မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ ယမန်နေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မုတ်ဆိုးကျေးရွာမှာ မနေ့ ညနေပိုင်း ၃ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့တာပါ။

ဖခင်နဲ့ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ချိန် ဦးလေးက ဖခင်ကို ဓားနဲ့ထိုးတာကို ဝင်တားတဲ့ ၁၆နှစ်အရွယ် ရှစ်တန်းကျောင်းသား ဓားထိုးခံရတာလို့ တမုတ်ဆိုးရွာခံတစ်ဦးကပြောပါတယ်။

ဓားထိုးခံရတဲ့ ကလေးကို တမုတ်ဆိုး တိုက်နယ် ဆေးရုံ ဆီပို့ဆောင်ချိန်မှာပဲ လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။

ဓားနဲ့ထိုးခဲ့တဲ့ ဦးလေးဖြစ်သူကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *