုလ်မှူးကြီးအောင်နေမျိုးဟာ လက်အောက်ငယ်သားတွေနဲ့အတူ ရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစဉ်မှာ AAတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။

    အလားတူမောင်တောမြို့သိမ်းတိုက်ပွဲမှာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့ပါတယ်။

    ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ စစ်သုံ့ပန်းအနေနဲ့ အကြောက်လွန်နေတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ဒါအပြင် ၂၀၂၅ ဒီဇင်ဘာလ ၂၀ရက်ကအမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။

    စစ်ကောင်စီခေါင်းဆောင်‌တွေအနေနဲ့ အသိတရားရပြီး လက်နက်ချဖို့၊ အရပ်သား ပြည်သူတွေကို မသတ်ဖြတ်ဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံကတစ်ဆင့် တိုက်တွန်းခဲ့ဖူးပါတယ်။

    AAထံ ဒူးထောက်ခံရတဲ့ နောက်ထပ်ဗိုလ်မှူးချုပ်က စကခ (၉) စကခမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဖြစ်ပါတယ်။

    ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်မြို့က​နေစစ်​တွေမြို့ကို ရေတပ်စစ်သင်္ဘောတွေနဲ့ ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်​ပြေးစဥ်မှာ AA စစ်သည်​တော်​တွေက လိုက်လံတိုက်ခိုက်​ချေမှုန်းဖမ်းဆီးခဲ့တာပါ။

    ဒါ​ကြောင့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဟာ AA ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်တပ်ဗိုလ်ချုပ်​တွေထဲ ပထမဆုံး​ဈေးဦး​ပေါက်သူဖြစ်ပါတယ်။

    သူနဲ့အတူ စစ်တပ်အရာရှိကြီး​တွေကိုပါ AAက အရှင်ဖမ်းမိခဲ့ပါတယ်။

    မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းသေဆုံးခဲ့ပါတယ်။

    ပလက်ဝမြို့သိမ်းတိုက်ပွဲမှာကဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီးသေဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီတိုက်ပွဲတွေထဲမှာနှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံးခဲ့ပါတယ်။

    AA နောက်ဆုံးဖမ်းမိထားတဲ့ စစ်ကောင်စီအရာရှိက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ဖြစ်ပါတယ်။

    နတ်ရေကန်ဗျူဟာကိုခုခံတဲ့ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးက တိုက်ပွဲမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    သူကလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းလိုပဲ AAရဲ့ စစ်ရေးစွမ်းရည်ကိုချီးကျူးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

    လက်ရှိမှာတော့ စစ်တွေမြို့သိမ်းတိုက်ပွဲကို AAက စနစ်တကျပုံဖော်နေပြီး ရခိုင်ပြည်နယ်နဲ့နယ်စပ်တိုက်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေရနေတယ်လို့ AA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်အချို့က​ပြောပါတယ်။

    ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေမှာ စစ်ကောင်စီရဲ့တန်ပြန်ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေသလိုမူလရည်မှန်းချက်အတိုင်းစစ်ရေးအောင်မြင်တဲ့အထိ မြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့ AAကထုတ်ထားပါတယ်။

    တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့အတူ ရခိုင်ပြည်နယ်အတွင်း ထိန်းချုပ်မြို့နယ်တွေက ပြည်သူတွေလည်း စစ်ရေးသတိရှိကြဖို့ AAက တိုက်တွန်း ထားပါတယ်။

    AA လက်စသတ်မယ့် မြို့သိမ်းစစ်ဆင်ရေးတွေနဲ့အတူ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ စစ်ရေးမြေပြင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ငရဲခန်းပဲလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ AA ရဲ့ မဟာမိတ်ရဲဘော်တစ်ဦးကအခုလိုပြောပါတယ်။

    “တိုင်းစစ်ဌာနချုပ်တောင်သိမ်းထားသေးတာပဲ။ လက်ရှိ စစ်ဆိုင်ထားတဲ့နေရာတွေကို သိမ်းဖို့က ကြာတာနဲ့မြန်မှာပဲ ကွာတာ။ ခေါင်းမာတဲ့ ရန်သူတွေအတွက်က သတ်ကွင်းပဲဖြစ်တယ်”။ ။

    (AA ကဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်​ ဇော်မင်းထွန်း၊ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်တို့ကို​တွေ့ရစဥ်)

  • Rerouting

    Rerouting

    Rerouting (2024)

    ညမှာမောင်းတဲ့ app ကားဒါရိုက်ဘာတစ်ယောက်ဖြစ်တဲ့ Danny က ပျောက်သွားတဲ့မိန်းကလေးနှစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုမှာ တရားခံအဖြစ်နဲ့ မတရားစွပ်စွဲခံခဲ့ရတယ်။

    Danny လည်း ရဲတွေက သူ့ကိုလုံးဝမယုံကြတဲ့အခါ သူအပြစ်မဲ့ကြောင်း သက်သေပြဖိုအတွက် အန္တရာယ်များတဲ့နည်းလမ်းကို ကြိုးစားပါတော့တယ်။

    ဒီလိုနဲ့ နောက်ကွယ်က ပူးပေါင်းကြံစည်မှုနဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုတွေ့လာရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။

  • Mauler

    Mauler

    Mauler (2025)

    စတိဗ်၊ မစ်ရှယ်၊ ဂျန်၊ ဂျေဒါနဲ့ အဒမ်တို့ လူငယ်သူငယ်ချင်းတစ်သိုက်ဟာ အမှောင်ဝက်ဘ်ဆိုက်ကနေ ဆုကြေးငွေချထားလို့ဆိုပြီး အိမ်တစ်လုံးမှာ သရဲဖမ်းတဲ့ပုံစံမျိုး တစ်ညနေပြီး သက်သေပြဖို့ဖြစ်လာခဲ့ပါတယ်။

    ဖြစ်ချင်တော့ အဲဒီအိမ်ရဲ့ ရာဇဝင်ကို သူတို့မသိကြသေးတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ကလေး မိသားစုဟာ ရက်ရက်စက်စက်အသ-တ်ဖြတ်ခံရပြီး မိသားစုတစ်ခုလုံးနီးပါး အမြစ်ပြတ်သွားကာ ကလေးမိသားစုက ခင်ပွန်းရဲ့အမေဖြစ်သူ ဘွားတော်ကြီးတစ်ယောက်ပဲကျန်နေခဲ့တာပါ။

    ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဘွားတော်ကြီးကပါဆုံးသွားပြီး စည်းစိမ်တွေလည်းအများကြီးကျန် ဆုကြေးလည်းထုတ်ခံထားရတဲ့ ကလေးအိမ်တော်ကြီးကို စတိဗ်တို့ သူငယ်ချင်း တစ်သိုက်ဟာ သိုက်တူးဖို့ဖြစ်လာပါတယ်။

    အစပိုင်းမှာတော့ ကလေးအိမ်တော်မှာ အဘွာဖြစ်သူဆုံးပြီးတဲ့နေ့မှာပဲ ဘယ်သူမှမရှိတဲ့အတွက် ရဲတွေက ချိတ်မပိတ်ခင် ပစ္စည်းသွားနှိုက်ဖို့သာဖြစ်ခဲ့ပေမယ့်လည်း အဖြစ်ဆိုးကြီးရဲ့နောက်ကွယ်မှာရှိနေသေးတဲ့ လျှို့ဝှက်ချက်နဲ့ ဒေသခံဒဏ္ဍာရီတစ်ခုဖြစ်တဲ့ လက်မရွံ့ဖြစ်သူကြီးကပါ ကလေးအိမ်တော်နဲ့ ဆက်စပ်မှုရှိနေတာကို အချိန်လွန်မှသိလိုက်ရတဲ့ စတိဗ်တို့ သူငယ်ချင်းတစ်သိုက်ဟာ အကုသိုလ်ရဲ့ ကံကြမ္မာကိုပါ မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။

  • Manor of Darkness

    Manor of Darkness

    Manor of Darkness (2025)

    ခရစ်(စ်) နဲ့ လော်ရာတို့အတွဲဟာ တစ်နေ့မှာ တစ်ချိန်က သူဌေးကြီးတစ်ယောက်ပိုင်ခဲ့တဲ့ စံအိမ်ဟောင်းကြီးတစ်ခုကို ရုပ်ရှင်သမားတွေဟန်ဆောင်ပြီး မှတ်တမ်းတင်ရိုက်ကူးရေးလုပ်ဖို့ကြံရင်း သိုက်တူးဖို့သွားခဲ့ကြပါတယ်။

    ဒါပေမဲ့ သူတို့ရဲ့သိုက်တူးအဖွဲ့ထဲမှာ ပါနေကျလူတော်တော်များများ မိသားစုရေးကြောင့် မပါနိုင်တဲ့အခါမှာ လူလိုနေတဲ့အတွက် မသွားခင် ရက်ပိုင်းအလိုမှာ ခရစ်ရဲ့ ညီမဖြစ်သူ လီဆာနဲ့ ခရစ်တို့နှစ်ယောက် တစ်ညဘားမှာဆုံတဲ့ လူလတ်ပိုင်း အာရှသားတစ်ယောက်ဖြစ်သူ အန်တီ့ကိုပါ ကြံရာပါအဖြစ်ခေါ်ဖို့ဖြစ်လာခဲ့ပါတယ်။

    ဒီလိုနဲ့ သိုက်တူးဖို့ယာထားတဲ့ စံအိမ်ကိုရောက်ရောက်ချင်းမှာတော့ စံအိမ်ကြီးဟာ ထိန်းသိမ်းမှုကြောင့် သစ်သယောင်ယောင်ထင်ရပေမယ့် ရှေးစံအိမ်တွေဆိုတဲ့ နေရာကကျယ်သလောက် ချောက်ချားစရာလည်းကောင်းပါတယ်။

    ဒီလိုနဲ့ စံအိမ်ရဲ့ လက်ရှိအိမ်တော်ထိန်းဖြစ်တဲ့ လူးကတ်စ်က သူအိမ်ကိုပြန်မရောက်လာခင် ဝင်ကြည့်လို့ရတယ်လို့ပြောတဲ့အခါ ခရစ်တို့ တစ်သိုက်က အိမ်ကိုလျှောက်ပတ်ချောင်းဖို့ဖြစ်လာခဲ့ပါတယ်။

    ဒါပေမဲ့ မထင်မှတ်ဘဲတွေ့သွားတဲ့ မြေအောက်ခန်းရဲ့ သေတ္တာတစ်ခုကိုဖွင့်လိုက်ပြီးနောက်ပိုင်း လူးကတ်စ်ပြန်ရောက်တဲ့အချိန် ခရစ်တို့ကိုမသင်္ကာဖြစ်သွားပြီး ခရစ်၊ လော်ရာတို့ လေးယောက်အဖွဲ့ကိုသတ်လိုက်ပါတယ်။

    ဒါပေမဲ့ ထူးဆန်းစွာနဲ့ဘဲ အိမ်ကိုသွားခဲ့တဲ့ လူလေးယောက်လုံးသေပြီးသွားတဲ့အချိန်မှာ လော်ရာရဲ့အသိစိတ်ဟာ အိမ်ကိုစရောက်လာတဲ့ အခိုက်အတန့်ကိုပြန်ပြန်ပြီးရောက်လာခဲ့ပါတယ်။

    အစတုန်းကတော့ စိတ်ထဲစွဲနေလို့ ထင်ယောင်ထင်မှားဖြစ်တာလို့ထင်ပေမယ့်လည်း ကြိမ်ဖန်များလာတဲ့အခါမှာတော့ ပြင်ပနှောင့်ယှက်မှုတစ်ခုခုရှိနေပြီဆိုတာကို သိလာပါတော့တယ်။

  • Inherit the Witch

    Inherit the Witch

    Inherit the Witch (2024)

    ဇာတ်လမ်းအကြောင်းအရာကတော့ ပထမဆုံး 1984 ခုနှစ်မှာ မိသားစုတစ်စုကမွေးနေ့ပွဲကျင်းပနေတဲ့ video recordနဲ့ ပြထားပါတယ်။

    မွေးနေ့ရှင်တွေကတော့ ကော်ရီ နဲ့ ဂျက်စီ ပဲဖြစ်ပါတယ် ။သူတို့ မိသားစုထဲမှာ စုန်းအတတ်ပညာကိုတတ်တဲ့ အမျိုးသမီး တစ်ယောက်လဲရှိပါသေးတယ်။

    အဲ့လိုနဲ့ နောက်နှစ်သုံးဆယ်ကြာတော့ သူတို့မိသားစုက တောအုပ်ထဲက အိမ်တွေမှာ နေကြတယ်။ သူတို့အဖေဆုံးသွားတဲ့အတွက် အမွေခွဲဖို့အတွက်လဲ လုပ်ကြတယ်ပေါ့။

    အမွေကိုဘယ်သူက ဆက်ခံသွားမလဲ ။ စုန်းအတတ်ပညာနဲ့ ဘယ်လိုတွေအမွေလုကြမလဲဆိုတာကို ရိုက်ပြထားတာပါ။