Author: Baby Yit Lone

  • ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်

    ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်

    ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်နေပြီး စစ်​ကော်မရှင်တပ်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်း​ကြောင့် အရပ်သားများ​ သေဆုံး ရခိုင်ပြည်နယ်၊​ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ​ရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲများပိုမိုပြင်းထန်​နေပြီး စစ်​ကော်မရှင်ကအဆိုပါနယ်​မြေများရှိ​ကျေးရွာများကို​လေ​ကြောင်းမှဒရုန်းဖြင့်တိုက်ခိုက်ခြင်း​ကြောင့်အရပ်သားများ​သေဆုံး​နေ​ကြောင်း စစ်​ရေးသတင်းအရင်းအမြစ်နှင့်​ဒေသခံများထံကသိရသည်။ ရေတပ်ဌာနချုပ်သို့သွားသည့်လမ်းရှိ ဇင်ချောင်း၊ သိုင်းချောင်းနှင့် ဦးကင်း​ကျေးရွာတို့တွင် တိုက်ပွဲအရှိန်အဟုန်မြင့်တက်​နေ​ကြောင်း စစ်​ရေးသတင်းအရင်းအမြစ်က ပြောသည်။ “ဦးကင်းနဲ့ သိုင်းချောင်း(​ကျေးရွာ)တို့မှာ တိုက်ပွဲပြင်းထန်နေပါတယ်၊​ရေတပ်ဌာနချုပ်နဲ့သိပ်မ​ဝေးဘူး၊​စစ်တပ်ဘက်က ကြည်း၊​ရေ၊​လေ သုံးခုလုံးနဲ့အပြင်းအထန်တိုက်ခိုက်​နေတယ် “ဟု ၎င်းက ပြောသည်။ အာရက္ခတပ်​​တော်(AA)နှင့်စစ်​ကော်မရှင်တို့နှစ်ဘက်တိုက်ပွဲများပြင်းထန်​နေခြင်း​ကြောင့် ဇင်​ချောင်းနှင့် သိုင်း​ချောင်းရှိ​ကျေးရွာများကို စစ်​ကော်မရှင်က ယ​နေ့ (ဇန်နဝါရီလ ၂၄ ရက်) ​နေ့လည် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ​​လေ​​ကြောင်းမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း​ကြောင့် အရပ်သားများ​သေဆုံး​ကြောင်း ​ဒေသခံများက ဆိုသည်။ ထိခိုက်​သေဆုံးသည့်အ​ရေအတွက်ကို မသိရ​သေး​သော်လည်း ​ကျေးရွာနှစ်ရွာ​ပေါင်းတွင် စစ်​ဘေး​ရှောင် အသက် ၈၀ ​ကျော်အရွယ်အဘွားအိုနှင့် သက်ကြီးပိုင်းအမျိုးသားတဦးတို့မှာ​သေဆုံးသွားပြီး ကိုးလသားအရွယ်က​လေးငယ်တဦးအပါအဝင် ​ဒေသခံငါးဦး​မှာ ထိခိုက်ဒဏ်ရာရရှိသွား​ကြောင်း…

  • Mr. Buzzkill

    Mr. Buzzkill

    Mr. Buzzkill (2025) Slasher/Horror ဇာတ်ကားလေးတစ်ခု အပျင်းပြေ ကြည့်ဖို့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါမယ်။ Succubus လို့ခေါ်တဲ့ ဒဏ္ဍာရီလာ နတ်ဆိုးမ တစ်ယောက် လူ့လောကကို လူစီဖာရဲ့ အလိုကျ ရောက်လာပြီးတော့ လူတွေကို ဒုက္ခပေး သတ်ဖြတ်တာကို ကြည့်ရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ Dark Humor ဆန်ဆန် ဟောလိဝုဒ်လောကကို လှောင်ပြောင် သရော်ထားတဲ့ အရာတွေပါတဲ့အပြင် လူတွေရဲ့ အပေါ်ယံ သကာရည်လောင်း အတွင်းပိုင်းမှာ ယုတ်မာတတ်ကြတဲ့ သဘောကိုလည်း ခပ်ထေ့ထေ့ ရိုက်ကူးပြထားတာပါ။ ခြောက်ခြားထိတ်လန့်စရာ ဇာတ်ကားမျိုး မဟုတ်ပေမယ့် Budget Slasher ဇာတ်ကားတွေထဲမှာဆိုရင်တော့ သူများနဲ့မတူဘဲ တင်ဆက်ပုံ ကွဲထွက်နေတာတော့ အမှန်ပါပဲ။

  • Tere Ishk Mein

    Tere Ishk Mein

    Tere Ishk Mein (2025) အချစ်နဲ့အမုန်း ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Raanjhanaa ရုပ်ရှင်ရဲ့ အဆက်မဟုတ်တဲ့အဆက်လို့ပြောလို့ရတဲ့ ဒနွတ်ရှ်နဲ့ ကရီတီဆန်နွန်တို့ရဲ့ အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၆၅ ကုဋေထိရရှိခဲ့ပြီး ဝင်ငွေပိုင်းအရလည်းအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ရှန်ကာဟာ ဒေါသကြီးပြီး ကြမ်းတမ်းတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ မူတီကတော့စိတ္တဗေဒသုတေသနပညာရှင်တစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့စိတ်ကို မေတ္တာနဲ့ ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့ သူ့ရဲ့ PhD ကျမ်းအတွက် ရှန်ကာကို လေ့လာစရာအဖြစ် ရွေးချယ်ခဲ့ရာကနေ သူတို့နှစ်ဦး ပတ်သက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပတ်သက်မှုဟာ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းသက်သက်မဟုတ်ဘဲ လူတန်းစားကွာဟမှု၊ မိသားစုပဋိပက္ခနဲ့ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေကြားမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာပါတယ်။ နောင်နှစ်အနည်းငယ်အကြာမှာတော့ရှန်ကာ ဟာ လေတပ်လေယာဉ်မှူးတစ်ယောက် ဖြစ်လာပြီး မူတီ နဲ့…

  • စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ KNA တပ်တွေဆက်ရှိ

    စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ KNA တပ်တွေဆက်ရှိ

    ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်တွေ ထွက်ခွာကြဖို့ ဇန်နဝါရီတတိယအပတ်ထဲမှာပဲ စစ်ကော်မရှင်က စာထုတ်သတိပေးထားတယ်လို့ KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မြို့ပေါ်ကနေ ထွက်ပြီး KNA အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ တပ်နယ် ၂ နေရာတွေမှာပဲ ဇန်နဝါရီ ၂၅ ရက်အပြီး ရွှေ့ပြောင်းပြန်လည်နေထိုင်ကြဖို့ စစ်ကော်မရှင်က ပြောထားတယ်လို့ သူက ဆိုပါတယ်။ တပ်နယ် ၂ ဟာ KNA ရဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့နယ်မြေတွေဖြစ်ပါတယ်။ တပ်နယ် ၂ ဟာ မြဝတီမြို့‌မြောက်ဘက်ပိုင်းမှာရှိပြီး နဒီချောင်းဆုံ၊ ဝမ်ခ၊ သဲပုံ၊ သစ်ကတေကျေးရွာတွေနဲ့ ရွှေကုက္ကိုမြို့သစ်တွေ ပါဝင်ပါတယ်။ KNA ကို ထွက်ခွာဖို့ သတိပေးချက်မတိုင်ခင် ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် အမှတ်…

  • ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က အင် ပင် ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲထားပြီး ဂိတ်ဖွင့်စစ်ဆေးနေတဲ့ စစ်ကောင်စီဂိတ်ကို အောင်မြေပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ- လက်နက်ကြီး- COBRAONE Pakokku တပ်ဖွဲ့တို့က ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ရှော့တိုက်ဒုံးတွေဟာ ဂိတ်အနီး သုံးလုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ “အင်အားငါးဆယ်ကျော်လောက်ရှိတယ်။ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေကလည်းတော်တော်ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာ။ပခုက္ကူတပ်မ ၁၀၁ကနေ စစ်ကြောင်းထိုးတာတွေ၊ ရိက္ခာကားတန်းတွေထွက်ချင်ရင် အဲဂိတ်ကိုအင်အားစုနားပြီးမှထွက်တယ်”လို့ COBRAONE Pakokku…