Author: Baby Yit Lone

  • မြိတ် ကန်စွန်းအင်းကျောင်းအတွင်း G 6 ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်က အကြမ်းဖက်ရိုက်နှက်မှု ဖြစ်ပွား

    မြိတ် ကန်စွန်းအင်းကျောင်းအတွင်း G 6 ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်က အကြမ်းဖက်ရိုက်နှက်မှု ဖြစ်ပွား

    မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်းတွင် G.6 အတန်းရှိ ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်ဖြစ်သူက အကြမ်းဖက် ရိုက်နှက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်း၊ G.10၊ G.11၊ G.12 အတန်းများ မဆင်းခင်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းပိုင်ရှင်က ယင်း G.6 ကျောင်းသားငယ်ကို ဆံပင်ဆွဲကာ ဘယ်ပြန်ညာပြန် ပါးရိုက်ခြင်း (ဂျပန်ပါးရိုက်ပုံစံ) ကို အနည်းဆုံး ၆ ချက်မှ ၁၀ ချက်အထိ ရိုက်နက်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ရိုက်နက်ခံရသည့် ကျောင်းသားငယ်သည် ရိုက်နှက်မှုကြောင့် မခံနိုင်ဘဲ လဲကျသွားသော်လည်း ခြေထောက်ဖြင့် ဆက်လက်ကန်ကျူးခဲ့ကြောင်းနှင့် လူမောပန်းသွားမှသာ ဆဲဆိုကာ အခန်းအတွင်း ပြန်ဝင်သွားခဲ့ကြောင်း အနီးကပ်မြင်တွေ့သူများက ပြောဆိုထားသည်။ ဖြစ်စဉ်၏…

  • မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀ခန့် စီမံချက်ကာလ အဖမ်းခံရ

    မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀ခန့် စီမံချက်ကာလ အဖမ်းခံရ

    ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများ ဖမ်းဆီးနှိမ်နှင်းရေး တိုးမြှင့်ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ပြီးနောက် ဆက်တိုက် စစ်ဆေးမှုများပြုလုပ်နေရာ ဖမ်းဆီးခံ ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း ဧရာဝတီက စိစစ်တွေ့ရှိရသည်။ ယခုအခါ ထိုင်းအထွေထွေရွေးကောက်ပွဲ နီးလာချိန်ဖြစ်သလို ထိုင်းနိုင်ငံသားများနှင့် မြန်မာတချို့ ရန်ပွဲ၊ မြန်မာအချင်းချင်း ရန်ပွဲတို့ လူမှုကွန်ရက်တွင် ခပ်စိတ်စိတ်တွေ့မြင်လာရပြီးနောက် တနိုင်ငံလုံး အတိုင်းအတာ စီမံချက်ချကာ အလုပ်လုပ်ခွင့် မရှိဘဲ အလုပ်လုပ်ကိုင်နေသူများ၊ နိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိသော လုပ်ငန်း အမျိုးအစား များ၌ လုပ်ကိုင်နေ သူများ အား ရှာဖွေဖမ်းဆီးရန်နေခြင်း ဖြစ်သည်။ ဝင်ရောက်စစ်ဆေး ဖမ်းဆီးသည့်နေရာများမှာ ရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိရာ ဖတ်ထရာကမ်းခြေဒေသ၊ နွန်ထဘူရီ၊ ဘန်ကောက်မြို့ အရှေ့တောင်ဘက်ရှိ စက်မှုလုပ်ငန်းများ…

  • လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်

    လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်

    လောင်းလုံးတွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီး မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီးကာ မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နေစဉ် မြို့မရဲစခန်းကို…

  • မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    ရန်ကုန်နှင့်မန္တလေးတွင် ပြုလုပ်မည့် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု ICJ တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်နိုင်သည်ဆိုသော အကြောင်းပြချက်ပေး ရန်ကုန်နှင့်မန္တလေးတွင် ပြုလုပ်မည့် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြုကြောင်း ရန်ကုန်အခြေစိုက် အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မဘသနှင့်အမျိုးသားရေးအစွန်း ရောက်များက ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို ပြုလုပ်ရန် စစ်ကော်မရှင်ထံသို့ ငြိမ်းစုစီ ဥပဒေအရ လျှောက်ထားခဲ့သော်လည်း စစ်တပ်က ခွင့်ပြုချက်မပေးဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။ “ရန်ကုန်မှာလုပ်မယ့် ဂမ်ဘီယာနိုင်ငံ ရှုတ်ချပွဲက ပျက်သလောက်တော့ဖြစ်နေတယ်။ ခွင့်ပြုချက်မရလို့။ ထပ်တော့ကြိုးစားနေတယ်။ အနီးကပ်မှ ရမလားတော့မသိသေးဘူး” ဟု ရန်ကုန်အခြေစိုက် အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။…

  • တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ဆိုင်အတွင်းဝင်ရောက်ကာ ပြန်ပေးဆွဲခံရ (ရုပ်သံ)

    တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ဆိုင်အတွင်းဝင်ရောက်ကာ ပြန်ပေးဆွဲခံရ (ရုပ်သံ)

    ရှမ်းပြည်နယ်အရှေ့ပိုင်းက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနောက်ဘက် မြို့ပတ်လမ်းပေါ်ရှိ ရွှေသဲအိမ်ဆောက်ပစ္စည်းဆိုင်အနီး တရုတ်ကုန်စုံဆိုင်က အသက် ၄၀ ဝန်ကျင်းရှိ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်မှာ ပျံနှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၄ ဦးဟာ လက်နက်တွေကိုင်ဆောင်ပြီး ကားအဖြူပေါ်ကဆင်းလာကာ ဆိုင်အတွင်းမှာထိုင်နေတဲ့ အမျိုးသမီးကို အတင်းချုပ်နှောင်ကာ ကားပေါ်ကိုတင်ပြီး မောင်းထွက်သွားတာကိုတွေ့ရပါတယ်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိမ်မြို့အနှံ့ကိုပိတ်ဆိုပြီး ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် အခုချိန်ထိ ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း…