Author: Admin-501

  • စစ်ကိုင်းတိုင်း ကန့်ဘလူတိုက်ပွဲ ဗျူဟာမှူးအပါအဝင် ၅၀ခန့် သေဆုံးပြီး သုံ့ပန်း ၁၅ဦးနှင့်လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း ကန့်ဘလူတိုက်ပွဲ ဗျူဟာမှူးအပါအဝင် ၅၀ခန့် သေဆုံးပြီး သုံ့ပန်း ၁၅ဦးနှင့်လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း ၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှသတင်းထုတ်ပြန်သည်။

    ၎င်းတိုက်ပွဲသည် နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်တွင်ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီးတွင် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများပြီး စစ်ကြောင်းပြိုကွဲသွားခဲ့သည်ဟု သိရသည်။

    တပ်မ(၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခလရ -၁၁၁ )တပ်နှင့်ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာစစ်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်နယ်ဘက်ကို စစ်ကြောင်းထိုးလာစဉ်တော်လှန်ရေးတပ်ဖွဲ့များမှ ကန့်ဘလူမြို့နယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်အရောက်တွင် တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းစစ်ကြောင်းကို နံနက်ကစပြီး ကြားဖြတ် တိုက်ခိုက်ရာ နံနက် ၉နာရီ ဝန်းကျင်မှာ စစ်ကြောင်းပြိုကွဲကာ တပ်ပျက်သည်အထိ ချေမှုန်းနိုင်ခဲ့ဟု ဆိုသည်။

    ထိုသို့ ချေမှုန်းတိုက်ခိုက်ခံရသဖြင့် ဗျူဟာမှူးအပါအဝင်စစ်အုပ်စု ၅၀ ခန့်သေဆုံးပြီး သုံ့ပန်း ၁၅ ယောက်ထက်မနည်းဖမ်းမိပြီး လက်နက်ခဲယမ်းများရရှိခဲ့သည်ဟုဆိုသည်။

    ရရှိခဲ့သည့် လက်နက်များမှာ စစ်အုပ်စုဘက်ကနေ MA – 1 အမျိုးအစား နှစ်လက်၊ MA- 3 အမျိုးအစား နှစ်လက်၊ MA- 4 အမျိုးအစား တစ်လက်၊ G -3 အမျိုးအစား ခုနှစ်လက်၊MA- 6 အမျိုးအစား တစ်လက်၊MA n တစ်လက်၊ ကာဘိုင် ငါးလက်၊ စလေယာတစ်လက်၊ ဒရုန်း တစ်လက်၊ ဂျန်ဘာအကြီးတစ်လုံး၊ ပါဝါစတေရှင် တစ်လုံး၊ လက်တော့ပ် တစ်လုံး၊ ၄၀ မမ သီး တစ်လုံးနှင့် အီနာဂါ တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။

    အဆိုပါတိုက်ပွဲကို ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နှင့်တော်လှန်ရေးအင်အားစုများပါဝင်သည်ဟုသိရသည်။

    ထိုသို့ အကျအဆုံးများပြားသဖြင့် တိုက်ပွဲဖြစ်ပြီးနောက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ဂျိူင်ရိုကော်ပတာသုံးစီးဖြင့် ခင်ဦးနှင့် ကန့်ဘလူနယ်စပ်ဒေသများအားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း အထိအခိုက်မရှိဟု သိရသည်။

  • ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ

    ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ

    ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ၀က်တိုးခွေးခြံက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး အင်အား ၁၀၂ ယောက်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကာဘိုးတိုက်နယ် ယင်းတိုက်ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်း ၁၅ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

    အဆိုပါတိုက်ပွဲကိုဦးဆောင်ခဲ့တဲ့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက တိုက်ပွဲမဝင်မီ ကြိုတင်ပြင်ဆင်ခဲ့ပုံတွေ၊ တိုက်ပွဲအတွင်း မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ခဲ့ပုံတွေ၊ စစ်ရဲ့သဘောအရ စည်းကမ်းလိုက်နာခဲ့ပုံတွေ၊ တပ်ဖွဲ့တစ်ခုလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ခဲ့ပုံတွေ၊ တိုက်ပွဲအတွင်း စိတ်ဝင်စားစရာအတွေ့အကြုံတွေ၊ အားပေးစကားတွေကို BBM မှ ကိုထက်မြတ်နဲ့ အတူ တွေ့ဆုံဆွေးနွေးမှုကို လေးစားဂုဏ်ယူဖွယ်တင်ဆက်ပေးထားပါတယ်။

  • The Shadow’s Edge

    The Shadow’s Edge

    The Shadow’s Edge (2025)

    ဂျက်ကီချန်းရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်လာတဲ့ The Shadow’s Edge ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့လာပါပြီ

    The Shadow’s Edge ဆိုတဲ့ရုပ်ရှင်ကားကြီးဟာဆိုရင် ဂျက်ကီချန်းရဲ့ ရဲတပ်ဖွဲဇာတ်ကောင်အနေနဲ့ ပြန်လည်ပေါ်ထွက်လာတဲ့
    ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ 2004 ခုနှစ်ကထွက်ရှိထားတဲ့ New Police Story ကို အမီလိုက်နိုင်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်

    ဇာတ်လမ်းအကျဉ်းလေးကတော့ ……..

    ခေတ်မီနည်းပညာနဲ့ AI စနစ်တွေကို ကျွမ်းကျင်စွာအသုံးချပြီး မကာအိုရဲတပ်ဖွဲ့ရဲ့ cctv ကင်မရာတွေကိုတောင် လှည့်စားနိုင်တဲ့ အဆင့်မြင့်သူခိုးဂိုဏ်းတစ်ခုဟာ cryptocurrency တွေကို အကြီးအကျယ်ခိုးယူပြီး ခြေရာဖျောက်နေပါတယ်

    ဒီသူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့က ဘယ်လိုမှခြေရာမခံနိုင်တဲ့အခါမှာတော့ အရင်က နည်းလမ်းဟောင်းတွေနဲ့ လူတွေကို ခြေရာခံရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့တဲ့ အငြိမ်းစားရဲအရာရှိကြီး ဝေါင်တပ်ချွန်း (Jackie Chan) ကို ပြန်လည်ခေါ်ယူပြီး အကူအညီတောင်းခံရပါတော့တယ်

    ဝေါင်ဟာ ရဲအရာရှိပေါက်စလေးတွေကို သူ့ရဲ့ရိုးရာနည်းလမ်းတွေနဲ့ လေ့ကျင့်ပေးပြီး ဒီဂိုဏ်းကိုဖမ်းဖို့ ကြိုးစားပါတယ်

    ဒီသူခိုးဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ ရာဇဝတ်ကောင်ကြီး “The Shadow” (Tony Leung Ka-fai) ဖြစ်နေမှန်း သူတို့သိလိုက်ရပါတော့တယ်

    ဒီဇာတ်ကားဟာ Jackie Chan ရဲ့ ခေတ်ဟောင်းနည်းပညာနဲ့ Tony Leung ရဲ့ ခေတ်သစ်နည်းပညာမြင့် ရာဇဝတ်မှုတွေကြားက အားပြိုင်မှုကို အဓိကထားရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်

    ဒါ့အပြင် ဒီဇာတ်ကားဟာ 2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ရုပ်ရှင် “Eye in the Sky” ကို ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး မူရင်းဇာတ်ကားမှာလည်း Tony Leung Ka-fai က ဗီလိန်နေရာက ပါဝင်ခဲ့ပါတယ်

    Jackie Chan ဟာ ဒီကားမှာ အသက် ၇၁ နှစ်အရွယ်နဲ့ အက်ရှင်စတန့်ခန်းတွေကို သူ့ကိုယ်တိုင်ပဲ

    အားလုံးသရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေအတွက် တန်ဖိုးရှိတဲ့ဇာတ်ကားတစ်ကားဖြစ်လာမှာတော့သေချာပါတယ်

  • Playdate (2025)

    Playdate (2025)

    Playdate (2025)

    ဂျက်ရိချာ စီးရီးထဲမှာ ဗလတောင့်တောင့်နဲ့ ခပ်ကြမ်းကြမ်း အားမာန်ပါပါလက်သီးတွေနဲ့ လူသိများခဲ့တဲ့ Alan Ritchson မင်းသားကြီးရဲ့ Action အလန်းစား ကားသစ်ပါနော် …

    ဇာတ်လမ်းအကျဉ်း

    ဘရိုင်ယန် (Kevin James)ဟာ အလုပ်ပြုတ်သွားပြီးတဲ့နောက် အိမ်နေအဖေတစ်ယောက်အဖြစ် ကလေးထိန်းဖို့ ဖြစ်လာပါတယ်။

    ပန်းခြံထဲမှာကလေးထိန်းရင်း ဂျက်ဖ် (Alan Ritchson)ဆိုတဲ့ သူ့လိုမျိုးအိမ်နေအဖေတစ်ယောက်နဲ့ တွေ့ဆုံရာက အိမ်အလည်လိုက်ဖို့ အဖိတ်ခံလိုက်ရတယ်။

    ဒီလိုနဲ့ ဘရိုင်ယန်တို့သားအဖဟာ မရည်ရွယ်ပဲနဲ့ ဂျက်ဖ်တို့သားအဖနဲ့အတူ တစ်နေ့တာစွန့်စားခန်းထဲ အတူပါဝင်လာရပါတော့တယ်။

  • ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

    ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

    ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

    ဗေဒင်ဆရာမနဲ့ တရုတ်ရိုးရာ ဖုန်းရွှေ အခါပေး ဆရာမ သားအမိ နှစ်ယောက်ကို ဒေါ်လာ သန်းနဲ့ချီ လိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုနဲ့ ဆက်စပ်ပြီး ဩစတြေးလျ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    သူတို့နှစ်ဦးဟာ ဩစတြေးလျ နိုင်ငံကို ရောက်နေပြီး အကာအကွယ် နည်းပါးတဲ့ ဗီယက်နမ် နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ပါဝင်ပတ်သက်ထားတဲ့ လိမ်လည်မှုတွေကြောင့် နစ်နာခဲ့ရတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၄၆ သန်းနီးပါးလောက်ထိ များပြားနိုင်တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

    နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဆစ်ဒနီမှာရှိတဲ့ ဒိုဗာဟိုက်ဂ်စ် ဆင်ခြေဖုံး ရပ်ကွက်မှာ အသက် ၅၃ နှစ်အရွယ် မိခင်နဲ့ ၂၅ နှစ်အရွယ် သမီးဖြစ်သူကို ရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ဆန်းသစ်တဲ့ နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုရဲ့ အဆက်အနွှယ်တွေ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

    ဗေဒင်ဆရာမဖြစ်တဲ့ မိခင်က သူအယုံသွင်းထားတဲ့ ပစ်မှတ်တွေကို ချေးငွေတွေ ထုတ်ယူဖို့ ခိုင်းစေပြီး သူ့အတွက် ဝေစုကို ခွဲယူထားပါတယ်။ သူက သူတို့တွေရဲ့ အနာဂတ်မှာ ဘီလီယံနာ တစ်ဦးဆီက အကူအညီတွေ ရောက်ရှိလာမယ် ဆိုတာကို မြင်နေကြောင်း လှည့်စား ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဆစ်ဒနီ တရားရုံးမှာ ရုံးထုတ်ဖို့ စီစဉ်ထားတာကြောင့် သူ့ကို အာမခံခွင့် မပေးခဲ့ဘဲ သမီးဖြစ်သူကိုတော့ ရဲတွေက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

    မိခင်ဖြစ်သူ ဗေဒင်ဆရာမဟာ မရိုးမသား ငွေကြေးရယူမှု၊ ဒုစရိုက်ဂိုဏ်း တစ်ခုနဲ့ ပတ်သက် စပ်ယှက်မှုတွေ အပါအဝင် စွဲချက် ၃၉ ခုနဲ့ ရင်ဆိုင်နေရပါတယ်။ သမီးဖြစ်သူကတော့ ရာဇဝတ်မှုတွေမှာ စိစစ်မှု မရှိဘဲ ရောနှောပါဝင်ခဲ့တယ် ဆိုတာရယ်၊ ဒုစရိုက်ဂိုဏ်းနဲ့ အချိတ်အဆက်ရှိတယ် ဆိုတာရယ် အပါအဝင် စွဲချက် ၇ ခု အတင်ခံထားရပါတယ်။

    သားအမိ နှစ်ယောက်ရဲ့ ဇိမ်ခံအိမ်ကို ရဲတွေက မနက်အစောပိုင်း ဝင်ရောက် စီးနင်းခဲ့တဲ့အခါ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ မိုဘိုင်းဖုန်းတွေ၊ တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ အမေရိကန်ဒေါ်လာ ၆၅၀၀ လောက်တန်တဲ့ ရွှေချောင်းတစ်ချောင်းအပြင် ကာစီနိုချစ်ပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

    ရဲတွေရဲ့ အဆိုအရ မိခင်ဖြစ်သူဟာ ဗေဒင်ဆရာမ တစ်ဦးအနေနဲ့ သူ့အသိုက်အဝန်းထဲမှာ လူအများ လေးစား ယုံကြည်တာကို ခံခဲ့ရကြောင်း၊ တချို့ဆိုရင် ငွေရေးကြေးရေး ကိစ္စတွေထိ သူ့ကို ယုံယုံကြည်ကြည် ရင်ဖွင့် တိုင်ပင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီအခါ သူက ငွေတွေချေးယူဖို့ တိုက်တွန်းပြီး ဘီလီယံနာ တစ်ယောက်ယောက်က အဲဒီအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်လို့ အာမခံပါတယ်။ ပြီးတော့ အကြံပေးခ ဝေစုတွေ အများအပြား တောင်းယူလေ့ ရှိပါတယ်။

    ဩစတြေးလျ ရဲတပ်ဖွဲ့ဟာ ဗေဒင်ဆရာမနဲ့ သမီးဖြစ်သူရဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်လောက် ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူခဲ့ပါတယ်။ မနှစ်က စတင်တဲ့ ကျားဖြန့် နှိမ်နင်းရေး စုံစမ်းမှုတွေအတွင်း သူတို့နဲ့ ဆက်စပ်တဲ့ ငွေလိမ်ဂိုဏ်းဆီက အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ ငွေကြေးတွေကို သိမ်းဆည်းထားပြီး ဖြစ်ပါတယ်။

    အဲဒီဂိုဏ်းဟာ တကယ်မရှိတဲ့ ဇိမ်ခံကားတွေကို ဝယ်ယူတယ် ဆိုတာမျိုး မှတ်တမ်းအတုတွေ ဖန်တီးပြီး ငွေကြေး ခဝါချမှုတွေကို ကျူးလွန်နေခဲ့တာပါ။ ပြီးတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီက ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး မရိုးမသား ချေးငွေရယူတဲ့ ကိစ္စတွေမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဩစတြေးလျ ရဲတပ်ဖွဲ့ကတော့ အဲဒီအဖွဲ့ဟာ ခေတ်ရှေ့အပြေးဆုံး လူလိမ်တွေလို့တောင် မှတ်ချက်ပေးခဲ့ဖူးပါတယ်။

    နောက်ပြီး အကျင့်ပျက် ဘဏ်ဝန်ထမ်းတွေနဲ့ ပူးပေါင်းရင်း နိုင်ငံရဲ့ အထင်ကရ ဘဏ်ကြီးတွေကို ပစ်မှတ်ထား လိမ်လည်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆစ်ဒနီမှာ အဲဒီဂိုဏ်းက ဒေါ်လာ ၁၆၄ သန်းလောက်ထိ တန်ဖိုးရှိတဲ့ အိမ်ခြံမြေအပါအဝင် ပိုင်ဆိုင်မှုတွေ ဝယ်ယူဖို့အတွက် ခိုးယူထားတဲ့ ကိုယ်ရေး အချက်အလက်တွေကို အသုံးပြုပြီး ငွေချေးခဲ့ပြီး ကြံရာပါ ဝန်ထမ်းတွေက ဖြစ်မြောက်အောင် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

    အဲဒီဂိုဏ်းနဲ့ ဆက်နွှယ်တဲ့ လူပေါင်း တစ်ဒါဇင်ထက် မနည်းကို ဖမ်းဆီးထားပြီး ဖြစ်သလို နောက်ထပ်လည်း ကွင်းဆက် ပါဝင်သူတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖွယ် ရှိတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

    ကိုးကား: BBC

    ဓာတ်ပုံ – NSW police