Author: Admin-501
-

Healing Towers
Healing Towers (2025) စုံထောက်ဂျိုးလို့ခေါ်တဲ့ သမီးကိုအရမ်းချစ်တဲ့ ဖခင်ဖြစ်သူတစ်ယောက်ဟာ သူ့သမီးပျောက်သွားတဲ့အချိန်ကတည်းက နှစ်ပေါင်းများစွာ မရပ်မနားဘဲ သမီးဖြစ်သူကိုစိတ်စွဲပြီး လိုက်လံရှာဖွေနေဆဲပါ။ ဖြစ်ချင်တော့ သူနေတဲ့မြို့မှာ အဲဒီလိုလူပျောက်မှုတွေဟာလည်း နှစ်နဲ့ချီတဲ့မှတ်တမ်းတွေကို ပြန်လိုက်ကြည့်ရင် လူပျောက်မှတ်တမ်းတွေ ပုံမှန်ရှိနေခဲ့တာပါ။ တစ်နေ့မှာတော့ ဂျူလီယာဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့သူငယ်ချင်းဖြစ်သူပျောက်သွားလို့ စုံထောက်ဂျိုးဆီကိုရောက်လာတဲ့အချိန်မှာ နှစ်ယောက်အချိတ်အဆက်မိသွားပြီး နောက်ကွယ်ကကိစ္စတွေ စပြီးစုံစမ်းလာပါတယ်။ ဖြစ်ချင်တော့ ဂျူလီယာရဲ့သူငယ်ချင်းဖြစ်သူ ဒါလင်းဟာလည်း မပျောက်ခင်ရက်ပိုင်းအလိုမှာ ဒေါက်တာမာ့ခ်ဟီလာလို့ခေါ်တဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်ရဲ့ ဗီဒီယိုကိုကြည့်ခဲ့နေပါတယ်။ တိုက်ဆိုင်စွာနဲ့ဘဲ စုံထောက်ဂျိုးရဲ့သမီးဖြစ်သူကလည်း မပျောက်ခင်တုန်းက ဒေါက်တာမာ့ခ်ရဲ့ စာအုပ်ကို အရမ်းကြိုက်ပြီး ဒေါက်တာမာ့ခ်အကြောင်း ပြောပြောလေ့ရှိနေခဲ့တာပါ။ ဒီလိုနဲ့ သဲလွန်စတွေတစ်ခုပြီးတစ်ခုစုပြီးနောက်ပိုင်းမှာ ဒေါက်တာမာ့ခ်ဟီလာရဲ့ ကုသရေးစင်တာလို့အမည်ရတဲ့ ဆေးကုသရေးအဆောက်အအုံတစ်ခုနောက်လိုက်ဖို့ ဖြစ်လာပါတော့တယ်။
-

Accused
Accused (2025) “တရားခံ” ပြစ်ဒဏ်ကြီးကြီးမားမားမကျူးလွန်ဖူးပေမဲ့ ထောင်နဲ့အိမ်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုသဘောထားတဲ့ ကာနက်ကူ။ ထောင်နဲ့ဘယ်လောက်ထိ မစိမ်းလဲဆိုတော့ လာဖမ်းတုန်းကရဲကိုတောင် ထောင်ကထွက်တဲ့အခါ ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းတဲ့ထိပဲ။ ဒါပေမဲ့ ချစ်ရတဲ့ မာလာဆိုတဲ့အမျိုးသမီးလေးကိုတော့ မျက်နှာအညှိုးမခံစေရဘူးဆိုတဲ့ လူပျော်လူမိုက်ကြီးပေါ့။ တစ်နေ့ ပါတီခေါင်းဆောင်တစ်ယောက် အသတ်ခံရတဲ့အမှုမှာ ကာနက်ကူ တရားခံအဖြစ် စွပ်စွဲခံခဲ့ရတယ်။ တရားရုံးထုတ်ဖို့ သူကျနေတဲ့ထောင်နဲ့ တရားရုံးက နယ်ခြားတာကြောင့် ရဲအစောင့်အရှောက်တွေနဲ့ ထောင်ကနေထုတ်လာခဲ့ချိန် လမ်းမှာ လူတစ်စုက လုပ်ကြံဖို့ကြိုးစားကြပါတယ်။ ဒီမှာပဲ ကာနက်ကူနဲ့ အသစ်ဝင်လာတဲ့ရဲတပ်သားတို့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ လွတ်မြောက်လာတဲ့ ကာနက်ကူက တရားရုံးဆီကို ရောက်အောင်သွားပြီး ဖြစ်သမျှဇာတ်ကြောင်းကုန်စင်လျှောက်တင်တဲ့အခါမှာတော့…။
-

Bangkok Assassins
Bangkok Assassins (2011) ဆူရီယမ်ဆိုတဲ့ ကလေးဖမ်းအဖွဲ့ဟာ ကလေးမြောက်မြားစွာကို ဖမ်းစီးခိုင်းစားတဲ့အပြင် စိတ်တိုင်းမကျတိုင်း ညှင်းပန်းနှိပ်စက်ပါသေးတယ် အဲဒီထဲမှာ ကာ၊ နာ၊ ချစ်နဲ့ ပုန့်ဆိုပြီး ကောင်လေးလေးယောက်လည်း အဖမ်းခံခဲ့ရပါတယ်။ သူတိုရဲ့နှိပ်စက်မှုကြောင့် ငယ်စဉ်ကတည်းကနေ ကာက နားမကြားဖြစ်ရပြီး နာကတော့ စိတ်မနှံဖြစ်ခဲ့ရပါတယ်။ ချစ်ကလည်း မျက်လုံးဖောက်ခံရလို့ မျက်မမြင်ဖြစ်ရတဲ့အပြင် ပုန့်ကတော့ လျှာဖြတ်ခံထားရလို့ စကားမပြောနိုင် ဖြစ်ခဲ့ရပါတယ်။ တရက်မှာ မွန်းဆရာက သူ့မွေးစားကလေး ခေါရာနဲ့အတူ အဲဒီဂိုဏ်းတွေရှိရာကို ရောက်လာပြီး သူတို့လေးဦးကို ကယ်ထုတ်သွားခဲ့ပါတယ်။ ဆရာကိုယ်တိုင်ကလည်း သူတို့ငါးယောက်ကို မတူညီတဲ့ ကိုယ်ခံပညာတွေကို သင်ကြားထားပေးခဲ့ပါတယ်။ သူတို့လေးဦးကတော့ သူတိုဘဝကိုဖျက်ဆီးခဲ့တဲ့ ဒီဂိုဏ်းကို ပြန်ချေမှုန်နိုင်ဖို ကြိုးစားရာမှာတော့ ဆူရီယမ်ကလေးဖမ်းအဖွဲ့ကို အပြတ်ရှင်းနိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုရအောင်ပါ။
-

ထမင်းတလုပ်အတွက် အသက်ပေးလိုက်ရသူများ
အသက် ၅၀ အရွယ် ဦးစိုး(အမည်လွှဲ)ကို မိတ္ထီလာမြို့ကလူတွေ တော်တော်များများ မျက်မှန်း တန်းမိကြတယ်။ ဦးစိုးဟာ မနက်ခင်းစောစောတွေ ညနေပိုင်းတွေမှာ စက်ဘီးစုတ်ကလေးတစီးနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ပလုံလိုက်ကောက်နေတတ်လို့ပါ။ ညနေခင်း အများပြည်သူတွေ ကန်ပေါင်မှာ အနားယူလမ်းလျှောက်နေကြပြီဆိုရင် ဦးစိုးလည်း ပလုံကောက်ဖို့ စက်ဘီးလေးတစီးနဲ့ ကန်ပေါင်ရောက်နေတတ်ပါပြီ။ ဦးစိုးနေတာကတော့ မိတ္ထီလာနယ်ထဲက လူးခင်းကြီးရွာ၊ သာယာရပ်ကွက်မှာ နေတာပါ။အသက်မွေးဝမ်းကျောင်းအလုပ်တွေထဲ ဟိုးအောက်ဆုံးလုပ်ငန်းတွေထဲ ပါဝင်တဲ့ ပလုံကောက်တဲ့ အလုပ်ကိုလုပ်ရတဲ့ ဦးစိုးဟာ စားဝတ်နေရေး မပြေလည်လှပါဘူး။ ဦးစိုးဟာ ဘောင်းဘီလေးတောင် ခါးပတ်မရှိလို့ ကြိုးလေးချည်ဝတ်ထားတတ်တယ်။ ဦးစိုးဟာ ညဘက်မှောင်မှောင်မည်းမည်းမှာလည်း ပလုံလိုက်ကောက်နေတတ်တယ်။အမှောင်ထဲ ပလုံကောက်ရတဲ့သူ့ကို မြင်ပြီး ဓာတ်မီးဝယ်ပေးတဲ့သူလည်း ရှိတယ်။ ဦးစိုးဟာ ပလုံကောက်ရင်း ကန်ပေါင်လာတဲ့သူတွေရဲ့ဆိုင်ကယ်ကိုပါ စောင့်ပေးတတ်သေးတယ်။ “ သူရှိရင် ဆိုင်ကယ်တွေ မပျောက်ဘူး” လို့ မြို့ခံတဦးကပြောပြတယ်။ဒါကြောင့်သူ့ကိုမုန့်ဖိုးမကြာမကြာ…
-

အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့
စလင်းမှာ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့် အမှုပိတ်သိမ်းဖို့ ကျောင်းအုပ်ကြီးဦးဆောင်ပြီး ကျပ်သိန်း ၇၀၀ နဲ့ ညှိနှိုင်းနေ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း(အထက ၁)မှာ တက်ရောက်နေတဲ့ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စလင်းမြို့ G-10 ကျောင်းသူကို တကျောင်းတည်းတက်ရောက်နေတဲ့ ရည်းစားဖြစ်သူနဲ့ သူငယ်ချင်း ၃ ဦးက အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီကျော်မှာ မြင်တင်ရပ်ကွက်ရှိ ထီးကြီးဘုရားအတွင်း ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။ ” G-12ကျောင်းသား(ရည်းစားဖြစ်သူ)က သူ့မွေးနေ့ရှိတယ်ဆိုပြီး ကျောင်းသူမလေးကို ထီးကြီးဘုရားကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်း ၃ ဦးကိုလည်းခေါ်ခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေကလည်း G-12…