Author: Baby Yit Lone
-

ကျောက်မဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပင်တိန်မှာပဲ သောင်တင်နေ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေက ရှေ့တိုးလာနိုင်ခြင်း မရှိသေးဘဲ နောင်ပိန်အုပ်စု ပင်တိန်ကျေးရွာမှာပဲ သောင်တင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ “အပြန်အလှန် ငါတို့ထိုးနေတာ။ လောလောဆယ် သူတို့ ငြိမ်နေတာ။ နောင်ပိန်ကို မကျော်နိုင်သေးဘူး။ ဒရုန်းတွေကတော့ နေ့တိုင်း သုံးလေးစင်း လွှတ်တာမျိုး။ အသေခံဒရုန်း လွှတ်တာမျိုးတွေတော့ ရှိတယ်။ ဗုဒ္ဓဟူးနေ့တုန်းက အဆိပ်ငွေ့ဗုံးပါ ပြန်သုံးနေတာ” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တရုတ် စီစဉ်ပေးတဲ့ ကူးမင်းဆွေးနွေးပွဲ မပြေလည်တာကြောင့် TNLA ဘက်က ကျောက်မဲမြို့ မကျရေး အင်အားဖြည့် ခုခံနေပြီး ဒီနေ့ စက်တင်ဘာ ၅ ရက်အထိ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာလည်း နောင်ပိန်ကို မကျော်နိုင်သေးဘဲ…
-

အောင်ဇေယျစစ်ကြောင်း အာရှလမ်းသစ်နဲ့ လမ်းဟောင်းကစစ်ကြောင်းထိုးပေမယ့် အထိနာပြီး ရှေ့မရောက်
နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ချီတက်ဖို့ စစ်တပ်က အာရှလမ်းမကြီး လမ်းဟောင်းနဲ့ လမ်းသစ်ကနေ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေပြင်းထန်နေရာ စစ်တပ်အထိနာနေပြီး ရှေ့တိုးမလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၂ရက်က အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ ထိခိုက်သေဆုံးမှုများတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၃ ရက်မှာလည်း ထီးမူထရွာနားမှာ တနေကုန်တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ၎င်းကဆက်ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့(စက်တင်ဘာ ၄ရက်)မှာလည်း အာရှလမ်းဟောင်းနားက တောင်သုံးလုံးရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အောင်ဇေယျစစ်ကြောင်း သေဆုံးမှုများခဲ့တယ်လို့ ကော့ကရိတ်ဒေသက PDF စစ်ကြောင်းမှူးတဦးက ပြောပါတယ်။ “တိုက်ပွဲကတော့ တောင်သုံးလုံးနားမှာ အတော်ကြမ်းတယ်။ အောင်ဇေယျကတော့ သေဆုံးတာ အတော်များတယ်။ ရှေ့တိုးလို့ မရဘူးသူတို့ (အောင်ဇေယျ)”လို့ PDF စစ်ကြောင်းမှူးတဦးက…
-
ဝိုင်းမော်တိုက်ပွဲ စစ်တပ်စစ်ကြောင်း အထိနာ
စစ်သုံ့ပန်းအချို့ကို KIA၊ KPDF ဖမ်းမိ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊ KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။ KIA ထိန်းချုပ်ထားသည့် လမြန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်မှစတင် ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည်။ စက်တင်ဘာလဆန်းပိုင်း၌ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။ “သေဆုံးတဲ့ စစ်သားအရေအတွက်အတိအကျမသိဘူး။ အရှင်မိထားတာက ရှစ်ယောက် ဟုတ်တယ်။ တိုက်ပွဲနောက်ဆုံးအခြေအနေက မြေပြင်မှာထက် လက်နက်ကြီး အဓိကပစ်နေတယ်။ တင့်ကားတွေနဲ့ကော ပစ်နေတာ” ဟု ၎င်းကပြောသည်။ စက်တင်ဘာ ၄ ရက်ညနေ ၆ နာရီခန့်အထိ စစ်ကောင်စီက လက်နက်ကြီးများပစ်ခဲ့ပြီး ညပိုင်းတွင် တိုက်ပွဲငြိမ်သက်နေသည်ဟုသိရသည်။ ဩဂုတ်လနှောင်းပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်က လမြန်ရွာအပါအဝင် ဘေးပတ်ဝန်းကျင်စွာများကို လေကြောင်းမှ မကြာခဏ ဗုံးကြဲခဲ့သည်။ ဝိုင်းမော်မြို့နယ်၊…
-

အမရပူရမှာ အဖေနဲ့ဦးလေးရန်ဖြစ်တာကို ဝင်တားတဲ့ရှစ်တန်းကျောင်းသားဓားထိုးခံရပြီးသေဆုံး
မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ ယမန်နေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မုတ်ဆိုးကျေးရွာမှာ မနေ့ ညနေပိုင်း ၃ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့တာပါ။ ဖခင်နဲ့ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ချိန် ဦးလေးက ဖခင်ကို ဓားနဲ့ထိုးတာကို ဝင်တားတဲ့ ၁၆နှစ်အရွယ် ရှစ်တန်းကျောင်းသား ဓားထိုးခံရတာလို့ တမုတ်ဆိုးရွာခံတစ်ဦးကပြောပါတယ်။ ဓားထိုးခံရတဲ့ ကလေးကို တမုတ်ဆိုး တိုက်နယ် ဆေးရုံ ဆီပို့ဆောင်ချိန်မှာပဲ လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။ ဓားနဲ့ထိုးခဲ့တဲ့ ဦးလေးဖြစ်သူကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
-

စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု
ဗြိတိန်အစိုးရ အရေးယူထားသော တပ်မ (၃၃) ၏ စစ်ကြောင်းတစ်ခု လူသတ် အလောင်းဖျောက်မှု ရုပ်သံမှတ်တမ်းကို ထွက်ပြေးလာသော စစ်သားသစ်များထံတွင် တွေ့လိုက်ရသည်၊ ကျူးလွန်သူများအကြောင်းကိုလည်း ၎င်းတို့က ပြောပြကြသည်။ (စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။) ဧရာဝတီမြစ်ကမ်းနဖူးရှိ ခြံဝင်းတစ်ခုအတွင်း ခြေတံရှည်အဆောက်အဦနှစ်ခုရှေ့ သေနတ်လွယ်၊ ဓားကိုင် ထားကြသူများအလယ်တွင် မျက်လုံးကို အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ သေနတ်လွယ်ထားသူက မေးခွန်းအနည်းငယ် အော်ဟစ်မေးမြန်းနေချိန်တွင် ဘေးနားက လူစုလူဝေးက စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး လူအုပ်ထဲရှိတစ်ယောက်ကလည်း “သေနတ်သံမကြားချင်ဘူး”ဟု အမိန့်ပေးလိုက်သည်။ “ခင်ဗျား PDF အဖွဲ့ထဲက ဟုတ်တယ်မလား” ဟု သူက အကြိမ်ကြိမ် မေးမြန်းပြီးနောက် အနီးတွင် အသင့်စောင့် နေသူများကို အချက်ပြလိုက်တော့သည်။ အသင့်စောင့်နေသူတစ်ဦးက ကိုင်ထားသည့် သူ့ဓားဖြင့် ကြိုးတုပ်ခံထားရသူ၏ ရင်ဘတ်ကို…