Author: Baby Yit Lone

  • The Volunteers: Peace at Last

    The Volunteers: Peace at Last

    The Volunteers: Peace at Last (2025) The Volunteers ရုပ်ရှင်ဇာတ်ကားတွဲ ၃ ကားရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ တရုတ်ရဲ့ အမေရိကန်ကိုတွန်းလှန်ပြီး ကိုရီးယားကိုကူညီတဲ့စစ်ပွဲရဲ့ ပဉ္စမတိုက်ပွဲကြီးအပြီးမှစပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ရေးထိုးတဲ့အချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ တစ်ဖက်မှာတိုက်ပွဲ တစ်ဖက်မှာဆွေးနွေးပွဲဆိုတဲ့ စစ်ဆင်ရေးကာလကို အဓိကထားပြီး ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ သွေးမြေကျတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာပဲ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းပေါ်မှာလဲ စကားလုံးတွေနဲ့ အပြင်းအထန်တိုက်ပွဲဝင်နေကြရပါတယ်။ ရန်သူရဲ့ အကြိမ်ကြိမ်စိန်ခေါ်မှုကို ရင်ဆိုင်ရတဲ့အချိန်မှာ တရုတ်မျိုးချစ် သားကောင်းသမီးကောင်းတွေက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့ကြပြီး အဆုံးအစွန်အထိရင်ဆိုင်သွားဖို့ သန္နိဌာန်ချခဲ့ကြတာပဲဖြစ်ပါတယ်။ ရက်ပေါင်း (၇၄၇)ကြာအောင် အသက်စွန့် အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ အမေရိကန်တပ်ရဲ့ဘယ်တော့မှမရှုံးဘူးဆိုတဲ့ ဒဏ္ဍာရီကိုချိုးဖောက်နိုင်ခဲ့ပြီး အားလုံးကမျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကိုရယူနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

  • Detective Dee: The Other Shore Flower

    Detective Dee: The Other Shore Flower

    Detective Dee: The Other Shore Flower (2025) ဒီတစ်ခါလည်း အမှန်တရားဘက်တော်သားကြီး စုံထောက်တီရဲ့ဆန်းကြယ်အမှုဖြေရှင်းတဲ့ ရုပ်ရှင်လေးတစ်ပုဒ်ထွက်လာပါပြီ။ ဇာတ်လမ်းအကျဥ်း လုကျိုးရဲ့စစ်သူကြီး ခုံချန်ယဲ့ဟာ မသေဆေးဖော်နိုင်တဲ့ သေမင်းတမန်ပန်းကိုလိုက်ရှာရင်း မတော်တဆသေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မြို့အနှံသေမင်းတမန်ဝိညာဥ်တပ်သားတွေပေါ်ထွက်လာပြီး ပြည်သူတွေကို စိုးရိမ်ခြောက်လှန့်စေခဲ့ပါတယ်။ ဒီဆန်းကြယ်အမှုကို စုံစမ်းဖြေရှင်းဖို့ ဧကရာဇ်က တီရန်ကျယ်ကို အမိန့်ပေးခဲ့ပြီး တီရန်ကျယ်ဟာ ယင်းယန်စစ်သူကြီးနဲ့ပူးပေါင်းပြီး ဆန်းကြယ်အမှုနောက်ကွယ်က အမှန်တရားကို ဘယ်လိုအဖြေရှာသွားမလဲဆိုတာ.. အမှန်တရားဘက်တော်သားကြီး တီရန်ကျယ်ရဲ့ ဉာဏ်ပညာနဲ့ ယင်းယန်စစ်သူ​ကြီးရဲ့ စစ်ဗျူဟာတို့ပေါင်းစပ်ပြီး ဒီလိုဆန်းကြယ်အမှုနောက်ကွယ်မှာရှိတဲ့ ပုန်ကန်မှုကြီးကိုလည်း ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာ ပရိသတ်ကြီးလည်းအတူတူ အဖြေရှာအမှုလိုက်ကြရအောင်နော်။

  • Underwater Ghost

    Underwater Ghost

    Underwater Ghost (2025) ဒီတစ်ခါမှာတော့ သိပ္ပံပညာရဲ့ဆန်းကြယ်ဖြစ်ရပ်တွေရှာဖွေမှုကြားက မိသားစုချစ်မေတ္တာကိုပါ ပုံဖော်ထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားတဲ့အမိုက်မှောင်ထဲမှာ လူသားတွေဟာ မိသားစုချစ်ခြင်းနဲ့တရားမျှတမှုကြောင့်ပဲ တည်ရှိနိုင်တယ်။ လောဘတရားကြီးကတစ်ခါတလေ လူသားတွေကိုဖျက်ဆီးနိုင်သလို မိသားစုချစ်မေတ္တာကလည်း အမှန်တရားကိုဖော်ထုတ်နိုင်တယ်ဆိုတာ ဒီရုပ်ရှင်လေးမှာ ရင်ခုန်စီးမျောလို့ရပါတယ် ဇာတ်လမ်းအကျဥ်း မိန်လန်မြစ်ကမ်းနားမှာ ဖြစ်ပေါ်လာတဲ့ လူသေမှုတွေကြောင့် မြို့တစ်မြို့လုံး ရေဘီလူးသတ်တာလား ရေသရဲသတ်တာလား စိုးရိမ်ပူပန်နေချိန်မှာ သိပ္ပံပညာရှင်မင်ဟန့်ကို ရဲတပ်ဖွဲ့က အမှုစုံစမ်းဖို့ အကူအညီတောင်းခံလာခဲ့တယ်။ မင်ဟန့်တစ်ယောက်အမှုတွေကိုစုံစမ်းရင်း အံ့သြစရာအဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ရတယ်။ အဲဒါကတော့ လူသတ်ခေါင်းဆောင်က လူသားကနေ မျိုးစိတ်ကူးပြောင်းသွားတဲ့ သူ့အဖေ မင်ကျစ်ဖြစ်နေတယ်ဆိုတာပါပဲ။ မင်ကျစ်ဟာ အတိတ်က ပါမောက္ခဝေါ်ကာရဲ့တရားမဝင်စမ်းသပ်မှုတစ်ခုကြောင့် ရေဘီလူးအဖြစ်ပြောင်းလဲသွားပြီး နှစ်တွေအကြာကြီး အကျဥ်းခန်းထဲမှာ အစမ်းသပ်ခံခဲ့ရသူတစ်ယောက်ပေါ့။ ပါမောက္ခဝေါ်ကာရဲ့တရားမဲ့စမ်းသပ်မှုတွေဟာ ဘယ်လောက်ထိဖျက်ဆီးနိုင်လဲဆိုတာ ပြသလို မင်ဟန့်နဲ့မင်ကျစ်တို့ရဲ့ပြန်လည်ဆုံတွေ့တဲ့ မိသားစုချစ်ခြင်းမေတ္တာဟာ သဘာဝလွန်အခြေအနေတွေကိုပါ ကျော်လွှားနိုင်တယ်ဆိုတာကို ပုံဖော်ပြထားပါတယ်။ ကဲ…

  • Formalin Man

    Formalin Man

    Formalin Man (2004) “ဖော်မလင်လူသား” (၂၀၀၄) ဇာတ်ကားဟာ သေခြင်းတရားထက် ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်နဲ့ တာဝန်ယူမှုကို ဟာသ၊ ဒရာမာ ရသစုံလင်စွာ တင်ဆက်ထားတဲ့ ထိုင်းရုပ်ရှင်ကားကောင်း တစ်ကားပါပဲ။ မိသားစုသဖွယ် ချစ်ခင်ရတဲ့ တေးဂီတတီးဝိုင်းလေး ပျက်စီးမသွားစေဖို့ တီးဝိုင်းခေါင်းဆောင် ချက်ထောင်ဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့ဝိညာဉ်က ရုပ်ခန္ဓာထဲက မထွက်ဘဲ ဖော်မလင်ဆေးအကူအညီနဲ့ လူသေဘဝအတိုင်း ဝိုင်းကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်လမ်း‌လေးဟာ ချစ်ရသူတွေအတွက် သေဆုံးသွားတာတောင် အနားမှာ ရှိနေပေးချင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အလွမ်းအဆွေး၊ အားပေးမှုတွေနဲ့ ထိထိမိမိ ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပါ။ သိုသော်လည်း အမှန်တရား ပေါ်ပေါက်လာတဲ့အခါမှာတော့ တစ်ချိန်က ချစ်ခင်ကြောက်ရွံခဲ့တဲ့ ဝိုင်းတော်သားတွေက သူ့ကို လူသေ (ဖော်မလင်မန်း) အဖြစ် သိရှိပြီး ကြောက်လန့်တကြား စွန့်ခွာသွားကြပုံမှာ…

  • တစ်ချက်ထဲနဲ့ တသက်စွဲပြီ ရှင့်

    တစ်ချက်ထဲနဲ့ တသက်စွဲပြီ ရှင့်

    ကျော်ဌေး နှင့် သီတာတို့ လင်မယားမှာ အရင်ကလို တကျက်ကျက် စကားများ ရန်ဖြစ်ရုံပင်မကတော့။ သတ်ပုတ်ရိုက်နှက်သည်အထိ ဖြစ်လာသည်။ သားသမီးမရှိတော့ တစ်ယောက်နှင့် တစ်ယောက် သိပ်ပြီး သံယောဇဉ်ထားကြပုံမရပေ။ သူတို့လင်မယား အိမ်ထောင်ကျတာ သုံးနှစ်ကျော်ပြီဖြစ်သည်။ တစ်နှစ်လောက်ပဲ သောကကင်းကင်းဖြင့် နေခဲ့ရသည်။ တစ်နှစ်ကျော်တော့ ကျော်ဌေးက ဗွေဖောက်လာသည်။ ကျော်ဌေးအကြောင်းတွေကို သီတာ မကြားချင်လည်း ကြားရသည်။ မသိချင်ပဲ သိရသည်။ ကျော်ဌေး အပျော်အပါးလိုက်စားသည်တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သီတာက ဖြောင်းဖျပြောဆိုတော့ သူက ရန်လုပ်သည်။ အိမ်ပြန်လာတိုင်းလည်း မူးမူးလာတတ်သည်။ လုပ်သည့်အလုပ်က လိုင်းကားဒရိုင်ဘာ။ ဝင်ငွေကောင်းတော့ ကျော်ဌေး ပျက်တော့သည်။ ဇနီးမယား သီတာကိုလည်း ကြင်ကြင်နာနာ မရှိသည့်အပြင် ဘာမဟုတ်သည့် ကိစ္စလေးနှင့် ရိုးမယ်ဖွဲ့ ရိုက်လားပုတ်လား လုပ်လာသည်။ သူတို့လင်မယားကို ဘယ်သူကမှ…