Author: Baby Yit Lone

  • မဲရုံစောင့်တွေလဲ ငွေပေးပြီး လူငှားနေရပြီ

    မဲရုံစောင့်တွေလဲ ငွေပေးပြီး လူငှားနေရပြီ

    အင်းစိန်နှင့် လှိုင်သာယာတွင် မဲရုံမစောင့်ချင်သည့် Non-CDM ဆရာမများ ပိုက်ဆံပေးနေရ ရန်ကုန်တိုင်း၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့တွင် အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် (၃) အတွက် မဲရုံမစောင့်ချင်သည့် Non-CDM ဆရာမများ ပိုက်ဆံပေး၍ ရှောင်နေကြကြောင်း နီးစပ်သူများထံက သိရသည်။ စစ်ကော်မရှင်က ၎င်းတို့၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) တွင် မြို့နယ် ၁၀၀ မြို့နယ်ထဲ အင်းစိန်ကိုလည်းကောင်း၊ အပိုင်း (၃) ၌ လှိုင်သာယာ(အနောက်)နှင့် (အရှေ့ပိုင်း)တို့ကိုလည်းကောင်း ထည့်သွင်းထားကြောင်း သိရသည်။ “မဲရုံမစောင့်ချင်တဲ့ non ဆရာမတွေက ပညာရေးအမှူးရုံးက လူတွေကိုပိုက်ဆံပေးပြီး ရှောင်နေကြတယ်။ ပညာရေးမှုးရုံးကို ပိုက်ဆံမပေးသူတွေဟာ အင်းစိန်ရော လှိုင်သာယာမှာပါ စောင့်ရမယ်”…

  • ကျောက်ဖြူနဲ့ အနီးဆုံးစခန်းတွေတောင် မထိန်းနိုင်တော့ဘူး

    ကျောက်ဖြူနဲ့ အနီးဆုံးစခန်းတွေတောင် မထိန်းနိုင်တော့ဘူး

    ကျောက်ဖြူတွင် စစ်ရေးအရအရေးပါသည့် သစ်ပုတ်တောင်လမ်းကွဲရှိ စခန်းများကို AA တိုက်ခိုက်၊ မြို့နှင့် ၁၀ မိုင်အကွာအထိနီးကပ်လာ ‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး စစ်ရေးအရ အရေးပါသည့် သစ်ပုတ်တောင်လမ်းကွဲရှိ စစ်ကော်မရှင် စခန်းများကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းယူလျက်ရှိကြောင်း သိရသည်။ ကျောက်ဖြူ-ရမ်းဗြဲ လမ်းမပေါ်ရှိ သစ်ပုတ်တောင်လမ်းကွဲအနီးမှ စစ်ကော်မရှင်၏ ခြေကုတ် စခန်းများကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်မှစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ “တိုက်ပွဲတွေ စဖြစ်တုန်းက မြို့အနီးက ရွာတွေမှာဖြစ်တာ၊ နောက်တော့ နည်းနည်းဝေးသွားတယ်။ အခု မြို့နားကို ပြန်ကပ်လာပုံရတယ်။ မြို့ပေါ်ကနေ လက်နက်ကြီးသံတွေ အကျယ်ကြီး ကြားနေရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်များသည် ပြီးခဲ့သည့်…

  • ရန်ကုန်အတွက် ရာဇသံ

    ရန်ကုန်အတွက် ရာဇသံ

    ရန်ကုန်တိုင်းမှာ မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂)နယ်မြေစစ်ဆင်ရေးမှူး ပြော ၂၀၂၆ မှာ မဟာမိတ်တွေနဲ့လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးအရှိန်မြှင့်မယ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ တပြိုင်တည်းလုပ်ဆောင်နေသလို ရန်ကုန်တိုင်းမှာလည်း မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားပါတယ်။ ရဲဘော်တင်ဦးဟာ လက်တလော တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ပဲခူးတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ဖြစ်ပါတယ်။ ဇန်နဝါရီ ၉ရက်ညပိုင်းက ရဲဘော်တင်ဦးနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ရန်ကုန်တိုင်းစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားတာ ဖြစ်ပါတယ်။ “ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင်စုဖွဲ့ပြီးတော့ ရန်ကုန်ကို ကျွန်တော်တို့ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ မကြာမီလည်း စစ်ဆင်ရေးတွေ မြင်တွေ့ရပါလိမ့်မယ်။” လို့ ရန်ကုန်တိုင်းစစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၆ မှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်သွားမယ်လို့လည်း ဆိုပါတယ်။…

  • Elaichi Ek Prem Katha

    Elaichi Ek Prem Katha

    Elaichi Ek Prem Katha (2026) စိတ်၏စေရာ အိမ်ထောင်သည်တွေကြည့်သင့်တဲ့ အချစ်ဒရာမာဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဆာမီးရ်နဲ့ ဗန်ဒါနာ ဆိုတဲ့အိမ်ထောင်သည်အတွဲလေးတစ်တွဲရှိပါတယ်။ ယောကျာ်းဖြစ်သူ ဆာမီးရ်က အချိန်ပြည့်အလုပ်များနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူအပေါ် ဂရုစိုက်အချိန်ပေးတာမျိုးက သိပ်မရှိသလောက်ပါပဲ။ မိန်းမဖြစ်သူ ဗန်ဒါနာက ရိုးရိုးအေးအေးနေတတ်သူဖြစ်ပြီး ယောကျာ်းနဲ့ ယောင်းမဖြစ်သူကို ချက်ပြုတ်ကျွေးမွေးရင်းတစ်နေ့တာကိုကုန်ဆုံးနေတတ်သူပါ။ ဒီလိုနဲ့သူမရဲ့ငယ်သူငယ်ချင်းခပ်ဟော့ဟော့နေတတ်တဲ့ ရူဘီးနားနဲ့ စကားပြောဖြစ်ရင်း ရူဘီးနားကသူတက်နေတဲ့ သရုပ်ဆောင်သင်တန်းအကြောင်းပြောပြပါတယ်။ တစ်နေ့ ရူဘီးနားက သူ့ရဲ့ သင်တန်းဆရာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အာဒစ်ထ်ယာနဲ့ မိတ်ဆက်ပေးပါတော့တယ်။ အေးအေးဆေးဆေး နေတတ်တဲ့ ဗန်ဒါနာ၊ ယောကျာ်းဆီက ဂရုစိုက်မှုအကြင်နာ တွေလိုအပ်နေတဲ့ ဗန်ဒါနာတစ်ယောက် အာဒစ်ထ်ယာရဲ့ မာယာရေယာဉ်ကြောမှာ ဘယ်လိုတွေမျောပါသွားမလဲ။ နောက်ဆုံး ယောကျာ်းဖြစ်သူ သိသွားမှာလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အိမ်ထောင်သည်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကိုထင်သာမြင်သာအောင်ရိုက်ပြထားတဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ sex…

  • Gunman

    Gunman

    Gunman (2025) Cris Tapia Marchiori ရိုက်ကူးပြီး ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင် “Gatillero” ဟာ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ပြင်က မူးယစ်ဆေးဝါးဂိုဏ်းတွေရှိတဲ့ Isla Maciel ရပ်ကွက်မှာ တစ်ညတာလုံး အချိန်ယူပြီး ရိုက်ကူးထားတဲ့ အက်ရှင်-သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အထူးခြားဆုံး အချက်ကတော့ အစအဆုံး အဆက်မပြတ် One-shot ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ El Galgo (သရုပ်ဆောင် – Sergio Podeley) က ထောင်ကနေ မကြာသေးမီကမှ ပြန်လွတ်လာတဲ့ လူဆိုးဟောင်း တစ်ယောက်ပါ။ သူဟာ အရင်သူဌေးဖြစ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် La Madrina ရဲ့ မျက်နှာသာကို ပြန်ရဖို့အတွက်…