Author: Admin-501

  • ဒေါ်သက်သက်ခိုင် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရ

    ဒေါ်သက်သက်ခိုင် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရ

    ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဥ်ပြိုင်ခွင့် မရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုဖြေကြားပါတယ်။

    သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ”ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။

    အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တဲ့ ပုဒ်မဖြစ်ပါတယ်။

    အခုရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၂၃ ဦး မှာ ဥပဒေနဲ့မညီလို့ ပယ်ဖျက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

    ဒေါ်သက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈ (ဃ) ဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံရေးပါတီနဲ့ အကျုံးမဝင်ဘူးလို့လည်း ကော်မရှင်ဆီက သိရှိရပါတယ်။

    ဒါကြောင့် သူ့ရဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီကတော့ ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိတယ်လို့နားလည်ရပါတယ်။

    စစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ရဲ့ဖြေဆိုချက်တွေနဲ့ ပတ်သက်လို့ ဒေါ်သက်သက်ခိုင်ဘက်က တစုံတရာတုံ့ပြန်တာတော့မရှိသေးပါဘူး။

    ဒေါ်သက်သက်ခိုင်ကို လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်တယ်လို့ ဖြေကြားပါတယ်။

    သူဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီ ပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ ‘နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ’ ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။

    အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တာဖြစ်ပါတယ်။

    မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်ကာ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

    ရန်ကုန်မြို့တွင် မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံ ကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

    “လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်မှာ လူမွဲအဖြစ် သက်ဆိုင်ရာ တရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ ဆိုတာ ပါတယ်။ အဲဒီတော့ ဒေါ်သက်သက်ခိုင်ကိစ္စက လူမွဲတော့ မကြေညာခံရသေးသော်လည်း အကြွေးပြန်မဆပ်နိုင်လို့ တရားတဘောင် ဖြစ်နေတဲ့သဘောတော့ရှိတယ်။ ဆိုတော့ အရည်အချင်းသတ်မှတ်ချက်နဲ့ကတော့ ငြိတယ်လို့ ပြောလို့ရသလို မငြိသေးဘူးလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် အကြွေးမဆပ်နိုင်တာမို့လို့ လူမွဲအဖြစ် ကြေညာခံရတာမျိုးလည်းရှိလာနိုင်တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခြင်း၊ မပယ်ဖျက်ခြင်းကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆင်ခြင်တုံတရားအပေါ်မှာပဲ မူတည်ပါတယ်” ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

    စစ်တပ်က ပြင်ဆင်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၈ (ဃ) ပါ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိက သို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများ ဟု ပြဋ္ဌာန်းထားရာ သက်သက်ခိုင်မှာ ကမ္ဘောဇဘဏ်သို့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးပေးရန် ရှိနေ၍ အဆိုပါ ဥပဒေပုဒ်မနှင့်လည်း ငြိစွန်းနေကြောင်း သိရှိရသည်။

    ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့်ကမ္ဘာအေးဘုရားလမ်းရှိ မြေတစ်ဧကပေါ်တွင် တည်ဆောက်ခဲ့သော ၂၇ ထပ်အမြင့်ရှိ 68 Residence အဆင့်မြင့်ကွန်ဒိုကို United GP Development ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းမှာ အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့်ဒါရိုက်တာများဖြစ်ကြသည်။

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ သက်သက်ခိုင်မှာ လာမည့် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းခဲ့ပြီး ၎င်း၏ မဲဆန္ဒ နယ်တွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း မြောက်ဥက္ကလာပမြို့နယ်တို့ပါဝင်သည်။

    သက်သက်ခိုင်၏ ပါတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

    သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီ၏ ဒဂုံမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် NLD ပါတီမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ထူထောင်ခဲ့ ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီမှာ အမတ်နေရာ တစ်ခုမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ်ခဲ့သည်။

    သက်သက်ခိုင်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဝန်ကြီးရာထူးတာဝန်များမှ အနားပေးခံခဲ့ရသည်။

  • The Elixir

    The Elixir

    The Elixir (2025)

    ဒီကားလေးကတော့ Survival, Zombie Horror, Horror, Thriller အမျိုးအစားဖြစ်ပြီး ထိတ်လန့်စရာကောင်းသလို မိသားစုဒရာမာအသားပေးတဲ့ အင်ဒိုနီးရှား ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာကတော့ Kimo Stamboel ပါ။

    အနှစ်ချုပ်ပြောရရင်တော့… နာမည်ကျော် ရိုးရာဆေးဖက်ဝင် အပင်တွေနဲ့ ဆေးဝါးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ “ပြိုကွဲနေတဲ့ မိသားစု” တစ်စုအကြောင်းပဲ ဖြစ်ပါတယ်။

    ဇာတ်လမ်းက Yogyakarta နားက ကျေးလက်ဒေသတစ်ခုမှာ စတင်ပါတယ်။ Dimin လို့ခေါ်တဲ့ ဖခင်ဖြစ်သူ (သရုပ်ဆောင် Donny Damara) က သူ့ရဲ့ ဆေးဝါးစက်ရုံကို ရောင်းထုတ်ဖို့ ဖိအားပေးခံနေရပါတယ်။

    ဒါပေမဲ့ Dimin က စက်ရုံကို မရောင်းဘဲ ဆေးအသစ်တစ်မျိုးကို တီထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလို ဆေးဖော်စပ်ရာကနေ လုံးဝမထင်မှတ်ထားတဲ့ ဆိုးကျိုးတစ်ခု ဖြစ်လာပြီး… အဲ့ဒီဆေးသစ်ကနေ Zombie ရောဂါကို စတင်ဖြစ်ပွားလာပါတယ်။

    ဒီတော့ သူတို့ Dimin မိသားစုဟာ ဒီ Zombie ကပ်ဘေးထဲမှာ ရှင်သန်နိုင်ဖို့ ရုန်းကန်ကြရမယ့် ဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • Hell Hath No Fury

    Hell Hath No Fury

    Hell Hath No Fury (2024)

    ဒီကားလေးကတော့ 2024 ကမှထွက်ခဲ့တဲ့ အိမ်ထောင်ရေးဟာသကားတစ်ကားဖြစ်ပါတယ်။

    ခင်ပွန်းနဲ့ ဇနီး နှစ်ဦးစလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ရှင်းပစ်ဖိုအတွက် လျှိဝှက်ကြံစည်ကြပါတယ်။

    သတ်မှတ်ထားတဲ့ ညရောက်တော့ ဇနီးဖြစ်သူက သူ့ချစ်သူနဲ့ပေါင်းပြီး ခင်ပွန်းကိုရှင်းဖို ကြိုးစားသလို၊ ခင်ပွန်းဖြစ်သူကလည်း သူ့ချစ်သူနဲ့ပေါင်းပြီး ဇနီးကို ရှင်းပစ်ဖို ကြိုးစားပါတယ်။

    ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် ဟန်ဆောင်ပြီး ချစ်ပြရင်းကပဲ အလွဲလွဲအချော်ချော် အမှားမှားအယွင်းယွင်းတွေနဲ့ ဟာသနှောထားတဲ့ Dark Comedy ကားတစ်ကားဖြစ်ပါတယ်။

  • New Kids Nitro

    New Kids Nitro

    New Kids Nitro (2011)

    ဒီဇာတ်ကားလေးဟာ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တဲ့ comedy/parody/horror အမျိုးအစား ဒတ်ချ်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၀က ထွက်ရှိခဲ့တဲ့ New Kids Turbo ရဲ့ အဆက်လည်း ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ ဘရာဘန့်ပြည်နယ် မာစကန်ဂျက်ရွာက လူငယ်ငါးယောက်ဖြစ်တဲ့ ရစ်ချက်၊ ရစ်ကတ်၊ ဂါရီ၊ ရော်ဘီ နဲ့ ဘာရီတို့ဟာ အလုပ်လက်မဲ့ဖြစ်ပြီးနောက် ဂျလေရိုက်နေကြသူတွေပါ။ ရှဂန်ဒယ်လ်မြို့ကနေ သူတို့ရွာဆီလာလာပြီး ကြက်ဖလုပ်နေတဲ့ ဒေ့ဗ်ဆိုတဲ့ကောင်နဲ့ ရန်ပွဲတွေဖြစ် သတ်ပွဲတွေဖြစ်ကြပါတယ်။

    အဲဒီအချိန် ဖရိစ်လန့်ဒ်ပြည်နယ်ထဲ ဥက္ကာခဲကျလာပြီးနောက် လူတွေဟာ ထူးဆန်းစွာနဲ့ ဇမ်ဘီတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့ငါးယောက်ဟာ တိုင်းပြည်ကိုကာကွယ်မယ့် သူရဲကောင်းတွေအဖြစ် ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ…။

    New Kids ရုပ်ရှင်နှစ်ကားလုံးဟာ နယ်သာလန်နိုင်ငံမှာ အထူးအောင်မြင်ခဲ့ပါတယ်။ အဓိကကတော့ ဒီဇာတ်ကားထဲက ဇာတ်လမ်းဇာတ်ကွက်တွေ ဇာတ်ကောင်တွေက သူတို့နိုင်ငံမှာရှိတဲ့ တကယ့်အဖြစ်အပျက်တွေကို သရော်ပြီးရိုက်ကူးထားခြင်းကြောင့်ဖြစ်ပါတယ်။

    The Three Stooges ဇာတ်ကားလိုမျိုး slapstick humorပုံစံဖြစ်ပြီး အဆဲအဆိုစကားတွေ သူတို့နိုင်ငံမှာခေါတ်စားနေတဲ့ slangတွေ ဖက်ရှင်တွေကြောင့် လူငယ်ပရိတ်သတ်များ အတော်ကြိုက်တွေ့ခဲ့ပါတယ်။

    (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

  • New Kids Turbo

    New Kids Turbo

    New Kids Turbo (2010)

    ဒီဇာတ်ကားလေးဟာ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ action/comedy/parody အမျိုးအစား ဒတ်ချ်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

    ၂၀၁၁မှာလည်း New Kids Nitroဖြင့် ဆက်ထွက်ခဲ့ပါသည်။

    ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးပျက်ကပ်တစ်ခုရဲ့ရိုက်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက် အလုပ်ထုတ်မှုထဲတွင် မာစကန်ဂျက်ရွာမှ သူငယ်ချင်းငါးဦးလည်းပါဝင်ခဲ့ပါသည်။ သူတို့တွေဟာ “ဘာအတွက်မှ ပိုက်ဆံထပ်မပေးနိုင်ဘူး”ဆိုတဲ့ကြွေးကြော်သံနဲ့အတူ ဆန့်ကျင်ရေးတွေ စ လုပ်ပါတော့တယ်။

    မီဒီယာသမားများရဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှုနဲ့အတူ သူတို့ငါးဦးရဲ့ လုပ်ဆောင်မှုတွေကြောင့် ပြည်နယ်တစ်ခွင်မှာ သူတို့ကိုထောက်ခံအားပေးသူတွေပေါ်လာပြီး အဓိကရုဏ်းတွေ ဆက်တိုက်ပေါ်လာပါတော့တယ်။

    ပြည်နယ်ရဲတွေလည်း သူတို့ငါးဦးကို မထိန်းနိုင်တော့သည့်အတွက် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် နိုင်ငံတော်စီမံချက်ဖြင့် ဖြေရှင်းရသည်အထိဖြစ်လာခဲ့ပါတယ်။

    New Kids ရုပ်ရှင်နှစ်ကားလုံးဟာ နယ်သာလန်နိုင်ငံမှာ အထူးအောင်မြင်ခဲ့ပါတယ်။

    အဓိကကတော့ ဒီဇာတ်ကားထဲက ဇာတ်လမ်းဇာတ်ကွက်တွေ ဇာတ်ကောင်တွေက သူတို့နိုင်ငံမှာရှိတဲ့ တကယ့်အဖြစ်အပျက်တွေကို သရော်ပြီးရိုက်ကူးထားခြင်းကြောင့်ဖြစ်ပါတယ်။

    The Three Stooges ဇာတ်ကားလိုမျိုး slapstick humorပုံစံဖြစ်ပြီး အဆဲအဆိုစကားတွေ သူတို့နိုင်ငံမှာခေါတ်စားနေတဲ့ slangတွေ ဖက်ရှင်တွေကြောင့် လူငယ်ပရိတ်သတ်များ အတော်ကြိုက်တွေ့ခဲ့ပါတယ်။

    (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)