Author: Admin-501

  • ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော  မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ

    ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ

    မင်းတပ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ (ရုပ်/သံ)

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က သတင်းထုတ်ပြန်သည်။

    ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) စစ်ဦးစီးချုပ်က မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ ဓာတ်ပုံအားဖြုတ်ချလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်သည်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

    မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာကယ် ထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် Yaw Defense Force (YDF) Yaw Army (YA) ၊ မုံရွာခရိုင်တပ် ရင်း ၃ တို့မှ ဟန်ချက်ညီညီဆင်နွှဲခဲ့ကြခြင်း ဖြစ်ပြီး အာရက္ခတပ်တော် (AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကြံ ဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ကြောင်း သိရသည်။

    ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့သည့် မင်းတပ်မြို့သိမ်း စစ်ဆင် ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြ သည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင် ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစား ဂုဏ်ပြုကြောင်းနှင့် ချင်းညီနောင်အနေဖြင့် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

  • ဒီဇင်ဘာလကုန်အထိ ပွဲများ ဆက်တိုက်တက်နေဦမယ့် မိအောင်လျိုင်

    နေပြည်တော်နှင့်ရန်ကုန်ကို တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ မင်းအောင်လှိုင် ပွဲတက်နေပြီး ဒီဇင်ဘာလကုန်အထိ ပွဲများ ဆက်တိုက် တက်ရောက်ဦးမည်

    စစ်ရှုံးနေသော်လည်း ပွဲတက်နေသည့် မင်းအောင်လှိုင် ပျော်ရွှင်နေသည်ဟုဆို

    အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးမှုများ အကြီးအကျယ် ကြုံ တွေ့ နေသော်လည်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်မှာ နေပြည်တော်နှင့် ရန်ကုန်သို့ တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ ပွဲများတက်ရောက်နေပြီး ပျော်ရွှင်နေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

    ဒီဇင်ဘလ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်မင်းအောင်လှိုင်သည် နေပြည် တော်တွင် ရေဆင်းတက္ကသိုလ် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် လေယာဉ်ဖြင့် ရန်ကုန်သို့ ကူးပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ St.Mary Cathedralတွင် ပြုလုပ်သည့် ခရစ္စမတ်အကြို အခမ်းအနားနှင့် ညစာစားပွဲကိုလည်းကောင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က မှော်ဘီတွင်ပြုလုပ်မည့် ဗိုလ်သင်တန်းဆင်းပွဲ၊ သန်လျင်တွင် ပြုလုပ်မည့် ရေတပ်သင်္ဘောများ တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင်တွင် ပြုလုပ်မည့် ရေတပ်နှစ်ပတ်လည်ပွဲနှင့် ရွှေတိဂုံ အနောက်မုဒ် မြေအောက် လူကူးတံတားဖွင့်ပွဲများပါ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    ထိုသို့ တက်ရောက်ရာတွင်လည်း စစ်တပ် လုံခြုံရေးကို အထူးအဆင့်အဖြစ် သတ်မှတ်၍ တင်းကျပ်သွားမည်ဖြစ်ပြီး စစ်တပ် မိသားစုဝင်များကိုပါ အရာရှိပိုင်းများက မဖြစ်မနေ တက်ရောက်ရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

    ရခိုင်နှင့်ချင်းပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးနေသော်လည်း ပျော်ပွဲရွှင်ပွဲများ ဆက်တိုက်ကျင်းပနေသည့် အပြင် တပ်မိသားစုဝင်များပါ တက်ရောက်ခိုင်းခြင်းကြောင့် မင်းအောင်လှိုင်ကို အကြီးအကျယ် ဝေဖန်နေကြသည်။

    ” တပ်ချုပ်က ရန်ကုန်ကို ရောက်နေတယ်။ ဒီ လာမယ့် ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ မှော်ဘီ ဗိုလ်သင်တန်းဆင်းပွဲ၊ သံလျင် ရေတပ်တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင် ရေတပ်နှစ်ပါတ်လည်ပွဲကော နောက်ပြီး ရွှေတိဂုံ အနောက်မုဒ် မြေအောက်လူကူးတံတားဖွင့်ပွဲတက်မယ်။ လုံခြုံရေးကို အထူးအဆင့်ဆိုပြီး တော်တော် တင်းကျပ်ထားတယ်။ သူ့ကို ကြည့်ရတာတော့ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ရှိပါတယ်။” ဟု တပ် သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

    ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် မောင်တော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့နယ်နှင့် ဂွမြို့နယ်တို့ကို AA က သိမ်းပိုက်ရရှိထားပြီး ချင်းပြည်နယ်တွင် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို ချင်းညီနောင်တပ်ဖွဲ့ ပါဝင်သော တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

  • ရန်ကုန်တွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရ

    ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၂ ရက် နေ့လည်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။

    ဒီဇင်ဘာ ၂၂ ရက် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Apollo Hotel အနီးမှာ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းဆိုသူကို မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ Yangon Phoenix အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
    စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force တို့က ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုထားပါတယ်။

    Yangon Phoenix အဖွဲ့က “စရဖ ဗိုလ်မှူး ဇေယျာမင်းကို ကျွန်ုပ်တို့ နှင့် Together Urban Force တို့မှ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူများကို အသိပေးထုတ်ပြန်အပ်ပါသည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် “ရန်ကုန်မှာဆို မင်းဘာသာ ဘာကောင်ဖြစ်ဖြစ် မလုံခြုံဘူး ၊ ငါတို့ဘက်မှာ ပြည်သူရှိတယ် ၊ မတရားမှုကို ပြုသူမှန်သမျှ ပြန်ပေးဆပ်ရမယ်၊ မင်းတို့ နိဂုံးက မကြာတော့ပါဘူး” လို့လည်း ဆိုထားပါတယ်။

    ပစ်ခတ်ခံရသူ ဗိုလ်မှူးဆိုသူကို သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံကိုပို့ခဲ့ပြီး သေဆုံးမှု ရှိ မရှိကိုတော့ အတတ်မပြောနိုင်ဘူးလို့ အမည်မဖော်လိုသူ လူမှုကူညီရေးပရဟိတအဖွဲ့ ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

    စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို မောင်း အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့အပြီးမှာတော့ မရမ်းကုန်းမြို့နယ်အပါအဝင် ရန်ကုန်မြို့ နေရာအများအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတချို့က ပြောပါတယ်။

    ပုံစာ – စစ်ကောင်စီတပ်သားတချို့ (ပုံဟောင်း)

  • စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ

    စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ

    စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်တပ်ရဲ့ eVTOL ဒရုန်း ၁ စီးကို စစ်တောင်း မြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေ တစ်ခုမှာ သိမ်းဆည်းရရှိခဲ့တာပါ” ဟု ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်

    မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်

    မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား

    ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွားကြောင်း Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီတာယုမွန် ဦးဆောင်သော ပျူစောထီး အင်အား ၂၅၀ ခန့်နှင့် စစ်သား တချို့ လိုက်ပါလာသော စစ်ကြောင်းသည် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ၊ ပြည်တော်သာကျေးရွာ ၊ တန်ဆောင်းကျေးရွာ၊ ဒါးကျွန်းကျေးရွာရှိ ကျေးလတ် ဆေးပေးခန်းကို မီးရှို့ပြီး နတ်ညွှန်းတောင်ရွာကို လာရောက်စဉ် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်အင်အား ၄၀ ဖြင့် နတ်ညွှန်းမြောက်ရွာတွင် အနီးကပ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း သီတာယုမွန် ဦးဆောင်သော ပျူစောထီး အများအပြားနှင့် စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး သေဆုံးသူများကို ကား ၁ စီးဖြင့် ပြန်လည် တင်ဆောင်သွားကြောင်း သိရှိရသည်။

    “၁၇ ရက်နေ့ နံနက်ပိုင်းမှာ စစ်ခွေး အနည်းငယ်နဲ့ စစ်မှုထမ်းဟောင်းတွေ ပျူခွေးတွေနဲ့ သီတာယုမွန် အပါအဝင် အင်အား ၂၅၀ လောက်က စစ်ကြောင်းထိုးလာပြီး ရွှေညောင်ပင်၊ ကျောက်ကုန်း၊ ရွှေပြည်သာ၊ တစောင်းရွာနဲ့ ဒါးကျွန်းရွာကို ဝင်ရောက်ပြီး PDF တွေ နေထိုင်တယ် အထင်နဲ့ ကျေးလတ်ဆေးပေးခန်းကို မီးရှိုး ဖျက်စီးခဲ့တယ်။ ဒါးကျွန်းရွာ တောင်ဘက် ကျွဲခြံ ဂျုပ်ပင်ဘက်မှာ စစ်ခွေး ကား ၃ စီးနဲ့ အသင့် ကင်းပုန်းဝပ်ပြီး စောင့်နေကြတယ်။ အဲတာကို သတင်းရပြီး တပ်ရင်း ၃ ကျန်တော်တို့ ရဲဘော်တွေက ဝင်လုံးဖို့ အနီးဆုံး ကပ်ထားလိုက်တယ်? ဒါးကျွန်းရွာကို မီးတင်ပြီး စစ်ခွေးတွေက နတ်ညွှန်းတောင်ရွာကို ချီတက်လာတယ်။ အဲကနေ နတ်ကျွန်းတောင်ရွာ မြောက်ရွာကို အကူး ကမ်းပါးရံမှ အဆင်း ကွင်းပြင်အရောက် မှာ တပ်ရင်း ၃ က ကျန်တော်တို့ ရဲဘော်တွေ ပေ၁၈၀ ခန့်အကွာကနေ ရဲဘော် အင်အား ၄၀ လောက်နဲ့ အင်အားခြင်း မမျှပေမယ့် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး စစ်ကြောင်း ထိခိုက်သေဆုံးမှုများတယ်။ ခွေးတွေ အထိနာတော့ နောက်ပြန်ဆုတ်ခွာပြီး ကျောက်ကုန်းနားနေပြီး ထွက်ခွာသွားကြတော့တယ်။ စစ်ခွေးတွေ ပြန်ဆုတ်ချိန်မှာ ကားတစ်စီးတိုက် နဲ့ မသာ အလောင်းတွေ သယ်ဆောင်သွားတယ်” ဟု Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မကွေးတိုင်း‌‌‌၊ ရေကြိုမြို့နယ်၊ ရေလည်ကျွန်း‌ဒေသကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် နွယ်နီရွာ အနောက်ဘက်တွင် မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပြစ်ကူပေးခဲ့ကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် လှေခုတ်ရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် ညီနောင်မဟာမိတ်တပ်ဖွဲများ ပူးပေါင်းကာ ထပ်မံ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိ အခိုက် အကျအဆုံးများနိုင်ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို သင်္ဘောများဖြင့် ခိုးယူ တင်ဆောင်သွားပြီး ပြန်လည် ထွက်ခွာလာစဉ် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် ညီနောင်မဟာမိတ်များက ဧရာဝတီ မြစ်နှစ်ဖက် အသင့်စောင့်ဆိုင်းနေရာယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို ၂ ရက်တာတိုက်ပွဲများအတွင်း သီတာယုမွန် ဦးဆောင်သော ပျူစောထီးများနှင့် စစ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

    “မြင်းခြံမှာ အထိနာသွားတဲ့ စစ်ခွေးတွေက စစ်ရေး ပြန်လည် ပြင်ဆင်ပြီး လက်နက် လူအင်အား ဖြည့်တင်းပြီး တစ်ရက်ကျော်အကြာ ၁၉ ရက်နေ့မှာ မြင်းခြံဆိတ်ညံရေတပ်ကနေ စစ်သင်္ဘောနဲ့ ပခုက္ကူ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းက အင်အား ၁၂၀ ဦးခန့်နဲ့ စစ်သင်္ဘော စစ်ကူ ပစ်ပေးပြီး စုဖွဲ့မှုနဲ့ ရေလည်ကျွန်းဒေသကို တိုက်ခိုက်ခဲ့တယ်။ ကျန်တော်တို့ တပ်ရင်း ၃ တစ်ရင်းတည်း ခံတိုက်လို့ မဖြစ်တော့လို့ တစ်နာရီ အကြာ ပစ်ခတ်မှုဖြစ်ပွားပြီး နောက်ဆုတ်ပြီး စုဖွဲ့အင်အားတိုးတာတွေ လုပ်ဆောင်ခဲ့ရတယ်။ စစ်ခွေးတွေင ရေလည်ကျွန်းဒေသ ကျွန်းညို၊ လှေခုတ်နဲံ နွယ်နီရွာက ပြည်သူပိုင် နေအိမ်အချို့ကို မီးရှို့ဖျက်စီးခဲ့တယ်။ မွန်းလွဲ ပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စုပေါင်း အင်အားနဲ့ ပြန်လည် တိုက်ပွဲဖြစ်တယ်။ ၃ နာရီ ကြာ ထပ်မံဖြစ်ပွားပြီး စစ်ခွေးတွေက ၎င်းတို့ အထိုင်ရှိတဲ့ မင်းရွာဘက်ကို ဝင်သွားကြပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိခိုက်မရှိဘူး။ စစ်ခွေးတွေ ခံပစ်တဲ့ နေရာတွေမှာ သွေးကွက်အများကြီး တွေ့ရှိခဲ့တယ်။ ၂၀ ရက်နေ့မှာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူပြီး သင်္ဘောနဲ့တင်ဆောင်ကာ ပြန်ထွက်လာတဲ့ စစ်ခွေးတွေကို ဧရာဝတီမြစ် တစ်လျှောက် အသင့်ကြိုတင် နေရာယူပြီး ကမ်းစပ်တွေဆီကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ ကျန်တော်တို့ မြင်းခြံ ခရိုင်တပ်ရင်း ၃ နဲ့ အတူ အမေ့လက်ရုံးတပ်တို့ စုပေါင်းတိုက်ခိုက်ခဲ့တာပါ။ တော်လှန်ရေး ရဲဘော်တွေ တစ်စုံတစ်ရာ ထိခိုက်မှူမရှိခဲ့ပါဘူး။ အဲတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေနဲ့ အတူ ရေလည်ကျွန်းဒေသက အခြားသော ညီနောင် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်” ဟု Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။