Author: Admin-501
-

Bad Shabbos
Bad Shabbos (2025) ဒီကားလေးကတော့ 2024 ကပဲထွက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ David (Jon Bass) နဲ့ Meg (Meghan Leathers) ဆိုတဲ့ စေ့စပ်ထားတဲ့ စုံတွဲတစ်တွဲရှိပါတယ်။ သူတို့က ဘာသာခြားတွေပေါ့။ Meg က ကက်သလစ်ကနေ ဂျူးဘာသာကို ကူးပြောင်းဖို့ စဉ်းစားနေတဲ့သူပါ။ သူတို့ရဲ့ မိဘနှစ်ဖက် ပထမဆုံး တွေ့ဆုံမယ့်ပွဲက David ရဲ့ ရိုးရာဓလေ့အတိုင်းလုပ်တဲ့ Shabbos ညစာစားပွဲလုပ်ကြတယ်ပေါ့။ အစကတော့ အေးအေးဆေးဆေး စားသောက်ကြမယ့် မိသားစုတွေ့ဆုံပွဲလေးပါပဲ။ ဒါပေမဲ့ ဒီပွဲကို David ရဲ့ ညီမ Abby (Milana Vayntrub) ရဲ့ ချစ်သူ Benjamin (Ashley Zukerman) ပါ တက်ရောက်လာတော့မှ ဇာတ်လမ်းက…
-

အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်
အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက် အကြမ်းဖက်သတ်ဖြတ်သွားသည့် လုပ်ရပ်များနှင့်ပတ်သက်၍ ထုတ်ပြန်ချက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏ သား ကိုထွန်းဝင်း (၃၀) နှစ် သည် ၎င်း၏ ခရီးသည်တင်ကားဖြင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စသည့် အခြေခံလူသုံးကုန်ပစ္စည်းများဝယ်ယူ၍ ပြန်လာသည့် ဒေါ်ဝေဝေစိုး (၃၀) နှစ်၊ ဒေါ်နိုင်နိုင်ဆွေ (၄၀) နှစ်၊ ဒေါ်ဝေဝေစိုး၏သမီး မခိုင်မြတ်မွန် (၃) နှစ် နှင့် မောင်သန်းထွီး…
-
First Moon
First Moon (2025) ဂျက်စီကာလို့ခေါ်တဲ့ ဘားတစ်ခုမှာစားပွဲထိုးတစ်ယောက်အနေနဲ့အလုပ်ဝင်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်ဟာ တစ်ညမှာ ဘာသာရေးဂိုဏ်းတစ်ခုကနေ သူ့ကို သမန်းဝံပုလွေရောဂါကူးစက်ခံထားလို့သံသယဝင်ပြီး ပြန်ပေးဆွဲခဲ့ပါတယ်။ ဖြစ်ချင်တော့ ဂျက်စီကာနေတဲ့နေရာအနီးအနားတစ်ဝိုက်မှာ လတ်တလော လူတွေပျောက်ပျောက်နေပါတယ်။ ဒါ့အပြင် အဲဒီဘာသာရေးဂိုဏ်းဟာလည်း ဟိုးကတည်းက သမန်းဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကေးလက်ဘ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကိုလိုက်ဖမ်းနေခဲ့တာပါ။ ကေးလက်ဘ်ဟာ လပြည့်ချိန် ဒါမှမဟုတ် လတစ်လရဲ့ လဆန်းချိန်တွေရောက်လာတိုင်း ရမ္မက်စိတ်ပြင်းပြီး တခြားအမျိုးသမီးတွေနဲ့ အတူလိုက်နေကာ သမန်းဝံပုလွေရောဂါကို ကူးစက်စေခဲ့ပါတယ်။ ဒီလိုနဲ့ ထပ်ဆင့်ထပ်ဆင့်ကူးစက်လာတဲ့ ကူးစက်ရောဂါအကြောင်းသိနေတဲ့ ဘာသာရေးဂိုဏ်းဟာ ဂျက်စီကာ့ကိုပါ အကြောင်းအမျိုးမျိုးကြောင့် ကေးလက်ဘ်နဲ့ဆုံပြီး ရောဂါကူးစက်ခံထားရတယ်လို့ထင်ပြီး ပြန်ပေးဆွဲတဲ့လူတစ်စုထဲခေါ်လာခဲ့ပါတယ်။ အစမှာတော့ ဂှက်စီကာဟာ စိတ္တဇအစွန်းရောက်ဂိုဏ်းတစ်ခုရဲ့ မသမာမှုကိုခံနေရတယ်လို့ ထင်ခဲ့ပေမယ့် အချိန်ကြလာတာနဲ့အမျှ သူကိုယ်တိုင်မူမမှန်ဘူးလို့ သိလာတဲ့အချိန်မှာ ဒီအဖြစ်ဆိုးကြီးကို သူကိုယ်တိုင် မယုံနိုင်ဖြစ်လာပါတော့တယ်။
-
Bone Lake
Bone Lake (2025) ဒီကားက လူ ၄ ယောက်ထဲနဲ့ ရိုက်ထားပေမဲ့ အတော်လေးကြမ်းတဲ့ Psychology Horror ကားလို့ပြောရမယ်။ ဇာတ်လမ်းစထဲက ဘယ်သူက လူကောင်းလူဆိုးသိနေပေမဲ့…လူတွေရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ မသိစိတ်တွေ မျက်ကွယ်ရာတွေ မလုံခြုံမှုတွေကို အသက်ရှူကြပ်ချင်စရာကောင်းအောင် ရိုက်ပြထားတယ်။ ဇာတ်လမ်းမှာ Sage နဲ့ Diego ဆိုတဲ့ လင်မယားက Romantic အားလပ်ရက်ခရီးထွက်လာရင်း အရိုးရေကန်ဆိုတဲ့ ခြံကျယ်ကြီးထဲက ဇိမ်ခံအိမ်ကြီးမှာ တစ်ပတ်တာငှားလိုက်ကြတယ်။ ဖြစ်ချင်တော့ ဒီအိမ်ကို Will နဲ့ Cin ဆိုတဲ့ စုံတွဲကလည်း မကြာခင် ရောက်လာပြီး ဘွတ်ကင်လုပ်ပြီးသားဖြစ်နေတဲ့အတွက်…အိမ်ရှင်အမှားဖြစ်နေတဲ့အတွက် ညှိနှိုင်းပြီး ပေါင်းနေကြဖို့ သဘောတူလိုက်ကြတယ်။ လူငယ်စုံတွဲ ၂ တွဲ ခင်မင်သွားကြပေမဲ့ နောက်ပိုင်းမှာ စိတ်ကစားမှုတွေ၊ မလုံခြုံမှုတွေ အတိတ်က…
-

မီးနီဖြတ်မောင်းတဲ့ အောက်ဆိုက်ကားမှောက်လို့ တယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ
ရန်ကုန်မှာ မီးနီဖြတ်မောင်းတဲ့ အောက်ဆိုက်ကားမှောက်လို့ တယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ ရန်ကုန် ၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်မှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့၊ မနက် ၈ နာရီကျော်လောက်မှာ မီးနီဖြတ်မောင်းတဲ့ ခရီးသည်တင် အောက်ဆိုက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး တယောက်သေဆုံးကာ နောက်ထပ် ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ နှစ်ယောက်ပါဝင်ကြောင်း ၊ ဦးခေါင်းထိခိုက်မိသူက သုံးယောက်ပါဝင်တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှုတွေခံယူနေရတယ်လို့သိရပါတယ်။ “အောက်ဆိုက်ကားက မီးနီဖြတ်မောင်းလာပြီး မျက်နှာချင်းဆိုင်ကလာတဲ့တက္ကစီကိုရှောင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းတွေတိုက်ပြီးမှောက်သွားတာ။ယာဥ်မောင်းသေတယ်။ ခေါင်းခန်းထဲက နောက်ထပ်အမျိုးသားက အနီရောင်အဆင့် ၅၀ – ၅၀ ပဲ။အခြေအနေမကောင်းဘူး ။နောက်ခန်းက အမျိုးသမီးတယောက်လည်း အနီရောင်အဆင့်ပဲ။ ကျန်လေးယောက်မှာတော့ သုံးယောက်ကခေါင်းထိတယ်။” လို့ ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောပါတယ်။…