Author: Baby Yit Lone
-

အောင်ဇေယျစစ်ကြောင်းနှင့်ပေါင်းရန် ထွက်လာသည့် မြဝတီမြို့စောင့်တပ် တိုက်ပွဲတွင်း ပိတ်မိ
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ပူးပေါင်းဖို့ စစ်ကြောင်းထိုးလာတဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စစ်ကြောင်းဟာ တိုက်ပွဲတွင်း ပိတ်မိပြီး လေကြောင်းနဲ့ မြေပြင်ပစ်ကူတွေ ရယူနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂ ရက်က မြဝတီမြို့နယ်၊ နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်မှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး ခလရ ၂၇၅ စစ်ကြောင်းဟာ အထိနာပြီး ပိတ်မိနေတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ ပေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြေပြင်စစ်ရေးသတင်းရင်းမြစ်က “သူက ၂၇၅ ကနေပြီးတော့ ခွဲထုတ်ပြီးတော့ စစ်ကြောင်းထွက်တာ။ ထွက်တဲ့အခါကျတော့ ထီးမူထနဲ့ ကွင်းကလေးဘက်ကို…
-

ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပတိုငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၂ ရက်နေ့ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပတိုငံရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး အများပြား ဒဏ်ရာရရှိကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ “ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်လို့ ပြောလို့ရတာပေါ့၊ ဒီးမော့ဆို အောက် နားသဲတောင်နားလေးမှာ၊ ထိတွေ့မှုဖြစ်တာက…
-

နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး
နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး၊ လက်နက် ၈ လက် သိမ်းဆည်း ရရှိပြီး ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်း ရရှိကာ ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊…
-

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရ၊ ချင်းမိုင်နှင့်ဖူးကတ်တွင်လည်း မြန်မာဆိုင်နှင့် မြန်မာအလုပ်သမား ၆ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အလုပ်သမား ၇၁ ဦး တင်ဆောင်လာသော အလုံပိတ်ကား ၂ စီးကို ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ယင်းကား ၂ စီးတွင် မြန်မာနိုင်ငံသား ၇၁ ဦး လိုက်ပါလာပြီး ၎င်းတို့ထံတွင် မည်သည့်အထောက်အထားမှ မရှိကြောင်း၊ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးကိုလည်း…
-

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ ဗုံးကြဲခံရ
ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ ဗုံးကြဲခံရဟု မန္တလေး PDF ထုတ်ပြန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တိုက်ခိုက်သိမ်းပိုက်ထား သော ဆည်တော်ကြီးရေလှောင်တမံ ဓာတ်အားပေးစက်ရုံကို စက်တင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် စစ်ကော်မရှင်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သလို UAV ခေါ် ဆူဆိုက်ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း MDY-PDF က ယမန်နေ့၌ ထုတ်ပြန်သည်။ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံသည် ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များ လျှပ်စစ်မီးရရှိစေရန် အဓိကကျသော ဓာတ်အားပေးစက်ရုံတခုဖြစ်ပြီး Y-12 ဖြင့် ဗုံးအလုံးရေ ၅၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဆည်တော် ကြီးရေလှောင်တမံအနီးတဝိုက်နှင့် ဓာတ်အားပေးစက်ရုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထရန်စဖော်မာ ၃…