The Ride

The Ride

The Ride (2025)

ဘယ်ရီနဲ့လီယိုတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်အခြေအနေချင်း၊လူချင်း ဝေးကွာနေကြတဲ့သားအဖတွေဖြစ်ပြီး အခုချိန်မှာတော့ ဇနီး/မိခင် ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကြောင့် အတူတူခရီးထွက်ကြရဖို့ဖြစ်လာခဲ့ပါတယ်။

ဖခင်တာဝန်၊ ခင်ပွန်းသည်တာဝန်မကျေခဲ့တဲ့ ဘယ်ရီအပေါ် လီယိုက ခပ်စိမ်းစိမ်းရှိနေခဲ့သလို သူ့အဖေ ဘာတွေလုပ်နေခဲ့လဲဆိုတာတွေအပေါ်ကိုလည်း စိတ်မဝင်စား၊မသိပါဘူး။

တကယ်တမ်းတော့ အကြောင်းသိလာတဲ့အချိန်ကလည်း ဒီခရီးစဉ်မှာဖြစ်ပြီး ဂိုဏ်းဂဏ အာဏာလုပွဲတွေကြားမှာ ဇယားရှုပ်ထားတဲ့ ဖခင်ဖြစ်သူ ဘယ်ရီ လက်ချက်ကြောင့် သူတို့သားအဖရဲ့ခရီးစဉ်ဟာ သေပြေးရှင်ပြေး ခရီးဖြစ်လာပါတော့တယ်။


Leave a Reply

Your email address will not be published. Required fields are marked *