Author: Admin-501

  • The Last Detail

    The Last Detail

    ဒီဇာတ်ကားလေးကတော့ ၁၉၇၀ ဝန်းကျင်ခန့်က အမေရိကန် ရုပ်ရှင်ဇာတ်ကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းချုပ်လေးပြောရမယ်ဆိုရင် …

    ရေတပ် ကမ်းခြေကင်းလှည့်တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်ကြတဲ့ Billy “Badass” Buddusky (Jack Nicholson) နဲ့ Mulhall တို့ဟာ ဒေါ်လာ ၄၀ ခိုးမှု‌ကြောင့် ထောင်ဒဏ် ရှစ်နှစ် ကျခံရမယ့် ရေတပ်သားငယ် Larry Meadows (Randy Quaid) ကို နော်ဖော့ခ် (Norfolk) မှ ပို့စ်မောက် (Portsmouth) ရှိ ရေတပ်ထောင်ကို အစောင့်အဖြစ် ပို့ဆောင်ရတဲ့ တာဝန်ကို ရရှိခဲ့ပါတယ်။

    အဲပို့ဆောင်တဲ့ခရီးစဉ်မှာ သူတို့တွေ ဘာတွေ လုပ်ကြမလဲ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

    ဒီဇာတ်လမ်းလေးဟာ အဖွဲ့အစည်းကြီးတစ်ခုရဲ့ တင်းကျပ်မှုအောက်မှာ ပျောက်ဆုံးသွားရတဲ့ လူသားချင်းစာနာမှုနဲ့ ခဏတာ လွတ်လပ်ခြင်းအကြောင်းကို ရယ်မောဖွယ်၊ တစ်ချိန်တည်းမှာပင် နာကျင်ဖွယ်ရာ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။

  • ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင်

    ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင်

    ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင်

    လောကီပညာ မှာ ဆားရဲ့ အသုံး၀င်ပုံများကို လူတိုင်း သိကြမှာပါ။

    အထူးသဖြင့် မကောင်းတဲ့ ကံတွေ ဖယ်ရှားတဲ့ နေရာမျိုးမှာ သုံးလေ့ ရှိကြပါတယ်။

    အခု ပြောမယ့်နည်းက တော့ မိတ်ဆွေ တယောက် ငွေကြေး အခက်အခဲ ကြုံခိုက် သုံးခဲ့တာပါ။

    ကျမမိတ်ဆွေရဲ့ အကြပ်အတည်းက အတော်ကို ဆိုးတာပါ။

    ပေးစရာ ရှိတာမပေးရင် အဖမ်းခံရမယ် ဆိုတာ မျိုးပါ။

    ဒီနည်း လေး သုံးလိုက်တာ အဆင်ပြေသွားခဲ့ပါတယ်။

    မှတ်စု ထဲက ပြန် တွေ့ လို့ ဝေမျှပေးလိုက်တာပါ။

    လိုအပ်တာ ကတော့ ဆား နဲ့ ရေ ပါဘဲ။

    လုပ်ရမှာက ဆားကို လက်ဖဝါး နှစ်ဖက်လုံးထဲ ထည့်ပွတ်ပြီး ဆုတောင်းပါ။

    ပြီးရင် ရေ နဲ့ ဆေး ချ လိုက်ယုံပါဘဲ။

    ဆားက ဘာဆား ဖြစ်ဖြစ် ရပါတယ်။

    ကျောက်ဆား သို့မဟုတ် ပင်လယ်ဆား အဆင်ပြေ တာ သာသုံးပါ။

    ရေ ကလည်း ဘာရေ ဖြစ်ဖြစ် ရပါတယ်။

    သန့်ရှင်း တဲ့ ရေ တော့ ဖြစ်သင့်ပါတယ်။

    သတိထား ရမယ့် အချက် နှစ်ချက် ရှိပါတယ်။

    ၁။ ပြုလုပ်ရမည့် အချိန်က မနက် ၆ နာရီ သို့မဟုတ် ညနေ ၆ နာရီ မှာသာ လုပ်နိုင်ပါတယ်။

    ၂။ ဆား နဲ့ လက်ကို ပွတ်ပြီး ဆုတောင်းပါ။ အချိန်ကြာစရာ မလိုပါ။

    ရေ နဲ့ ဆေး ချ တဲ့ အချိန် မှာ အောက်က ဇလုံ သို့မဟုတ် တစုံတခု နဲ့ လက်ဆေး ရေ ကို ခံထား ရပါတယ်။

    အဲဒီ ရေ ကို မိမိ အိမ်၀န်း ထဲ မပစ် ရပါ။

    အိမ်ခြံ၀န်း အပြင် မှာ ပစ်ရပါတယ်။

    အဲလို ရေသွန်ဖို့ နေရာ ခက်ခဲ ရင်တော့ အိမ်သာ ထဲသာ သွန်လိုက်ပါ။

    ကျမ မိတ်ဆွေက တော့ တကြိမ်ပဲ လုပ်ပြီး အဆင်ပြေ သွားပါတယ်။

    လိုအပ်တဲ့ ငွေကို ကူညီပေးမယ့်သူ ပေါ်လာပါတယ်။

    လိုအပ် မယ် ဆိုရင် တကြိမ်ထက် ပိုလုပ်နိုင်ပါတယ်။

    မိတ်ဆွေအားလုံး အစစအရာရာ အဆင်ပြေ ကြပါစေ။

  • အာဠာဝကမှော်

    အာဠာဝကမှော်

    အာဠာဝကမှော်

    အာဠာဝက နတ်ဘီလူးမန္တာန်

    (ဥုံ စတုဒီသာသီလဝန္တာ ယက္ခိသဗ္ဗခိဏသဝါ

    ယက္ခဗျက္ခာ မဟိံသာစ ဟတ္ထိစောရာနံ)✍

    မှတ်ချက် – ဉာဏ်ရှိသလို အသုံးချပါ

  • ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို သုညမှတ်ထိ လျှော့ချဖို့ EU နိုင်ငံတွေ သဘောတူ

    ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို သုညမှတ်ထိ လျှော့ချဖို့ EU နိုင်ငံတွေ သဘောတူ

    ရုရှားဆီက ဓာတ်ငွေ့ တင်သွင်း ဝယ်ယူမှုတွေကို အပြီးတိုင် ရပ်စဲတဲ့အထိ တစ်ဆင့်ချင်းစီ လျှော့ချဖို့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ စွမ်းအင် ဝန်ကြီးတွေ ညှိနှိုင်း သဘောတူခဲ့ပါတယ်။

    အောက်တိုဘာ ၂၀ ရက်နေ့က လူဇင်ဘာ့ဂ် နိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေး အပြီးမှာတော့ ရုရှားဆီကနေ EU နိုင်ငံတွေဆီ ပိုက်လိုင်းတွေနဲ့ တင်ပို့နေတဲ့ ဓာတ်ငွေ့တွေကိုရော၊ သဘာဝဓာတ်ငွေ့ အရည် (LNG)ကိုပါ ဆက်တိုက် လျှော့ချသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    LNG တင်သွင်းမှုကိုလည်း မူလ လျာထားတာထက် တစ်နှစ်စောပြီး ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှာ အပြီးတိုင် ရပ်စဲဖို့ထိ EU နိုင်ငံတွေက သဘောတူ လက်ခံခဲ့ပါတယ်။ ရုရှားဆီက စွမ်းအင်ရင်းမြစ်တွေကို မှီခိုစရာ မလိုဘဲ EU အနေနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ရေးအတွက် ဒီဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာတယ်လို့ EUရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒိန်းမတ် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး လားစ်အားဂတ်က ပြောပါတယ်။

    EUဟာ ရုရှားဆီက စွမ်းအင်ရင်းမြစ်တွေ တင်သွင်းမှု မှန်သမျှကို အဆုံးသတ်ဖို့အထိ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာ စီမံကိန်း တစ်ရပ်ကိုလည်း အကောင်အထည် ဖော်ဖို့ ကြိုးစားနေပါတယ်။

    ဥရောပဖက်ကို ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေ လုံးဝ ဝင်ရောက်လာစရာ မလိုတော့တဲ့ အဆင့်ထိ ရောက်နိုင်အောင် အားထုတ် ကြိုးစားနေပေမယ့် အဲဒီ ရည်မှန်းချက် အထမြောက်တဲ့ အထိတော့ မအောင်မြင်သေးကြောင်း အားဂတ်က ဆိုပါတယ်။

    EUက တင်သွင်းတဲ့ သဘာဝ ဓာတ်ငွေ့တွေရဲ့ ၁၂ ရာခိုင်နှုန်းဟာ ရုရှားဆီက ဝယ်ယူနေတာပါ။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် မဆင်နွှဲခင် EUရဲ့ ရုရှားဓာတ်ငွေ့ ဝယ်ယူမှုဟာ စုစုပေါင်း တင်သွင်းမှုရဲ့ ၄၅ ရာခိုင်နှုန်းထိ များပြားခဲ့ပါတယ်။ ဟန်ဂေရီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယမ်တို့ဟာ လက်ရှိ အချိန်ထိ ရုရှားဆီက ဝယ်ယူတင်သွင်းတဲ့ ဓာတ်ငွေ့ကို မှီခိုနေရဆဲ နိုင်ငံတွေ ဖြစ်နေပါတယ်။

    ရုရှားဆီက ရေနံ ဝယ်ယူနေဆဲ EU နှစ်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့ဟာ ရုရှား စွမ်းအင် ရင်းမြစ်တွေ ဝယ်ယူမှုကို အပြီးတိုင် ဖြတ်တောက်မယ့် အစီအစဉ်ကို အရင်က ကန့်ကွက်ခဲ့ဖူးပေမယ့် ရုရှားရဲ့ ဓာတ်ငွေ့တွေ တင်သွင်းမှု လျှော့ချမယ့် အဆိုကိုတော့ EUက လူဇင်ဘာ့ဂ် ဆွေးနွေးပွဲမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

    EUရဲ့ စည်းမျဉ်းတွေအရ နိုင်ငံတစ်ခုခုအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်မယ်ဆိုရင် အဖွဲ့ဝင် ၂၇ နိုင်ငံလုံးရဲ့ သဘောတူ ထောက်ခံမှုကို လိုအပ်ပေမယ့် ကုန်သွယ်ရေး ကန့်သတ်မှုတွေ ကျင့်သုံးဖို့ ဆိုရင်တော့ ၁၅ နိုင်ငံဆီက ထောက်ခံချက် ရရှိရင် လုံလောက်ပါတယ်။

    ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတိုကတော့ ရုရှားဆီက စွမ်းအင် ထောက်ပံ့မှုကို အလုံးစုံ ဖြတ်တောက်တာဟာ သူ့နိုင်ငံရဲ့ စွမ်းအင် ဖူလုံမှုကို ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ကုန်းပိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ ဟန်ဂေရီဟာ ပထဝီဝင် အခြေအနေတွေအရ ရုရှားဆီက တင်ပို့တဲ့ ဓာတ်ငွေ့တွေကို ဆက်လိုအပ်နေဦးမယ်လို့ သူက ပြောပါတယ်။

    EU နိုင်ငံတွေက လက်ခံ အတည်ပြုခဲ့တဲ့ အဆိုပြုချက်ကို ဥရောပ လွှတ်တော်မှာလည်း မဲခွဲ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ အဲဒီ အဆိုပြုချက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရုရှားဆီက ပိုက်လိုင်းတွေနဲ့ တင်သွင်းနေတဲ့ ဓာတ်ငွေ့တွေအပြင် LNGတွေကိုပါ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နောက်ပိုင်းကျရင် မဝယ်ယူတော့ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

    ကိုးကား: France 24

    ဓာတ်ပုံ – Reuters

  • လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    ဒီပဲယင်းမှာ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေ၊ ဆိုင်းပွဲတွေ မထည့်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

    ဒီပဲယင်းမြို့နယ်အတွင်း ပြည်သူများနဲ့တော်လှန်ရေးအင်အားစုများအားလုံးအနေနဲ့ လက်ရှိအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်ပြီး ပြည်သူလူထုတရပ်လုံးက ပြင်းပြင်းထန်ထန် တော်လှန်နေကြတဲ့အချိန်ဖြစ်ကြောင်း၊ စစ်တပ်ကလည်း ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်ရေးလေယာဥ်များအပြင် အနီးကပ် ဗုံးကျဲတိုက်ခိုက်နိုင်တဲ့ ပါရာမိုတာ စက်တပ်လေထီးများနဲ့လည်းကောင်း၊ ဂျိုင်ရိုကော်ပတာများနဲ့လည်းကောင်း၊ အချိန်နေရာမရွေး တိုက်ခိုက်နေကြောင်း ဒီပဲယင်းပအဖအဖွဲ့က အောက်တိုဘာ ၄ ရက်က အသိပေးပါတယ်။

    ဒါ့ကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရလို့ လုံခြုံရေးသတိထားရမယ့်အပြင် ဒီနှစ် အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်ခံဖျော်ဖြေရေးပွဲများ၊ ဆိုင်းဝိုင်းများ ပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ ဒီပဲယင်းပအဖအဖွဲ့က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

    “သူတို့(ဆိုင်းဝိုင်း)တွေက စစ်တပ်ဂိတ်တွေကို ဖြတ်ပြီး လာကြတာ။ ဘယ်သွားတီးမှာလဲမေးမှာပဲ။ မေးရင်ဖြေရမှာပဲ။ အဲခါကျ အန္တရာယ်ကများသွားပြီ”လို့ ဒီပဲယင်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

    သက်ဆိုင်ရာ ရပ်ကျေးပကဖ၊ ပအဖ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထု ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ကြပ်မက်ဆောင်ရွက်သွားကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်ထွန်းထားပါတယ်။

    အာဏာသိမ်းကာလအတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်တပ်က အလှူမင်္ဂလာပွဲတွေပါမကျန် လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။