Author: Baby Yit Lone
-

မွေးလူဗိုက်ထဲ ခွဲခန်းသုံးပတ်တီး ကျန်ခဲ့တဲ့ ပုသိမ်က OG
ပုသိမ်မြို့နယ်၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ခွဲမွေးကုသမှု ပြုလုပ်စဉ် ခွဲခန်းသုံးပစ္စည်းတစ်မျိုးဖြစ်သည့် sixes ကို မွေလူနာ၏ ဗိုက်အတွင်း ကျန်ရစ်ခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် OG ဆရာဝန် ဒေါက်တာ အေးအေးသော်၊ မေ့ဆေးဆရာဝန် ဒေါက်တာ ဝင်းစီစီခိုင်၊ Sister စောမြတ်မိုးနှင့် Instrument nurse တစ်ဦးတို့ ပါဝင်ကာ ခွဲမွေးကုသမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ မွေးလူနာထံမှ ခွဲစိတ်ခ ၇ သိန်းကျပ်နှင့် မေ့ဆေးခ ၁ သိန်းကျပ် ယူဆောင်ခဲ့ကြောင်းလည်း သိရသည်။ ခွဲမွေးပြီးနောက် (၅) ရက်အကြာတွင် လူနာအခြေအနေ ပုံမှန်ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သော်လည်း နေအိမ်သို့ ပြန်ရောက်ပြီးနောက် မကြာခဏ သွေးဆင်းခြင်းများ ဖြစ်ပေါ်လာသဖြင့် ဆေးခန်းများသို့ အကြိမ်ကြိမ် သွားရောက်ပြသခဲ့ရပြီး…
-

Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ
မလှိုင်မှာ ကျားဖြန့်အတွက်သုံးဖို့ဆိုပြီး Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ အွန်လိုင်းငွေလိမ်လယ်မှု ခေါ် ကျားဖြန့်အတွက်သုံးဖို့ Kpay အကောင့်တွေ ကျပ်ငါးသောင်းပေးပြီး လိုက်လံဝယ်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က မလှိုင်မြို့ပေါ်မှာ လူတစ်စုက ပြည်သူတွေကို ဘဏ်ဆီ ခေါ်ဆောင်ကာ Kpay အကောင့်ဖွင့်ခိုင်းပြီး အကောင့်တစ်ခု ကျပ်ငါးသောင်းပေးကာ ဝယ်ယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။ “ရပ်ကွက်ထဲက အမျိုးသမီးတွေကို မှတ်ပုံတင်ယူခိုင်းပြီး KBZ ဘဏ်မှာ ခေါ်သွားပြီး kpay acc ဖွင့်ခိုင်းတာ။ တယောက်ကို ၅ သောင်းပေးတယ်”လို့ မလှိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အရေအတွက်မည်မျှ Kpay အကောင့် ရောင်းလိုက်မိတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ပြည်သူတွေ…
-

“သူတို့အတွက် ပေးဆပ်ထားပြီးပြီ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဗုံးကြဲတာလဲ” – စစ်သုံ့ပန်းမိသားစု
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေအတွင်းမှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းမိသားစုတွေ ထားရှိရာကို စစ်တပ်ဘက်က ၄ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ၂၀၀ နီးပါးအထိ ရှိလာပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က စစ်သုံ့ပန်းအမြောက်အမြားကို AA က ဖမ်းဆီးရမိထားသလို လက်နက်ချ အညံ့ခံပူးပေါင်းတဲ့ စစ်သုံ့ပန်းတွေလည်း အမြောက်အမြား ရှိခဲ့ပါတယ်။ စစ်သုံ့ပန်းတွေကို AA ဘက်က တချို့နေရာတွေမှာ အစုလိုက်ထားရှိခဲ့ကြပြီး အဲဒီနေရာတွေကို စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်း ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခွဲလောက်မှာ စစ်တပ်က AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နဲ့…
-

အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွား
အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ် ယာယီရပ်နား ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ်ရပ်နားထားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ပြောဆိုသည်။ ကမ္ဘာ့ရွှေစျေးထိုးတက်နေမှုကြောင့် မြန်မာ့ရွှေစျေးမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း၊ လတ်တလော ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်သွားပြီး ဒေါ်လာ ၅၀၈၇ ဒသမ ၆၂ ဒေါ်လာရှိကြောင်း၊ ကမ္ဘာ့ရွှေစျေးမြင့်တက်၍ မြန်မာ့ရွှေလိုက်ပါ စျေးတက်ခြင်းဖြစ်သော်လည်း စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို ကြောက်လန့်၍ ရွှေဆိုင်တချို့နှင့် ရွှေကုန်သည်များ အလုပ်ယာယီရပ်နားထားကြကြောင်း သိရှိရသည်။ “ကမ္ဘာ့စျေးက နိုင်ငံတကာမှာ အမေရိကန်အပေါ်ယုံကြည်မှု ကျတာနဲ့ အမေရိကန်ဘွန်းတွေ ထုတ်ရောင်းပြီး…
-

မိဘ ၂ ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ်
လေကြောင်းဗုံးကြဲလို့ မိဘ ၂ ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “အနာတော့ သိပ်မကျက်သေးဘူး။ ညီအစ်ကို၊ မောင်နှမ ၇ ယောက်ရှိတဲ့ အထဲ အဲဒီ ထိခိုက်ဒဏ်ရာရထားတဲ့ ဘေဘီက အငယ်ဆုံး။ အခု အကူအညီတွေလည်း နည်းနည်းလာကြပြီ။ မိဘ ၂ ပါးလုံး…