Author: Baby Yit Lone
-

တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေး
ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေးပြီး ၃ လအတွင်း ခံစားခွင့်များ ထုတ်ပေး တပ်သားမှ ဗိုလ်ကြီးအဆင့်အထိသေဆုံးမှုကိုမူ အလောင်းရရှိမှုအပေါ် မူတည် ခံစားခွင့်ပေးပြီး အလောင်းမပြနိုင်လျှင် မည်သည့်ခံစားခွင့်မှ အလွယ်တကူ မရ အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ ချက်ချင်းထုတ်ပေးပြီး အသက်အာမခံလျှော်ကြေး၊ ပင်စင် အပါအဝင် ခံစားခွင့်များကို ၃ လအတွင်း ရရှိရေး ဆောင်ရွက်ပေးကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများစွာအနက်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အဆင့်မှ စတင်၍ သက်စွန့်ဂုဏ်ပြုလွှာထုတ်ပေးခြင်း၊ နာရေးစရိတ်အဖြစ်…
-

မဲပေးစက်က မဲခိုး၍ရသည်ဟု သတင်းပြန့်ပြီးနောက် ဆရာ၊ ဆရာမများ စစ်ဆေးခံနေရ
မဲပေးစက်က မဲခိုးယူလို့ရတယ်လို့ ဆရာ၊ ဆရာတွေဆီက ပေါက်ကြားတယ်ဆိုပြီး မဲပေးစက်သင်တန်း တက်ခဲ့ရတဲ့ ဧရာဝတီတိုင်းက ဆရာ၊ ဆရာမတွေ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ တိုင်းပညာရေး အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။ စက်တင်ဘာလပထမအပတ်ကစတင်ပြီး အီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံ ဆင့်ပွားသင်တန်း တက်ခဲ့တဲ့ Non-CDM ဆရာ၊ ဆရာမတွေကို မဲပေးစက်ကနေ မဲခိုးလို့ရတယ် ဆိုတဲ့ သတင်းပျံ့နှံ့ခဲ့တာနဲ့ပတ်သက်လို့ ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။ တိုင်း ပညာရေးဝန်ထမ်းတယောက်က “နာမည်နဲ့ ဘယ်သူဘယ်ဝါဆိုပြီး စစ်တာတော့ မဟုတ်ပါဘူး။ အားလုံးကိုခေါ်ပြီး ပတ်ဆူတာ။ ရွေးကောက်ပွဲလုပ်ငန်းတွေကို ထိခိုက်စေမယ့် ရွေးကောက်ပွဲသင်တန်းတက်စဉ်က တချို့ကိစ္စတွေကို ပြင်ပမှာ ပျံ့နှံ့နေတယ်ပေါ့။ အရာရှိကပြောပြီး မေးစစ်တာ။ တပ်အရာရှိတချို့နဲ့ ပညာရေးမှူးတွေက ဆရာ၊ ဆရာမတွေကို ခေါ်ယူစစ်ဆေးနေတာ” လို့ ပြောပါတယ်။ ဧရာဝတီတိုင်းမှာ Non -CDM ပညာရေးဝန်ထမ်းတွေကို…
-

သူမ အဖြစ်ကို ဖြေရှင်းလာတဲ့ လုလုအောင်
ပညာမတတ်သလို၊ ဘာသာစကားလည်း ကျွမ်းကျင်တာ မရှိတာကြောင့် သူမ ပိုင်ဆိုင်တာ ပြစားနေရပေမယ့် ဘယ်သူ့မှ မျက်ရည်ကျအောင် မလုပ်သလို၊ သွေးသားရောင်းစားတာလည်း မရှိဘူးလို့ လုလုအောင် က ဖြေရှင်းလာခဲ့တာပါ..။ လုလုအောင်ကတော့ သူမရဲ့ လူမျိုးတူ ဘာသာတူတွေက ဝိုင်းပြောကြလွန်းလို့ အခုလို မပြောစဖူး ထုတ်ဖော် ပြောလာတာ ဖြစ်ပါတယ်။ သူမဟာ သမီးလေး လက်ကိုဆွဲပြီး ပြည်တွင်းက ထွက်လာစဉ် လက်ထဲ သိန်း ၃ဝ သာ ပါခဲ့ကြောင်း၊ စီးပွားရေး လုပ်ဖို့ ကြိုးစားပေမယ့် အရှုံးပေါ်၊ အလိ-မ်ခံရတာတွေ ဖြစ်ခဲ့တာကြောင့် ဒီလမ်းကို လျှောက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ လုလုအောင်က သမီးလေး တစ်ယောက်နဲ့ အတူ ပြည်ပမှာ နေထိုင်လျက်ရှိပါတယ်။ ဒီဖင်နဲ့နို့ဘဲပြစားတယ် ဆိုပီးဘလိန်းနေကြတယ် လွန်ခဲ့တဲ့၂…
-

မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်မှာ ဓါးပြတိုက်တဲ့ လူငယ် (၆) ဦး
မြစ်ကြီးနားမြို့မှာ ဒီကနေ့ ညနေပိုင်းက နေအိမ်အတွင်း ဝင်တဲ့လူငယ်သူခိုးလေးဦးကို ဒေသခံတွေကဝိုင်းဖမ်းခဲ့ကြပါတယ်။ မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်မှ စက်တင်ဘာ ၇ ရက်နေ့က အိမ်ထဲဝင်ခိုးတဲ့ လူငယ်လေးဦးကို ပြည်သူတွေကဝိုင်းဖမ်းခဲ့ကြတာပါ။ ဖမ်းမိသူတွေဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသားသုံးဦး၊ အသက်၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။ “မြစ်ကြီးနားက အရမ်းကို ပရမ်းပတာဖြစ်နေပြီ။ သူခိုးတွေကိစ္စတိုင်လည်း အရေးယူသူမရှိဘူး။ ဒီနေ့လည်း သူခိုးကို ကိုယ်အသိနဲ့ကိုယ်ဝိုင်းဖမ်းကြတာ”လို့ ကချင်စုရပ်ကွက်မှာနေသူတစ်ဦးကပြောပါတယ်။ စားဝတ်နေရေးကြပ်တည်းလာပြီး အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတာ၊ ကုန်ဈေးနှုန်းကြီး တာစတဲ့ ပြဿနာတွေကြောင့် မြို့တွင်းမှာ ခိုးဆိုးလုနှိုက်တွေများလာတာလို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာလည်း စက်တင်လာလ ၄ရက်ညက အိမ်ထဲဝင်နေတဲ့ သူခိုးကို ဒေသခံတွေ ဝိုင်းဖမ်းစဉ် သူခိုးက ဓားနဲ့ပြန်ခုတ်လို့ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ကျော်လာတဲ့အခါစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ ၊…
-

သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ
သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာ ၇ ရက် နေ့လည် ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၀) နှစ်အရွယ် ကလေးငယ် (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅) ဦး အပါအဝင် အရပ်သားပြည်သူ (၇) ဦး…